AA အဖွဲ့က မလေးရှားနိုင်ငံသို့ပို့မည့် ငွေကျပ်ဘီလီယံ ၃ဝဝ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 776

သက်ပိုင် (NP News) - မေ ၁၇

AA အဖွဲ့က မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ ၃ဝဝ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
AA အနေဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများကိုပြုလုပ်ကာ ရရှိသည့်ငွေကြေးများဖြင့် လက်နက်၊ ခဲယမ်းများဝယ်ယူ၍ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသောကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၏အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ်ပြင်၌ "အားမာန်သစ်" စက်လှေပေါ်မှ တရားခံ သိန်းဇော်(၄၃)နှစ်၊ သက်ဦး(၅၆)နှစ်၊ အောင်မြင့်(၅၁)နှစ်၊ သိန်းဇော်(၅၆)နှစ်တို့အား ပီနံအိတ် ၃၁ အိတ်ဖြင့် ထည့်သွင်းတင်ဆောင်လာသည့် ICE ၆၁၈ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၂၇ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်၌ ကုန်တင်သင်္ဘောပေါ်မှ တရားခံ ဆန်းလွင်(၆၅)နှစ်၊ စစိန်ငွေသိန်း(၅၄)နှစ်၊ ခန့်ဇင်သန့်(၃၈)နှစ်၊ ဖြိုးသူဝင်း(၂၄)နှစ်၊ ဥက္ကာ မင်းမောင် (၂၀)နှစ်၊ အောင်သူထိုက်(၃၁)နှစ်၊ သက်ပိုင်ဦး(၂၂)နှစ်၊ မင်းခန့်ကျော်(၂၀)နှစ်၊ ဇော်လင်း (၂၂)နှစ်၊ ကျော်သူနိုင်(၃၅)နှစ်၊ အောင်သူ(၃၄)နှစ်၊ တင်ဌေး(၆၅)နှစ်တို့အား ပီနံအိတ် ၂၂၀ အိတ်ဖြင့် ထည့်သွင်း တင်ဆောင်လာသည့် ICE ၃၄၇၅ ကီလိုဂရမ်၊ ကတ်တမင်း ၂၀၀၀ ကီလိုဂရမ်တို့နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ပြီးမူးယစ်ဆေးဝါးများ တင်ဆောင်ပေးခဲ့သည့် တရားခံ ချစ်ဆန်းကို (၄၄)နှစ်အား ဖျာပုံမြို့ရှိ အောင်သရဖူ KTV ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဧပြီလ ၂၇ ရက် ညနေပိုင်းတွင် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းချသည့် AA အဖွဲ့မှ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း(ခ) အောင်နိုင်ကြွယ်(၃၄)နှစ်နှင့်အတူ ကွင်းဆက် တရားခံများဖြစ်သည့် ကျော်မင်းသန်း(ခ)မောင်လုံး(၃၆)နှစ်၊ အောင်မိုးဝင်း(ခ)ဝင်းခိုင်(၄၅)နှစ်၊ ပြည့်စုံ(ခ)နွားကြီး (၃၅)နှစ်တို့အား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ယာ၊ အိမ်အမှတ်(အို-၁၁၆)၌ ထပ်မံ ဖမ်းဆီးရမိခဲ့ ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မေလ ၁ ရက် နံနက်ပိုင်းတွင် တရားခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ်နှင့်အတူ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချရာတွင် ပါဝင်ခဲ့သည့် AA အဖွဲ့မှ ထောက်ပံ့ရေးအဖွဲ့ဝင်များဖြစ်သော ပိုင်ပိုင်ထွေး (ခ)အောင်နိုင်ထွေး(ခ)အောင်နိုင်သူ(ခ)ပိုင်ပိုင်(၂၆)နှစ်၊ နော်နော်(၂၄)နှစ်နှင့် ကိုကိုဦး(၅၈)နှစ်တို့အား ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့တွင်လည်းကောင်း၊ မေလ ၆ ရက် ညနေပိုင်းတွင် ကွင်းဆက်တရားခံ ကောင်းမြတ်သူ (၂၅) နှစ် တို့အား ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိထားသော တရားခံများ၏ ထွက်ဆိုချက်အရ မေလ ၁၁ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ အောင်သပြေလမ်း၊ အိမ်အမှတ်(၂၀၁-ဘီ)၌ AA အဖွဲ့မှ ထောက်ပံ့ရေး ဒုတိယ တာဝန်ခံ နေမြင့်ထွန်း(ခ)ပြည့်စုံ(ခ)လူကြီး(၄၁)နှစ်အား ပီနံအိတ် ၃၂ အိတ် အတွင်း ထည့်သွင်းသိုဝှက်ထားသည့် ကတ်တမင်း ၁၀၀၀ ကီလိုဂရမ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးတွင် မူးယစ်ဆေးဝါးတရားခံ ၂၆ ဦးတို့အား ICE ၄၀၉၃ ကီလိုဂရမ်(၁ ကီလို ဂရမ်လျှင်ကျပ်သိန်း ၂၅၀ ဖြင့်)၊ ကတ်တမင်း ၃၀၀၀ ကီလိုဂရမ်(၁ ကီလိုဂရမ်လျှင်ကျပ်သိန်း ၆၀၀ ဖြင့်)၊ ကာလတန်ဖိုးငွေကျပ် ၂၈၂.၃၂၅ ဘီလီယံခန့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့နောက် ဖမ်းဆီးရမိတရားခံ နေပိုင်လင်း(ခ)အောင်နိုင်ကြွယ် ၏ ထွက်ဆိုချက်အရ AA အဖွဲ့ အနေဖြင့် ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးနှင့် လက်နက်၊ ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် လိုအပ်သော ငွေကြေးများရရှိနိုင်ရန် အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးအား အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန် ကျန်တရားခံ ကိုစိုင်း၊ ကိုတရုတ်(ခ) စိုင်းအောင်လူ တို့ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရောင်းချခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ၂ ဦး အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်သည့်သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင် ဖမ်းဆီး ပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အသိပေးသတင်းထုတ်ပြန်ထားသည်။

Zawgyi Version:
AA အဖြဲ႕က မေလးရွားႏိုင္ငံသို႔ပို႔မည့္ ေငြက်ပ္ဘီလီယံ ၃ဝဝ နီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
သက္ပိုင္ (NP News) - ေမ ၁၇

AA အဖြဲ႕က မေလးရွားႏိုင္ငံသို႔ပို႔ေဆာင္မည့္ ေငြက်ပ္ဘီလီယံ ၃ဝဝ နီးပါးတန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိ ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ေမလ ၁၆ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။
AA အေနျဖင့္ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္မႈမ်ားကိုျပဳလုပ္ကာ ရရွိသည့္ေငြေၾကးမ်ားျဖင့္ လက္နက္၊ ခဲယမ္းမ်ားဝယ္ယူ၍ ရခိုင္ျပည္နယ္အတြင္း အၾကမ္းဖက္လုပ္ငန္းမ်ားလုပ္ေဆာင္ျခင္း၊ လက္နက္အားကိုးျဖင့္ အျပစ္မဲ့ျပည္သူမ်ားအေပၚ အႏိုင္က်င့္ ႏွိပ္စက္သတ္ျဖတ္ျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိေသာေၾကာင့္ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္ျခင္းႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကို မလိုလားသည့္ ေဒသခံျပည္သူမ်ား၏ သတင္းေပးပို႔ခ်က္အရ ၂၀၂၅ ခုႏွစ္၊ ဧၿပီလ ၂၆ ရက္တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ႕၏အေနာက္ေတာင္ဘက္ ေရမိုင္ ၆၀ ခန႔္အကြာ ပင္လယ္ျပင္၌ "အားမာန္သစ္" စက္ေလွေပၚမွ တရားခံ သိန္းေဇာ္(၄၃)ႏွစ္၊ သက္ဦး(၅၆)ႏွစ္၊ ေအာင္ျမင့္(၅၁)ႏွစ္၊ သိန္းေဇာ္(၅၆)ႏွစ္တို႔အား ပီနံအိတ္ ၃၁ အိတ္ျဖင့္ ထည့္သြင္းတင္ေဆာင္လာသည့္ ICE ၆၁၈ ကီလိုဂရမ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ဖမ္းဆီးရမိတရားခံမ်ား၏ ထြက္ဆိုခ်က္အရ ဧၿပီလ ၂၇ ရက္တြင္ တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕၏ အေနာက္ဘက္ ေရမိုင္ ၁၈၀ ခန႔္အကြာ ပင္လယ္ျပင္၌ ကုန္တင္သေဘၤာေပၚမွ တရားခံ ဆန္းလြင္(၆၅)ႏွစ္၊ စစိန္ေငြသိန္း(၅၄)ႏွစ္၊ ခန႔္ဇင္သန႔္(၃၈)ႏွစ္၊ ၿဖိဳးသူဝင္း(၂၄)ႏွစ္၊ ဥကၠာ မင္းေမာင္ (၂၀)ႏွစ္၊ ေအာင္သူထိုက္(၃၁)ႏွစ္၊ သက္ပိုင္ဦး(၂၂)ႏွစ္၊ မင္းခန႔္ေက်ာ္(၂၀)ႏွစ္၊ ေဇာ္လင္း (၂၂)ႏွစ္၊ ေက်ာ္သူႏိုင္(၃၅)ႏွစ္၊ ေအာင္သူ(၃၄)ႏွစ္၊ တင္ေဌး(၆၅)ႏွစ္တို႔အား ပီနံအိတ္ ၂၂၀ အိတ္ျဖင့္ ထည့္သြင္း တင္ေဆာင္လာသည့္ ICE ၃၄၇၅ ကီလိုဂရမ္၊ ကတ္တမင္း ၂၀၀၀ ကီလိုဂရမ္တို႔ႏွင့္အတူ ထပ္မံဖမ္းဆီး ရမိခဲ့ၿပီးမူးယစ္ေဆးဝါးမ်ား တင္ေဆာင္ေပးခဲ့သည့္ တရားခံ ခ်စ္ဆန္းကို (၄၄)ႏွစ္အား ဖ်ာပုံၿမိဳ႕ရွိ ေအာင္သရဖူ KTV ၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ဖမ္းဆီးရမိ တရားခံမ်ား၏ ထြက္ဆိုခ်က္မ်ားအရ ဧၿပီလ ၂၇ ရက္ ညေနပိုင္းတြင္ မူးယစ္ေဆးဝါး သယ္ေဆာင္ ေရာင္းခ်သည့္ AA အဖြဲ႕မွ ေထာက္ပံ့ေရးတာဝန္ခံ ေနပိုင္လင္း(ခ) ေအာင္ႏိုင္ႂကြယ္(၃၄)ႏွစ္ႏွင့္အတူ ကြင္းဆက္ တရားခံမ်ားျဖစ္သည့္ ေက်ာ္မင္းသန္း(ခ)ေမာင္လုံး(၃၆)ႏွစ္၊ ေအာင္မိုးဝင္း(ခ)ဝင္းခိုင္(၄၅)ႏွစ္၊ ျပည့္စုံ(ခ)ႏြားႀကီး (၃၅)ႏွစ္တို႔အား ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္၊ FMI အိမ္ယာ၊ အိမ္အမွတ္(အို-၁၁၆)၌ ထပ္မံ ဖမ္းဆီးရမိခဲ့ ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ေမလ ၁ ရက္ နံနက္ပိုင္းတြင္ တရားခံ ေနပိုင္လင္း(ခ)ေအာင္ႏိုင္ႂကြယ္ႏွင့္အတူ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းခ်ရာတြင္ ပါဝင္ခဲ့သည့္ AA အဖြဲ႕မွ ေထာက္ပံ့ေရးအဖြဲ႕ဝင္မ်ားျဖစ္ေသာ ပိုင္ပိုင္ေထြး (ခ)ေအာင္ႏိုင္ေထြး(ခ)ေအာင္ႏိုင္သူ(ခ)ပိုင္ပိုင္(၂၆)ႏွစ္၊ ေနာ္ေနာ္(၂၄)ႏွစ္ႏွင့္ ကိုကိုဦး(၅၈)ႏွစ္တို႔အား ပဲခူးတိုင္း ေဒသႀကီး၊ ျပည္ၿမိဳ႕တြင္လည္းေကာင္း၊ ေမလ ၆ ရက္ ညေနပိုင္းတြင္ ကြင္းဆက္တရားခံ ေကာင္းျမတ္သူ (၂၅) ႏွစ္ တို႔အား ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္တြင္လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ထားသည္။
ဖမ္းဆီးရမိထားေသာ တရားခံမ်ား၏ ထြက္ဆိုခ်က္အရ ေမလ ၁၁ ရက္ ညေနပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ပုလဲၿမိဳ႕သစ္၊ ေအာင္သေျပလမ္း၊ အိမ္အမွတ္(၂၀၁-ဘီ)၌ AA အဖြဲ႕မွ ေထာက္ပံ့ေရး ဒုတိယ တာဝန္ခံ ေနျမင့္ထြန္း(ခ)ျပည့္စုံ(ခ)လူႀကီး(၄၁)ႏွစ္အား ပီနံအိတ္ ၃၂ အိတ္ အတြင္း ထည့္သြင္းသိုဝွက္ထားသည့္ ကတ္တမင္း ၁၀၀၀ ကီလိုဂရမ္ႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ၿပီး ျဖစ္စဥ္တစ္ခုလုံးတြင္ မူးယစ္ေဆးဝါးတရားခံ ၂၆ ဦးတို႔အား ICE ၄၀၉၃ ကီလိုဂရမ္(၁ ကီလို ဂရမ္လွ်င္က်ပ္သိန္း ၂၅၀ ျဖင့္)၊ ကတ္တမင္း ၃၀၀၀ ကီလိုဂရမ္(၁ ကီလိုဂရမ္လွ်င္က်ပ္သိန္း ၆၀၀ ျဖင့္)၊ ကာလတန္ဖိုးေငြက်ပ္ ၂၈၂.၃၂၅ ဘီလီယံခန႔္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ေနာက္ ဖမ္းဆီးရမိတရားခံ ေနပိုင္လင္း(ခ)ေအာင္ႏိုင္ႂကြယ္ ၏ ထြက္ဆိုခ်က္အရ AA အဖြဲ႕ အေနျဖင့္ ၎တို႔အဖြဲ႕ ရပ္တည္ႏိုင္ေရးႏွင့္ လက္နက္၊ ခဲယမ္းမ်ား ဝယ္ယူျဖည့္တင္းႏိုင္ေရးအတြက္ လိုအပ္ေသာ ေငြေၾကးမ်ားရရွိႏိုင္ရန္ အနာဂတ္မ်ိဳးဆက္သစ္လူငယ္မ်ားအပါအဝင္ လူသားမ်ိဳးႏြယ္တစ္ခုလုံးအား အႏၲရာယ္ျဖစ္ေစသည့္ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္မႈမ်ားကို က်ယ္ျပန႔္စြာ လုပ္ကိုင္လ်က္ရွိေၾကာင္း၊ ယခုဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားအား ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ လြိဳင္လင္ခ႐ိုင္၊ ေက်းသီးၿမိဳ႕နယ္၊ ဝမ္ဟိုင္းေက်း႐ြာေန ဖမ္းဆီးရန္ က်န္တရားခံ ကိုစိုင္း၊ ကိုတ႐ုတ္(ခ) စိုင္းေအာင္လူ တို႔ထံမွ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး မေလးရွားႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းခ်ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ ဖမ္းဆီးရမိတရားခံမ်ားအား ဥပေဒအရ ထိေရာက္စြာ အေရးယူေဆာင္႐ြက္ႏိုင္ေရး ဆက္လက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ဖမ္းဆီးရန္က်န္ တရားခံ ၂ ဦး အပါအဝင္ ဆက္စပ္တရားခံမ်ားအား ေဖာ္ထုတ္ ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ မူးယစ္ေဆးဝါး သယ္ေဆာင္သည့္သတင္းမ်ားရရွိပါက သက္ဆိုင္ရာသို႔ လွ်ိဳ႕ဝွက္စြာ သတင္းေပးတိုင္ၾကားႏိုင္ပါေၾကာင္း၊ သတင္းေပးသူႏွင့္ ပူးေပါင္းပါဝင္ ဖမ္းဆီး ေပးသူမ်ားအား ထိုက္တန္စြာလွ်ိဳ႕ဝွက္၍ ဆုေငြမ်ားခ်ီးျမႇင့္ ေပးမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီက အသိေပးသတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.