ကမ္ဘောဒီးယားနိုင်ငံ ရှေးဟောင်းအန်ကောဝပ်ဘုရားကျောင်းမှာ မိုးကြိုးပစ်လို့ လူ ၃ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

 376

ရောင်နီ (NP News) - မေ ၁၈
ကမ္ဘောဒီးယားနိုင်ငံ ဆင်ရပ် မြို့ရှိ ရှေးဟောင်း အန်ကောဝပ် ဘုရားကျောင်းမှာ မေလ ၁၆ ရက်က မိုးကြိုးပစ်လို့ လူ ၃ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း လုံခြုံရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
အဆိုပါဖြစ်ရပ်ဟာ မေလ ၁၆ ရက်၊ ညနေ ၅ နာရီခန့် အချိန်၊ ကမ္ဘောဒီးယားနိုင်ငံသားတွေ ဘုရားကျောင်း ပေါ်မှာ ရိုးရာဓမ္မဝတ်ပြုပွဲတစ်ခုကျင်းပနေချိန်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ သေဆုံးသူ အများစုဟာ ကမ္ဘောဒီးယားနိုင်ငံသားတွေပဲ ဖြစ်တယ်လို့ သိရပါတယ်။ ပဏာမအကဲဖြတ်ချက်တွေအရ ဗိမာန်တော်နေရာမှာ မိုးကြိုးကာကွယ်ရေးစနစ် မရှိခြင်း သို့မဟုတ် ကာကွယ်မှု မလုံလောက်ခြင်းတို့ကြောင့် ဒီဖြစ်ရပ် ဖြစ်ရတယ်လို့ ဆိုပါတယ်။
သတင်းကြောင့် ခရီးသွားတွေ မလိုလားအပ်တဲ့ကြောက်ရွံ့ထိတ်လန့်မှုတွေမဖြစ်စေဖို့နဲ့ နိုင်ငံပုံရိပ်ကို ကာကွယ်နိုင်ဖို့ ဆိုရှယ်မီဒီယာပေါ်ကနေ အဆိုပါ မိုးကြိုးပစ် သတင်းကို ဖယ်ရှားလိုက်ဖို့ ကမ္ဘောဒီးယားနိုင်ငံသား အများအပြားက တောင်းဆိုနေကြပါတယ်။

Zawgyi Version:
ကေမာၻဒီးယားႏိုင္ငံ ေရွးေဟာင္းအန္ေကာဝပ္ဘုရားေက်ာင္းမွာ မိုးႀကိဳးပစ္လို႔ လူ ၃ ဦး ေသဆုံးၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရ
ေရာင္နီ (NP News) - ေမ ၁၈
ကေမာၻဒီးယားႏိုင္ငံ ဆင္ရပ္ ၿမိဳ႕ရွိ ေရွးေဟာင္း အန္ေကာဝပ္ ဘုရားေက်ာင္းမွာ ေမလ ၁၆ ရက္က မိုးႀကိဳးပစ္လို႔ လူ ၃ ဦး ေသဆုံးၿပီး ဒါဇင္နဲ႔ခ်ီ ဒဏ္ရာရခဲ့တယ္လို႔ ေဒသတြင္း လုံၿခဳံေရးသတင္းရင္းျမစ္ေတြက ဆိုပါတယ္။
အဆိုပါျဖစ္ရပ္ဟာ ေမလ ၁၆ ရက္၊ ညေန ၅ နာရီခန႔္ အခ်ိန္၊ ကေမာၻဒီးယားႏိုင္ငံသားေတြ ဘုရားေက်ာင္း ေပၚမွာ ႐ိုးရာဓမၼဝတ္ျပဳပြဲတစ္ခုက်င္းပေနခ်ိန္မွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။ ေသဆုံးသူ အမ်ားစုဟာ ကေမာၻဒီးယားႏိုင္ငံသားေတြပဲ ျဖစ္တယ္လို႔ သိရပါတယ္။ ပဏာမအကဲျဖတ္ခ်က္ေတြအရ ဗိမာန္ေတာ္ေနရာမွာ မိုးႀကိဳးကာကြယ္ေရးစနစ္ မရွိျခင္း သို႔မဟုတ္ ကာကြယ္မႈ မလုံေလာက္ျခင္းတို႔ေၾကာင့္ ဒီျဖစ္ရပ္ ျဖစ္ရတယ္လို႔ ဆိုပါတယ္။
သတင္းေၾကာင့္ ခရီးသြားေတြ မလိုလားအပ္တဲ့ေၾကာက္႐ြံ႕ထိတ္လန႔္မႈေတြမျဖစ္ေစဖို႔နဲ႔ ႏိုင္ငံပုံရိပ္ကို ကာကြယ္ႏိုင္ဖို႔ ဆိုရွယ္မီဒီယာေပၚကေန အဆိုပါ မိုးႀကိဳးပစ္ သတင္းကို ဖယ္ရွားလိုက္ဖို႔ ကေမာၻဒီးယားႏိုင္ငံသား အမ်ားအျပားက ေတာင္းဆိုေနၾကပါတယ္။

Related news

© 2021. All rights reserved.