ဗန်းမော်မြို့တိုက်ပွဲ၌ တပ်မတော်ဘက်က စစ်ရေးချိန်ခွင်လျှာ အလေးသာလာ

9245

သုတကျော် (NP News) - မေ ၁၈
KIA ၏ ထိုးစစ်အရှိန်တန့်နေသော ဗန်းမော်မြို့ တိုက်ပွဲ၏စစ်ရေးချိန်ခွင်လျှာမှာ တပ်မတော် ဘက်သို့ အလေးသာသွားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောကြားချက် အရ သိရသည်။
ငါးလခန့် ကြာမြင့်လာခဲ့ပြီဖြစ်သော ဗန်းမော်တိုက်ပွဲသည် ကနဦးတွင် KIA က အင်အား အများအပြားဖြင့် တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ ထိုးစစ်က အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် တပ်မတော်၏ ခံစစ်ကြောင့် ထိခိုက်မှုများပြားခဲ့သည်။
သို့သော် ပြည်ပရောက် မီဒီယာများထက်တွင်မူ KIA ၏ ရှုံးပွဲများကိုမတွေ့ရဘဲ သတင်း အမှောင် ချထားကာ KIA ဘက်က ပြောကြားသည့် ဗန်းမော်မြို့တွင် စစ်ရေးအရအရေးသာနေသည်ဆိုသော သတင်းအမှားများကိုသာ ဖော်ပြထားကြောင်းတွေ့မြင်ရသည်။
“ဆုတ်စပြုတာတော့ ရှိနေတယ်။ မဆုတ်လည်း ရှေ့တိုးလို့မရဘူး။ သူတို့ သေနေကြတာပဲ။ ဘယ် နေရာမှ သူတို့မတိုးနိုင်ဘူး။ လေကြောင်းကရော ဒရုန်းကရော အရမ်းကောင်းတာကိုး။ အောက်က တပ်ဖွဲ့ ဝင်တွေကလည်း မာတယ်လေ။ ကြာလာလေလေ မာလေလေ ဖြစ်သွားပြီ” ဟု ၎င်းကဆိုသည်။
လက်ရှိအနေအထားအရ KIA အနေဖြင့် ဗန်မော်မြို့မှ ဆုတ်ခွာရလိမ့်မည်ဖြစ်ပြီး မဆုတ်ခွာဘဲ ပေကာ ဆက်တိုးဝင်နေပါက KIA ဘက်တွင် လူကုန်သွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက အတိအကျပြော သည်။
“အရင်တုန်းကလို မာမာချာချာ ဝက်ဝက်ကွဲ တိုက်စစ်ကြီးမဟုတ်တာ သေချာသွားပြီ။ သူတို့က စစ်ဦးကိုလည်း ချရတယ်။ ဒီဘက်ကလည်း အရှိန်ကို မလျော့လျော့အောင် လုပ်နေတာလေ။ တော်တော် တော့ လျော့တယ်။ ရှေ့မှာအများကြီး ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အချိန် နောက်မှာ Backup မရှိ လောက်တော့ဘူးထင်တယ်။ အသေတအား များတာကိုး။ ဗန်းမော်ကတော့ စိုးရိမ်စရာအနေအထား ဘာမှမရှိတော့ပါဘူး” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိအနေအထားအရ ဗန်းမော်မြို့၏အခြေအနေနှင့် ဆုံးဖြတ်ချက်များကို တပ်မတော်ကသာ ချမှတ်နိုင်တော့မည့်အနေအထားဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဗန်းမော်မြို့ အခြေအနေက ရန်သူအပေါ် မူမတည်တော့ဘူး။ ကျွန်တော်တို့ဘက်ကိုပဲ မူတည်သွားပြီ။ KIA အတွက်ကလည်း ဒါမိုင်ကုန်ပဲ။ ရန်သူမှာအခြေအနေ ဖန်တီးနိုင်ခွင့်မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ထို့ပြင် KIA က စတင်တိုက်ခိုက်ခဲ့သော စစ်ပွဲကြောင့် ဗန်းမော်မြို့မှာလည်း (၉၀)ရာခိုင်နှုန်း ပျက် စီးသွားခဲ့ပြီဖြစ်ကာ မြို့ခံစစ်ဘေးရှောင် ပြည်သူများအနေဖြင့် မြို့သို့ပြန်လည် ဝင်ရောက်နေထိုင်ချိန်မှသာ ပြန်လည်ထူထောင်ရေး စတင်ရမည့်အခြေအနေဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ဗန္းေမာ္ၿမိဳ႕တိုက္ပြဲ၌ တပ္မေတာ္ဘက္က စစ္ေရးခ်ိန္ခြင္လွ်ာ အေလးသာလာ
သုတေက်ာ္ (NP News) - ေမ ၁၈
KIA ၏ ထိုးစစ္အရွိန္တန႔္ေနေသာ ဗန္းေမာ္ၿမိဳ႕ တိုက္ပြဲ၏စစ္ေရးခ်ိန္ခြင္လွ်ာမွာ တပ္မေတာ္ ဘက္သို႔ အေလးသာသြားၿပီျဖစ္ေၾကာင္း စစ္ေရးသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာၾကားခ်က္ အရ သိရသည္။
ငါးလခန႔္ ၾကာျမင့္လာခဲ့ၿပီျဖစ္ေသာ ဗန္းေမာ္တိုက္ပြဲသည္ ကနဦးတြင္ KIA က အင္အား အမ်ားအျပားျဖင့္ တပ္မေတာ္စခန္းမ်ားကို စတင္တိုက္ခိုက္ခဲ့ရာ ထိုးစစ္က အားေကာင္းခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ တပ္မေတာ္၏ ခံစစ္ေၾကာင့္ ထိခိုက္မႈမ်ားျပားခဲ့သည္။
သို႔ေသာ္ ျပည္ပေရာက္ မီဒီယာမ်ားထက္တြင္မူ KIA ၏ ရႈံးပြဲမ်ားကိုမေတြ႕ရဘဲ သတင္း အေမွာင္ ခ်ထားကာ KIA ဘက္က ေျပာၾကားသည့္ ဗန္းေမာ္ၿမိဳ႕တြင္ စစ္ေရးအရအေရးသာေနသည္ဆိုေသာ သတင္းအမွားမ်ားကိုသာ ေဖာ္ျပထားေၾကာင္းေတြ႕ျမင္ရသည္။
“ဆုတ္စျပဳတာေတာ့ ရွိေနတယ္။ မဆုတ္လည္း ေရွ႕တိုးလို႔မရဘူး။ သူတို႔ ေသေနၾကတာပဲ။ ဘယ္ ေနရာမွ သူတို႔မတိုးႏိုင္ဘူး။ ေလေၾကာင္းကေရာ ဒ႐ုန္းကေရာ အရမ္းေကာင္းတာကိုး။ ေအာက္က တပ္ဖြဲ႕ ဝင္ေတြကလည္း မာတယ္ေလ။ ၾကာလာေလေလ မာေလေလ ျဖစ္သြားၿပီ” ဟု ၎ကဆိုသည္။
လက္ရွိအေနအထားအရ KIA အေနျဖင့္ ဗန္ေမာ္ၿမိဳ႕မွ ဆုတ္ခြာရလိမ့္မည္ျဖစ္ၿပီး မဆုတ္ခြာဘဲ ေပကာ ဆက္တိုးဝင္ေနပါက KIA ဘက္တြင္ လူကုန္သြားလိမ့္မည္ျဖစ္ေၾကာင္း ၎က အတိအက်ေျပာ သည္။
“အရင္တုန္းကလို မာမာခ်ာခ်ာ ဝက္ဝက္ကြဲ တိုက္စစ္ႀကီးမဟုတ္တာ ေသခ်ာသြားၿပီ။ သူတို႔က စစ္ဦးကိုလည္း ခ်ရတယ္။ ဒီဘက္ကလည္း အရွိန္ကို မေလ်ာ့ေလ်ာ့ေအာင္ လုပ္ေနတာေလ။ ေတာ္ေတာ္ ေတာ့ ေလ်ာ့တယ္။ ေရွ႕မွာအမ်ားႀကီး ျပင္းျပင္းထန္ထန္ျဖစ္ေနတဲ့အခ်ိန္ ေနာက္မွာ Backup မရွိ ေလာက္ေတာ့ဘူးထင္တယ္။ အေသတအား မ်ားတာကိုး။ ဗန္းေမာ္ကေတာ့ စိုးရိမ္စရာအေနအထား ဘာမွမရွိေတာ့ပါဘူး” ဟု ၎က ရွင္းျပသည္။
လက္ရွိအေနအထားအရ ဗန္းေမာ္ၿမိဳ႕၏အေျခအေနႏွင့္ ဆုံးျဖတ္ခ်က္မ်ားကို တပ္မေတာ္ကသာ ခ်မွတ္ႏိုင္ေတာ့မည့္အေနအထားျဖစ္ေၾကာင္း ၎ကဆိုသည္။
“ဗန္းေမာ္ၿမိဳ႕ အေျခအေနက ရန္သူအေပၚ မူမတည္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ဘက္ကိုပဲ မူတည္သြားၿပီ။ KIA အတြက္ကလည္း ဒါမိုင္ကုန္ပဲ။ ရန္သူမွာအေျခအေန ဖန္တီးႏိုင္ခြင့္မရွိေတာ့ဘူး” ဟု ၎က ေျပာသည္။
ထို႔ျပင္ KIA က စတင္တိုက္ခိုက္ခဲ့ေသာ စစ္ပြဲေၾကာင့္ ဗန္းေမာ္ၿမိဳ႕မွာလည္း (၉၀)ရာခိုင္ႏႈန္း ပ်က္ စီးသြားခဲ့ၿပီျဖစ္ကာ ၿမိဳ႕ခံစစ္ေဘးေရွာင္ ျပည္သူမ်ားအေနျဖင့္ ၿမိဳ႕သို႔ျပန္လည္ ဝင္ေရာက္ေနထိုင္ခ်ိန္မွသာ ျပန္လည္ထူေထာင္ေရး စတင္ရမည့္အေျခအေနျဖစ္ေၾကာင္း သိရသည္။