“ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းမရှိတဲ့အနုပညာရှင်တစ်ဦးရဲ့ယာဉ်တိုက်မှုသတင်း”

2679

အိဖြူ (NP News) - မေ ၁၈
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက်သတင်းတွေကတော့ “ကျယ်ကျယ် လောင်လောင်ထွက်ပေါ်လာခြင်းမရှိတဲ့ ယာဉ်တိုက်မှုသတင်းတစ်ခု၊ ယုန်လေးပြောတဲ့ ရုပ်ရှင်လောက ပျက်စီးနိုင်ကြောင်းသတင်း၊ ပရိသတ်တွေ ထင်ကြေးပေးသလိုဖြစ်ကြောင်း ဟိန်းဝေယံရဲ့ဖခင် အရိပ်အ မြွက်ပြော” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်းမရှိတဲ့ စူပါလင်းရဲ့ ယာဉ်တိုက်မှုသတင်း
သဘင်အစည်းအရုံး(ဗဟို)ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟာသသရုပ်ဆောင်စူပါလင်းတစ်ယောက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ၎င်းနဲ့နီးစပ်ရာအသိုင်းအဝိုင်းထံမှ ကြား သိရပါတယ်။ ယာဉ်တိုက်မှုက (၂၀၂၅) ခုနှစ် မေလ (၁၀) ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ကနဦးသတင်းရရှိခဲ့ကာ မေလ (၁၈) ရက်အထိ စူပါလင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့သတင်းကို သတင်းဌာနတွေ၊ အနုပညာမီဒီယာတွေနဲ့ မှုခင်းသတင်း ထုတ်ပြန်ချက်တွေမှာ မတွေ့ရှိရသေးပါ။
စုံစမ်းသိရှိထားချက်အရ မေလ (၁၀) ရက်ညပိုင်းက ဟာသသရုပ်ဆောင် စူပါလင်းက Hyundai starex ယာဉ် အမျိုးအစားကိုမောင်းနှင်ကာ သန်လျင်မြို့နယ်အတွင်းရှိ ၎င်းရဲ့မိဘနေအိမ်ကို သွားရောက် ခဲ့ကြောင်း၊ သန်လျင်အမှတ်(၂)တံတားမှတစ်ဆင့် သန်လျင်မြို့နယ်အတွင်းသွားရာလမ်းခရီးတစ်နေရာမှာ တစ်ဖက်ယာဉ်လမ်းကြောကလာတဲ့ ဆိုင်ကယ်ကယ်ရီတစ်စီးကို အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့ကြောင်း သိရပါတယ်။ အဲဒီဆိုင်ကယ်ကယ်ရီပေါ်မှာ ဆိုင်ကယ်ယာဉ်မောင်းအပါအဝင် လူလေးဦးလိုက်ပါလာခဲ့ရာ ယာဉ်တိုက်ခံရမှုအရှိန်ကြောင့် ဆိုင်ကယ်ကယ်ရီပေါ်ပါလာသူအမျိုးသမီးသုံးဦးသေဆုံးခဲ့ကြောင်း သတင်း ရရှိထားပြီး တစ်ဦးမှာ စူပါလင်းမောင်းနှင်လာတဲ့ Hyundai starex ယာဉ်နဲ့ တရွတ်တိုက်ချခံခဲ့ရကာ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သတင်းရရှိထားပါတယ်။ ဆိုင်ကယ် ကယ်ရီသမား ကတော့ ပေါင်ကျိုးသွားခဲ့တယ်လို့သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် စူပါလင်းဟာ သံလျင် မြို့ နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပြီး ရဲစခန်းမှ ၎င်းက ဟာသအနုပညာရှင်ဖြစ်တာကြောင့် ဟာသလူရွှင်တော် အဖွဲ့အစည်း၊ ဟာသသရုပ်ဆောင်တချို့အပြင် ၎င်းနဲ့သက်ဆိုင်သူတွေထံ ဆက်သွယ်အကြောင်းကြားခဲ့ ကြောင်း သိရှိရပါတယ်။
စူပါလင်းအနေနဲ့ ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ အရက်သေစာသောက်စားထားဟန်တူကြောင်း ၎င်းနဲ့နီးစပ်ရာအသိုင်းအဝိုင်းထံမှကြားသိထားရပါတယ်။ သက်ဆိုင်ရာရဲစခန်းမှ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့လည်း အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်တာကြောင့် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးတာလို့ယူဆမိပေမယ့် ရက်ပိုင်းကြာတဲ့အထိ သတင်းမထွက်လာတာကတော့ ထူးဆန်းမှုတစ်ခု ဖြစ်လို့နေပါတယ်။
စူပါလင်းရဲ့ယာဉ်နဲ့တိုက်မိမှုကြောင့် သေဆုံးသွားခဲ့ရသူ လူသုံးဦးနဲ့ မိသားစုဝင်တွေ အတွက် နစ်နာဆုံးရှုံးမှုက ကြီးမားလှပါတယ်။ လူတစ်ဦးရဲ့လုပ်ရပ်ကြောင့် တခြားလူသုံးဦးရဲ့ အသက်ကို ပေးဆပ်လိုက်ရသလို တစ်ဦးဒဏ်ရာပြင်းထန်ရရှိစေခဲ့မှုအတွက် တရားဥပဒေက ဘယ်လိုပြစ်ဒဏ်ချမှတ် ပြီး၊ စူပါလင်းကကော ၎င်းရဲ့မဆင်မခြင်လုပ်ရပ်အမှားအတွက် ဘယ်လို ပြန်လည်ပေးဆပ်သွားမလဲဆို တာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ စူပါလင်းက Funny King အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို သဘင် အစည်းအရုံးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းနဲ့ပတ်သက်သက်ဆိုင်တဲ့အဖွဲ့အစည်းကကော ဒီဖြစ် စဉ်ကို ဘယ်လိုမျိုး ကူညီဆောင်ရွက်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ရုပ်ရှင်လောက ပျက်နေပြီလို့ ပြောလိုက်တဲ့ ယုန်လေး
အဆိုတော် သရုပ်ဆောင် ဒါရိုက်တာ ယုန်လေးက မြန်မာ့ရုပ်ရှင်လောကပျက်စီးနေပြီလို့ ၎င်းရဲ့ ဖေ့စ်ဘွတ် လူမှုကွန်ရက်အကောင့်မှာ ရေးသားခဲ့ပါတယ်။ အနုပညာလောကမှာ မြန်မာ့ရုပ်ရှင်လောက ပျက်စီးနေပြီဆိုတဲ့ သတင်းစကားဟာ အနုပညာအသိုင်းအဝိုင်းကနေ မကြာခဏ ထွက်ပေါ်လေ့ရှိတဲ့ စကားတစ်ခွန်းဖြစ်ပြီး၊ အနုပညာသမားတွေရဲ့မဆင်မခြင်နေထိုင်မှုပုံစံတွေကြောင့် အနုပညာသမား တွေကို လူအများစုက အထင်အမြင်သေးလေ့ ရှိတတ်ကြပါတယ်။
ယုန်လေးပြောဆိုတဲ့ ရုပ်ရှင်လောက ပျက်စီးနေပြီဆိုတဲ့အကြောင်းမှာ ၎င်းတို့အချင်းချင်းကြား အနုပညာကြေး ခေါင်းပုံဖြတ်မှု၊ ရုံတင် ရုပ်ရှင်ဇာတ်ကားများ ရုံတင်ခွင့်ရရှိရေးအတွက် အလှည့်ကျော်ခံ ရမှု၊ ငွေမျက်နှာကြီးရာ ဦးစားပေးခံရခြင်း အပါအဝင် မိမိတို့ရဲ့ရုပ်ရှင်ဇာတ်ကား ရုံတင်ခွင့်ရရှိဖို့ ရုပ်ရှင်ရုံ ပိုင်ရှင်တွေနဲ့ ထုတ်လုပ်ရေးသမားတွေရဲ့လက်ဝါးချင်းရိုက် နိုင်လိုမင်းထက်ပြုကျင့်ခံရခြင်းများ၊ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့သရုပ်ဆောင်များရရှိတဲ့ အနုပညာကြေး မမျှတမှုအကြောင်းကို ရင်ဖွင့်ထားခြင်းဖြစ်ပါ တယ်။
ယုန်လေးက “အခုဆိုရင် ရုပ်ရှင်ကိုစိတ်ပျက်ပြီးမကြည့်တော့တဲ့လူတန်းစား အရမ်းများတယ်။ အဲဒီလူတန်းစားတွေ ရုပ်ရှင်ကို ပြန်အလေးထားဖို့၊ ပြန်ယုံကြည်အားပေးဖို့ (၁၅) ရက်တစ်ကား၊ တစ်လ တစ်ကားတော့ မရဘူး။ ဟို Copy လိုက် ဒီ Copy လိုက်နဲ့တော့ မရဘူး။ မင်းသားကြီးတစ်ယောက် အ သေးတစ်ယောက်၊ မင်းသမီး အကြီးတစ်ယောက် အသေးတစ်ယောက်ငှားကြလေသတည်း။ ဖောက်ပြန် ကြလေသတည်း။ သုံးယောက်က တစ်ယောက်တည်းကို ဝိုင်းကြိုက်ကြလေသတည်း။ ရွာတစ်ရွာအဖွဲ့ နှစ်ဖွဲ့ ရန်ဖြစ်ကျလေသတည်း။ အဲဒီလောက်နဲ့တော့ ပရိသတ်ကို လျှော့မတွက်သင့်ဘူးလေ” လို့ ရေးသား ခဲ့ခြင်းဖြစ်ပါတယ်။
“ ရုပ်ရှင်ဆိုတဲ့ စကားလုံးမှာ အများကြီး တန်ဖိုးရှိပါတယ်” လို့လည်း ဆိုထားပါတယ်။ ရုပ်ရှင် လောကမှာ ပေါကားနဲ့ ဟာသကားများ ကွာခြားပုံ၊ တစ်ချိန်က ဝါရင့်သရုပ်ဆောင်ကြီးများရဲ့ဟာသဇာတ် ကားတွေက ဒီနေ့အချိန်ထိ လူအများရင်ထဲ ထင်ကျန်ရစ်ခဲ့ကြောင်း၊ အခြောက်ဇာတ်ရုပ်ထည့်ရိုက်ရုံနဲ့ ဟာသကား မဖြစ်မြောက်သွားကြောင်း၊ ဇာတ်ဆောင်/ဇာတ်ပို့များရဲ့အခန်းကဏ္ဍအရေးပါပုံ စတဲ့ ရုပ်ရှင် လောကထဲက အလွဲအမှားတွေကို ရေးသားထားပါတယ်။
၎င်းရဲ့ရေးသားမှုတွေကိုလည်း ပေါကားများရိုက်ကူးခဲ့တဲ့ ပြည်ပြေးဒါရိုက်တာပြည်ဟိန်းသီဟက လည်း ပြန်လည်တုံ့ပြန်ထားသလို အပြန်အလှန်ဝေဖန်ပြောဆိုမှုတွေ ရှိလို့နေပါတယ်။ ယုန်လေးက (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ်များနောက် တပ်မတော်ထောက်ခံမှုဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ တစ်ဖက်အစွန်းရောက်အဖွဲ့ရဲ့လုပ်ကြံမှုကို အကြိမ်ကြိမ်ခံခဲ့ရသူဖြစ်ပြီး၊ သွားသတိ၊ လာသတိ၊ စားသတိနဲ့ နေထိုင်နေရသူဖြစ်ပါတယ်။

သားဖြစ်သူရဲ့ မင်္ဂလာသတင်းက အများထင်ကြေးပေးသလို မှန်ကန်ကြောင်း ဟိန်းဝေယံ ဖခင်ပြော
ရုပ်ရှင်သရုပ်ဆောင်ဟိန်းဝေယံရဲ့ဖခင် ဦးဝင်းကိုက ဟိန်းဝေယံရဲ့မွေးနေ့အလှူ အနုပညာ မီဒီယာ တွေနဲ့အင်တာဗျူးဖြေဆိုချိန်မှာ သားဖြစ်သူ ဟိန်းဝေယံရဲ့ မင်္ဂလာသတင်းက အများထင်ကြေးပေးသလို မှန်ကန်ကြောင်း အရိပ်အြွမက်ပြောပြခဲ့ပါတယ်။ အဲဒီလိုဖြေဆိုမှုရဲ့နောက်ဆက်တွဲမှာတော့ ထပ်ဆင့် အကယ်ဒမီ မင်းသမီး စိုးပြည့်သဇင်နဲ့ မင်္ဂလာသတင်းကြားရတော့မှာဖြစ်ကြောင်း အများက မှတ်ချက် ပြုခဲ့ကြပါတယ်။ “သားတို့သမီးတို့ကြားနေတဲ့ တချို့သတင်းတွေက မှန်ပါတယ်။ အားလုံးကြားချင်နေ တဲ့အတိုင်းပါ။ ဘယ်သူဘယ်ဝါဆိုတာထက် ဒီနှစ်ထဲမှာတော့ မင်္ဂလာသတင်းကြားရမှာပါ” လို့ အနုပညာ မီဒီယာတွေကိုပြောခဲ့တာပါ။ တစ်ဆက်တည်းမှာပဲ စိုးပြည့်သဇင်က ဟိန်းဝေယံရဲ့ညီမဖြစ်သူ အယ်လာ ရွှေစင်အပါအဝင် ဒီဇိုင်နာတစ်ဦးနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံထွက်ပေါ်လာခဲ့ပြီး မင်္ဂလာဝတ်စုံအတွက် တိုင်ပင်ဆွေးနွေးနေကြဟန်တူကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
ဟိန်းဝေယံနဲ့စိုးပြည့်သဇင်တို့က လွန်ခဲ့တဲ့ နှစ် (၂၀)ဝန်းကျင်ခန့်ကတည်းက အနုပညာလောက မှာ ဗီဒီယိုဇာတ်ကား၊ ကြော်ငြာ၊ ဓာတ်ပုံပိုစတာ ရိုက်ကူးမှုတွေမှာ အတွဲအများဆုံးစုံတွဲတွေဖြစ်ခဲ့ကြပါ တယ်။ အခုနောက်ပိုင်းလည်း လက်ဝတ်ရတနာဆိုင်ပရိုမိုးရှင်းပွဲတက်တွေမှာ စုံတွဲလိုက်တက်ရောက်မှု တွေက ဆက်တိုက်ဖြစ်ခဲ့ပြီး ၎င်းတို့ရဲ့ပရိသတ်တွေက သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဟိန်းဝေယံအနေ နဲ့ တစ်ချိန်က အဆိုတော်ဝိုင်းစုခိုင်သိန်းနဲ့သမီးရည်းစားပတ်သက်မှုသတင်းက ကြီးမားခဲ့ပေမယ့် နောက် ပိုင်း ဘယ်မင်းသမီးနဲ့မှ နာမည်မထွက်ခဲ့ဘဲ လူပျိုကြီးစာရင်းဝင်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ စိုးပြည့်သဇင်နဲ့ ကတော့ လူငယ်ချင်းသဘောကျကြတာထက် နှစ်ဖက်မိဘ အသိုင်းအဝိုင်းကပါသဘောတူနေကြတာကို အနုပညာအသိုင်းအဝိုင်းအပါအဝင် ပရိသတ်တွေကပါ သတိပြုမိလျက်ရှိပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာတဲ့ ဟိန်းဝေယံရဲ့မိဘနှစ်ဦးထုတ်ဖော်ပြောလိုက်တဲ့စကားကြောင့် ဟိန်းဝေယံနဲ့ စိုးပြည့် သဇင်တို့ရဲ့မင်္ဂလာသတင်းက (၅၀)ရာခိုင်နှုန်းအထက် သေချာနေကြပြီဖြစ်ပါတယ်။ မေလ (၁၂) ရက် တနင်္လာနေ့က သရုပ်ဆောင်ဟိန်းဝေယံရဲ့ အသက် (၃၆) နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့အလှူအဖြစ် ရွှေပြည်သာမြို့နယ်အတွင်းရှိ ပြည့်စုံအေးမိုးကုတ်ရိပ်သာကျောင်းတိုက်မှာ သံဃာတော်များအား ဆွမ်း ကပ်ကာ လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာျခင္းမရွိတဲ့အႏုပညာရွင္တစ္ဦးရဲ႕ယာဥ္တိုက္မႈသတင္း”
အိျဖဴ (NP News) - ေမ ၁၈
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္သတင္းေတြကေတာ့ “က်ယ္က်ယ္ ေလာင္ေလာင္ထြက္ေပၚလာျခင္းမရွိတဲ့ ယာဥ္တိုက္မႈသတင္းတစ္ခု၊ ယုန္ေလးေျပာတဲ့ ႐ုပ္ရွင္ေလာက ပ်က္စီးႏိုင္ေၾကာင္းသတင္း၊ ပရိသတ္ေတြ ထင္ေၾကးေပးသလိုျဖစ္ေၾကာင္း ဟိန္းေဝယံရဲ႕ဖခင္ အရိပ္အ ႁမြက္ေျပာ” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာျခင္းမရွိတဲ့ စူပါလင္းရဲ႕ ယာဥ္တိုက္မႈသတင္း
သဘင္အစည္းအ႐ုံး(ဗဟို)ရဲ႕အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဟာသသ႐ုပ္ေဆာင္စူပါလင္းတစ္ေယာက္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ၎နဲ႔နီးစပ္ရာအသိုင္းအဝိုင္းထံမွ ၾကား သိရပါတယ္။ ယာဥ္တိုက္မႈက (၂၀၂၅) ခုႏွစ္ ေမလ (၁၀) ရက္ညပိုင္းက ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း ကနဦးသတင္းရရွိခဲ့ကာ ေမလ (၁၈) ရက္အထိ စူပါလင္း ယာဥ္တိုက္မႈျဖစ္ပြားခဲ့တဲ့သတင္းကို သတင္းဌာနေတြ၊ အႏုပညာမီဒီယာေတြနဲ႔ မႈခင္းသတင္း ထုတ္ျပန္ခ်က္ေတြမွာ မေတြ႕ရွိရေသးပါ။
စုံစမ္းသိရွိထားခ်က္အရ ေမလ (၁၀) ရက္ညပိုင္းက ဟာသသ႐ုပ္ေဆာင္ စူပါလင္းက Hyundai starex ယာဥ္ အမ်ိဳးအစားကိုေမာင္းႏွင္ကာ သန္လ်င္ၿမိဳ႕နယ္အတြင္းရွိ ၎ရဲ႕မိဘေနအိမ္ကို သြားေရာက္ ခဲ့ေၾကာင္း၊ သန္လ်င္အမွတ္(၂)တံတားမွတစ္ဆင့္ သန္လ်င္ၿမိဳ႕နယ္အတြင္းသြားရာလမ္းခရီးတစ္ေနရာမွာ တစ္ဖက္ယာဥ္လမ္းေၾကာကလာတဲ့ ဆိုင္ကယ္ကယ္ရီတစ္စီးကို အရွိန္မထိန္းႏိုင္ဘဲဝင္တိုက္မိခဲ့ေၾကာင္း သိရပါတယ္။ အဲဒီဆိုင္ကယ္ကယ္ရီေပၚမွာ ဆိုင္ကယ္ယာဥ္ေမာင္းအပါအဝင္ လူေလးဦးလိုက္ပါလာခဲ့ရာ ယာဥ္တိုက္ခံရမႈအရွိန္ေၾကာင့္ ဆိုင္ကယ္ကယ္ရီေပၚပါလာသူအမ်ိဳးသမီးသုံးဦးေသဆုံးခဲ့ေၾကာင္း သတင္း ရရွိထားၿပီး တစ္ဦးမွာ စူပါလင္းေမာင္းႏွင္လာတဲ့ Hyundai starex ယာဥ္နဲ႔ တ႐ြတ္တိုက္ခ်ခံခဲ့ရကာ အခင္းျဖစ္ေနရာမွာတင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ရေၾကာင္း သတင္းရရွိထားပါတယ္။ ဆိုင္ကယ္ ကယ္ရီသမား ကေတာ့ ေပါင္က်ိဳးသြားခဲ့တယ္လို႔သိရပါတယ္။ ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္ စူပါလင္းဟာ သံလ်င္ ၿမိဳ႕ နယ္ရဲစခန္းမွာ အမႈဖြင့္ခံခဲ့ရၿပီး ရဲစခန္းမွ ၎က ဟာသအႏုပညာရွင္ျဖစ္တာေၾကာင့္ ဟာသလူ႐ႊင္ေတာ္ အဖြဲ႕အစည္း၊ ဟာသသ႐ုပ္ေဆာင္တခ်ိဳ႕အျပင္ ၎နဲ႔သက္ဆိုင္သူေတြထံ ဆက္သြယ္အေၾကာင္းၾကားခဲ့ ေၾကာင္း သိရွိရပါတယ္။
စူပါလင္းအေနနဲ႔ ယာဥ္တိုက္မႈျဖစ္ပြားခ်ိန္မွာ အရက္ေသစာေသာက္စားထားဟန္တူေၾကာင္း ၎နဲ႔နီးစပ္ရာအသိုင္းအဝိုင္းထံမွၾကားသိထားရပါတယ္။ သက္ဆိုင္ရာရဲစခန္းမွ တာဝန္ရွိပုဂၢိဳလ္ေတြ အေနနဲ႔လည္း အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ကို စုံစမ္းစစ္ေဆးဆဲျဖစ္တာေၾကာင့္ သတင္းထုတ္ျပန္ႏိုင္ျခင္း မရွိေသးတာလို႔ယူဆမိေပမယ့္ ရက္ပိုင္းၾကာတဲ့အထိ သတင္းမထြက္လာတာကေတာ့ ထူးဆန္းမႈတစ္ခု ျဖစ္လို႔ေနပါတယ္။
စူပါလင္းရဲ႕ယာဥ္နဲ႔တိုက္မိမႈေၾကာင့္ ေသဆုံးသြားခဲ့ရသူ လူသုံးဦးနဲ႔ မိသားစုဝင္ေတြ အတြက္ နစ္နာဆုံးရႈံးမႈက ႀကီးမားလွပါတယ္။ လူတစ္ဦးရဲ႕လုပ္ရပ္ေၾကာင့္ တျခားလူသုံးဦးရဲ႕ အသက္ကို ေပးဆပ္လိုက္ရသလို တစ္ဦးဒဏ္ရာျပင္းထန္ရရွိေစခဲ့မႈအတြက္ တရားဥပေဒက ဘယ္လိုျပစ္ဒဏ္ခ်မွတ္ ၿပီး၊ စူပါလင္းကေကာ ၎ရဲ႕မဆင္မျခင္လုပ္ရပ္အမွားအတြက္ ဘယ္လို ျပန္လည္ေပးဆပ္သြားမလဲဆို တာကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ စူပါလင္းက Funny King အဖြဲ႕ဝင္ေဟာင္းတစ္ဦးျဖစ္သလို သဘင္ အစည္းအ႐ုံးအဖြဲ႕ဝင္တစ္ဦးလည္းျဖစ္ပါတယ္။ ၎နဲ႔ပတ္သက္သက္ဆိုင္တဲ့အဖြဲ႕အစည္းကေကာ ဒီျဖစ္ စဥ္ကို ဘယ္လိုမ်ိဳး ကူညီေဆာင္႐ြက္ေျဖရွင္းမလဲဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
႐ုပ္ရွင္ေလာက ပ်က္ေနၿပီလို႔ ေျပာလိုက္တဲ့ ယုန္ေလး
အဆိုေတာ္ သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ ယုန္ေလးက ျမန္မာ့႐ုပ္ရွင္ေလာကပ်က္စီးေနၿပီလို႔ ၎ရဲ႕ ေဖ့စ္ဘြတ္ လူမႈကြန္ရက္အေကာင့္မွာ ေရးသားခဲ့ပါတယ္။ အႏုပညာေလာကမွာ ျမန္မာ့႐ုပ္ရွင္ေလာက ပ်က္စီးေနၿပီဆိုတဲ့ သတင္းစကားဟာ အႏုပညာအသိုင္းအဝိုင္းကေန မၾကာခဏ ထြက္ေပၚေလ့ရွိတဲ့ စကားတစ္ခြန္းျဖစ္ၿပီး၊ အႏုပညာသမားေတြရဲ႕မဆင္မျခင္ေနထိုင္မႈပုံစံေတြေၾကာင့္ အႏုပညာသမား ေတြကို လူအမ်ားစုက အထင္အျမင္ေသးေလ့ ရွိတတ္ၾကပါတယ္။
ယုန္ေလးေျပာဆိုတဲ့ ႐ုပ္ရွင္ေလာက ပ်က္စီးေနၿပီဆိုတဲ့အေၾကာင္းမွာ ၎တို႔အခ်င္းခ်င္းၾကား အႏုပညာေၾကး ေခါင္းပုံျဖတ္မႈ၊ ႐ုံတင္ ႐ုပ္ရွင္ဇာတ္ကားမ်ား ႐ုံတင္ခြင့္ရရွိေရးအတြက္ အလွည့္ေက်ာ္ခံ ရမႈ၊ ေငြမ်က္ႏွာႀကီးရာ ဦးစားေပးခံရျခင္း အပါအဝင္ မိမိတို႔ရဲ႕႐ုပ္ရွင္ဇာတ္ကား ႐ုံတင္ခြင့္ရရွိဖို႔ ႐ုပ္ရွင္႐ုံ ပိုင္ရွင္ေတြနဲ႔ ထုတ္လုပ္ေရးသမားေတြရဲ႕လက္ဝါးခ်င္း႐ိုက္ ႏိုင္လိုမင္းထက္ျပဳက်င့္ခံရျခင္းမ်ား၊ မင္းသား၊ မင္းသမီး၊ ဇာတ္ပို႔သ႐ုပ္ေဆာင္မ်ားရရွိတဲ့ အႏုပညာေၾကး မမွ်တမႈအေၾကာင္းကို ရင္ဖြင့္ထားျခင္းျဖစ္ပါ တယ္။
ယုန္ေလးက “အခုဆိုရင္ ႐ုပ္ရွင္ကိုစိတ္ပ်က္ၿပီးမၾကည့္ေတာ့တဲ့လူတန္းစား အရမ္းမ်ားတယ္။ အဲဒီလူတန္းစားေတြ ႐ုပ္ရွင္ကို ျပန္အေလးထားဖို႔၊ ျပန္ယုံၾကည္အားေပးဖို႔ (၁၅) ရက္တစ္ကား၊ တစ္လ တစ္ကားေတာ့ မရဘူး။ ဟို Copy လိုက္ ဒီ Copy လိုက္နဲ႔ေတာ့ မရဘူး။ မင္းသားႀကီးတစ္ေယာက္ အ ေသးတစ္ေယာက္၊ မင္းသမီး အႀကီးတစ္ေယာက္ အေသးတစ္ေယာက္ငွားၾကေလသတည္း။ ေဖာက္ျပန္ ၾကေလသတည္း။ သုံးေယာက္က တစ္ေယာက္တည္းကို ဝိုင္းႀကိဳက္ၾကေလသတည္း။ ႐ြာတစ္႐ြာအဖြဲ႕ ႏွစ္ဖြဲ႕ ရန္ျဖစ္က်ေလသတည္း။ အဲဒီေလာက္နဲ႔ေတာ့ ပရိသတ္ကို ေလွ်ာ့မတြက္သင့္ဘူးေလ” လို႔ ေရးသား ခဲ့ျခင္းျဖစ္ပါတယ္။
“ ႐ုပ္ရွင္ဆိုတဲ့ စကားလုံးမွာ အမ်ားႀကီး တန္ဖိုးရွိပါတယ္” လို႔လည္း ဆိုထားပါတယ္။ ႐ုပ္ရွင္ ေလာကမွာ ေပါကားနဲ႔ ဟာသကားမ်ား ကြာျခားပုံ၊ တစ္ခ်ိန္က ဝါရင့္သ႐ုပ္ေဆာင္ႀကီးမ်ားရဲ႕ဟာသဇာတ္ ကားေတြက ဒီေန႔အခ်ိန္ထိ လူအမ်ားရင္ထဲ ထင္က်န္ရစ္ခဲ့ေၾကာင္း၊ အေျခာက္ဇာတ္႐ုပ္ထည့္႐ိုက္႐ုံနဲ႔ ဟာသကား မျဖစ္ေျမာက္သြားေၾကာင္း၊ ဇာတ္ေဆာင္/ဇာတ္ပို႔မ်ားရဲ႕အခန္းက႑အေရးပါပုံ စတဲ့ ႐ုပ္ရွင္ ေလာကထဲက အလြဲအမွားေတြကို ေရးသားထားပါတယ္။
၎ရဲ႕ေရးသားမႈေတြကိုလည္း ေပါကားမ်ား႐ိုက္ကူးခဲ့တဲ့ ျပည္ေျပးဒါ႐ိုက္တာျပည္ဟိန္းသီဟက လည္း ျပန္လည္တုံ႔ျပန္ထားသလို အျပန္အလွန္ေဝဖန္ေျပာဆိုမႈေတြ ရွိလို႔ေနပါတယ္။ ယုန္ေလးက (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္မ်ားေနာက္ တပ္မေတာ္ေထာက္ခံမႈဆိုတဲ့အေၾကာင္းျပခ်က္တစ္ခုနဲ႔ တစ္ဖက္အစြန္းေရာက္အဖြဲ႕ရဲ႕လုပ္ႀကံမႈကို အႀကိမ္ႀကိမ္ခံခဲ့ရသူျဖစ္ၿပီး၊ သြားသတိ၊ လာသတိ၊ စားသတိနဲ႔ ေနထိုင္ေနရသူျဖစ္ပါတယ္။
သားျဖစ္သူရဲ႕ မဂၤလာသတင္းက အမ်ားထင္ေၾကးေပးသလို မွန္ကန္ေၾကာင္း ဟိန္းေဝယံ ဖခင္ေျပာ
႐ုပ္ရွင္သ႐ုပ္ေဆာင္ဟိန္းေဝယံရဲ႕ဖခင္ ဦးဝင္းကိုက ဟိန္းေဝယံရဲ႕ေမြးေန႔အလႉ အႏုပညာ မီဒီယာ ေတြနဲ႔အင္တာဗ်ဴးေျဖဆိုခ်ိန္မွာ သားျဖစ္သူ ဟိန္းေဝယံရဲ႕ မဂၤလာသတင္းက အမ်ားထင္ေၾကးေပးသလို မွန္ကန္ေၾကာင္း အရိပ္ႁအြမက္ေျပာျပခဲ့ပါတယ္။ အဲဒီလိုေျဖဆိုမႈရဲ႕ေနာက္ဆက္တြဲမွာေတာ့ ထပ္ဆင့္ အကယ္ဒမီ မင္းသမီး စိုးျပည့္သဇင္နဲ႔ မဂၤလာသတင္းၾကားရေတာ့မွာျဖစ္ေၾကာင္း အမ်ားက မွတ္ခ်က္ ျပဳခဲ့ၾကပါတယ္။ “သားတို႔သမီးတို႔ၾကားေနတဲ့ တခ်ိဳ႕သတင္းေတြက မွန္ပါတယ္။ အားလုံးၾကားခ်င္ေန တဲ့အတိုင္းပါ။ ဘယ္သူဘယ္ဝါဆိုတာထက္ ဒီႏွစ္ထဲမွာေတာ့ မဂၤလာသတင္းၾကားရမွာပါ” လို႔ အႏုပညာ မီဒီယာေတြကိုေျပာခဲ့တာပါ။ တစ္ဆက္တည္းမွာပဲ စိုးျပည့္သဇင္က ဟိန္းေဝယံရဲ႕ညီမျဖစ္သူ အယ္လာ ေ႐ႊစင္အပါအဝင္ ဒီဇိုင္နာတစ္ဦးနဲ႔အတူတြဲ႐ိုက္ထားတဲ့ဓာတ္ပုံထြက္ေပၚလာခဲ့ၿပီး မဂၤလာဝတ္စုံအတြက္ တိုင္ပင္ေဆြးေႏြးေနၾကဟန္တူေၾကာင္း ထပ္ေလာင္းအတည္ျပဳခဲ့ၾကပါတယ္။
ဟိန္းေဝယံနဲ႔စိုးျပည့္သဇင္တို႔က လြန္ခဲ့တဲ့ ႏွစ္ (၂၀)ဝန္းက်င္ခန႔္ကတည္းက အႏုပညာေလာက မွာ ဗီဒီယိုဇာတ္ကား၊ ေၾကာ္ျငာ၊ ဓာတ္ပုံပိုစတာ ႐ိုက္ကူးမႈေတြမွာ အတြဲအမ်ားဆုံးစုံတြဲေတြျဖစ္ခဲ့ၾကပါ တယ္။ အခုေနာက္ပိုင္းလည္း လက္ဝတ္ရတနာဆိုင္ပ႐ိုမိုးရွင္းပြဲတက္ေတြမွာ စုံတြဲလိုက္တက္ေရာက္မႈ ေတြက ဆက္တိုက္ျဖစ္ခဲ့ၿပီး ၎တို႔ရဲ႕ပရိသတ္ေတြက သေဘာတူခဲ့ၾကတာျဖစ္ပါတယ္။ ဟိန္းေဝယံအေန နဲ႔ တစ္ခ်ိန္က အဆိုေတာ္ဝိုင္းစုခိုင္သိန္းနဲ႔သမီးရည္းစားပတ္သက္မႈသတင္းက ႀကီးမားခဲ့ေပမယ့္ ေနာက္ ပိုင္း ဘယ္မင္းသမီးနဲ႔မွ နာမည္မထြက္ခဲ့ဘဲ လူပ်ိဳႀကီးစာရင္းဝင္ေနၿပီျဖစ္ပါတယ္။ ဒါေပမဲ့ စိုးျပည့္သဇင္နဲ႔ ကေတာ့ လူငယ္ခ်င္းသေဘာက်ၾကတာထက္ ႏွစ္ဖက္မိဘ အသိုင္းအဝိုင္းကပါသေဘာတူေနၾကတာကို အႏုပညာအသိုင္းအဝိုင္းအပါအဝင္ ပရိသတ္ေတြကပါ သတိျပဳမိလ်က္ရွိပါတယ္။ လြန္ခဲ့တဲ့ရက္ပိုင္းက ထြက္ေပၚလာတဲ့ ဟိန္းေဝယံရဲ႕မိဘႏွစ္ဦးထုတ္ေဖာ္ေျပာလိုက္တဲ့စကားေၾကာင့္ ဟိန္းေဝယံနဲ႔ စိုးျပည့္ သဇင္တို႔ရဲ႕မဂၤလာသတင္းက (၅၀)ရာခိုင္ႏႈန္းအထက္ ေသခ်ာေနၾကၿပီျဖစ္ပါတယ္။ ေမလ (၁၂) ရက္ တနလၤာေန႔က သ႐ုပ္ေဆာင္ဟိန္းေဝယံရဲ႕ အသက္ (၃၆) ႏွစ္ျပည့္ေမြးေန႔ျဖစ္ၿပီး ေမြးေန႔အလႉအျဖစ္ ေ႐ႊျပည္သာၿမိဳ႕နယ္အတြင္းရွိ ျပည့္စုံေအးမိုးကုတ္ရိပ္သာေက်ာင္းတိုက္မွာ သံဃာေတာ္မ်ားအား ဆြမ္း ကပ္ကာ လႉဖြယ္ပစၥည္းမ်ားလႉဒါန္းခဲ့တာျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။