အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား အလုံးစုံ တိုက်ပွဲဖြစ်လာရန် အလားအလာများနေ

 59

ဂျန်ဇက် (NP News) - မေ ၁ဝ

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြားဖြစ်ပွား နေသည့်အငြင်းပွားမှုများကို အဆုံးသတ်ရန် ကုလသမဂ္ဂအဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ဝိုင်းဝန်းတောင်းဆိုနေသော်လည်း ပါကစ္စတန်စစ်တပ်က အိန္ဒိယနိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသကို မေလ(၉)ရက်တွင် ဒရုန်းများ၊ အသေခံဒရုန်းများ အသုံးပြုကာတိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယစစ်တပ် က သတင်းထုတ်ပြန်ထားသည်။ အိန္ဒိယစစ်တပ်က ပါကစ္စတန်သည် အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံကြား နယ်စပ်ဒေသ တစ်လျှောက် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ချိုးဖောက်ပြီး ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
ကက်ရှ်မီးယားပြည်နယ်တွင် ဧပြီ(၂၂)ရက်က လူပေါင်း (၂၆) ဦးသေဆုံးစေခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား အငြင်းပွားမှုအရှိန်မြင့် တက်လာခဲ့ပြီး အလုံးစုံစစ်ပွဲဖြစ်လာစေရန် ဦးတည်လာနေကြောင်း သိရသည်။
နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသော အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် မေလ(၉)ရက်တွင် ဒရုန်း အများအပြားအသုံးပြုပြီး တိုက်ခိုက်ခြင်းများရှိနေကြောင်း အပြန်အလှန် စွပ်စွဲပြောဆိုခြင်းများရှိနေကြောင်း သိရသည်။ ပါကစ္စတန်စစ်တပ်က မေလ(၉)ရက်တွင် ၎င်းတို့သည် အိန္ဒိယစစ်တပ်သုံး ဒရုန်းအစင်းရေ အနည်းဆုံး (၂၈) စင်းကိုပစ်ချခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယအစိုးရကလည်း ပါကစ္စတန်စစ်တပ်သည် ဒုံးကျည်များ၊ ဒရုန်းများအသုံးပြုပြီးတိုက်ခိုက်ခဲ့ကြောင်း၊ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောသည်။ အိန္ဒိယ သည် မေလ(၇)ရက်တွင် ဆင်ဒေါအမည်ရှိ စစ်ဆင်ရေးကိုစတင်ခဲ့ပြီး စစ်ကြေညာခြင်းမရှိဘဲ ပါကစ္စတန်နိုင်ငံ အတွင်းရှိ နေရာ (၉) ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အိန္ဒိယအစိုးရက ၎င်းတို့သည် ပါကစ္စတန် ပြည်သူများနှင့် ပါကစ္စတန်စစ်တပ်ကို တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ ပါကစ္စတန်နိုင်ငံအတွင်း အခြေပြုလှုပ်ရှားနေ သည့်အကြမ်းဖက်သမားများကို တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။ အိန္ဒိယသည် မေလ (၇) ရက်တွင် ပါကစ္စတန်နိုင်ငံကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား အကြမ်းဖက်တိုက်ခိုက်မှုသည် (၁၀) စုနှစ်ကျော်အတွင်း အမြင့်ဆုံးဖြစ်လာခဲ့ပြီး နှစ်နိုင်ငံစလုံးတွင် အနည်းဆုံးလူပေါင်း (၄၈) ဦး သေဆုံးခဲ့ကြောင်းသိရ သည်။
အိန္ဒိယနယ်ခြားလုံခြုံရေးတပ်ဖွဲ့က အိန္ဒိယ ထိန်းချုပ်ထားသည့် ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်တစ်လျှောက် စိမ့်ဝင်ရန်ကြိုးပမ်းသူတွေကို မေလ(၈)ရက်တွင် ကြားဖြတ်ဟန့်ထားနိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယစစ်တပ်သည် ပါကစ္စတန်နှင့်ဖြစ်ပွားနေသော တိုက်ပွဲများတွင်အသုံးပြုရန်အတွက် ရုရှားနိုင်ငံထုတ် (S-400) အမျိုးအစား လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ထုတ်သုံးရန် စီစဉ်နေကြောင်း သိရသည်။ ပါကစ္စတန်စစ်တပ်က မေလ (၈) ရက်တွင် အိန္ဒိယပိုင်နက်များကို တိုက်ခိုက်ခဲ့သည်ဆိုသော အိန္ဒိယစစ်တပ်၏ စွပ်စွဲမှုများကို ငြင်းဆန်ထားကြောင်း သိရသည်။
အိန္ဒိစစ်တပ်သည် ပါကစ္စတန်နိုင်ငံကို အစ္စရေးနိုင်ငံထုတ် Harop အမျိုးအစား ဒရုန်းအနည်း ဆုံး (၂၉) စင်းအသုံး ပြုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး (၂၈) စီးပစ်ချနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောသည်။ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံ တို့သည် ကက်ရှ်မီးယားပြည်နယ်အရေးနှင့်ပတ်သက်ပြီး အနည်းဆုံး စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ဖူးပြီး (၁၉၉၉) ခုနှစ် က ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ (၁၉၉၉) ခုနှစ်က ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း အိန္ဒိယစစ်သား အနည်းဆုံး (၅၀ဝ) ကျော်သေဆုံးခဲ့ကာ ပါကစ္စတန် စစ်သားအနည်းဆုံး (၄၀ဝဝ) သေဆုံးခဲ့ကြောင်းသိရသည်။
ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့သည် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားခဲ့ ပြီး အပြန်အလှန် စွပ်စွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပါကစ္စတန်အခြေစိုက် Resistance Front အမည်ရှိလက်နက်ကိုင်အဖွဲ့က ကက်ရှ်မီးယားပြည် နယ်တွင် လူပေါင်း (၂၆) ဦးသေဆုံးစေခဲ့သောတိုက် ခိုက်မှုကိုလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန် ထားပြီး အိန္ဒိယအစိုးရက ပါကစ္စတန်စစ်တပ်သည် အဆိုပါ လက်နက်ကိုင်အဖွဲ့ကို ကူညီထောက်ပံ့ပေး နေ ကြောင်းစွပ် စွဲထားသည်။
ပါကစ္စတန်အစိုးရသည် အိန္ဒိယအစိုးရ၏ စွပ်စွဲပြောဆိုခြင်းများကို အမြဲတမ်းငြင်းဆန်ခဲ့ကြောင်း သိရသည်။ ပါကစ္စတန်နိုင်ငံနှင့် တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် နိုင်ငံအတွင်းရှိ လေဆိပ် (၂၄) ခုကို ပိတ် ထားရန် အကြံပေးထားကြောင်းသိရသည်။ အိန္ဒိယစစ်တပ်က ပါကစ္စတန်သည် ဂျမူးပြည်နယ်နှင့်ကက်ရှ်မီးယား ပြည်နယ်အတွင်းရှိနေရာများကို လေကြောင်းမှတိုက်ခိုက်ရန် ကြိုးပမ်းခဲ့ရာ ပါကစ္စတန်စစ်တပ်သုံး အက်ဖ် (၁၆)အမျိုး အစား တိုက်လေယာဉ်တစ်စင်း၊ JF-17 အမျိုးအစား တိုက်လေယာဉ်တစ်စင်းတို့ကို မေလ (၈)ရက်က ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ဒါ့ပြင် အိန္ဒိယ လေကြောင်းရန် ကာကွယ်ရေးစနစ်များသည် ပန်ဂျပ်ပြည်နယ်အပေါ်မှဖြတ်သန်းပျံသန်းခဲ့သော ပါကစ္စတန်စစ်တပ်သုံး (AWACS) လေယာဉ်ကို လည်း ပစ်ချနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အိန္ဒိယစစ်တပ်သည် ပါကစ္စတန်တိုက် လေယာဉ်များအပြင် မေလ (၇) ရက်ကလည်းက ပါကစ္စတန်နိုင်ငံ၏လေ ကြောင်းရန် ကာကွယ်ရေး စနစ်များကို ပစ်မှတ်ထားပြီးအောင်မြင်စွာတိုက်ခိုက် နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထား သည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိန္ဒိယစစ်တပ်၏ပစ်ခတ်မှု ကြောင့် ပါကစ္စတန်နိုင်ငံသား အနည်းဆုံး (၃၆) ဦး သေဆုံးခဲ့ရသည်ဟု ပါကစ္စတန်ဘက်က စွပ်စွဲထား သလို အိန္ဒိယ စစ်တပ်ကလည်း ပါကစ္စတန်၏ပစ်ခတ် မှုကြောင့် အိန္ဒိယနိုင်ငံသားအနည်းဆုံး (၁၆) ဦး သေဆုံး ထားကြောင်းသိရသည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း Indian Premier League (IPL) ခရစ်ကက် ပွဲစဉ် အချို့ကို ဖျက်သိမ်းခဲ့သလို အိန္ဒိယအစိုးရကလည်း ပါကစ္စတန် နိုင်ငံကိုငွေကြေး မချေးပေးရန် နိုင်ငံတကာ ငွေကြေး ရန်ပုံ ငွေအဖွဲ့ (IMF) ကိုဖိအားပေးဖွယ်ရှိနေသည်။
ထို့ပြင် အိန္ဒိယနှင့်တင်းမာမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ပါကစ္စတန် စူပါလိဂ် The Pakistan Super League (PSL) ပြိုင်ပွဲကိုလည်း ယူအေအီးနိုင်ငံသို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။ အိန္ဒိယနှင့်ပါကစ္စ တန်နိုင်ငံ ကြား လက်ရှိဖြစ်ပွားနေသည့် တင်းမာမှုများ၊ အပြန်အလှန်ပစ်ခတ်မှုများသည် နိုင်ငံအချင်းချင်း စစ်ဖြစ်မည့်အလား လာမျိုးရှိနေသည့်အတွက် အမေရိကန်အပါအဝင် နိုင်ငံတကာက တင်းမာမှုများလျော့ချရန် တိုက်တွန်း တောင်းဆိုနေ ကြောင်းသိရသည်။
အမေရိကန်ဒုတိယသမ္မတက အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား ဖြစ်ပွားနေသည့်အငြင်းပွားမှုများကိုလျော့ ချရန်လိုအပ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲတွင် ကြားဝင်စွက်ဖက်မည် မဟုတ်ကြောင်း ပြောသည်။
အမေရိကန်ဒုတိယသမ္မတက ‘ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံကြားဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကို နည်း နည်းလေးလျော့သွားအောင် တွန်းအားပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အခြေခံအားဖြင့်တော့ ငါတို့ရဲ့လုပ်ငန်း တစ်ခုမဟုတ်သလို အမေရိကန်ရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ ဘာမှမဆိုင်တဲ့ စစ်ပွဲအလယ်မှာ ပါဝင်စွက်ဖက်တာမျိုးလုပ်မှာ မဟုတ်ဘူး’ဟု ပြောသည်။

Zawgyi Version:
အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကား အလုံးစုံ တိုက္ပြဲျဖစ္လာရန္ အလားအလာမ်ားေန
ဂ်န္ဇက္ (NP News) - ေမ ၁ဝ

အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကားျဖစ္ပြား ေနသည့္အျငင္းပြားမႈမ်ားကို အဆုံးသတ္ရန္ ကုလသမဂၢအဖြဲ႕ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕စည္းမ်ားက ဝိုင္းဝန္းေတာင္းဆိုေနေသာ္လည္း ပါကစၥတန္စစ္တပ္က အိႏၵိယႏိုင္ငံအေနာက္ပိုင္း နယ္စပ္ေဒသကို ေမလ(၉)ရက္တြင္ ဒ႐ုန္းမ်ား၊ အေသခံဒ႐ုန္းမ်ား အသုံးျပဳကာတိုက္ခိုက္ခဲ့ေၾကာင္း အိႏၵိယစစ္တပ္ က သတင္းထုတ္ျပန္ထားသည္။ အိႏၵိယစစ္တပ္က ပါကစၥတန္သည္ အိႏၵိယႏွင့္ပါကစၥတန္ႏိုင္ငံၾကား နယ္စပ္ေဒသ တစ္ေလွ်ာက္ အပစ္အခတ္ရပ္စဲေရးသေဘာတူညီမႈကို ခ်ိဳးေဖာက္ၿပီး ဒ႐ုန္းမ်ားျဖင့္တိုက္ခိုက္ခဲ့ေၾကာင္း ေျပာသည္။
ကက္ရွ္မီးယားျပည္နယ္တြင္ ဧၿပီ(၂၂)ရက္က လူေပါင္း (၂၆) ဦးေသဆုံးေစခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကား အျငင္းပြားမႈအရွိန္ျမင့္ တက္လာခဲ့ၿပီး အလုံးစုံစစ္ပြဲျဖစ္လာေစရန္ ဦးတည္လာေနေၾကာင္း သိရသည္။
န်ဴကလီးယားလက္နက္မ်ား ပိုင္ဆိုင္ထားေသာ အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ ေမလ(၉)ရက္တြင္ ဒ႐ုန္း အမ်ားအျပားအသုံးျပဳၿပီး တိုက္ခိုက္ျခင္းမ်ားရွိေနေၾကာင္း အျပန္အလွန္ စြပ္စြဲေျပာဆိုျခင္းမ်ားရွိေနေၾကာင္း သိရသည္။ ပါကစၥတန္စစ္တပ္က ေမလ(၉)ရက္တြင္ ၎တို႔သည္ အိႏၵိယစစ္တပ္သုံး ဒ႐ုန္းအစင္းေရ အနည္းဆုံး (၂၈) စင္းကိုပစ္ခ်ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
အိႏၵိယအစိုးရကလည္း ပါကစၥတန္စစ္တပ္သည္ ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားအသုံးျပဳၿပီးတိုက္ခိုက္ခဲ့ေၾကာင္း၊ ပါကစၥတန္ႏိုင္ငံ လာဟိုးၿမိဳ႕ရွိ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကိုဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း ေျပာသည္။ အိႏၵိယ သည္ ေမလ(၇)ရက္တြင္ ဆင္ေဒါအမည္ရွိ စစ္ဆင္ေရးကိုစတင္ခဲ့ၿပီး စစ္ေၾကညာျခင္းမရွိဘဲ ပါကစၥတန္ႏိုင္ငံ အတြင္းရွိ ေနရာ (၉) ခုကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ အိႏၵိယအစိုးရက ၎တို႔သည္ ပါကစၥတန္ ျပည္သူမ်ားႏွင့္ ပါကစၥတန္စစ္တပ္ကို တိုက္ခိုက္ခဲ့ျခင္းမဟုတ္ဘဲ ပါကစၥတန္ႏိုင္ငံအတြင္း အေျချပဳလႈပ္ရွားေန သည့္အၾကမ္းဖက္သမားမ်ားကို တိုက္ခိုက္ခဲ့ျခင္းသာျဖစ္ေၾကာင္း ေျပာသည္။ အိႏၵိယသည္ ေမလ (၇) ရက္တြင္ ပါကစၥတန္ႏိုင္ငံကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား အၾကမ္းဖက္တိုက္ခိုက္မႈသည္ (၁၀) စုႏွစ္ေက်ာ္အတြင္း အျမင့္ဆုံးျဖစ္လာခဲ့ၿပီး ႏွစ္ႏိုင္ငံစလုံးတြင္ အနည္းဆုံးလူေပါင္း (၄၈) ဦး ေသဆုံးခဲ့ေၾကာင္းသိရ သည္။
အိႏၵိယနယ္ျခားလုံၿခဳံေရးတပ္ဖြဲ႕က အိႏၵိယ ထိန္းခ်ဳပ္ထားသည့္ ဂ်မူးႏွင့္ ကက္ရွ္မီးယားျပည္နယ္တစ္ေလွ်ာက္ စိမ့္ဝင္ရန္ႀကိဳးပမ္းသူေတြကို ေမလ(၈)ရက္တြင္ ၾကားျဖတ္ဟန႔္ထားႏိုင္ခဲ့ေၾကာင္း သိရသည္။ အိႏၵိယစစ္တပ္သည္ ပါကစၥတန္ႏွင့္ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားတြင္အသုံးျပဳရန္အတြက္ ႐ုရွားႏိုင္ငံထုတ္ (S-400) အမ်ိဳးအစား ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ကို ထုတ္သုံးရန္ စီစဥ္ေနေၾကာင္း သိရသည္။ ပါကစၥတန္စစ္တပ္က ေမလ (၈) ရက္တြင္ အိႏၵိယပိုင္နက္မ်ားကို တိုက္ခိုက္ခဲ့သည္ဆိုေသာ အိႏၵိယစစ္တပ္၏ စြပ္စြဲမႈမ်ားကို ျငင္းဆန္ထားေၾကာင္း သိရသည္။
အိႏၵိစစ္တပ္သည္ ပါကစၥတန္ႏိုင္ငံကို အစၥေရးႏိုင္ငံထုတ္ Harop အမ်ိဳးအစား ဒ႐ုန္းအနည္း ဆုံး (၂၉) စင္းအသုံး ျပဳတိုက္ခိုက္ခဲ့ရာ အနည္းဆုံး (၂၈) စီးပစ္ခ်ႏိုင္ခဲ့ေၾကာင္း ပါကစၥတန္စစ္တပ္က ေျပာသည္။ ပါကစၥတန္ႏွင့္ အိႏၵိယႏိုင္ငံ တို႔သည္ ကက္ရွ္မီးယားျပည္နယ္အေရးႏွင့္ပတ္သက္ၿပီး အနည္းဆုံး စစ္ပြဲသုံးႀကိမ္ျဖစ္ပြားခဲ့ဖူးၿပီး (၁၉၉၉) ခုႏွစ္ က ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။ (၁၉၉၉) ခုႏွစ္က ျဖစ္ပြားခဲ့ေသာတိုက္ပြဲအတြင္း အိႏၵိယစစ္သား အနည္းဆုံး (၅၀ဝ) ေက်ာ္ေသဆုံးခဲ့ကာ ပါကစၥတန္ စစ္သားအနည္းဆုံး (၄၀ဝဝ) ေသဆုံးခဲ့ေၾကာင္းသိရသည္။
ပါကစၥတန္ႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ နယ္စပ္ျဖတ္ေက်ာ္တိုက္ခိုက္မႈမ်ား မၾကာခဏျဖစ္ပြားခဲ့ ၿပီး အျပန္အလွန္ စြပ္စြဲမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ပါကစၥတန္အေျခစိုက္ Resistance Front အမည္ရွိလက္နက္ကိုင္အဖြဲ႕က ကက္ရွ္မီးယားျပည္ နယ္တြင္ လူေပါင္း (၂၆) ဦးေသဆုံးေစခဲ့ေသာတိုက္ ခိုက္မႈကိုလုပ္ေဆာင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ ထားၿပီး အိႏၵိယအစိုးရက ပါကစၥတန္စစ္တပ္သည္ အဆိုပါ လက္နက္ကိုင္အဖြဲ႕ကို ကူညီေထာက္ပံ့ေပး ေန ေၾကာင္းစြပ္ စြဲထားသည္။
ပါကစၥတန္အစိုးရသည္ အိႏၵိယအစိုးရ၏ စြပ္စြဲေျပာဆိုျခင္းမ်ားကို အၿမဲတမ္းျငင္းဆန္ခဲ့ေၾကာင္း သိရသည္။ ပါကစၥတန္ႏိုင္ငံႏွင့္ တင္းမာမႈမ်ား ျမင့္တက္လာခဲ့ၿပီးေနာက္ အိႏၵိယအစိုးရသည္ ႏိုင္ငံအတြင္းရွိ ေလဆိပ္ (၂၄) ခုကို ပိတ္ ထားရန္ အႀကံေပးထားေၾကာင္းသိရသည္။ အိႏၵိယစစ္တပ္က ပါကစၥတန္သည္ ဂ်မူးျပည္နယ္ႏွင့္ကက္ရွ္မီးယား ျပည္နယ္အတြင္းရွိေနရာမ်ားကို ေလေၾကာင္းမွတိုက္ခိုက္ရန္ ႀကိဳးပမ္းခဲ့ရာ ပါကစၥတန္စစ္တပ္သုံး အက္ဖ္ (၁၆)အမ်ိဳး အစား တိုက္ေလယာဥ္တစ္စင္း၊ JF-17 အမ်ိဳးအစား တိုက္ေလယာဥ္တစ္စင္းတို႔ကို ေမလ (၈)ရက္က ပစ္ခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။ ဒါ့ျပင္ အိႏၵိယ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားသည္ ပန္ဂ်ပ္ျပည္နယ္အေပၚမွျဖတ္သန္းပ်ံသန္းခဲ့ေသာ ပါကစၥတန္စစ္တပ္သုံး (AWACS) ေလယာဥ္ကို လည္း ပစ္ခ်ႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
အိႏၵိယစစ္တပ္သည္ ပါကစၥတန္တိုက္ ေလယာဥ္မ်ားအျပင္ ေမလ (၇) ရက္ကလည္းက ပါကစၥတန္ႏိုင္ငံ၏ေလ ေၾကာင္းရန္ ကာကြယ္ေရး စနစ္မ်ားကို ပစ္မွတ္ထားၿပီးေအာင္ျမင္စြာတိုက္ခိုက္ ႏိုင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထား သည္။ အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကား အျပန္အလွန္ပစ္ခတ္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အိႏၵိယစစ္တပ္၏ပစ္ခတ္မႈ ေၾကာင့္ ပါကစၥတန္ႏိုင္ငံသား အနည္းဆုံး (၃၆) ဦး ေသဆုံးခဲ့ရသည္ဟု ပါကစၥတန္ဘက္က စြပ္စြဲထား သလို အိႏၵိယ စစ္တပ္ကလည္း ပါကစၥတန္၏ပစ္ခတ္ မႈေၾကာင့္ အိႏၵိယႏိုင္ငံသားအနည္းဆုံး (၁၆) ဦး ေသဆုံး ထားေၾကာင္းသိရသည္။ အိႏၵိယႏွင့္ပါကစၥတန္ႏိုင္ငံၾကား တင္းမာမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း Indian Premier League (IPL) ခရစ္ကက္ ပြဲစဥ္ အခ်ိဳ႕ကို ဖ်က္သိမ္းခဲ့သလို အိႏၵိယအစိုးရကလည္း ပါကစၥတန္ ႏိုင္ငံကိုေငြေၾကး မေခ်းေပးရန္ ႏိုင္ငံတကာ ေငြေၾကး ရန္ပုံ ေငြအဖြဲ႕ (IMF) ကိုဖိအားေပးဖြယ္ရွိေနသည္။
ထို႔ျပင္ အိႏၵိယႏွင့္တင္းမာမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ပါကစၥတန္ စူပါလိဂ္ The Pakistan Super League (PSL) ၿပိဳင္ပြဲကိုလည္း ယူေအအီးႏိုင္ငံသို႔ ေျပာင္းေ႐ႊ႕က်င္းပရန္ စီစဥ္ေနေၾကာင္း သိရသည္။ အိႏၵိယႏွင့္ပါကစၥ တန္ႏိုင္ငံ ၾကား လက္ရွိျဖစ္ပြားေနသည့္ တင္းမာမႈမ်ား၊ အျပန္အလွန္ပစ္ခတ္မႈမ်ားသည္ ႏိုင္ငံအခ်င္းခ်င္း စစ္ျဖစ္မည့္အလား လာမ်ိဳးရွိေနသည့္အတြက္ အေမရိကန္အပါအဝင္ ႏိုင္ငံတကာက တင္းမာမႈမ်ားေလ်ာ့ခ်ရန္ တိုက္တြန္း ေတာင္းဆိုေန ေၾကာင္းသိရသည္။
အေမရိကန္ဒုတိယသမၼတက အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကား ျဖစ္ပြားေနသည့္အျငင္းပြားမႈမ်ားကိုေလ်ာ့ ခ်ရန္လိုအပ္ေၾကာင္း၊ အေမရိကန္ႏိုင္ငံအေနျဖင့္ ပါကစၥတန္ႏွင့္ အေမရိကန္ႏိုင္ငံၾကား ျဖစ္ပြားေနသည့္စစ္ပြဲတြင္ ၾကားဝင္စြက္ဖက္မည္ မဟုတ္ေၾကာင္း ေျပာသည္။
အေမရိကန္ဒုတိယသမၼတက ‘ပါကစၥတန္နဲ႔ အိႏၵိယႏိုင္ငံၾကားျဖစ္ပြားေနတဲ့ အျငင္းပြားမႈေတြကို နည္း နည္းေလးေလ်ာ့သြားေအာင္ တြန္းအားေပးဖို႔ ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ အေျခခံအားျဖင့္ေတာ့ ငါတို႔ရဲ႕လုပ္ငန္း တစ္ခုမဟုတ္သလို အေမရိကန္ရဲ႕ ထိန္းခ်ဳပ္ႏိုင္စြမ္းနဲ႔ ဘာမွမဆိုင္တဲ့ စစ္ပြဲအလယ္မွာ ပါဝင္စြက္ဖက္တာမ်ိဳးလုပ္မွာ မဟုတ္ဘူး’ဟု ေျပာသည္။

Related news

© 2021. All rights reserved.