ငလျင်ပြီးနောက် မြင်ရခဲသော ထူးခြားသည့်ဟန်ပန်ဖြင့် ပေါ်ထွက်လာသော ကြေးဆင်းတုတော်တစ်ဆူ ကိုနိုင်ငံတော်အဆင့် ထိန်းသိမ်းရန်လို

 22573

စော (NP News)မေ-၂၀
ငလျင်ပြီးနောက် မြင်ရခဲသော ထူးခြားသည့်ဟန်ပန်ဖြင့် ကြေးဆင်းတုတော်တစ်ဆူပေါ်ထွက် လာရာ နိုင်ငံတော်အဆင့်ထိန်းသိမ်းရန်လိုကြောင်း ရှေးဟောင်းသုတေသီ၊ စာရေးဆရာ ဗိုလ်ရှိတ် (ရတနာပူရ) က NP News ကို ပြောသည်။
အဆိုပါရုပ်ပွားတော်ကို မေလ (၁၁)ရက်က မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၊ တဲတော် ရာရပ်၊ ရွှေသာလျောင်းဘုရားအတွင်းမှ စေတီငယ် တစ်ဆူပြိုကျရာမှ တွေ့ရှိခဲ့ခြင်းဖြစ်၍ အဆိုပါရုပ်ပွား တော်တွင် ထီးကိုင်မကိုဋ်ဆောင်းဗြဟ္မာရုပ်(၂)ရုပ်၊ ခရုသင်းနှင့် သားမြီးယပ်ကိုင်သကြားရုပ်၊ သာဝက(၆) ပါး ရှိခိုး နေဟန်အရုပ်တို့လည်းပါဝင်ကြောင်း သိရသည်။ အထူးခြားဆုံးမှာ ဘုရားရုပ်ပွားတော်တွင် ယပ် တော်ကိုင်ထားခြင်းဖြစ်ပြီး ယင်းမုဒြာဟန်မှာ အလွန်ရှားပါးကာ ကုန်းဘောင်ခေတ်ဦးပိုင်းတွင် တိုင်းပြည် ငြိမ်းချမ်းသာယာစေလိုသောသဘောဖြင့် သွန်းလုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
“အခုတွေ့ခဲ့တဲ့ ကြေးဆင်းတုရုပ်ပွား တော်ဆိုရင် နိုင်ငံတော်အဆင့် ထိန်းသိမ်းရမှာဖြစ် တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုပ်ပွားတော်မျိုးက ရှားလွန်းအားကြီးလွန်းလို့လေ။ လက်ရာအနေနဲ့ တအားရှား တဲ့ ရုပ်ပွားတော်ဖြစ်တဲ့အတွက်ထိန်းသိမ်း ဖို့လိုတယ်။ ဒီရုပ်ပွားတော်မျိုး နှစ်ဆူတွေ့ရင်တောင် အင်္ဂါအစုံ တွေ့ဖို့ဆိုတာ မလွယ်တော့ဘူး။ ဒါကြောင့် ဒီရုပ်ပွားတော်က နိုင်ငံတော်အဆင့်ပြတိုက်ကြီး တွေမှာသော် လည်းကောင်း၊ အင်းဝပြတိုက်ကြီးတွေမှာသော်လည်းကောင်း ထိန်းသိမ်းထားသင့်တဲ့ ရုပ်ပွားတော်လို့ ပြောချင်ပါတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် အဆိုပါရုပ်ပွားတော်ကို တံတားဦးမြို့နယ် မဟာရွှေသာလျောင်း (ပေါင်းလဲကြီး ဘု ရား)ရှိ ဂေါပကများက ယာယီထိန်းသိမ်းထားကြောင်း သိရသည်။
ထို့ပြင် မန္တလေးတွင် ငလျင်ကြောင့် ပြိုပျက်နေသော စေတီများအတွင်းမှ မူလစေတီငယ်ကို ငုံပြီး တည်ထားသည့် နှစ်ထပ်စေတီ (၁၃)ဆူနှင့် ပင်းယတွင် သုံးထပ်လိုဏ်ဂူဘုရား (၃)စုကိုလည်း တွေ့ရှိ ခဲ့ရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
“ပြန်ပြင်တဲ့အခါကျရင်တော့ ‌ရှေးမူမပျက် ထိန်းသိမ်းမှုကို ဦးစားပေးပြီးတော့ နှစ်ထပ်စေတီကို နှစ်ထပ်လုံးမြင်ရအောင်မျိုးတွေ ထိန်းသိမ်းသင့်တယ်ပေါ့။ အပေါ်ကနေ ပိတ်လွှာလောင်းမယ်။ ဆက်မပြို အောင်လို့ အနားပိတ်ကြားပိတ်တွေလုပ်မယ်။ ဒါမျိုး ထိန်းရမှာပေါ့။ ဒါမျိုးထိန်းမယ်ဆို အတွင်းစေတီ လည်း မြင်ရတယ်။ အပြင်စေတီလည်း မြင်ရတယ်။ အဲဒီလို ရှေးဟောင်းလက်ရာမြင်ရမှာသာလျှင် ဒီ ဘုရားတွေက နိုင်ငံခြားသားဧည့်သည်တွေအတွက် အထူးစိတ်ဝင်စားစရာနေရာတစ်ခု ဖြစ်လာနိုင်တယ် ပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

Zawgyi Version:
ငလ်င္ၿပီးေနာက္ ျမင္ရခဲေသာ ထူးျခားသည့္ဟန္ပန္ျဖင့္ ေပၚထြက္လာေသာ ေၾကးဆင္းတုေတာ္တစ္ဆူ ကိုႏိုင္ငံေတာ္အဆင့္ ထိန္းသိမ္းရန္လို
ေစာ (NP News)ေမ-၂၀
ငလ်င္ၿပီးေနာက္ ျမင္ရခဲေသာ ထူးျခားသည့္ဟန္ပန္ျဖင့္ ေၾကးဆင္းတုေတာ္တစ္ဆူေပၚထြက္ လာရာ ႏိုင္ငံေတာ္အဆင့္ထိန္းသိမ္းရန္လိုေၾကာင္း ေရွးေဟာင္းသုေတသီ၊ စာေရးဆရာ ဗိုလ္ရွိတ္ (ရတနာပူရ) က NP News ကို ေျပာသည္။
အဆိုပါ႐ုပ္ပြားေတာ္ကို ေမလ (၁၁)ရက္က မႏၲေလးတိုင္းေဒသႀကီး တံတားဦးၿမိဳ႕၊ တဲေတာ္ ရာရပ္၊ ေ႐ႊသာေလ်ာင္းဘုရားအတြင္းမွ ေစတီငယ္ တစ္ဆူၿပိဳက်ရာမွ ေတြ႕ရွိခဲ့ျခင္းျဖစ္၍ အဆိုပါ႐ုပ္ပြား ေတာ္တြင္ ထီးကိုင္မကိုဋ္ေဆာင္းျဗဟၼာ႐ုပ္(၂)႐ုပ္၊ ခ႐ုသင္းႏွင့္ သားၿမီးယပ္ကိုင္သၾကား႐ုပ္၊ သာဝက(၆) ပါး ရွိခိုး ေနဟန္အ႐ုပ္တို႔လည္းပါဝင္ေၾကာင္း သိရသည္။ အထူးျခားဆုံးမွာ ဘုရား႐ုပ္ပြားေတာ္တြင္ ယပ္ ေတာ္ကိုင္ထားျခင္းျဖစ္ၿပီး ယင္းမုျဒာဟန္မွာ အလြန္ရွားပါးကာ ကုန္းေဘာင္ေခတ္ဦးပိုင္းတြင္ တိုင္းျပည္ ၿငိမ္းခ်မ္းသာယာေစလိုေသာသေဘာျဖင့္ သြန္းလုပ္ျခင္းျဖစ္ႏိုင္ေၾကာင္း ၎ကဆိုသည္။
“အခုေတြ႕ခဲ့တဲ့ ေၾကးဆင္းတု႐ုပ္ပြား ေတာ္ဆိုရင္ ႏိုင္ငံေတာ္အဆင့္ ထိန္းသိမ္းရမွာျဖစ္ တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ႐ုပ္ပြားေတာ္မ်ိဳးက ရွားလြန္းအားႀကီးလြန္းလို႔ေလ။ လက္ရာအေနနဲ႔ တအားရွား တဲ့ ႐ုပ္ပြားေတာ္ျဖစ္တဲ့အတြက္ထိန္းသိမ္း ဖို႔လိုတယ္။ ဒီ႐ုပ္ပြားေတာ္မ်ိဳး ႏွစ္ဆူေတြ႕ရင္ေတာင္ အဂၤါအစုံ ေတြ႕ဖို႔ဆိုတာ မလြယ္ေတာ့ဘူး။ ဒါေၾကာင့္ ဒီ႐ုပ္ပြားေတာ္က ႏိုင္ငံေတာ္အဆင့္ျပတိုက္ႀကီး ေတြမွာေသာ္ လည္းေကာင္း၊ အင္းဝျပတိုက္ႀကီးေတြမွာေသာ္လည္းေကာင္း ထိန္းသိမ္းထားသင့္တဲ့ ႐ုပ္ပြားေတာ္လို႔ ေျပာခ်င္ပါတယ္”ဟု ၎ကေျပာသည္။
လက္ရွိတြင္ အဆိုပါ႐ုပ္ပြားေတာ္ကို တံတားဦးၿမိဳ႕နယ္ မဟာေ႐ႊသာေလ်ာင္း (ေပါင္းလဲႀကီး ဘု ရား)ရွိ ေဂါပကမ်ားက ယာယီထိန္းသိမ္းထားေၾကာင္း သိရသည္။
ထို႔ျပင္ မႏၲေလးတြင္ ငလ်င္ေၾကာင့္ ၿပိဳပ်က္ေနေသာ ေစတီမ်ားအတြင္းမွ မူလေစတီငယ္ကို ငုံၿပီး တည္ထားသည့္ ႏွစ္ထပ္ေစတီ (၁၃)ဆူႏွင့္ ပင္းယတြင္ သုံးထပ္လိုဏ္ဂူဘုရား (၃)စုကိုလည္း ေတြ႕ရွိ ခဲ့ရေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳး သားျပတိုက္ဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
“ျပန္ျပင္တဲ့အခါက်ရင္ေတာ့ ‌ေရွးမူမပ်က္ ထိန္းသိမ္းမႈကို ဦးစားေပးၿပီးေတာ့ ႏွစ္ထပ္ေစတီကို ႏွစ္ထပ္လုံးျမင္ရေအာင္မ်ိဳးေတြ ထိန္းသိမ္းသင့္တယ္ေပါ့။ အေပၚကေန ပိတ္လႊာေလာင္းမယ္။ ဆက္မၿပိဳ ေအာင္လို႔ အနားပိတ္ၾကားပိတ္ေတြလုပ္မယ္။ ဒါမ်ိဳး ထိန္းရမွာေပါ့။ ဒါမ်ိဳးထိန္းမယ္ဆို အတြင္းေစတီ လည္း ျမင္ရတယ္။ အျပင္ေစတီလည္း ျမင္ရတယ္။ အဲဒီလို ေရွးေဟာင္းလက္ရာျမင္ရမွာသာလွ်င္ ဒီ ဘုရားေတြက ႏိုင္ငံျခားသားဧည့္သည္ေတြအတြက္ အထူးစိတ္ဝင္စားစရာေနရာတစ္ခု ျဖစ္လာႏိုင္တယ္ ေပါ့”ဟု ၎ကဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.