၂ဝ၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်များ

324

ရဲထက် (NP News) - မေလ ၁၆
ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)ကို ရောက်ရှိလာပြီး လက်ကျန်ပွဲစဉ်(၁)ပွဲအလိုမှာ ပရီးမီးယားလိဂ်အ မှတ်ပေးဇယားမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်ဖို့ရှိနေတဲ့အသင်း (၅)သင်းလောက်အထိရှိနေပြီး ရာသီပိတ်ပွဲစဉ်တွေ မှာ အကြိတ်အနယ်ပွဲကောင်းတွေကို စောင့်ကြည့်သွား ရဖို့ရှိနေပါတယ်။ နယူးကာဆယ်၊ ချဲလ်ဆီး၊ နော်တင် ဖောရက်စ်၊ အက်စတွန်ဗီလာအသင်းတွေရဲ့ ပြိုင် ဆိုင်မှုတွေက အကောင်းဆုံးသောပွဲစဉ်တွေဖြစ်လာ ဖို့လည်းရှိနေပါတယ်။ ချန်ပီယံလိဂ်ဝင်ရောက်ဖို့အ တွက် ပရီးမီးယားလိဂ်အသင်းတွေက အသင်း(၅)သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်တာကြောင့် လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတွေပြီးရင် နောက်ထပ်(၃)နေရာရှိနေတာကြောင့် နယူးကာ ဆယ်၊ ချဲလ်ဆီး၊ နော်တင်ဖောရက်စ်၊ အက်စတွန်ဗီ လာအသင်းတွေထဲက (၃)သင်းကသာ နေရာရရှိမှာ ဖြစ်တာကြောင့် နောက်ဆုံးအချိန်အထိ ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားမှာ တကယ်ကိုစောင့်ကြည့်ချင်စရာအကောင်းဆုံးသောပွဲစဉ်တွေကို ရာသီပိတ် ပြိုင်ပွဲတွေမှာ ကြည့်ရှုရဖို့ရှိနေပါတယ်။ တန်းဆင်းဇုန် တိုက်ပွဲကတော့ ဒီရာသီမှာအရင်နှစ်တွေကလို ရင်ခုန် စရာတွေ ရှိလာတော့မှာမဟုတ်ဘဲ ဇယားအောက် ဆုံးက အသင်း(၃)သင်းကပဲ ရမှတ်(၁၅)မှတ်အကွာနဲ့ တန်းဆင်းသွားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)ရဲ့ အကောင်းဆုံးသောပွဲစဉ်(၄)ပွဲကို သုံး သပ်တင်ပြပေးချင်ပါတယ်။
ချဲလ်ဆီး Vs မန်ယူ
ပရီးမီးယားလိဂ်နောက်ဆုံးတွေ့ဆုံမှု
မန်ယူ ၁ - ၁ ချဲလ်ဆီး (၃-၁၁-၂၀၂၄)
ချဲလ်ဆီး ၄ - ၃ မန်ယူ (၅-၄-၂၀၂၄)
မန်ယူ ၂ - ၁ ချဲလ်ဆီး (၇-၁၇-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၂ - ၁ မန်ယူ
ချဲလ်ဆီး ၃ - ၂ မန်ယူ
ဒီပွဲစဉ်က ချဲလ်ဆီးအသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကိုရရှိဖို့သေချာစေမယ့် ပွဲ ကောင်းတစ်ပွဲဖြစ်ပြီး မန်ယူအသင်းအတွက်ကတော့ နိုင်ရင်ပဲဖြစ်ဖြစ်၊ ရှုံးရင်ပဲဖြစ်ဖြစ် ထူးခြားလာမယ့် ပွဲစဉ်မဟုတ်ပါဘူး။ ဒီနှစ်သင်းကြားက ကွာဟချက် အနေနဲ့ကတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲမှာ ရလဒ်ပိုင်းဆိုးရွားမှုတွေ ၊ နည်းပြ အပြောင်းအလဲတွေ၊ ကစားသမားတွေကြားက နားလည်မှုအဆိုးရွားဆုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ချဲလ်ဆီးအသင်းထက် အစစအရာရာနိမ့်ကျနေတဲ့ အသင်းလို့ ပြောလို့ရနေပါတယ်။ မန်ယူအသင်း အတွက် ယူရိုပါလိဂ်ဖလားကိုတော့ မျှော်လင့်ခွင့်ရှိနေ သေးပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်မလားဆို တာကိုလည်း စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ချဲလ် ဆီးအသင်းအတွက်ကတော့ ဒီရာသီမှာ ဥရောပရဲ့ အနိမ့်ဆုံးလို့ပြောလို့ရတဲ့ ကွန်းဖရန့်လိဂ်ဖလားကို ရရှိဖို့ အခွင့်အရေးအများဆုံးရှိနေတဲ့အသင်းဖြစ်ပြီး လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ကိုရရှိဖို့ ဒီပွဲစဉ်ကအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဒါ့ပြင် ခြေစွမ်းပိုင်းမှာလည်း ရာသီကုန်ခါနီးအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချဲလ်ဆီးကစားသမား တွေရဲ့စိတ်ဓာတ်ပိုင်းက ကောင်းမွန်တာထက်ပိုနေ တာကြောင့် ဒီပွဲစဉ်က မန်ယူအသင်းကို အိမ်ကွင်းမှာ အနိုင်ယူဖို့ အကောင်းဆုံးပြင်ဆင်လာဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာတော့ မန်ယူအသင်းက ချဲလ်ဆီးအသင်းနဲ့တွေ့တဲ့ ပွဲစဉ်တိုင်းမှာ ခြေစွမ်းပြတတ်သလို အပြန်အလှန်သွင်းဂိုးတွေကို ပါတွေ့မြင်ရတဲ့အပြင် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု (၄)ပွဲမှာ မန်ယူအသင်းက နှစ်ပွဲနိုင်တစ်ပွဲသရေကျထားတာကြောင့် ချဲလ်ဆီးအသင်းကို နိုင်ပွဲရဖို့ခက်ခဲအောင်လုပ်နိုင်မယ့်အနေအထားမှာရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကိုခန့်မှန်းရရင် ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ နိုင်ပွဲရရှိဖို့ အားကုန်ထုတ်ကစားလာပြီး မန်ယူအသင်းအနေနဲ့ နိုင်ပွဲရဖို့ ခက်ခဲနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေလည်းကျသွား နိုင်သလို နိုင်ပွဲအနေနဲ့ဆိုရင်တော့ ချဲလ်ဆီးဘက်မှာ နေချင်ပါတယ်။ ဂိုးတော့မပြတ်ပါဘူး။
အာဆင်နယ် Vs နယူးကာဆယ်
ပရီးမီးယားလိဂ်နောက်ဆုံးတွေ့ဆုံမှု
နယူးကာဆယ် ၁ - ဝ အာဆင်နယ် (၂-၁၁-၂၀၂၄)
အာဆင်နယ် ၄ - ၃ နယူးကာဆယ် (၂၅-၂-၂၀၂၃)
နယူးကာဆယ် ဝ - ၂ အာဆင်နယ် (၇-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ၁ နယူးကာဆယ်
အာဆင်နယ် ၃ - ၂ နယူးကာဆယ်
အာဆင်နယ်အသင်းရဲ့ ဒီရာသီစွမ်း ဆောင်ရည်တွေကိုပြန်ကြည့်ရင် ပရီးမီးယားလိဂ်မှာ ဒီရာသီနဲ့ဆိုရင် (၃)ရာသီမြောက် ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတာဖြစ်ပြီး ချန်ပီယံဖြစ်ဖို့ ခြေစွမ်း ရှိနေပေမယ့် ရလဒ်ပိုင်းမှာ ရင့်ကျက်တည်ငြိမ်မှုအားနည်းမှုတွေကြောင့် ပရီးမီးယားလိဂ်လိုအမှတ်ပေး ပြိုင်ပွဲမှာ ဒုတိယနေရာကိုသာရရှိနေတာလို့ပြော လို့ရပါတယ်။ ပြည်တွင်းဖလားပြိုင်ပွဲတွေမှာလည်း ဒီရာသီမှာ ဆုဖလားတစ်လုံးမှ မရရှိခဲ့တာဖြစ်တဲ့အပြင် ဒီရာသီမှာ ခြေစွမ်းပိုင်းကောင်းပေမယ့် ချန်ပီယံဆု ရရှိမှုတွေမှာတော့ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး လာမယ့်ရာသီမှာ ဒီအချက်တွေပြင်ဆင်နိုင်ဖို့ မဖြစ်မနေလိုအပ်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် အာဆင် နယ်အသင်းရဲ့ အဓိကလိုအပ်ချက်က အဆုံးအဖြတ် သွင်းဂိုးတွေသွင်းယူပေးနိုင်တဲ့ တိုက်စစ်ကစားသ မားမျိုးလိုအပ်နေတာဖြစ်ပြီး ကွင်းလယ်နဲ့ တောင်ပံ ကစားသမားအများစုရဲ့ သွင်းဂိုးတွေနဲ့ ခရီးဆက်နေမှု ကြောင့်လည်း ချန်ပီယံဆုကိုစိန်ခေါ်တဲ့အခါမှာ လို အပ်ချက်တွေရှိနေခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ် အသင်းကတော့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ် နေရာအတွက် ဒီပွဲစဉ်မှာ အာဆင်နယ်အသင်းကိုရှုံး လို့မရသလို သရေကျရင်တောင် စိုးရိမ်စရာရှိ နေတာ ကြောင့် ဒီပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်လာ ဖို့ရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် နယူးကာဆယ် အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို သာရရှိခဲ့မယ်ဆိုရင် လာမယ့်ရာသီမှာ အကောင်းဆုံး သော စံချိန်တင်လူခေါ်ယူမှုတွေနဲ့ အသင်းရဲ့ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ရှိနေပြီး မန်စီးတီးအသင်းလိုမျိုး ဖြစ်လာ နိုင်ဖို့လည်း အစပျိုးမှုတစ်ခုဖြစ်တာကြောင့် ဒီပွဲစဉ်က ကြည့်ကောင်းမယ့်ပွဲကောင်း တစ်ပွဲဖြစ်လာဖို့ရှိနေ ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရပြန်ကြည့်ရင် အာ ဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းကို နောက်ဆုံး(၃)ပွဲဆက်တိုက် အိမ်ကွင်းရောအဝေး ကွင်းမှာပါ ရှုံးနိမ့်ထားတာကြောင့် ဒီပွဲစဉ်မှာပါ ထပ် ရှုံးဂုဏ်သိက္ခာပိုင်းအရ ထိခိုက်မှုတွေရှိလာနိုင်တာ အပြင် ဒီပွဲစဉ်ကိုသာ အာဆင်နယ်အသင်းရှုံးခဲ့ရင် ပရီးမီးယားလိဂ်မှာ ဒုတိယနေရာနဲ့ ရပ်တည်နိုင်ဖို့ မသေချာပါဘူး။ ဒါကြောင့် ဒီပွဲစဉ်က နယူးကာဆယ် အသင်းက အဝေးကွင်းဖြစ်တာကြောင့် နိုင်ပွဲရဖို့ ခက်ခဲနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ အာဆင် နယ်အသင်းက နိုင်ဖို့များပါတယ်။ ဂိုးပြတ်ဖို့တော့ မလွယ်ပါဘူး။
ဝက်စ်ဟမ်း Vs နော်တင်ဖောရက်စ်
ပရီးမီးယားလိဂ်နောက်ဆုံးတွေ့ဆုံမှု
ဖောရက်စ် ၃ - ဝ ဝက်စ်ဟမ်း (၂-၁၁-၂၀၂၄)
ဖောရက်စ် ၂ - ဝ ဝက်စ်ဟမ်း (၁၇-၂-၂၀၂၃)
ဝက်စ်ဟမ်း ၃ - ၂ ဖောရက်စ် (၁၂-၁၁-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဝက်စ်ဟမ်း ၂ - ၃ ဖောရက်စ်
ဝက်စ်ဟမ်း ၁ - ၃ ဖောရက်စ်
နော်တင်ဖောရက်စ်အသင်းအနေနဲ့ ဒီပွဲစဉ်မှာသာ နိုင်ပွဲမရရင် ချန်ပီယံလိဂ်ဝင်ခွင့်တစ် နေရာကို လက်လွှတ်သွားရဖို့ရှိနေတာကြောင့် ဒီပွဲ စဉ်က မဖြစ်မနေနိုင်ပွဲရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီရာသီမှာ ချဲလ်ဆီး၊ စပါးစ်၊ မန်ယူအသင်းတွေထက် ခြေစွမ်းပိုင်းပိုကောင်းခဲ့တဲ့ နော်တင်ဖောရက်စ် အသင်းအနေနဲ့ ရာသီကုန်ခါနီးမှ ချန်ပီယံလိဂ်ဝင် ခွင့်တစ်နေရာကို လက်လွှတ်ရမယ်ဆိုရင် တစ်ရာ သီလုံး ခြေစွမ်းတည်ငြိမ်ခဲ့တာတွေအကုန်လုံးဟာ သဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ် က မဖြစ်မနေနိုင်ပွဲရဖို့ရရှိဖို့လိုအပ်မှာဖြစ်ပြီး ချဲလ်ဆီး လိုအသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံး အဖြတ် ပွဲစဉ်တစ်ခုကိုတောင် ကန်ရဖို့ရာခိုင်နှုန်းများ နေတာကြောင့် ဒီပွဲစဉ်နိုင်မှသာ ဒီအခွင့်အရေးကိုရ ရှိနိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင် ယူရိုပါလိဂ်ဝင်ခွင့် သေချာပေါက်ရရှိနိုင်မှာဖြစ်တာကြောင့် နော်တင် ဖောရက်စ်အသင်းကို လာမယ့်ရာသီ ဥရောပြိုင်ပွဲမှာတွေ့မြင်ရမှာလည်းဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်းကကျဆင်းနေတဲ့အပြင် ရလဒ်ပိုင်းမှာ လည်း တန်းဆင်းဇုန်နားကအသင်းဖြစ်တာကြောင့် နော်တင်ဖောရက်စ်အသင်းအနေနဲ့ ဒီပွဲစဉ်က နိုင်ပွဲရဖို့ အနည်းငယ်လွယ်ကူနေတယ်လို့ ပြောလို့ရနေပါ တယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ နောက်ဆုံး ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်(၂)ပွဲမှာ နော်တင်ဖောရက်စ် အသင်းကသာ နိုင်ပွဲရထားတာကြောင့် ဒီပွဲစဉ်က နော်တင်ဖောရက်စ်အသင်းကပဲ ဝက်စ်ဟမ်းအိမ်ကွင်း မှာ နိုင်ပွဲရဖို့ရှိနေပါတယ်။ အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရမှာဖြစ်ပြီး ဂိုးတော့မပြတ်နိုင်ပါဘူး။
စပါးစ် Vs အက်စတွန်ဗီလာ
ပရီးမီးယားလိဂ်နောက်ဆုံးတွေ့ဆုံမှု
စပါးစ် ၄-၁ အက်စတွန်ဗီလာ (၃-၁၁- ၂၀၂၄)
အက်စတွန်ဗီလာ ဝ - ၄ စပါးစ် (၂၁ - ၄ - ၂၀၂၄)
စပါးစ် ၄ - ဝ အက်စတွန်ဗီလာ (၂၆ - ၁၁- ၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၁ - ၁ အက်စတွန်ဗီလာ
စပါးစ် ၂ - ၃ အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းရဲ့ ဒီရာသီစွမ်း ဆောင်ရည်ပိုင်းက မနှစ်ကလောက် အားရစရာမ ကောင်းပေမယ့် ပုံမှန်ခြေစွမ်းထက်ပိုကောင်းနေဆဲ ဖြစ်တယ်လို့ ပြောလို့ရနေပါတယ်။ ရာသီဝက်အ စောပိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေ ကောင်းပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲပျောက် ဆုံးမှုတွေနဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေကြောင့် ချန်ပီ ယံလိဂ်ဝင်ခွင့်တစ်နေရာကိုရရှိဖို့က ကံတရား အပေါ် မှာ မူတည်နေသလို ကိုယ့်သမိုင်းကိုယ်ရေးထိုးပြီး လက်ကျန်ပွဲစဉ်(၂)ပွဲမှာနိုင်ပွဲရမှသာ ချန်ပီယံ လိဂ်ဝင်ခွင့်အတွက် မျှော်လင့်လို့ရနိုင်မှာဖြစ်ပါတယ်။ စပါးစ်အသင်းကတော့ ဒီရာသီမှာ မန်ယူအသင်း နဲ့အတူ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာ ကျဆင်းသွား တဲ့အပြင် ပရီးမီးယားအမှတ်ပေးဇယားမှာ အဆင့် (၁၆)အထိကျဆင်းသွားတာက မနှစ်ကအဆင့်(၅)အထိရောက်ခဲ့တဲ့ ခြေစွမ်းထက် ကွာဟမှုများစွာရှိ သွားခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ပြင် လာမယ့်ရာသီ မှာလည်း အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ထွက် ခွာဖို့ရှိနေတဲ့အပြင် အဓိက ကစားသမားတော်တော်များများထွက်ခွာဖို့ရှိနေတာကြောင့် စပါးစ်အသင်း အနေနဲ့ လာမယ့်ရာသီမှာလည်း ရုန်းကန်ရဦးမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ ပွဲရလဒ်ပိုင်းကိုခန့်မှန်းရမယ်ဆိုရင်တော့ စပါးစ်အသင်းက ဒီပွဲစဉ်မှာ နိုင် ရင်ပဲဖြစ်ဖြစ် ရှုံးရင်ပဲဖြစ်ဖြစ် ရလဒ်ပိုင်းပြောင်းလဲမှု မရှိတာကြောင့် ရမှတ်လိုနေတဲ့ အက်စတွန်ဗီလာ အသင်းကပဲ အိမ်ကွင်းမှာ အနိုင်(၃)မှတ် ရယူသွားနိုင် ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေကိုတွေ့မြင်ရဖို့ရှိနေတဲ့အပြင် သွင်းဂိုးအရေအတွက်လည်း များနိုင်ပါ တယ်။

Zawgyi Version:
၂ဝ၂၄-၂၀၂၅ ပရီးမီးယားလိဂ္ ပြဲစဥ္ (၃၇) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ေမလ ၁၆
ပရီးမီးယားလိဂ္ပြဲစဥ္(၃၇)ကို ေရာက္ရွိလာၿပီး လက္က်န္ပြဲစဥ္(၁)ပြဲအလိုမွာ ပရီးမီးယားလိဂ္အ မွတ္ေပးဇယားမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ေနာက္ဆုံးပြဲစဥ္အထိ တိုက္ပြဲဝင္ဖို႔ရွိေနတဲ့အသင္း (၅)သင္းေလာက္အထိရွိေနၿပီး ရာသီပိတ္ပြဲစဥ္ေတြ မွာ အႀကိတ္အနယ္ပြဲေကာင္းေတြကို ေစာင့္ၾကည့္သြား ရဖို႔ရွိေနပါတယ္။ နယူးကာဆယ္၊ ခ်ဲလ္ဆီး၊ ေနာ္တင္ ေဖာရက္စ္၊ အက္စတြန္ဗီလာအသင္းေတြရဲ႕ ၿပိဳင္ ဆိုင္မႈေတြက အေကာင္းဆုံးေသာပြဲစဥ္ေတြျဖစ္လာ ဖို႔လည္းရွိေနပါတယ္။ ခ်န္ပီယံလိဂ္ဝင္ေရာက္ဖို႔အ တြက္ ပရီးမီးယားလိဂ္အသင္းေတြက အသင္း(၅)သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိမွာျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းနဲ႔ အာဆင္နယ္အသင္းေတြၿပီးရင္ ေနာက္ထပ္(၃)ေနရာရွိေနတာေၾကာင့္ နယူးကာ ဆယ္၊ ခ်ဲလ္ဆီး၊ ေနာ္တင္ေဖာရက္စ္၊ အက္စတြန္ဗီ လာအသင္းေတြထဲက (၃)သင္းကသာ ေနရာရရွိမွာ ျဖစ္တာေၾကာင့္ ေနာက္ဆုံးအခ်ိန္အထိ ဘာမဆိုျဖစ္သြားႏိုင္တဲ့အေနအထားမွာ တကယ္ကိုေစာင့္ၾကည့္ခ်င္စရာအေကာင္းဆုံးေသာပြဲစဥ္ေတြကို ရာသီပိတ္ ၿပိဳင္ပြဲေတြမွာ ၾကည့္ရႈရဖို႔ရွိေနပါတယ္။ တန္းဆင္းဇုန္ တိုက္ပြဲကေတာ့ ဒီရာသီမွာအရင္ႏွစ္ေတြကလို ရင္ခုန္ စရာေတြ ရွိလာေတာ့မွာမဟုတ္ဘဲ ဇယားေအာက္ ဆုံးက အသင္း(၃)သင္းကပဲ ရမွတ္(၁၅)မွတ္အကြာနဲ႔ တန္းဆင္းသြားရေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ NP News ကေန ပရီးမီးယားလိဂ္ပြဲစဥ္(၃၇)ရဲ႕ အေကာင္းဆုံးေသာပြဲစဥ္(၄)ပြဲကို သုံး သပ္တင္ျပေပးခ်င္ပါတယ္။
ခ်ဲလ္ဆီး Vs မန္ယူ
ပရီးမီးယားလိဂ္ေနာက္ဆုံးေတြ႕ဆုံမႈ
မန္ယူ ၁ - ၁ ခ်ဲလ္ဆီး (၃-၁၁-၂၀၂၄)
ခ်ဲလ္ဆီး ၄ - ၃ မန္ယူ (၅-၄-၂၀၂၄)
မန္ယူ ၂ - ၁ ခ်ဲလ္ဆီး (၇-၁၇-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၂ - ၁ မန္ယူ
ခ်ဲလ္ဆီး ၃ - ၂ မန္ယူ
ဒီပြဲစဥ္က ခ်ဲလ္ဆီးအသင္းအတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကိုရရွိဖို႔ေသခ်ာေစမယ့္ ပြဲ ေကာင္းတစ္ပြဲျဖစ္ၿပီး မန္ယူအသင္းအတြက္ကေတာ့ ႏိုင္ရင္ပဲျဖစ္ျဖစ္၊ ရႈံးရင္ပဲျဖစ္ျဖစ္ ထူးျခားလာမယ့္ ပြဲစဥ္မဟုတ္ပါဘူး။ ဒီႏွစ္သင္းၾကားက ကြာဟခ်က္ အေနနဲ႔ကေတာ့ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးၿပိဳင္ပြဲမွာ ရလဒ္ပိုင္းဆိုး႐ြားမႈေတြ ၊ နည္းျပ အေျပာင္းအလဲေတြ၊ ကစားသမားေတြၾကားက နားလည္မႈအဆိုး႐ြားဆုံးရာသီတစ္ခုကို ျဖတ္သန္းခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းထက္ အစစအရာရာနိမ့္က်ေနတဲ့ အသင္းလို႔ ေျပာလို႔ရေနပါတယ္။ မန္ယူအသင္း အတြက္ ယူ႐ိုပါလိဂ္ဖလားကိုေတာ့ ေမွ်ာ္လင့္ခြင့္ရွိေန ေသးၿပီး ခ်န္ပီယံဆုကို ဆြတ္ခူးသြားႏိုင္မလားဆို တာကိုလည္း ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ခ်ဲလ္ ဆီးအသင္းအတြက္ကေတာ့ ဒီရာသီမွာ ဥေရာပရဲ႕ အနိမ့္ဆုံးလို႔ေျပာလို႔ရတဲ့ ကြန္းဖရန႔္လိဂ္ဖလားကို ရရွိဖို႔ အခြင့္အေရးအမ်ားဆုံးရွိေနတဲ့အသင္းျဖစ္ၿပီး လာမယ့္ရာသီမွာလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာ ကိုရရွိဖို႔ ဒီပြဲစဥ္ကအေရးႀကီးတဲ့ပြဲစဥ္ျဖစ္ပါတယ္။ ဒါ့ျပင္ ေျခစြမ္းပိုင္းမွာလည္း ရာသီကုန္ခါနီးအခ်ိန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ခ်ဲလ္ဆီးကစားသမား ေတြရဲ႕စိတ္ဓာတ္ပိုင္းက ေကာင္းမြန္တာထက္ပိုေန တာေၾကာင့္ ဒီပြဲစဥ္က မန္ယူအသင္းကို အိမ္ကြင္းမွာ အႏိုင္ယူဖို႔ အေကာင္းဆုံးျပင္ဆင္လာဖို႔ရွိေနပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအပိုင္းမွာေတာ့ မန္ယူအသင္းက ခ်ဲလ္ဆီးအသင္းနဲ႔ေတြ႕တဲ့ ပြဲစဥ္တိုင္းမွာ ေျခစြမ္းျပတတ္သလို အျပန္အလွန္သြင္းဂိုးေတြကို ပါေတြ႕ျမင္ရတဲ့အျပင္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ (၄)ပြဲမွာ မန္ယူအသင္းက ႏွစ္ပြဲႏိုင္တစ္ပြဲသေရက်ထားတာေၾကာင့္ ခ်ဲလ္ဆီးအသင္းကို ႏိုင္ပြဲရဖို႔ခက္ခဲေအာင္လုပ္ႏိုင္မယ့္အေနအထားမွာရွိေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ကိုခန႔္မွန္းရရင္ ခ်ဲလ္ဆီးအသင္းက အိမ္ကြင္းမွာ ႏိုင္ပြဲရရွိဖို႔ အားကုန္ထုတ္ကစားလာၿပီး မန္ယူအသင္းအေနနဲ႔ ႏိုင္ပြဲရဖို႔ ခက္ခဲႏိုင္ပါတယ္။ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရလည္းက်သြား ႏိုင္သလို ႏိုင္ပြဲအေနနဲ႔ဆိုရင္ေတာ့ ခ်ဲလ္ဆီးဘက္မွာ ေနခ်င္ပါတယ္။ ဂိုးေတာ့မျပတ္ပါဘူး။
အာဆင္နယ္ Vs နယူးကာဆယ္
ပရီးမီးယားလိဂ္ေနာက္ဆုံးေတြ႕ဆုံမႈ
နယူးကာဆယ္ ၁ - ဝ အာဆင္နယ္ (၂-၁၁-၂၀၂၄)
အာဆင္နယ္ ၄ - ၃ နယူးကာဆယ္ (၂၅-၂-၂၀၂၃)
နယူးကာဆယ္ ဝ - ၂ အာဆင္နယ္ (၇-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ၁ နယူးကာဆယ္
အာဆင္နယ္ ၃ - ၂ နယူးကာဆယ္
အာဆင္နယ္အသင္းရဲ႕ ဒီရာသီစြမ္း ေဆာင္ရည္ေတြကိုျပန္ၾကည့္ရင္ ပရီးမီးယားလိဂ္မွာ ဒီရာသီနဲ႔ဆိုရင္ (၃)ရာသီေျမာက္ ဒုတိယေနရာနဲ႔ ေက်နပ္ခဲ့ရတာျဖစ္ၿပီး ခ်န္ပီယံျဖစ္ဖို႔ ေျခစြမ္း ရွိေနေပမယ့္ ရလဒ္ပိုင္းမွာ ရင့္က်က္တည္ၿငိမ္မႈအားနည္းမႈေတြေၾကာင့္ ပရီးမီးယားလိဂ္လိုအမွတ္ေပး ၿပိဳင္ပြဲမွာ ဒုတိယေနရာကိုသာရရွိေနတာလို႔ေျပာ လို႔ရပါတယ္။ ျပည္တြင္းဖလားၿပိဳင္ပြဲေတြမွာလည္း ဒီရာသီမွာ ဆုဖလားတစ္လုံးမွ မရရွိခဲ့တာျဖစ္တဲ့အျပင္ ဒီရာသီမွာ ေျခစြမ္းပိုင္းေကာင္းေပမယ့္ ခ်န္ပီယံဆု ရရွိမႈေတြမွာေတာ့ လိုအပ္ခ်က္ေတြရွိေနဆဲျဖစ္ၿပီး လာမယ့္ရာသီမွာ ဒီအခ်က္ေတြျပင္ဆင္ႏိုင္ဖို႔ မျဖစ္မေနလိုအပ္ေနတဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ အာဆင္ နယ္အသင္းရဲ႕ အဓိကလိုအပ္ခ်က္က အဆုံးအျဖတ္ သြင္းဂိုးေတြသြင္းယူေပးႏိုင္တဲ့ တိုက္စစ္ကစားသ မားမ်ိဳးလိုအပ္ေနတာျဖစ္ၿပီး ကြင္းလယ္နဲ႔ ေတာင္ပံ ကစားသမားအမ်ားစုရဲ႕ သြင္းဂိုးေတြနဲ႔ ခရီးဆက္ေနမႈ ေၾကာင့္လည္း ခ်န္ပီယံဆုကိုစိန္ေခၚတဲ့အခါမွာ လို အပ္ခ်က္ေတြရွိေနခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္ အသင္းကေတာ့ ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ ေနရာအတြက္ ဒီပြဲစဥ္မွာ အာဆင္နယ္အသင္းကိုရႈံး လို႔မရသလို သေရက်ရင္ေတာင္ စိုးရိမ္စရာရွိ ေနတာ ေၾကာင့္ ဒီပြဲစဥ္အတြက္ အေကာင္းဆုံးျပင္ဆင္လာ ဖို႔ရွိေနတဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ နယူးကာဆယ္ အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို သာရရွိခဲ့မယ္ဆိုရင္ လာမယ့္ရာသီမွာ အေကာင္းဆုံး ေသာ စံခ်ိန္တင္လူေခၚယူမႈေတြနဲ႔ အသင္းရဲ႕ပုံရိပ္ကို ျမႇင့္တင္ႏိုင္ဖို႔ရွိေနၿပီး မန္စီးတီးအသင္းလိုမ်ိဳး ျဖစ္လာ ႏိုင္ဖို႔လည္း အစပ်ိဳးမႈတစ္ခုျဖစ္တာေၾကာင့္ ဒီပြဲစဥ္က ၾကည့္ေကာင္းမယ့္ပြဲေကာင္း တစ္ပြဲျဖစ္လာဖို႔ရွိေန ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရျပန္ၾကည့္ရင္ အာ ဆင္နယ္အသင္းဟာ နယူးကာဆယ္အသင္းကို ေနာက္ဆုံး(၃)ပြဲဆက္တိုက္ အိမ္ကြင္းေရာအေဝး ကြင္းမွာပါ ရႈံးနိမ့္ထားတာေၾကာင့္ ဒီပြဲစဥ္မွာပါ ထပ္ ရႈံးဂုဏ္သိကၡာပိုင္းအရ ထိခိုက္မႈေတြရွိလာႏိုင္တာ အျပင္ ဒီပြဲစဥ္ကိုသာ အာဆင္နယ္အသင္းရႈံးခဲ့ရင္ ပရီးမီးယားလိဂ္မွာ ဒုတိယေနရာနဲ႔ ရပ္တည္ႏိုင္ဖို႔ မေသခ်ာပါဘူး။ ဒါေၾကာင့္ ဒီပြဲစဥ္က နယူးကာဆယ္ အသင္းက အေဝးကြင္းျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ ခက္ခဲႏိုင္ၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ အာဆင္ နယ္အသင္းက ႏိုင္ဖို႔မ်ားပါတယ္။ ဂိုးျပတ္ဖို႔ေတာ့ မလြယ္ပါဘူး။
ဝက္စ္ဟမ္း Vs ေနာ္တင္ေဖာရက္စ္
ပရီးမီးယားလိဂ္ေနာက္ဆုံးေတြ႕ဆုံမႈ
ေဖာရက္စ္ ၃ - ဝ ဝက္စ္ဟမ္း (၂-၁၁-၂၀၂၄)
ေဖာရက္စ္ ၂ - ဝ ဝက္စ္ဟမ္း (၁၇-၂-၂၀၂၃)
ဝက္စ္ဟမ္း ၃ - ၂ ေဖာရက္စ္ (၁၂-၁၁-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဝက္စ္ဟမ္း ၂ - ၃ ေဖာရက္စ္
ဝက္စ္ဟမ္း ၁ - ၃ ေဖာရက္စ္
ေနာ္တင္ေဖာရက္စ္အသင္းအေနနဲ႔ ဒီပြဲစဥ္မွာသာ ႏိုင္ပြဲမရရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ ေနရာကို လက္လႊတ္သြားရဖို႔ရွိေနတာေၾကာင့္ ဒီပြဲ စဥ္က မျဖစ္မေနႏိုင္ပြဲရဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ ဒီရာသီမွာ ခ်ဲလ္ဆီး၊ စပါးစ္၊ မန္ယူအသင္းေတြထက္ ေျခစြမ္းပိုင္းပိုေကာင္းခဲ့တဲ့ ေနာ္တင္ေဖာရက္စ္ အသင္းအေနနဲ႔ ရာသီကုန္ခါနီးမွ ခ်န္ပီယံလိဂ္ဝင္ ခြင့္တစ္ေနရာကို လက္လႊတ္ရမယ္ဆိုရင္ တစ္ရာ သီလုံး ေျခစြမ္းတည္ၿငိမ္ခဲ့တာေတြအကုန္လုံးဟာ သဲထဲေရသြန္ျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ က မျဖစ္မေနႏိုင္ပြဲရဖို႔ရရွိဖို႔လိုအပ္မွာျဖစ္ၿပီး ခ်ဲလ္ဆီး လိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အဆုံး အျဖတ္ ပြဲစဥ္တစ္ခုကိုေတာင္ ကန္ရဖို႔ရာခိုင္ႏႈန္းမ်ား ေနတာေၾကာင့္ ဒီပြဲစဥ္ႏိုင္မွသာ ဒီအခြင့္အေရးကိုရ ရွိႏိုင္မွာလည္းျဖစ္ပါတယ္။ ဒါေပမဲ့လည္း ခ်န္ပီယံလိဂ္ ဝင္ခြင့္မရခဲ့ရင္ ယူ႐ိုပါလိဂ္ဝင္ခြင့္ ေသခ်ာေပါက္ရရွိႏိုင္မွာျဖစ္တာေၾကာင့္ ေနာ္တင္ ေဖာရက္စ္အသင္းကို လာမယ့္ရာသီ ဥေရာၿပိဳင္ပြဲမွာေတြ႕ျမင္ရမွာလည္းျဖစ္ပါတယ္။ ဝက္စ္ဟမ္းအသင္းကေတာ့ ဒီရာသီမွာ ေျခစြမ္းပိုင္းကက်ဆင္းေနတဲ့အျပင္ ရလဒ္ပိုင္းမွာ လည္း တန္းဆင္းဇုန္နားကအသင္းျဖစ္တာေၾကာင့္ ေနာ္တင္ေဖာရက္စ္အသင္းအေနနဲ႔ ဒီပြဲစဥ္က ႏိုင္ပြဲရဖို႔ အနည္းငယ္လြယ္ကူေနတယ္လို႔ ေျပာလို႔ရေနပါ တယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအရ ေနာက္ဆုံး ထိပ္တိုက္ ေတြ႕ဆုံခဲ့တဲ့ ပြဲစဥ္(၂)ပြဲမွာ ေနာ္တင္ေဖာရက္စ္ အသင္းကသာ ႏိုင္ပြဲရထားတာေၾကာင့္ ဒီပြဲစဥ္က ေနာ္တင္ေဖာရက္စ္အသင္းကပဲ ဝက္စ္ဟမ္းအိမ္ကြင္း မွာ ႏိုင္ပြဲရဖို႔ရွိေနပါတယ္။ အျပန္အလွန္သြင္းဂိုးေတြ ျမင္ေတြ႕ရမွာျဖစ္ၿပီး ဂိုးေတာ့မျပတ္ႏိုင္ပါဘူး။
စပါးစ္ Vs အက္စတြန္ဗီလာ
ပရီးမီးယားလိဂ္ေနာက္ဆုံးေတြ႕ဆုံမႈ
စပါးစ္ ၄-၁ အက္စတြန္ဗီလာ (၃-၁၁- ၂၀၂၄)
အက္စတြန္ဗီလာ ဝ - ၄ စပါးစ္ (၂၁ - ၄ - ၂၀၂၄)
စပါးစ္ ၄ - ဝ အက္စတြန္ဗီလာ (၂၆ - ၁၁- ၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၁ - ၁ အက္စတြန္ဗီလာ
စပါးစ္ ၂ - ၃ အက္စတြန္ဗီလာ
အက္စတြန္ဗီလာအသင္းရဲ႕ ဒီရာသီစြမ္း ေဆာင္ရည္ပိုင္းက မႏွစ္ကေလာက္ အားရစရာမ ေကာင္းေပမယ့္ ပုံမွန္ေျခစြမ္းထက္ပိုေကာင္းေနဆဲ ျဖစ္တယ္လို႔ ေျပာလို႔ရေနပါတယ္။ ရာသီဝက္အ ေစာပိုင္းမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေျခအေန ေကာင္းေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ႏိုင္ပြဲေပ်ာက္ ဆုံးမႈေတြနဲ႔ ေျခစြမ္းပိုင္းက်ဆင္းမႈေတြေၾကာင့္ ခ်န္ပီ ယံလိဂ္ဝင္ခြင့္တစ္ေနရာကိုရရွိဖို႔က ကံတရား အေပၚ မွာ မူတည္ေနသလို ကိုယ့္သမိုင္းကိုယ္ေရးထိုးၿပီး လက္က်န္ပြဲစဥ္(၂)ပြဲမွာႏိုင္ပြဲရမွသာ ခ်န္ပီယံ လိဂ္ဝင္ခြင့္အတြက္ ေမွ်ာ္လင့္လို႔ရႏိုင္မွာျဖစ္ပါတယ္။ စပါးစ္အသင္းကေတာ့ ဒီရာသီမွာ မန္ယူအသင္း နဲ႔အတူ ေျခစြမ္းပိုင္းေရာ ရလဒ္ပိုင္းမွာ က်ဆင္းသြား တဲ့အျပင္ ပရီးမီးယားအမွတ္ေပးဇယားမွာ အဆင့္ (၁၆)အထိက်ဆင္းသြားတာက မႏွစ္ကအဆင့္(၅)အထိေရာက္ခဲ့တဲ့ ေျခစြမ္းထက္ ကြာဟမႈမ်ားစြာရွိ သြားခဲ့တာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ လာမယ့္ရာသီ မွာလည္း အသင္းေခါင္းေဆာင္ ဆြန္ေဟာင္မင္ ထြက္ ခြာဖို႔ရွိေနတဲ့အျပင္ အဓိက ကစားသမားေတာ္ေတာ္မ်ားမ်ားထြက္ခြာဖို႔ရွိေနတာေၾကာင့္ စပါးစ္အသင္း အေနနဲ႔ လာမယ့္ရာသီမွာလည္း ႐ုန္းကန္ရဦးမယ့္ အေျခအေနမ်ိဳးျဖစ္ပါတယ္။ ပြဲရလဒ္ပိုင္းကိုခန႔္မွန္းရမယ္ဆိုရင္ေတာ့ စပါးစ္အသင္းက ဒီပြဲစဥ္မွာ ႏိုင္ ရင္ပဲျဖစ္ျဖစ္ ရႈံးရင္ပဲျဖစ္ျဖစ္ ရလဒ္ပိုင္းေျပာင္းလဲမႈ မရွိတာေၾကာင့္ ရမွတ္လိုေနတဲ့ အက္စတြန္ဗီလာ အသင္းကပဲ အိမ္ကြင္းမွာ အႏိုင္(၃)မွတ္ ရယူသြားႏိုင္ ပါတယ္။ အျပန္အလွန္သြင္းဂိုးေတြကိုေတြ႕ျမင္ရဖို႔ရွိေနတဲ့အျပင္ သြင္းဂိုးအေရအတြက္လည္း မ်ားႏိုင္ပါ တယ္။