မြင်းခြံဘက်တွင် တစ်ပြိုင်နက် တိုက်ပွဲဖော်ခဲ့သော PDF များဘက်၌ ပြည်ပနိုင်ငံသား အချို့ပါဝင်ကြောင်း သတင်းထွက်

 2142

သုတကျော် (NP News) - မေ ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်း တစ်ပြိုင်နက် တိုက်ပွဲဖော်ခဲ့သော PDF များဘက်၌ ပြည်ပနိုင်ငံသား အချို့ပါဝင်ကြောင်း ထွက်ပေါ်နေသောသတင်းများအရ သိရသည်။
ပြီးခဲ့သည့် မေလ(၁၅)ရက်က စတင်ကာ မြင်းခြံမြို့နယ်ရှိ အမှတ် (၁၈) ရပ်ကွက်အနီးရှိ တပ် စခန်း၊ ဆီမီးခုံ ရဲစခန်း၊ ကျောက်ပြုတ်ရွာတပ်စခန်း၊ နန်းမြင့်တောင်ကြားတပ်စခန်း၊ တောင်သာမြို့နယ်ရှိ ထနောင်းကုန်း တပ်စခန်း၊ နွားထိုးကြီးမြို့နယ်က ဝက်လူးရဲစခန်း အပါအဝင် နေရာအချို့၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ တိုက်ခိုက်ရာတွင် တပ်မတော်ဘက်ကလည်း လက်နက်ကြီးနှင့် လေကြောင်းပစ်ကူပေးခဲ့ပြီး PDF ဘက်ကလည်း သေဆုံးသူ များခဲ့ရာ ပါဝင်တိုက်ခိုက်ခဲ့သည့် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သော Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ အဖွဲ့ဝင် (၆) ဦး သေဆုံးခဲ့သောကြောင့် တိုက်ပွဲကို ရက်အကန့်အသတ်မရှိနားမည်ဟု ယင်းအဖွဲ့တည်ထောင်သူ ကိုသက်ကြီးက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထားသည်။
ယခုသတင်းရေးသားချိန် မေလ (၁၆) ရက်အထိ အချို့နေရာများတွင် တိုက်ပွဲထပ်မံဖြစ်ပွားသည်ဟု သိရသော် လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် နောက်ဆုံး မြေပြင်သတင်းအချက်အလက် အချို့ကို သိရခြင်း မရှိခဲ့ပါ။
“နွားထိုး၊ မြင်းခြံတိုက်တဲ့အထဲမှာ အဖြူ ကောင်တွေပါတယ်။ Free Burma Ranger လိုမျိုးပေါ့။ အလောင်း လည်း နှစ်လောင်းရထားတယ်လို့ သိရပါတယ်။ တပ်ကတော့ တိုက်တုန်းပါပဲ။ အခြေအနေက ကောင်းပါတယ်။ ပြောချင်တာက အဖြူကောင်တွေ ရထားတယ်ပြောတယ်။ လေးလပတ်လုပ်တာကို သတင်းရပုံရပါတယ်။ သွေးတိုးစမ်းတာပေါ့” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
အထက်ပါ PDF များအနေဖြင့် မြင်းခြံမြို့၊ နွားထိုးကြီးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းကို ထိပါးလိုသည့်အတွက် အကဲစမ်းခြင်းမျိုးဖြစ်ကြောင်း လည်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန် - မန္တလေး အမြန်လမ်းရှိ လုံခြုံ ရေးတပ်ဖွဲ့များကို နွားထိုးကြီး PDF က ပစ်ပြေး ပုံစံ ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့ဖူးသည့်အပြင် ခရီးသည် တင်ကားများကို စစ်ဆေးသည်ဟုဆိုကာ ရံဖန်ရံခါ တက်လာလေ့ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
ျမင္းၿခံဘက္တြင္ တစ္ၿပိဳင္နက္ တိုက္ပြဲေဖာ္ခဲ့ေသာ PDF မ်ားဘက္၌ ျပည္ပႏိုင္ငံသား အခ်ိဳ႕ပါဝင္ေၾကာင္း သတင္းထြက္
သုတေက်ာ္ (NP News) - ေမ ၁၇

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံခ႐ိုင္အတြင္း တစ္ၿပိဳင္နက္ တိုက္ပြဲေဖာ္ခဲ့ေသာ PDF မ်ားဘက္၌ ျပည္ပႏိုင္ငံသား အခ်ိဳ႕ပါဝင္ေၾကာင္း ထြက္ေပၚေနေသာသတင္းမ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ေမလ(၁၅)ရက္က စတင္ကာ ျမင္းၿခံၿမိဳ႕နယ္ရွိ အမွတ္ (၁၈) ရပ္ကြက္အနီးရွိ တပ္ စခန္း၊ ဆီမီးခုံ ရဲစခန္း၊ ေက်ာက္ျပဳတ္႐ြာတပ္စခန္း၊ နန္းျမင့္ေတာင္ၾကားတပ္စခန္း၊ ေတာင္သာၿမိဳ႕နယ္ရွိ ထေနာင္းကုန္း တပ္စခန္း၊ ႏြားထိုးႀကီးၿမိဳ႕နယ္က ဝက္လူးရဲစခန္း အပါအဝင္ ေနရာအခ်ိဳ႕၌ တိုက္ပြဲျဖစ္ပြားခဲ့ျခင္းျဖစ္သည္။ ယင္းသို႔ တိုက္ခိုက္ရာတြင္ တပ္မေတာ္ဘက္ကလည္း လက္နက္ႀကီးႏွင့္ ေလေၾကာင္းပစ္ကူေပးခဲ့ၿပီး PDF ဘက္ကလည္း ေသဆုံးသူ မ်ားခဲ့ရာ ပါဝင္တိုက္ခိုက္ခဲ့သည့္ PDF အဖြဲ႕တစ္ဖြဲ႕ျဖစ္ေသာ Zero ေျပာက္က်ားတပ္ဖြဲ႕ (ျမင္းၿခံ) မွ အဖြဲ႕ဝင္ (၆) ဦး ေသဆုံးခဲ့ေသာေၾကာင့္ တိုက္ပြဲကို ရက္အကန႔္အသတ္မရွိနားမည္ဟု ယင္းအဖြဲ႕တည္ေထာင္သူ ကိုသက္ႀကီးက လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။
ယခုသတင္းေရးသားခ်ိန္ ေမလ (၁၆) ရက္အထိ အခ်ိဳ႕ေနရာမ်ားတြင္ တိုက္ပြဲထပ္မံျဖစ္ပြားသည္ဟု သိရေသာ္ လည္း ဆက္သြယ္ေရးအခက္အခဲေၾကာင့္ ေနာက္ဆုံး ေျမျပင္သတင္းအခ်က္အလက္ အခ်ိဳ႕ကို သိရျခင္း မရွိခဲ့ပါ။
“ႏြားထိုး၊ ျမင္းၿခံတိုက္တဲ့အထဲမွာ အျဖဴ ေကာင္ေတြပါတယ္။ Free Burma Ranger လိုမ်ိဳးေပါ့။ အေလာင္း လည္း ႏွစ္ေလာင္းရထားတယ္လို႔ သိရပါတယ္။ တပ္ကေတာ့ တိုက္တုန္းပါပဲ။ အေျခအေနက ေကာင္းပါတယ္။ ေျပာခ်င္တာက အျဖဴေကာင္ေတြ ရထားတယ္ေျပာတယ္။ ေလးလပတ္လုပ္တာကို သတင္းရပုံရပါတယ္။ ေသြးတိုးစမ္းတာေပါ့” ဟု စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
အထက္ပါ PDF မ်ားအေနျဖင့္ ျမင္းၿခံၿမိဳ႕၊ ႏြားထိုးႀကီးၿမိဳ႕ႏွင့္ ရန္ကုန္ - မႏၲေလး အျမန္လမ္းကို ထိပါးလိုသည့္အတြက္ အကဲစမ္းျခင္းမ်ိဳးျဖစ္ေၾကာင္း လည္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
ရန္ကုန္ - မႏၲေလး အျမန္လမ္းရွိ လုံၿခဳံ ေရးတပ္ဖြဲ႕မ်ားကို ႏြားထိုးႀကီး PDF က ပစ္ေျပး ပုံစံ ပစ္ခတ္ျခင္းမ်ားကို ျပဳလုပ္ခဲ့ဖူးသည့္အျပင္ ခရီးသည္ တင္ကားမ်ားကို စစ္ေဆးသည္ဟုဆိုကာ ရံဖန္ရံခါ တက္လာေလ့ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.