ရုရှားကို အနောက်အုပ်စုရဲ့တိုက်ခိုက်မှုတွေကနေ ကာကွယ်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း ကတိပြု

269

Pika (NP News) - မေ ၁၂
ရုရှားနိုင်ငံကို အနောက်အုပ်စုကျောထောက်နောက်ခံပြုထားတဲ့ ဘယ်လိုတိုက်ခိုက်မှုတွေကနေမဆို ကာကွယ်သွား မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ကတိပြုပြောဆိုခဲ့ပါတယ်။ ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားမှာရှိတဲ့ ရုရှားသံရုံးကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီလည်ပတ်မှုအတွင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son-hui၊ကာကွယ်ရေးဝန်ကြီး No Kwang-chol အပါအဝင် အကြီးတန်းအရာရှိတွေနဲ့ ကင်ဂျုံအန်းရဲ့သမီးတို့လည်း လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ကင်ဂျုံအန်းဟာ ပူတင်ကို အင်အားကြီးနိုင်ငံရဲ့ဩဇာအာဏာကြီးမားတဲ့ခေါင်းဆောင်နဲ့ ၎င်းရဲ့ အရင်းနှီးဆုံးမိတ်ဆွေ အဖြစ် ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ကင်ဂျုံအန်းဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့နာဇီဂျာမနီအပေါ် အနိုင်ရယူနိုင်မှုကို ချီးကျူးစကားပြောဆိုခဲ့ပြီး လက်ရှိအချိန်မှာ ရုရှားဟာ နာဇီလက်သစ်တွေရဲ့ခြိမ်းခြောက်မှုတွေကို ခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ ကင်ဂျုံအန်းက “နာဇီဝါဒပြန်လည်နိုးထလာမှုဟာ ဘယ်လိုမှသည်းခံလို့မရတဲ့ ခြိမ်းခြောက်မှုတစ်ခုပဲဖြစ်ပါတယ်။ယူကရိန်းနာဇီလက်သစ်တွေရဲ့ လုပ်ရပ်တွေကို မြောက်ကိုရီးယားနိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားကို အေနာက္အုပ္စုရဲ႕တိုက္ခိုက္မႈေတြကေန ကာကြယ္သြားမယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္း ကတိျပဳ
Pika (NP News) - ေမ ၁၂
႐ုရွားႏိုင္ငံကို အေနာက္အုပ္စုေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ဘယ္လိုတိုက္ခိုက္မႈေတြကေနမဆို ကာကြယ္သြား မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ကတိျပဳေျပာဆိုခဲ့ပါတယ္။ ကင္ဂ်ဳံအန္းဟာ ေျမာက္ကိုရီးယားမွာရွိတဲ့ ႐ုရွားသံ႐ုံးကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
အဲဒီလည္ပတ္မႈအတြင္း ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး Choe Son-hui၊ကာကြယ္ေရးဝန္ႀကီး No Kwang-chol အပါအဝင္ အႀကီးတန္းအရာရွိေတြနဲ႔ ကင္ဂ်ဳံအန္းရဲ႕သမီးတို႔လည္း လိုက္ပါသြားခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ကင္ဂ်ဳံအန္းဟာ ပူတင္ကို အင္အားႀကီးႏိုင္ငံရဲ႕ဩဇာအာဏာႀကီးမားတဲ့ေခါင္းေဆာင္နဲ႔ ၎ရဲ႕ အရင္းႏွီးဆုံးမိတ္ေဆြ အျဖစ္ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ကင္ဂ်ဳံအန္းဟာ ဆိုဗီယက္ျပည္ေထာင္စုရဲ႕နာဇီဂ်ာမနီအေပၚ အႏိုင္ရယူႏိုင္မႈကို ခ်ီးက်ဴးစကားေျပာဆိုခဲ့ၿပီး လက္ရွိအခ်ိန္မွာ ႐ုရွားဟာ နာဇီလက္သစ္ေတြရဲ႕ၿခိမ္းေျခာက္မႈေတြကို ခံေနရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ကင္ဂ်ဳံအန္းက “နာဇီဝါဒျပန္လည္ႏိုးထလာမႈဟာ ဘယ္လိုမွသည္းခံလို႔မရတဲ့ ၿခိမ္းေျခာက္မႈတစ္ခုပဲျဖစ္ပါတယ္။ယူကရိန္းနာဇီလက္သစ္ေတြရဲ႕ လုပ္ရပ္ေတြကို ေျမာက္ကိုရီးယားႏိုင္ငံက ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ပါတယ္” လို႔ ေျပာခဲ့ပါတယ္။