“ငလျင်ဘေးသင့်ပြည်သူများအတွက် အနုပညာရှင်များ စုပေါင်းပြုလုပ်မည့်အစီအစဉ်”

1014

အိဖြူ (NP News) - မေ ၁၁
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက်သတင်းတွေကတော့ “ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့လက်ရှိကျန်းမာရေးအခြေအနေ၊ ဝါရင့်သရုပ်ဆောင် ဒါရိုက်တာ ဦးမောင်မောင်မြင့် ကွယ်လွန်၊ ငလျင်ဘေးသင့်ဒေသခံများအတွက်ပြုလုပ်တဲ့ ပဒေသာကပွဲ” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပေမယ့် အသက်ဘေးမှလွတ်မြောက်ခဲ့တဲ့ ဒါရိုက်တာစင်ရော်မောင်မောင်
ရုပ်ရှင်ဒါရိုက်တာ စင်ရော်မောင်မောင်က မေလ (၅) ရက် ည (၅) နာရီအချိန်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ကံကောင်းထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ဘယ်ဘက်ပေါင်းရိုးကျိုးသွားခဲ့ပြီး၊ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တာပါ။ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဒါရိုက်တာ စင်ရော်မောင် မောင်လိုက်ပါလာတဲ့ယာဉ်ကို နောက်မှကျော်တက် လာတဲ့ယာဉ် က ပြင်းထန်စွာ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပါတယ်။ သားဖြစ်သူ မင်းသန့်မောင်မောင်က “အဖေ့ကို CT Scan စစ်ပြီးချိန်မှာ အသက်အန္တရာယ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေ စိုးရိမ်စရာမရှိဘဲ ဘယ်ဘက် ပေါင်လယ်ရိုးကျိုးသွားတဲ့အတွက် နေပြည်တော်ခုတင်(၁၀ဝဝ) ဆေးရုံမှာ Operation ပြုလုပ်ပြီး ဆက်လက်ကုသဖို့ စီစဉ်လျက်ရှိပါတယ်” လို့ ၎င်းရဲ့ဖေ့စ်ဘွတ်လူမှုကွန်ရက်အကောင့်မှာ အသိပေးပြောပြထား ပါတယ်။ ယာဉ်တိုက်မှုဖြစ်စဉ်က ပြင်းထန်တယ်လို့ဆိုနိုင်ပေမယ့် ဒါရိုက်တာစင်ရော်မောင်မောင် အပါ အဝင် ယာဉ်မောင်းနဲ့ တစ်ဖက်ယာဉ်ကြောမှ ဝင်တိုက်ခဲ့သူ ယာဉ်မောင်းသမားလည်း အသက်အန္တရာယ် ကင်းရှင်းခဲ့တယ်လို့ သိရပါတယ်။ မင်းသန့်မောင်မောင်အနေနဲ့ ဖခင်ဖြစ်သူ ယာဉ်တိုက်မှုသတင်းကြား သိရချိန်မှာ စိတ်ပူပန်မှုကြီးမားခဲ့ရပြီး ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းလျက်အနေအထားအတိုင်းမြင်တွေ့ ရချိန်မှာ အသက်အန္တရာယ်မစိုးရိမ်ရတဲ့အတွက် စိတ်သက်သာရာရရှိခဲ့ကြောင်း ဖွင့်ဟထားပါတယ်။
NP News က ဆက်သွယ်မေးမြန်းချိန်မှာတော့ ဒါရိုက်တာစင်ရော်မောင်မောင်အနေနဲ့ ကျန်းမာ ရေးအခြေအနေအရ ဖုန်းများကို ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးပါ။ ဒါရိုက်တာစင်ရော် မောင်မောင် ရဲ့ယာဉ်တိုက်မှုဖြစ်စဉ်မှာလည်း စိတ်နှလုံးသားမပြည့်ဝသူတွေရဲ့သဘောထားတချို့ မှတ်ချက်စကားတွေ ကို ဆိုရှယ်လူမှုကွန်ရက်မှာ မြင်တွေ့ခဲ့ရပြီး၊ လူသားအချင်းချင်း ဒုက္ခကြုံတွေ့ချိန်မှာ မတောင်းအပ်တဲ့ ဆုတောင်းစကားတွေကို ဖတ်ရှုခဲ့ရတာက စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာသာဖြစ်ပါတယ်။

ရုပ်ရှင်တစ်သက်တာဆု ချီးမြှင့်ခြင်းမခံရခင် ကွယ်လွန်ဆုံးပါးခဲ့ရတဲ့ ဝါရင့်သရုပ်ဆောင် ဒါရိုက်တာ ဦးမောင်မောင်မြင့်
ဝါရင့်ရုပ်ရှင်အနုပညာရှင်ကြီးတစ်ဦးဖြစ်သူ ဦးမောင်မောင်မြင့်က အသက်(၉၃)နှစ်အရွယ်မှာ သက်ကြီးရောဂါဝေဒနာတွေနဲ့ပဲ ကွယ်လွန်ဆုံးပါးသွားခဲ့ရပါပြီ။ NP News ရဲ့ ဧပြီလ နောက်ဆုံးပတ်က ထွက်ရှိခဲ့တဲ့ ဂျာနယ်ထဲမှာ ဦးမောင်မောင်မြင့်ရဲ့ကျန်းမာရေးအခြေအနေကိုဖော်ပြခဲ့ဖူးပြီး သီတင်း (၃) ပတ်မြောက်မှာ ဦး မောင်မောင်မြင့်ရဲ့နာရေးသတင်းကို ထည့်သွင်းဖော်ပြရမှုက မိသားစုဝင်တွေနဲ့ထပ်တူ များစွာစိတ်မကောင်းဖြစ်မိရပါတယ်။
ဦးမောင်မောင်မြင့် အသက်(၉၃)နှစ်ဟာ ဒီနေ့ မေလ(၇) ရက်၊ မနက်(၁၀)နာရီ (၁၅) မိနစ်အချိန် က ၎င်းရဲ့နေအိမ်မှာ ကွယ်လွန်ဆုံးပါးသွားခဲ့ခြင်းဖြစ်ပါတယ်။ ရုပ်ရှင်လောကမှာ ရာစုနှစ်ဝက်ထက်မနည်း ဖြတ်သန်းခဲ့ပေမယ့်လည်း မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု အပါအဝင် ကွယ်လွန်ဆုံးပါးသွားတဲ့အချိန် အထိ ရုပ်ရှင်တသက်တာဆုကိုပါ ချီးမြှင့်ခြင်း မခံခဲ့ရတဲ့သူ့အတွက်၊ မိသားစုဝင်များ၊ သူ့ရဲ့ပရိသတ်များက စိတ်မကောင်းဖြစ်လျက်ရှိကြပါတယ်။
ဦးမောင်မောင်မြင့်ဟာ ရုပ်ရှင်အနုပညာလောကမှာ သရုပ်ဆောင်ပိုင်း၊ ဒါရိုက်တာပိုင်းအပြင် ကဗျာဆရာ မောင်မောင်မြင့်(သုခုမ)အမည်နဲ့ကဗျာတွေ ရေးဖွဲ့သီကုံးခဲ့ပြီး၊ စွယ်စုံရအနုပညာရှင် တစ်ဦး အဖြစ် လူအများရဲ့ ချီးကျူးသတ်မှတ်ခံထားရသူဖြစ်ကာ မင်းသားပြေငြိမ်းရဲ့ဖခင်လည်း ဖြစ်ပါတယ်။

အနုပညာရှင်များက ငလျင်ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ပဒေသာကပွဲကျင်းပ
ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်တွေ စုပေါင်းပြီး မတ်လ (၂၈) ရက် ငလျင်ဘေးဒဏ်သင့် ဒေသခံတွေ အတွက် ငလျင်ပြန်လည်ထူထောင်ရေး ရန်ပုံငွေပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံမှာ (၂၀၂၅) ခုနှစ် မေလ (၁၀) ရက်မှ (၁၂) ရက်အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ငလျင်ဘေးဒဏ်သင့်ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်အား ဖြည့်ခဲ့တဲ့ အနုပညာရှင်များစွာရှိသလို တချို့ကလည်း မိမိတို့နဲ့မသက်ဆိုင်သယောင်ပြုမူခဲ့ကြသူတွေလည်း ရှိခဲ့တာကို သတိပြုမိပါတယ်။
မတ်လ (၂၈) ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အစရှိတဲ့ မြို့နယ်တွေမှာ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ အစိုးရဌာနဆိုင်ရာအဆောက်အအုံ တွေ၊ ပြည်သူပိုင် အိုးအိမ်များစွာအပါအဝင် လူ့အသက်ပေါင်း ထောင်ချီ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲခဲ့ကြတဲ့ ပြည်သူ အချင်းချင်းအပါအဝင် အနုပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ခဲ့ကြပါတယ်။ လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများကအဓိက ထောက်ပံ့ကူညီလျက်ရှိပြီး အနုပညာရှင် တွေအနေနဲ့ လည်း ပြန်လည်ထူထောင်ရေးကဏ္ဍမှာ အင်တိုက်အားတိုက် ပါဝင်လာတာကို မြင်တွေ့ရခြင်း ဖြစ်ပါတယ်။
မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ သဘင်၊ ဂီတ ရန်ပုံ ငွေ ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ (၅) ရက် မွန်းလွဲ ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲမှာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “လက်ရှိအချိန်ဟာ ငလျင် ဒဏ်ကြောင့် ထိခိုက်ပျက်စီးတာတွေ ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေ တဲ့ အချိန်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေကို စိတ်ခွန်အားပေးနိုင်ဖို့ အနုပညာ ရှင်တွေအနေနဲ့ ကြိုးပမ်းပေးရမှာဖြစ်တယ်” လို့ မှာကြားခဲ့ပါတယ်။
ငလျင်ပြန်လည်ထူထောင်ရေး ရန်ပုံငွေပဒေသာကပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်း လမ်းရှိ အမျိုးသား ကဇာတ်ရုံမှာ မေလ (၁၀) ရက်မှ (၁၂) ရက်အထိ (၃ ရက်တိုင်တိုင်) ညနေ (၅) နာရီ (၃၀) မိနစ်မှ ည (၁၀) နာရီအထိ ဖျော်ဖြေ တင်ဆက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“ငလ်င္ေဘးသင့္ျပည္သူမ်ားအတြက္ အႏုပညာရွင္မ်ား စုေပါင္းျပဳလုပ္မည့္အစီအစဥ္”
အိျဖဴ (NP News) - ေမ ၁၁
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္သတင္းေတြကေတာ့ “ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္ရဲ႕လက္ရွိက်န္းမာေရးအေျခအေန၊ ဝါရင့္သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ဦးေမာင္ေမာင္ျမင့္ ကြယ္လြန္၊ ငလ်င္ေဘးသင့္ေဒသခံမ်ားအတြက္ျပဳလုပ္တဲ့ ပေဒသာကပြဲ” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေပမယ့္ အသက္ေဘးမွလြတ္ေျမာက္ခဲ့တဲ့ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္
႐ုပ္ရွင္ဒါ႐ိုက္တာ စင္ေရာ္ေမာင္ေမာင္က ေမလ (၅) ရက္ ည (၅) နာရီအခ်ိန္က ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္မွာ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ ကံေကာင္းေထာက္မစြာ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ပါတယ္။ ယာဥ္တိုက္မႈေၾကာင့္ ဘယ္ဘက္ေပါင္း႐ိုးက်ိဳးသြားခဲ့ၿပီး၊ ပြန္းပဲ့ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့တာပါ။ ယာဥ္တိုက္မႈျဖစ္စဥ္မွာ ဒါ႐ိုက္တာ စင္ေရာ္ေမာင္ ေမာင္လိုက္ပါလာတဲ့ယာဥ္ကို ေနာက္မွေက်ာ္တက္ လာတဲ့ယာဥ္ က ျပင္းထန္စြာ ဝင္တိုက္မိခဲ့ျခင္းျဖစ္ပါတယ္။ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္က “အေဖ့ကို CT Scan စစ္ၿပီးခ်ိန္မွာ အသက္အႏၲရာယ္အေရးႀကီးတဲ့ အစိတ္အပိုင္းေတြ စိုးရိမ္စရာမရွိဘဲ ဘယ္ဘက္ ေပါင္လယ္႐ိုးက်ိဳးသြားတဲ့အတြက္ ေနျပည္ေတာ္ခုတင္(၁၀ဝဝ) ေဆး႐ုံမွာ Operation ျပဳလုပ္ၿပီး ဆက္လက္ကုသဖို႔ စီစဥ္လ်က္ရွိပါတယ္” လို႔ ၎ရဲ႕ေဖ့စ္ဘြတ္လူမႈကြန္ရက္အေကာင့္မွာ အသိေပးေျပာျပထား ပါတယ္။ ယာဥ္တိုက္မႈျဖစ္စဥ္က ျပင္းထန္တယ္လို႔ဆိုႏိုင္ေပမယ့္ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္ အပါ အဝင္ ယာဥ္ေမာင္းနဲ႔ တစ္ဖက္ယာဥ္ေၾကာမွ ဝင္တိုက္ခဲ့သူ ယာဥ္ေမာင္းသမားလည္း အသက္အႏၲရာယ္ ကင္းရွင္းခဲ့တယ္လို႔ သိရပါတယ္။ မင္းသန႔္ေမာင္ေမာင္အေနနဲ႔ ဖခင္ျဖစ္သူ ယာဥ္တိုက္မႈသတင္းၾကား သိရခ်ိန္မွာ စိတ္ပူပန္မႈႀကီးမားခဲ့ရၿပီး ေဆး႐ုံခုတင္ေပၚမွာ လဲေလ်ာင္းလ်က္အေနအထားအတိုင္းျမင္ေတြ႕ ရခ်ိန္မွာ အသက္အႏၲရာယ္မစိုးရိမ္ရတဲ့အတြက္ စိတ္သက္သာရာရရွိခဲ့ေၾကာင္း ဖြင့္ဟထားပါတယ္။
NP News က ဆက္သြယ္ေမးျမန္းခ်ိန္မွာေတာ့ ဒါ႐ိုက္တာစင္ေရာ္ေမာင္ေမာင္အေနနဲ႔ က်န္းမာ ေရးအေျခအေနအရ ဖုန္းမ်ားကို ျပန္လည္ေျဖၾကားႏိုင္ျခင္းမရွိေသးပါ။ ဒါ႐ိုက္တာစင္ေရာ္ ေမာင္ေမာင္ ရဲ႕ယာဥ္တိုက္မႈျဖစ္စဥ္မွာလည္း စိတ္ႏွလုံးသားမျပည့္ဝသူေတြရဲ႕သေဘာထားတခ်ိဳ႕ မွတ္ခ်က္စကားေတြ ကို ဆိုရွယ္လူမႈကြန္ရက္မွာ ျမင္ေတြ႕ခဲ့ရၿပီး၊ လူသားအခ်င္းခ်င္း ဒုကၡႀကဳံေတြ႕ခ်ိန္မွာ မေတာင္းအပ္တဲ့ ဆုေတာင္းစကားေတြကို ဖတ္ရႈခဲ့ရတာက စိတ္ႏွလုံးမခ်မ္းေျမ့ဖြယ္ရာသာျဖစ္ပါတယ္။
႐ုပ္ရွင္တစ္သက္တာဆု ခ်ီးျမႇင့္ျခင္းမခံရခင္ ကြယ္လြန္ဆုံးပါးခဲ့ရတဲ့ ဝါရင့္သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ဦးေမာင္ေမာင္ျမင့္
႐ုပ္ရွင္တစ္သက္တာဆု ခ်ီးျမႇင့္ျခင္းမခံရခင္ ကြယ္လြန္ဆုံးပါးခဲ့ရတဲ့ ဝါရင့္သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ဦးေမာင္ေမာင္ျမင့္
ဝါရင့္႐ုပ္ရွင္အႏုပညာရွင္ႀကီးတစ္ဦးျဖစ္သူ ဦးေမာင္ေမာင္ျမင့္က အသက္(၉၃)ႏွစ္အ႐ြယ္မွာ သက္ႀကီးေရာဂါေဝဒနာေတြနဲ႔ပဲ ကြယ္လြန္ဆုံးပါးသြားခဲ့ရပါၿပီ။ NP News ရဲ႕ ဧၿပီလ ေနာက္ဆုံးပတ္က ထြက္ရွိခဲ့တဲ့ ဂ်ာနယ္ထဲမွာ ဦးေမာင္ေမာင္ျမင့္ရဲ႕က်န္းမာေရးအေျခအေနကိုေဖာ္ျပခဲ့ဖူးၿပီး သီတင္း (၃) ပတ္ေျမာက္မွာ ဦး ေမာင္ေမာင္ျမင့္ရဲ႕နာေရးသတင္းကို ထည့္သြင္းေဖာ္ျပရမႈက မိသားစုဝင္ေတြနဲ႔ထပ္တူ မ်ားစြာစိတ္မေကာင္းျဖစ္မိရပါတယ္။
ဦးေမာင္ေမာင္ျမင့္ အသက္(၉၃)ႏွစ္ဟာ ဒီေန႔ ေမလ(၇) ရက္၊ မနက္(၁၀)နာရီ (၁၅) မိနစ္အခ်ိန္ က ၎ရဲ႕ေနအိမ္မွာ ကြယ္လြန္ဆုံးပါးသြားခဲ့ျခင္းျဖစ္ပါတယ္။ ႐ုပ္ရွင္ေလာကမွာ ရာစုႏွစ္ဝက္ထက္မနည္း ျဖတ္သန္းခဲ့ေပမယ့္လည္း ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆု အပါအဝင္ ကြယ္လြန္ဆုံးပါးသြားတဲ့အခ်ိန္ အထိ ႐ုပ္ရွင္တသက္တာဆုကိုပါ ခ်ီးျမႇင့္ျခင္း မခံခဲ့ရတဲ့သူ႔အတြက္၊ မိသားစုဝင္မ်ား၊ သူ႔ရဲ႕ပရိသတ္မ်ားက စိတ္မေကာင္းျဖစ္လ်က္ရွိၾကပါတယ္။
ဦးေမာင္ေမာင္ျမင့္ဟာ ႐ုပ္ရွင္အႏုပညာေလာကမွာ သ႐ုပ္ေဆာင္ပိုင္း၊ ဒါ႐ိုက္တာပိုင္းအျပင္ ကဗ်ာဆရာ ေမာင္ေမာင္ျမင့္(သုခုမ)အမည္နဲ႔ကဗ်ာေတြ ေရးဖြဲ႕သီကုံးခဲ့ၿပီး၊ စြယ္စုံရအႏုပညာရွင္ တစ္ဦး အျဖစ္ လူအမ်ားရဲ႕ ခ်ီးက်ဴးသတ္မွတ္ခံထားရသူျဖစ္ကာ မင္းသားေျပၿငိမ္းရဲ႕ဖခင္လည္း ျဖစ္ပါတယ္။
အႏုပညာရွင္မ်ားက ငလ်င္ျပန္လည္ထူေထာင္ေရး ရန္ပုံေငြ ပေဒသာကပြဲက်င္းပ
႐ုပ္ရွင္၊ ဂီတ၊ သဘင္အႏုပညာရွင္ေတြ စုေပါင္းၿပီး မတ္လ (၂၈) ရက္ ငလ်င္ေဘးဒဏ္သင့္ ေဒသခံေတြ အတြက္ ငလ်င္ျပန္လည္ထူေထာင္ေရး ရန္ပုံေငြပြဲကို ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားကဇာတ္႐ုံမွာ (၂၀၂၅) ခုႏွစ္ ေမလ (၁၀) ရက္မွ (၁၂) ရက္အထိ (၃) ရက္တိုင္တိုင္ က်င္းပျပဳလုပ္ခဲ့ၾကပါတယ္။
ငလ်င္ေဘးဒဏ္သင့္ေဒသခံမ်ား ျပန္လည္ထူေထာင္ေရးအတြက္ အင္တိုက္အားတိုက္ ပါဝင္အား ျဖည့္ခဲ့တဲ့ အႏုပညာရွင္မ်ားစြာရွိသလို တခ်ိဳ႕ကလည္း မိမိတို႔နဲ႔မသက္ဆိုင္သေယာင္ျပဳမူခဲ့ၾကသူေတြလည္း ရွိခဲ့တာကို သတိျပဳမိပါတယ္။
မတ္လ (၂၈) ရက္ကလႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ ေနျပည္ေတာ္၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း အစရွိတဲ့ ၿမိဳ႕နယ္ေတြမွာ ဘာသာေရးဆိုင္ရာအေဆာက္အအုံေတြ၊ အစိုးရဌာနဆိုင္ရာအေဆာက္အအုံ ေတြ၊ ျပည္သူပိုင္ အိုးအိမ္မ်ားစြာအပါအဝင္ လူ႔အသက္ေပါင္း ေထာင္ခ်ီ ထိခိုက္ပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။
ငလ်င္ဒဏ္ကို ျပင္းထန္စြာ ခံစားခဲ့ရတဲ့ျပည္သူေတြနဲ႔ထပ္တူ ဝမ္းနည္းေၾကကြဲခဲ့ၾကတဲ့ ျပည္သူ အခ်င္းခ်င္းအပါအဝင္ အႏုပညာရွင္မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက အေရးေပၚကယ္ဆယ္ေရး ပစၥည္းမ်ားေထာက္ပံ့ခဲ့ၾကပါတယ္။ လက္ရွိမွာေတာ့ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားအတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားကအဓိက ေထာက္ပံ့ကူညီလ်က္ရွိၿပီး အႏုပညာရွင္ ေတြအေနနဲ႔ လည္း ျပန္လည္ထူေထာင္ေရးက႑မွာ အင္တိုက္အားတိုက္ ပါဝင္လာတာကို ျမင္ေတြ႕ရျခင္း ျဖစ္ပါတယ္။
မႏၲေလးငလ်င္ႀကီး ေဘးဒဏ္သင့္ေဒသေတြ ျပန္လည္ထူေထာင္ေရး ႐ုပ္ရွင္၊ သဘင္၊ ဂီတ ရန္ပုံ ေငြ ပေဒသာကပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ေမလ (၅) ရက္ မြန္းလြဲ ပိုင္းက ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ရွိ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ႐ုပ္ရွင္ျမႇင့္တင္ေရး ဌာနခြဲမွာ က်င္းပခဲ့ျခင္းျဖစ္ပါတယ္။
ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက “လက္ရွိအခ်ိန္ဟာ ငလ်င္ ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးတာေတြ ရွင္းလင္းေရးနဲ႔ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေန တဲ့ အခ်ိန္ျဖစ္ၿပီး ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္ခံစားခဲ့ရတဲ့ျပည္သူေတြကို စိတ္ခြန္အားေပးႏိုင္ဖို႔ အႏုပညာ ရွင္ေတြအေနနဲ႔ ႀကိဳးပမ္းေပးရမွာျဖစ္တယ္” လို႔ မွာၾကားခဲ့ပါတယ္။
ငလ်င္ျပန္လည္ထူေထာင္ေရး ရန္ပုံေငြပေဒသာကပြဲကို ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕နယ္ ၿမိဳ႕မေက်ာင္း လမ္းရွိ အမ်ိဳးသား ကဇာတ္႐ုံမွာ ေမလ (၁၀) ရက္မွ (၁၂) ရက္အထိ (၃ ရက္တိုင္တိုင္) ညေန (၅) နာရီ (၃၀) မိနစ္မွ ည (၁၀) နာရီအထိ ေဖ်ာ္ေျဖ တင္ဆက္ခဲ့ၾကတာျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။