မြန်မာအမျိုးသမီးတစ်ဦးကို တရုတ်မယားအဖြစ်ရောင်းစားရန် စီစဉ်သည့် အမျိုးသမီး(၂)ဦး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

 225

ချယ်ရီ(NP News)- မေ ၁၃

တရုတ်မယားအဖြစ် တရုတ်နိုင်ငံသို့ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သည့် အမျိုးသမီး(၂)ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သံမဏိစက်ရုံ (အနောက်)၊ အနီးစခန်းတွင် နေထိုင်သည့် မခင်မိုးမိုးလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဗထူးတိုက်ခန်း၊ တိုက်အမှတ် DD-5၊ (၇) လွှာတွင် နေထိုင်သည့် မခွန်းဆက်ဝေတို့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အိုင်သုံးဆင့်ရွာတွင် နေထိုင်သည့် အသက်(၂၂)နှစ်အရွယ်ရှိ မ..... ကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ရန်ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၈) မြို့မရဲစခန်းမှ (ပ) ၁၆၁/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မဟာအောင်မြေခရိုင်တရားရုံးမှ အဆိုပါအမျိုးသမီး (၂)ဦးကို လာမည့် (မေလ ၁၂ ရက်)တွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁၅) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာအမ်ိဳးသမီးတစ္ဦးကို တ႐ုတ္မယားအျဖစ္ေရာင္းစားရန္ စီစဥ္သည့္ အမ်ိဳးသမီး(၂)ဦး ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခံရ
ခ်ယ္ရီ(NSS)- ေမ ၁၃

တ႐ုတ္မယားအျဖစ္ တ႐ုတ္ႏိုင္ငံသို႔ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ခဲ့သည့္ အမ်ိဳးသမီး(၂)ဦးကို ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနထံမွ သိရသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ သံမဏိစက္႐ုံ (အေနာက္)၊ အနီးစခန္းတြင္ ေနထိုင္သည့္ မခင္မိုးမိုးလြင္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္၊ ဗထူးတိုက္ခန္း၊ တိုက္အမွတ္ DD-5၊ (၇) လႊာတြင္ ေနထိုင္သည့္ မခြန္းဆက္ေဝတို႔သည္ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ အိုင္သုံးဆင့္႐ြာတြင္ ေနထိုင္သည့္ အသက္(၂၂)ႏွစ္အ႐ြယ္ရွိ မ..... ကို တ႐ုတ္ဇနီးမယားအျဖစ္ လုပ္ကိုင္ရန္ေျပာဆိုစည္း႐ုံးၿပီး တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္ (၈) ၿမိဳ႕မရဲစခန္းမွ (ပ) ၁၆၁/၂၀၂၄ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅/၄၄ ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မဟာေအာင္ေျမခ႐ိုင္တရား႐ုံးမွ အဆိုပါအမ်ိဳးသမီး (၂)ဦးကို လာမည့္ (ေမလ ၁၂ ရက္)တြင္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁၅) ႏွစ္စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.