ရုရှားနှင့် အလုံးစုံအပစ်အခတ်ရပ်ရန် အဆင်သင့်ရှိနေဟု ယူကရိန်းသမ္မတပြော

60

Pika (NP News) - မေ ၁ဝ
ယူကရိန်းသမ္မတဇယ်လန်စကီးက မည်သည့် ကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ရုရှားနှင့် အလုံးစုံအပစ်အခတ်ရပ်စဲ ရေးရယူရန် အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယူကရိန်းသမ္မတသည် မေလ(၈)ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် ရန်လိုမှုများကို အနည်းဆုံး ရက်ပေါင်း (၃၀)ကြာ ရပ်တန့်ထားရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတသည် အမေရိကန်သမ္မတနှင့်ဖုန်းဆက်ဆွေးနွေးခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲ ရေးက လက်ရှိ အချိန်ကစတင်ပြီး ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောသည်။ ယူကရိန်းသမ္မတက ‘ယူကရိန်းနိုင်ငံဟာ လက်ရှိအချိန် ကစတင်ပြီး အလုံးစုံအပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ရှိနေပါတယ်။ လက်ရှိအချိန်မှာ ဒရုန်းနဲ့တိုက်ခိုက် ခြင်း၊ ဒုံးကျည်နဲ့တိုက်ခိုက်ခြင်း မရှိသင့်သလို ရှေ့တန်းစစ်မျက်နှာမှာလည်း တိုက်ခိုက်တာတွေမရှိသင့်ဘူး။ ရုရှား ဟာ စစ်ပွဲကို အမှန်တကယ်အဆုံးသတ်လိုတဲ့ ဆန္ဒရှိနေတာကို လက်ရှိအချိန်မှာပြသသင့်တယ်။ သံတမန်ရေး ကြိုးပမ်းမှုတွေကတော့ ဆက်လက်လုပ်ဆောင်ရမယ်။ အလုံးစုံအပစ်အခတ်ရပ်စဲရေး မစတင်ခင် လက်ရှိအချိန်က စတင်ပြီး အနည်းဆုံး ရက်ပေါင်း(၃၀)ကြာ အပစ်ခတ်ရပ်စဲထားမျိုး လုပ်သင့်တယ်။ သံတမန်ရေးဆွေးနွေးမှုတွေ အတွက် အခွင့်အရေးကောင်းတွေရယူသင့်တယ်’ ဟု ပြောသည်။
ရုရှားသမ္မတပူတင် ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲအထိမ်းအမှတ်အဖြစ် (၇၂)နာရီကြာ အပစ်ခတ်ရပ်စဲထားမည်ဟု ပြီးခဲ့သည့်သီတင်းပတ်အတွင်းကြေညာခဲ့သည်။ ရုရှားနိုင်ငံဘက်က ဒုတိယကမ္ဘာစစ် စစ်အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် (၇၂) နာရီကြာ အပစ်အခတ်ရပ်စဲထားမည်ဟုကြေညာခဲ့ပြီးနောက် ယူကရိန်းသည် ရုရှား တပ်ဖွဲ့ဝင်များကို အကြိမ်ပေါင်း (၅၀ဝ)ကျော် တိုက်ခိုက်ခဲ့ကြောင်း ရုရှားစစ်တပ်က သတင်းထုတ်ပြန်ထားသည်။ ယူကရိန်းသည်ပြီးခဲ့သည့်လကတည်းက စတင်ပြီး ရက်ပေါင်း (၃၀) ကြာအပစ်အခတ်ရပ်စဲထားရန် တောင်းဆိုခဲ့ သော်လည်း ရုရှားဘက်ကငြင်းဆန်ခဲ့ဖူးကြောင်း သိရသည်။
ရုရှား နှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲသည် (၃)နှစ်ကြာ ဖြစ်ပွားနေသော်လည်း လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိဘဲ တိုက်ပွဲများဖြစ်ပွားနေရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိအချိန်တွင် ကြားဝင်စေ့စပ် ဆွေးနွေးနေကြောင်းသိရသည်။

Zawgyi Version:
႐ုရွားႏွင့္ အလုံးစုံအပစ္အခတ္ရပ္ရန္ အဆင္သင့္ရွိေနဟု ယူကရိန္းသမၼတေျပာ
Pika (NP News) - ေမ ၁ဝ
ယူကရိန္းသမၼတဇယ္လန္စကီးက မည္သည့္ ႀကိဳတင္သတ္မွတ္ခ်က္မွမရွိဘဲ ႐ုရွားႏွင့္ အလုံးစုံအပစ္အခတ္ရပ္စဲ ေရးရယူရန္ အဆင္သင့္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ယူကရိန္းသမၼတသည္ ေမလ(၈)ရက္တြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ႏွင့္ ဖုန္းဆက္ေဆြးေႏြးခဲ့ၿပီးေနာက္ ရန္လိုမႈမ်ားကို အနည္းဆုံး ရက္ေပါင္း (၃၀)ၾကာ ရပ္တန႔္ထားရန္ ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။
ယူကရိန္းသမၼတသည္ အေမရိကန္သမၼတႏွင့္ဖုန္းဆက္ေဆြးေႏြးခဲ့ၿပီးေနာက္ အပစ္အခတ္ရပ္စဲ ေရးက လက္ရွိ အခ်ိန္ကစတင္ၿပီး ျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း ေျပာသည္။ ယူကရိန္းသမၼတက ‘ယူကရိန္းႏိုင္ငံဟာ လက္ရွိအခ်ိန္ ကစတင္ၿပီး အလုံးစုံအပစ္အခတ္ရပ္စဲေရးအတြက္ အဆင္သင့္ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ ဒ႐ုန္းနဲ႔တိုက္ခိုက္ ျခင္း၊ ဒုံးက်ည္နဲ႔တိုက္ခိုက္ျခင္း မရွိသင့္သလို ေရွ႕တန္းစစ္မ်က္ႏွာမွာလည္း တိုက္ခိုက္တာေတြမရွိသင့္ဘူး။ ႐ုရွား ဟာ စစ္ပြဲကို အမွန္တကယ္အဆုံးသတ္လိုတဲ့ ဆႏၵရွိေနတာကို လက္ရွိအခ်ိန္မွာျပသသင့္တယ္။ သံတမန္ေရး ႀကိဳးပမ္းမႈေတြကေတာ့ ဆက္လက္လုပ္ေဆာင္ရမယ္။ အလုံးစုံအပစ္အခတ္ရပ္စဲေရး မစတင္ခင္ လက္ရွိအခ်ိန္က စတင္ၿပီး အနည္းဆုံး ရက္ေပါင္း(၃၀)ၾကာ အပစ္ခတ္ရပ္စဲထားမ်ိဳး လုပ္သင့္တယ္။ သံတမန္ေရးေဆြးေႏြးမႈေတြ အတြက္ အခြင့္အေရးေကာင္းေတြရယူသင့္တယ္’ ဟု ေျပာသည္။
႐ုရွားသမၼတပူတင္ ဒုတိယကမာၻစစ္ စစ္ေအာင္ပြဲအထိမ္းအမွတ္အျဖစ္ (၇၂)နာရီၾကာ အပစ္ခတ္ရပ္စဲထားမည္ဟု ၿပီးခဲ့သည့္သီတင္းပတ္အတြင္းေၾကညာခဲ့သည္။ ႐ုရွားႏိုင္ငံဘက္က ဒုတိယကမာၻစစ္ စစ္ေအာင္ပြဲ ႏွစ္(၈၀)ျပည့္ အထိမ္းအမွတ္အျဖစ္ (၇၂) နာရီၾကာ အပစ္အခတ္ရပ္စဲထားမည္ဟုေၾကညာခဲ့ၿပီးေနာက္ ယူကရိန္းသည္ ႐ုရွား တပ္ဖြဲ႕ဝင္မ်ားကို အႀကိမ္ေပါင္း (၅၀ဝ)ေက်ာ္ တိုက္ခိုက္ခဲ့ေၾကာင္း ႐ုရွားစစ္တပ္က သတင္းထုတ္ျပန္ထားသည္။ ယူကရိန္းသည္ၿပီးခဲ့သည့္လကတည္းက စတင္ၿပီး ရက္ေပါင္း (၃၀) ၾကာအပစ္အခတ္ရပ္စဲထားရန္ ေတာင္းဆိုခဲ့ ေသာ္လည္း ႐ုရွားဘက္ကျငင္းဆန္ခဲ့ဖူးေၾကာင္း သိရသည္။
႐ုရွား ႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနေသာ စစ္ပြဲသည္ (၃)ႏွစ္ၾကာ ျဖစ္ပြားေနေသာ္လည္း လက္ရွိအခ်ိန္အထိ အပစ္အခတ္ရပ္စဲႏိုင္ျခင္းမရွိဘဲ တိုက္ပြဲမ်ားျဖစ္ပြားေနရာ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က လက္ရွိအခ်ိန္တြင္ ၾကားဝင္ေစ့စပ္ ေဆြးေႏြးေနေၾကာင္းသိရသည္။