မင်းတပ်တွင် CDF Mindat က လူ ၄၀၀ ခန့်ကို စစ်သင်တန်းပေးပြီး အင်အားစုနေဟုဆို

242
သုတကျော် (NP News) – မေ ၁၂
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တွင် CDF Mindat က လူ ၄၀၀ ခန့်ကို စစ်သင်တန်း ပေးပြီး အင်အားစုနေကြောင်း ဖြစ်စဉ်ကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၉ ရက် က တပ်မတော် နှင့် ချင်းညီနောင်အဖွဲ့ဟု ဆိုသော ချင်းလက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲ စတင်ဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်တွင် မင်းတပ်မြို့ကို ချင်းလက်နက်ကိုင် အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။
ယင်းနောက် အဆိုပါမြို့တွင် CDF Mindat မှ ဒုတိယ စစ်ဦးစီးချုပ် ဆိုသူလည်း ရောက်ရှိနေထိုင်နေသည်ဟု သိရသည်။
“တွီလီရွာနားမှာ စစ်သင်တန်းပေးနေတာ လို့ သိရပါတယ်။ အင်အားက ၄၀၀ လောက်လို့ ထင်တယ်။ သူတို့က နောင်လာမယ့် ၁၀ ရက်ကျော်လောက်ဆို သင်တန်း ဆင်းမယ်လို့ သိရပါတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
Zawgyi Version:
မင္းတပ္တြင္ CDF Mindat က လူ ၄၀၀ ခန႔္ကို စစ္သင္တန္းေပးၿပီး အင္အားစုေနဟုဆို
သုတေက်ာ္ (NP News) – ေမ ၁၂
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕နယ္ တြင္ CDF Mindat က လူ ၄၀၀ ခန႔္ကို စစ္သင္တန္း ေပးၿပီး အင္အားစုေနေၾကာင္း ျဖစ္စဥ္ကို သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာ ၉ ရက္ က တပ္မေတာ္ ႏွင့္ ခ်င္းညီေနာင္အဖြဲ႕ဟု ဆိုေသာ ခ်င္းလက္နက္ကိုင္ အဖြဲ႕တို႔ တိုက္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ ဒီဇင္ဘာလ ၂၁ ရက္တြင္ မင္းတပ္ၿမိဳ႕ကို ခ်င္းလက္နက္ကိုင္ အဖြဲ႕က ထိန္းခ်ဳပ္ထားျခင္းျဖစ္သည္။
ယင္းေနာက္ အဆိုပါၿမိဳ႕တြင္ CDF Mindat မွ ဒုတိယ စစ္ဦးစီးခ်ဳပ္ ဆိုသူလည္း ေရာက္ရွိေနထိုင္ေနသည္ဟု သိရသည္။
“တြီလီ႐ြာနားမွာ စစ္သင္တန္းေပးေနတာ လို႔ သိရပါတယ္။ အင္အားက ၄၀၀ ေလာက္လို႔ ထင္တယ္။ သူတို႔က ေနာင္လာမယ့္ ၁၀ ရက္ေက်ာ္ေလာက္ဆို သင္တန္း ဆင္းမယ္လို႔ သိရပါတယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။