လွိုင်ကော်သို့ မြို့ခံ(၈၀)ရာခိုင်နှုန်းအထိ ပြန်လည်ဝင်ရောက်

630

ချယ်ရီ (NP News)မေ-၁၃
KNDF နှင့် PDF လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက မြို့တွင်းတိုက်ပွဲဖော်ဆောင်ခဲ့သော လွိုင် ကော်မြို့ကို တပ်မတော်က ပြန်လည် ထိန်းချုပ်ပြီးနောက် (၁၀)လတာကာလအတွင်း မြို့ခံ(၈၀) ရာခိုင် နှုန်းအထိ ပြန်လည်ဝင်ရောက်နေပြီဖြစ်ကြောင်း ယင်းမြို့မှ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ထိုကဲ့သို့ တိုက်ပွဲများဖော်ဆောင်ခဲ့မှုကြောင့် ငြိမ်းချမ်းစွာနေထိုင်လာခဲ့သော မြို့ခံများသာမက ဌာနဆိုင်ရာ ဝန်ထမ်းများသည်ပင် တိမ်းရှောင်ခဲ့ကြရကာ မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မိုင်းရှင်း လင်းရေး နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
“မြို့ခံဝင်ရောက်မှုကတော့ (၈၀)ရာခိုင်နှုန်းကျော်ရှိလာပြီ။ လုံခြုံမှုရှိပါတယ်။ လျှပ်စစ်မီးကတော့ (၂၄) နာရီလုံးရပါတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်တုန်းက တိုက်ပွဲကြောင့် ပျက်စီးသွားတာတွေ၊ မီးကြိုးတွေ ခိုးခံရတာတွေရှိတော့ ပြန်လည်ပြုပြင်နေကြရပါတယ်။ နောက်ပြီး မြို့ရဲ့အဓိကလိုအပ်တဲ့ ရဲစခန်းတို့၊ လဝက တို့ အစရှိတဲ့အစိုးရရုံးတွေနဲ့ ဝန်ထမ်းတွေကတော့ ပြန်လည်ပတ်နေပြီ။ ကျန်တာတွေတော့ ဆက် လုပ်ဆောင်နေဆဲပါ။ စာသင်ကျောင်းတွေအနေနဲ့လည်း လာမယ့်ပညာသင်နှစ်မှာ ပိုပြီးဖွင့်နိုင်ဖို့ လုပ်နေ ကြပါတယ်။ အားလုံး ခြုံငုံပြီးပြောရရင် ထူထောင်ရေးက နောက်(၄) (၅)လလောက်ဆို ပြီးစီးမယ်လို့ ထင် ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
တပ်မတော်အနေဖြင့် မိုင်းများကို ပြန်လည်ရှင်းလင်းနေသော်လည်း တိုက်ပွဲဖြစ်နေရာများတွင် မိုင်း အချို့ ကျန်နေခဲ့ဆဲဖြစ်ကြောင်း နှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိကြောင်း ၎င်းက ဆိုသည်။
“မိုင်းတွေကိုရှင်းတဲ့အခါမှာ တပ် အနေနဲ့ ကလည်း ပြန်လည်ထူထောင်ရေးကာလမှာ ရှင်းတော့ ရှင်းတယ်။ အဲဒီလိုရှင်းတာက (၉၀) ရာခိုင်နှုန်းပဲ ရှင်းနိုင်တယ်။ (၁၀)ရာခိုင်နှုန်းက ကျန်တော့ ကျန်ပါသေး တယ်”ဟု ၎င်းက ဆိုသည်။ မိုင်းထောင်ထားသောနေရာများမှာ ပုံမှန်အချိန်တွင် မြေမာသောကြောင့် မသိ သာသော်လည်း မိုးသည်းထန်စွာ ရွာသွန်းပြီးသည့်အခါ မြေပျော့လာသည့်အတွက် နင်းမိကာ ပေါက်ကွဲ ခြင်းများရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။
လက်ရှိတွင် လွိုင်ကော်မြို့၏ ပြန်လည် ထူထောင်ရေးကာလ (၁၀)လတာအတွင်း ကယား ပြည်နယ်အစပ်၌ KNDF နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း KNDF နှင့် PDF တို့အနေဖြင့် လွိုင်ကော်မြို့အတွင်းသို့ ဝင်ရောက်တိုက်ပွဲဖော် ဆောင်နိုင်သည့် အလားအလာ မရှိနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

Zawgyi Version:
လြိဳင္ေကာ္သို႔ ၿမိဳ႕ခံ(၈၀)ရာခိုင္ႏႈန္းအထိ ျပန္လည္ဝင္ေရာက္
ခ်ယ္ရီ (NP News)ေမ-၁၃
KNDF ႏွင့္ PDF လက္နက္ကိုင္ ပူးေပါင္းအဖြဲ႕မ်ားက ၿမိဳ႕တြင္းတိုက္ပြဲေဖာ္ေဆာင္ခဲ့ေသာ လြိဳင္ ေကာ္ၿမိဳ႕ကို တပ္မေတာ္က ျပန္လည္ ထိန္းခ်ဳပ္ၿပီးေနာက္ (၁၀)လတာကာလအတြင္း ၿမိဳ႕ခံ(၈၀) ရာခိုင္ ႏႈန္းအထိ ျပန္လည္ဝင္ေရာက္ေနၿပီျဖစ္ေၾကာင္း ယင္းၿမိဳ႕မွ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ထိုကဲ့သို႔ တိုက္ပြဲမ်ားေဖာ္ေဆာင္ခဲ့မႈေၾကာင့္ ၿငိမ္းခ်မ္းစြာေနထိုင္လာခဲ့ေသာ ၿမိဳ႕ခံမ်ားသာမက ဌာနဆိုင္ရာ ဝန္ထမ္းမ်ားသည္ပင္ တိမ္းေရွာင္ခဲ့ၾကရကာ ၿမိဳ႕ကိုျပန္လည္ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ မိုင္းရွင္း လင္းေရး ႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
“ၿမိဳ႕ခံဝင္ေရာက္မႈကေတာ့ (၈၀)ရာခိုင္ႏႈန္းေက်ာ္ရွိလာၿပီ။ လုံၿခဳံမႈရွိပါတယ္။ လွ်ပ္စစ္မီးကေတာ့ (၂၄) နာရီလုံးရပါတယ္။ ဒါေပမဲ့ တိုက္ပြဲျဖစ္တုန္းက တိုက္ပြဲေၾကာင့္ ပ်က္စီးသြားတာေတြ၊ မီးႀကိဳးေတြ ခိုးခံရတာေတြရွိေတာ့ ျပန္လည္ျပဳျပင္ေနၾကရပါတယ္။ ေနာက္ၿပီး ၿမိဳ႕ရဲ႕အဓိကလိုအပ္တဲ့ ရဲစခန္းတို႔၊ လဝက တို႔ အစရွိတဲ့အစိုးရ႐ုံးေတြနဲ႔ ဝန္ထမ္းေတြကေတာ့ ျပန္လည္ပတ္ေနၿပီ။ က်န္တာေတြေတာ့ ဆက္ လုပ္ေဆာင္ေနဆဲပါ။ စာသင္ေက်ာင္းေတြအေနနဲ႔လည္း လာမယ့္ပညာသင္ႏွစ္မွာ ပိုၿပီးဖြင့္ႏိုင္ဖို႔ လုပ္ေန ၾကပါတယ္။ အားလုံး ၿခဳံငုံၿပီးေျပာရရင္ ထူေထာင္ေရးက ေနာက္(၄) (၅)လေလာက္ဆို ၿပီးစီးမယ္လို႔ ထင္ ပါတယ္” ဟု ၎က ရွင္းျပသည္။
တပ္မေတာ္အေနျဖင့္ မိုင္းမ်ားကို ျပန္လည္ရွင္းလင္းေနေသာ္လည္း တိုက္ပြဲျဖစ္ေနရာမ်ားတြင္ မိုင္း အခ်ိဳ႕ က်န္ေနခဲ့ဆဲျဖစ္ေၾကာင္း ႏွင့္ မိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရသူအခ်ိဳ႕လည္းရွိေၾကာင္း ၎က ဆိုသည္။
“မိုင္းေတြကိုရွင္းတဲ့အခါမွာ တပ္ အေနနဲ႔ ကလည္း ျပန္လည္ထူေထာင္ေရးကာလမွာ ရွင္းေတာ့ ရွင္းတယ္။ အဲဒီလိုရွင္းတာက (၉၀) ရာခိုင္ႏႈန္းပဲ ရွင္းႏိုင္တယ္။ (၁၀)ရာခိုင္ႏႈန္းက က်န္ေတာ့ က်န္ပါေသး တယ္”ဟု ၎က ဆိုသည္။ မိုင္းေထာင္ထားေသာေနရာမ်ားမွာ ပုံမွန္အခ်ိန္တြင္ ေျမမာေသာေၾကာင့္ မသိ သာေသာ္လည္း မိုးသည္းထန္စြာ ႐ြာသြန္းၿပီးသည့္အခါ ေျမေပ်ာ့လာသည့္အတြက္ နင္းမိကာ ေပါက္ကြဲ ျခင္းမ်ားရွိခဲ့ေၾကာင္းလည္း ၎ကဆိုသည္။
လက္ရွိတြင္ လြိဳင္ေကာ္ၿမိဳ႕၏ ျပန္လည္ ထူေထာင္ေရးကာလ (၁၀)လတာအတြင္း ကယား ျပည္နယ္အစပ္၌ KNDF ႏွင့္ PDF လက္နက္ကိုင္ပူးေပါင္းအဖြဲ႕မ်ားႏွင့္ တပ္မေတာ္တို႔ တိုက္ပြဲမ်ား ျဖစ္ပြားေနေသာ္လည္း KNDF ႏွင့္ PDF တို႔အေနျဖင့္ လြိဳင္ေကာ္ၿမိဳ႕အတြင္းသို႔ ဝင္ေရာက္တိုက္ပြဲေဖာ္ ေဆာင္ႏိုင္သည့္ အလားအလာ မရွိႏိုင္ေၾကာင္း ၎က ရွင္းျပသည္။