Myanmar Car Expo 2025 ပြပွဲတွင် ကား Brand ပေါင်း(၂၀)ကျော် ဝင်ရောက်ပြသနေ

421

NP News - မေ ၁၇
ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု နှင့် Myanmar Car Expo 2025 ပြပွဲတွင် ကား Brand ပေါင်း (၂ဝ)ကျော်ဝင် ရောက်ပြသနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါပြပွဲကို ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့ (MORS) နှင့် Myanmar Automobile Manufacturers and Distributors Association (MAMDA) တို့က ပူးပေါင်းကာ ယမန်နေ့ (မေလ ၁၆ ရက်) က စတင်ကာ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ပွဲကတော့ MORS နဲ့ MAMDA တို့ပူးပေါင်းပြီးတော့ Myanmar Car Expo 2025 titelနဲ့ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေနဲ့ပေါ့နော်။ ၂ဝ၂၅ ခုနှစ်အတွက်ဆိုရင်လည်း ပထမဆုံးလည်းဖြစ်တယ်။ ဒီလိုကြီးကြီးကျယ်ကျယ်ကလည်း ပထမဆုံး လုပ်တဲ့ ကားပြပွဲဖြစ်တယ်။ ဒီပြပွဲမှာဆိုရင် ကား Brand ပေါင်းအခု (၂ဝ)ကျော် ကားအမျိုးအစားပေါင်း (၄၀)ကျော် ပါဝင်ထားတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ယင်းပြပွဲသည် Myanmar Car Expo 2025 ခေါင်းစဉ်ဖြင့် ကျင်းပနေခြင်းဖြစ်သော်လည်း EV ကားများကိုသာ အဓိကထားပြသထားပြီး ပရိုမိုးရှင်းအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။
“ကား Brand အများကြီး ပါဝင်တယ်။ ပရိုမိုးရှင်းတွေလည်း အများကြီးရှိပါတယ်။ ပြပွဲ(၃)ရက်အတွင်းမှာ ဝယ်ယူတဲ့ Costumer တွေ အတွက်ဆိုရင်လည်း အနည်းဆုံး သိန်း(၅ဝ)ကနေ၊ အများဆုံး သိန်း(၃၀၀)အထိရရှိနိုင်မယ့် အခွင့်အရေးတွေရှိတယ်ပေါ့နော်။ brand တစ်ခုစီက နေပေးတာ။ အထူးဈေးနှုန်းတွေနဲ့လည်းရောင်းချတဲ့ အစီအစဉ်တွေလည်းရှိတယ်”ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ ပြပွဲကို နံနက် ၉ နာရီမှ ညနေ ၆ နာရီအတွင်း ကျင်းပသွားမှာဖြစ်ပြီး မည်သူမဆို လာရောက်ကြည့်ရှု နိုင်ကြောင်း သိရပါတယ်။

Zawgyi Version:
Myanmar Car Expo 2025 ျပပြဲတြင္ ကား Brand ေပါင္း(၂၀)ေက်ာ္ ဝင္ေရာက္ျပသေန
NP News - ေမ ၁၇
ယာဥ္/လမ္းအႏၲရာယ္ကင္းရွင္းေရး ရက္သတၱပတ္လႈပ္ရွားမႈ ႏွင့္ Myanmar Car Expo 2025 ျပပြဲတြင္ ကား Brand ေပါင္း (၂ဝ)ေက်ာ္ဝင္ ေရာက္ျပသေနေၾကာင္း တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါျပပြဲကို ယာဥ္/လမ္းအႏၲရာယ္ကင္းရွင္းေရး ဘက္စုံအေထာက္အကူျပဳအဖြဲ႕ (MORS) ႏွင့္ Myanmar Automobile Manufacturers and Distributors Association (MAMDA) တို႔က ပူးေပါင္းကာ ယမန္ေန႔ (ေမလ ၁၆ ရက္) က စတင္ကာ ၁၈ ရက္အထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ပြဲကေတာ့ MORS နဲ႔ MAMDA တို႔ပူးေပါင္းၿပီးေတာ့ Myanmar Car Expo 2025 titelနဲ႔ ယာဥ္/လမ္းအႏၲရာယ္ ကင္းရွင္းေရး ရက္သတၱပတ္လႈပ္ရွားမႈအေနနဲ႔ေပါ့ေနာ္။ ၂ဝ၂၅ ခုႏွစ္အတြက္ဆိုရင္လည္း ပထမဆုံးလည္းျဖစ္တယ္။ ဒီလိုႀကီးႀကီးက်ယ္က်ယ္ကလည္း ပထမဆုံး လုပ္တဲ့ ကားျပပြဲျဖစ္တယ္။ ဒီျပပြဲမွာဆိုရင္ ကား Brand ေပါင္းအခု (၂ဝ)ေက်ာ္ ကားအမ်ိဳးအစားေပါင္း (၄၀)ေက်ာ္ ပါဝင္ထားတယ္” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
ယင္းျပပြဲသည္ Myanmar Car Expo 2025 ေခါင္းစဥ္ျဖင့္ က်င္းပေနျခင္းျဖစ္ေသာ္လည္း EV ကားမ်ားကိုသာ အဓိကထားျပသထားၿပီး ပ႐ိုမိုးရွင္းအစီအစဥ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
“ကား Brand အမ်ားႀကီး ပါဝင္တယ္။ ပ႐ိုမိုးရွင္းေတြလည္း အမ်ားႀကီးရွိပါတယ္။ ျပပြဲ(၃)ရက္အတြင္းမွာ ဝယ္ယူတဲ့ Costumer ေတြ အတြက္ဆိုရင္လည္း အနည္းဆုံး သိန္း(၅ဝ)ကေန၊ အမ်ားဆုံး သိန္း(၃၀၀)အထိရရွိႏိုင္မယ့္ အခြင့္အေရးေတြရွိတယ္ေပါ့ေနာ္။ brand တစ္ခုစီက ေနေပးတာ။ အထူးေဈးႏႈန္းေတြနဲ႔လည္းေရာင္းခ်တဲ့ အစီအစဥ္ေတြလည္းရွိတယ္”ဟု ၎ကဆက္ေျပာသည္။
အဆိုပါ ျပပြဲကို နံနက္ ၉ နာရီမွ ညေန ၆ နာရီအတြင္း က်င္းပသြားမွာျဖစ္ၿပီး မည္သူမဆို လာေရာက္ၾကည့္ရႈ ႏိုင္ေၾကာင္း သိရပါတယ္။