တောင်ကိုရီးယားမင်းသမီး ကင်ဘိုရာ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဂျိုဘာရွန် နဲ့ ကွာရှင်းပြတ်စဲ

498
ရောင်နီ (NP News) - မေ ၁၁
တောင်ကိုရီးယား ဒရာမာများစွာမှာ ကလေး သရုပ်ဆောင်အဖြစ် စတင်မြင်တွေ့ခဲ့ရတဲ့ မင်းသမီး ကင်ဘိုရာဟာ မေလ ၁၀ ရက် မှာ သူရဲ့ခင်ပွန်းဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ဂျိုဘာရွန်နဲ့ ကွာရှင်းပြတ်စဲခဲ့တယ်လို့ သူရဲ့အေဂျင်စီ Noon Company က ပြောပါတယ်။
Noon Company ကိုယ်စားလှယ်တစ်ဦးရဲ့ပြောကြားချက်အရ "အချိန်အကြာကြီး စဉ်းစားပြီးတဲ့နောက်၊ ကင်ဘိုရာနဲ့ ဂျိုဘာရွန် တို့ဟာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်" လို့ ဆိုပါတယ်။ ကင်ဘိုရာနဲ့ ဂျိုဘာရွန်ဟာ ၂၀၂၁ ရုပ်ရှင် 'Ghost Mansion' မှာ မင်းသမီးနဲ့ ဒါရိုက်တာအဖြစ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၃ နှစ်ကြာ တွဲပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဇွန်လကမှ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်သက် ၁ နှစ်အကြာမှာတော့ အခုလိုမျိုး ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။
ကင်ဘိုရာ ဟာ ၂၀၀၅ ခုနှစ်ကစ ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်ပြီး 'Sky Castle', 'Like Flowers in Sand' 'Who are you' နဲ့ 'Black Out' ဒရာမာတွေနဲ့ လူသိများပါတယ်။
Zawgyi Version:
ေတာင္ကိုရီးယားမင္းသမီး ကင္ဘိုရာ ခင္ပြန္းျဖစ္သူ ဒါ႐ိုက္တာ ဂ်ိဳဘာ႐ြန္ နဲ႔ ကြာရွင္းျပတ္စဲ
ေရာင္နီ (NP News) - ေမ ၁၁
ေတာင္ကိုရီးယား ဒရာမာမ်ားစြာမွာ ကေလး သ႐ုပ္ေဆာင္အျဖစ္ စတင္ျမင္ေတြ႕ခဲ့ရတဲ့ မင္းသမီး ကင္ဘိုရာဟာ ေမလ ၁၀ ရက္ မွာ သူရဲ႕ခင္ပြန္းျဖစ္သူ ႐ုပ္ရွင္ဒါ႐ိုက္တာ ဂ်ိဳဘာ႐ြန္နဲ႔ ကြာရွင္းျပတ္စဲခဲ့တယ္လို႔ သူရဲ႕ေအဂ်င္စီ Noon Company က ေျပာပါတယ္။
Noon Company ကိုယ္စားလွယ္တစ္ဦးရဲ႕ေျပာၾကားခ်က္အရ "အခ်ိန္အၾကာႀကီး စဥ္းစားၿပီးတဲ့ေနာက္၊ ကင္ဘိုရာနဲ႔ ဂ်ိဳဘာ႐ြန္ တို႔ဟာ ႏွစ္ဦးသေဘာတူ ကြာရွင္းျပတ္စဲခဲ့ၾကပါတယ္" လို႔ ဆိုပါတယ္။ ကင္ဘိုရာနဲ႔ ဂ်ိဳဘာ႐ြန္ဟာ ၂၀၂၁ ႐ုပ္ရွင္ 'Ghost Mansion' မွာ မင္းသမီးနဲ႔ ဒါ႐ိုက္တာအျဖစ္ ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး ၃ ႏွစ္ၾကာ တြဲၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လကမွ မဂၤလာေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။ အိမ္ေထာင္သက္ ၁ ႏွစ္အၾကာမွာေတာ့ အခုလိုမ်ိဳး ကြာရွင္းခဲ့ၾကတာျဖစ္ပါတယ္။
ကင္ဘိုရာ ဟာ ၂၀၀၅ ခုႏွစ္ကစ ကေလးသ႐ုပ္ေဆာင္အျဖစ္ ပြဲဦးထြက္ခဲ့တာျဖစ္ၿပီး 'Sky Castle', 'Like Flowers in Sand' 'Who are you' နဲ႔ 'Black Out' ဒရာမာေတြနဲ႔ လူသိမ်ားပါတယ္။