သီရိလင်္ကာနိုင်ငံမှာ ဘုရားဖူးခရီးသည်တွေတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံး
111
Pika (NP News) - မေ ၁၃
သီရိလင်္ကာနိုင်ငံမှာ ဘုရားဖူးခရီးသည်တွေတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ အနည်းဆုံးလူ(၁၅)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သီရိလင်္ကာနိုင်ငံပိုင်ဘတ်စ်ကားဟာ ကုန်းမြင့်အလယ်ပိုင်း Kotmale ဒေသကို ဖြတ်သန်းသွားလာနေစဉ်အချိန်အတွင်း ယာဉ်မောင်းကအရှိန်ထိန်းချုပ်နိုင်မှုမရှိတော့မှုနဲ့အတူ တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
ဘတ်စ်ကားဟာ ခရီးသည်(၂၀)ဦးလောက်သာ ဝင်ဆံ့ပေမယ့်လည်း ခရီးသည်(၇၀)ဦးဝန်းကျင်ကို တင် ဆောင်လာခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အာဏာပိုင်တွေဟာ ဘတ်စ်ကားတိမ်းမှောက်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ် ။ရဲအရာရှိတစ်ဦးက "ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စက်ချို့ယွင်းတာလား ဒါမှမဟုတ် ယာဉ်မောင်းကအိပ်ပျော်သွားခဲ့လားဆိုတာကို ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်။ ဒီဖြစ်ရပ်ဆိုးအတွင်းမှာ အနည်းဆုံးလူ(၁၅)ဦးသေဆုံးသွားခဲ့ပြီး အခြားလူ(၃၀)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
Pika (NP News) - မေ ၁၃