ပုပ်ရဟန်းမင်းကြီး လီယို-၁၄ အဖြစ် ရွေးချယ်ခံရတဲ့ ပရီဗို့စ် အကြောင်း တစေ့တစောင်း

864

ဂျန်ဇက် (NP News) မေ - ၂၀
ကွယ်လွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နေရာမှာ အစားထိုးဖို့ မေလ (၈)ရက်မှာ ပုပ်ရဟန်း မင်းကြီးအသစ်ရွေးချယ်ပွဲကို ကျင်းပခဲ့ပြီး ကာဒီနယ် ရောဘတ် ဖရန်စစ် ပရီဗို့စ်ကို ပုပ်ရဟန်းမင်းကြီး အသစ်အဖြစ် ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။ မေလ (၈)ရက်ကကျင်းပခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး အသစ်ရွေးချယ်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း (၇၀) ကျော်လောက်က ကာဒီနယ် (၁၃၃) ဦးတက်ရောက်မဲပေး ရွေးချယ်ခဲ့ပြီး အဲဒီကာဒီနယ် (၁၃၃)ဦးအနက် သုံးပုံ နှစ်ပုံက ရောဘတ်ဖရန်စစ် ပရီဗို့စ်ဟာ ပုပ်ရဟန်း မင်းကြီးအသစ်အဖြစ် မဲပေးရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ရောဘတ် ဖရန်စစ် ပရီဗိုစ့်ဟာ ရိုမန် ကက်သလစ်ဘာဝင်တွေရဲ့ (၂၆၇) ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရသလို ပုပ်ရဟန်း မင်းကြီး Leo XIV ဟူသောအမည်နဲ့ ရွေးကောက် တင်မြှောက်ခြင်းခံရပြီး သမိုင်းတွင်ခဲ့တာဖြစ်ပါတယ်။ “Leo XIV ” ဆိုတဲ့အမည်ဟာ “ Rerum Novarum” မှ စွယ်စုံကျမ်းဖြစ်တဲ့ “ Rerum Novarum” ကတစ် ဆင့် အလုပ်သမားတွေရဲ့အခွင့်အရေးနဲ့ လူမှုရေးတရားမျှတမှုကို ထောက်ခံအားပေးမှုအဖြစ်လူသိများပြီး ခေတ်ပြိုင်လူမှုရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ခေတ်သစ် ကမ္ဘာနဲ့ ခရစ်ယာန်ချက်စ် ကျောင်း တွေကြားထိ တွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်ဖို့ ကတိ ကဝတ်တစ်ခုလို့ အဓိပ္ပာယ်ရပါတယ်။ ပုပ်ရဟန်းမင်း ကြီးဆိုတာဟာအီတလီနိုင်ငံ ရောမမြို့ရဲ့ဂိုဏ်းအုပ် ဆရာတော် (Bishop of Rome) ဖြစ် ပြီး ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်အသင်းတော်တို့ရဲ့ နာယကဆ ရာတော်လည်းဖြစ်သလို အမြင့်မြတ် ဆုံးသောပုပ်ရဟန်းမင်းကြီး၊ ရောမပုပ်ရဟန်းမင်း၊ သို့မဟုတ် အချုပ် အခြာအာဏာပိုင် ပုပ်ရဟန်းမင်းကြီး ဟုလည်း လူသိများပါတယ်။ ရောဘတ် ဖရန်စစ် ပရီဗို့စ်ဟာ အမေရိ ကန်နိုင်ငံမှာမွေးဖွားခဲ့သူတစ်ဦး ဖြစ် တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာ ကက်သလစ် အသိုက်အဝန်းအတွင်း လေးနက်စွာ ပဲ့တင်ထပ်နေတဲ့ အမေရိ ကန်ပြည်ထောင်စုရဲ့ ပုပ်ရဟန်းမင်းကြီးအထိ ပထမဦးဆုံးအကြိမ် တက်လှမ်းတဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ ရောဘတ်ဖရန်စစ်ပရီဗို့စ်ဟာ (၁၉၅၅) ခုနှစ် စက်တင် ဘာ (၁၄)ရက်က အမေရိကန် နိုင်ငံ ချီကာဂို ပြည်နယ် အီလီနွိုက်မှာမွေးဖွားခဲ့ပြီး ငယ်စဉ်ကလေး ဝတည်းက ဘာသာရေးကိုလေ့လာ လိုက် စားခဲ့သူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ၎င်းဟာ (၁၉၇၇) ခုနှစ်တွင် Villanova တက္ကသိုလ်ကနေ သင်္ချာသိပ္ပံဘွဲ့ကို ရရှိခဲ့ပြီးနောက်ပိုင်း Catholic Theological Union မှာ ခရစ်ယာန်ဓမ္မကျမ်းစာတွေကို လေ့လာ သင်ယူခဲ့သူဖြစ်ပါတယ်။ ငယ်စဉ် ကလေးဘဝကို မိသားစုနဲ့အတူ ကုန်ဆုံးခဲ့တဲ့ ပရီဗို့စ်မှာ မွေး ချင်းသုံးဦး ရှိပြီး ၎င်းမှာ လူဝစ်အော်စတင်နဲ့ ဂျွန်ဂျိုဆပ်အမည် ရှိ ညီနှစ်ဦးရှိပါတယ်။ အသက်(၂၇) နှစ် အရွယ်မှာ ပရီဗို့စ်ဟာ အီတလီနိုင်ငံရောမမြို့ကိုသွားရောက်ပြီး ခရစ်ယာန်ဘာသာနဲ့ပတ်သက်ပြီး ကျမ်း စာတွေ၊ စည်း ကမ်းတွေကိုလေ့လာသင်ယူခဲ့ပါတယ်။ ခရစ်ယာန် ဓမ္မကျမ်းစာတွေကိုလေ့လာသင်ယူခဲ့ပြီး နောက် (၁၉၈၂) ခုနှစ်မှာ ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး (၁၉၈၅)ခုနှစ်မှာ ပီရူး နိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ ခရစ်ယာန်သာသာပြု လုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ ပီရူးနိုင်ငံ မှာ နေထိုင်ချိန်အတွင်း လူမူအသိုင်း အဝိုင်းကနေ ဖယ်ကြဉ်ထားရသူတွေနဲ့အတူ အလုပ်တွေလုပ်ကိုင် ခဲ့ပြီးသူရဲ့ဘဝကို မြှုပ်နှံခဲ့ပါတယ်။ ပီရူး နိုင်ငံမှာ နေထိုင်ခဲ့ပြီးနောက် ပရီဗို့စ်ဟာ အမေရိကန်နိုင်ငံကို ပြန် လာခဲ့ပြီး အမေရိကန်နိုင်ငံကနေ ပီရူး နိုင်ငံအနောက်မြောက်ပိုင်း Trujillo အရပ်ဒေသကို တစ်ကျော့ပြန် သွားရောက်ခဲ့ကာ လူငယ်တွေကို လေ့ကျင့်သင်ကြားပေးတာ၊ ကျန်းဂန်နည်းဥပဒေတွေကို သင်ကြားပေး တာတွေလုပ်ဆောင်ခဲ့တယ် လို့သိရပါတယ်။ (၂၀၁၄)ခုနှစ်မှာ အမေရိကန်နိုင်ငံကို ပြန်လာခဲ့ပေမယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ပီရူးနိုင်ငံကို ထပ်မံစေလွှတ်ခဲ့ပြီး ပီရူးနိုင်ငံ Chiclayo ဒေသရဲ့ခရစ်ယာန် ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခံခဲ့ ရပါ တယ်။ အသက် (၆၉)နှစ်အရွယ်ရှိ ရောဘတ် ဖရန်စစ် ပရီဗိုစ့်ဟာ ပီရူး နိုင်ငံမှာ (၁၀)နှစ်ကြာ ရှိနေချိန် အတွင်း ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေ၊ လူထုအကျိုးပြု လုပ်ငန်း တွေ အဓိကထားဆောင်ရွက်ခဲ့ပြီး လူအများရဲ့ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ပရီဗိုစ့် ဟာ (၂၀၁၅)ခုနှစ်မှာ ပီရူးနိုင်ငံသားအဖြစ် အသိမှတ်ပြုခံရပြီး ပီရူးနိုင်ငံဟာ ပရီဗိုစ့်အတွက် ဒုတိယ မြောက်မွေးရပ်မြေသဖွယ်ဖြစ်လာခဲ့ပါတယ်။ ပရီဗိုစ့်ဟာ Superior General of the Augustinians အဖြစ် (၂)ကြိမ်ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပြီး (၂၀၂၃)ခုနှစ်မှာ ပုပ်ရဟန်း မင်းကြီးဖရန်စစ်က ပရီဗို့စ် ကို ကာဒီနယ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့တယ်လို့သိရပါတယ်။ ပုပ်ရဟန်း မင်းကြီးအသစ် ဖြစ်လာတဲ့ အသက် (၆၉)နှစ်အရွယ် ကာဒီနယ် ရောဘတ် ဖရန်စစ် ပရီဗို့စ်ဟာ အမေရိကန် ချီကာဂိုဇာတိဖြစ်ပေမယ့် စပိန်၊ ပြင်သစ်စကား၊ အီ တလီစကားတွေ ကျွမ်းကျင်စွာပြောဆိုနိုင်တဲ့သူ၊ ပြင်သစ်၊ စပိန်၊ အီတလီ နွယ် ဖွား အဆက်အနွယ်တွေ၊ ဟေတီနိုင်ငံက လူမည်းအဆက်အနွှယ်တွေကနေ သွေးနှောဆင်းသက်လာသူ ဖြစ်တယ်လို့ တွေ့ရပါ တယ်။ ဒါ့ပြင် တောင်အမေရိကတိုက်ကနေ ပီရူးနိုင်ငံ ရဲ့ ဝေးလံခေါင်ဖျားဒေသ တွေမှာ အခက်အခဲများ စွာရင်ဆိုင်ပြီး ခရစ်ယာန်သာသနာ့တာဝန်တွေ ထမ်းဆောင်လာခဲ့သူလည်း ဖြစ် ပါတယ်။ ဒါကြောင့်လည်း အီတလီမီဒီယာတွေက သူ့ကို အမေရိကန် မဆန်ဆုံးအမေရိကန် ပုပ်ရဟန်း မင်းကြီးလို့ ညွှန်းတာဖြစ်နိုင်ပါတယ်။ ၎င်းဟာ ပီရူးနိုင်ငံ Chiclayo ရဲ့ ခရစ်ယာန်ဆရာတော်အဖြစ် တာဝန်ယူခဲ့ဖူးသလို (၂၀၂၃)ခုနှစ်မှာ ပီရူးနိုင်ငံရဲ့ခရစ်ယာန်ဂိုဏ်းချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ရောဘတ်ဖရန်စစ်ပရီဗို့စ်ဟာ ပီရူးနိုင်ငံခရစ်ယာန်ဂိုဏ်းချုပ်အဖြစ်ခန့်အပ်ခံရပြီး နောက်လ အနည်းငယ် အကြာမှာပဲ ကာဒီနယ်အဖြစ် ထပ်မံခန့်အပ်ခံရတယ်လို့ သိရပါတယ်။ ပုပ်ရဟန်းမင်း ကြီးအသစ်အဖြစ် တာဝန်ယူမယ့် ပရီဗို့စ်က “ကျွန်တော့်ကို အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့တယ်။ ကျွန်တော့်အဘိုး အဘွား တွေက ပြင်သစ်နဲ့ စပိန်လူမျိုးတွေ ဖြစ်ကာရွှေ့ပြောင်းသွားလာခဲ့သူဖြစ်တယ်။ ကျွန်တော့် မိဘနှစ်ပါးဟာ ခရစ်ယာန်သာသာနဲ့ပတ်သက်ပြီး လေ့လာလိုက်စားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပရီဗို့စ်ဟာ အမေရိ ကန်နိုင်ငံမှာမွေးဖွားခဲ့ပေမယ့် ပုပ်ရဟန်းမင်းကြီးသမိုင်းမှာ အမေရိကတိုက်သမိုင်းမှာ ပုပ်ရဟန်း မင်းကြီး ဖရန်စစ်ပြီးရင် ဒုတိယမြောက်ပုပ် ရဟန်းမင်းကြီးဖြစ်လာခဲ့သူဖြစ်ပါတယ်။
ပရီဗို့စ်ဟာ စကားပြောဆိုရာမှာခက်ထန်မာ ကျောမှုမရှိဘဲ ပျော့ပြောင်းညင်သာသူဖြစ်ပြီး စဉ်းစား တွေးခေါ်နိုင်စွမ်းမြင့်မားသူတစ်ဦးဖြစ်သလို ခရစ် ယာန်ဘာသာတိုးတက်ရေးအတွက် ကြိုးပမ်းတည် ဆောက်သူတစ်ဦးအဖြစ် ရူမြင်ခံခဲ့ ရပါတယ်။ ゞင်းဟာ လူ့အဖွဲ့အစည်း၊ မိသားစုအဖွဲ့အစည်း၊ ဘာသာ ရေးအဖွဲ့စည်းတွေမှာ တာဝန်ယူခြင်းတာဝန်ခံခြင်းရှိ သလို စိတ်စေတနာကောင်းမွန်သူတစ်ဦးဖြစ်တယ် လို့ ချီးကျူးခံနေရသူဖြစ်ပါတယ်။ ပရီဗိုစ့်ဟာ ခရစ်ယာန် သာသနာ ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် ယခင်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လိုမျိုး ပြုပြင်ပြောင်းလဲရေးကို လိုလားသူတစ်ဦးအဖြစ် သုံးသပ် ပြောဆို ခံနေရသူဖြစ်ပါတယ်။ ပရီဗို့စ်ဟာ မေလ (၈)ရက်မှာ ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခံရပြီးနောက် စိန့်ပီတာရင်ပြင်ရှိ လူအုပ်ကို ပထမဆုံးနှုတ်ခွန်းဆက် တဲ့အခါမှာလည်း ငြိမ်းချမ်းရေးနဲ့ တံတားခင်းပေါင်း ကူးရေးတွေ၊ အားလုံးအတွက် တံခါးဖွင့်ထားတဲ့ဘုရားကျောင်း ဖြစ်ရေးတွေကို ဦးစားပေးပြောဆိုခဲ့တာကို တွေ့ရပါတယ်။
မေလ (၁၁)ရက်က ကျင်းပခဲ့တဲ့ နှုတ်ခွန်း ဆက်စကားပြောဆိုပွဲမှာ ပရီဗို့စ်ဟာ ယူကရိန်းနဲ့ ဂါဇာ က စစ်ပွဲတွေရပ်ဆိုင်းဖို့ တောင်းဆိုခဲ့သလို တတိယကမ္ဘာစစ် မဖြစ်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပန် ကြားခဲ့ပါတယ်။ ယူကရိန်းက အကျဉ်းသား တွေ ဖမ်းဆီးခံ ကလေးငယ်တွေ ပြန်လည်လွတ်မြောက်လာ စေဖို့ ဆုတောင်းပေးခဲ့သလို ဂါဇာကမ်းမြောင် ဒေသမှာ တိုက်ပွဲတွေရပ်ပြီး လူသားချင်းစာနာမှု အကူ အညီတွေပေးအပ်နိုင်ဖို့ တောင်းဆိုပါတယ်။ အပစ်အခတ် ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စ တန်တို့ကိုလည်း ချီးမွမ်းလိုက်ပါတယ်။ ပုပ်ရ ဟန်းမင်းကြီး သမိုင်းတစ်လျှောက်မှာ ပုပ်ရဟန်းမင်းကြီး အဖြစ် တာဝန်ယူခဲ့သူ (၂၆၇)ဦး အနက် (၂၀ဝ) ဦးက အီတလီနိုင်ငံမှာ မွေးဖွားခဲ့သူတွေဖြစ်ပြီး ရောဘတ် ပရီဗို့စ်ကတော့ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ရာ အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ ပထမဆုံး ပုပ်ရ ဟန်းမင်းကြီးအဖြစ် သမိုင်းစံချိန်အသစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ညီဖြစ်သူ ဂျွန်ရီဗို့စ် က “ရောဘတ်ပရီဗို့စ်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ခြေရာနင်းနိုင်မယ့်သူမျိုးဖြစ်တယ်” လို့ ပြောပါတယ်။ ရောဘတ်ပရီဗို့စ်ဟာ ခရစ်ယာန်ဘာသာဝင် (၁ ဒသမ ၄) ဘီလျံကို ခေါင်းဆောင်ရမယ့် ဘာသာ ရေးခေါင်းဆောင်ကြီးအဖြစ် ရွေးကောက်ခံထားရပြီဖြစ် ရာ ပုပ်ရဟန်းမင်းကြီးအဖြစ်တာဝန်ယူချိန်အတွင်း ခရစ်ယာန်သာသနာ တိုးတက်ရေးအတွက် ဘယ်လို မျိုး စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ ပရီဗို့စ်ဟာ ပုပ်ရဟန်း မင်းကြီးအဖြစ် ရွေးကောက်ခံရပြီးနောက် နုတ်ခွန်းဆက်ပွဲကိုတက်ရောက်လာတဲ့ လူပေါင်းသိန်းချီကို စကားပြောဆိုရာမှာ ငြိမ်းချမ်းရေးစကားတွေကို အဓိကထားပြောဆိုခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအဖြစ် တာ ဝန်ယူချိန်အတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်လာ အောင် ဘယ်လောက်အထိ စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကွယ်လွန်သူပုပ်ရဟန်းမင်းကြီး ဟောင်း ဖရန်စစ်ရဲ့စကားအတိုင်း နောက်ထပ်စစ်ပွဲတွေကို ရှောင်ရှားဖို့ ကမ္ဘာတစ်ဝန်းက ခေါင်းဆောင်တွေကို တောင်းဆိုခဲ့ရာ ပုပ်ရဟန်းမင်းကြီးအဖြစ်တာဝန်ယူချိန်အတွင်း ကမ္ဘာတစ်ဝန်းမှာ တတိယ ကမ္ဘာစစ် မဖြစ်ဖို့နဲ့ စစ်ပွဲတွေထပ်မံမဖြစ်အောင် ဘယ်လိုစွမ်းဆောင်ပေးမလဲဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါ တယ်။

Zawgyi Version:
ပုပ္ရဟန္းမင္းႀကီး လီယို-၁၄ အျဖစ္ ေ႐ြးခ်ယ္ခံရတဲ့ ပရီဗို႔စ္ အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) ေမ - ၂၀
ကြယ္လြန္သြားတဲ့ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ ေနရာမွာ အစားထိုးဖို႔ ေမလ (၈)ရက္မွာ ပုပ္ရဟန္း မင္းႀကီးအသစ္ေ႐ြးခ်ယ္ပြဲကို က်င္းပခဲ့ၿပီး ကာဒီနယ္ ေရာဘတ္ ဖရန္စစ္ ပရီဗို႔စ္ကို ပုပ္ရဟန္းမင္းႀကီး အသစ္အျဖစ္ ေ႐ြးခ်ယ္လိုက္တယ္လို႔ သိရပါတယ္။ ေမလ (၈)ရက္ကက်င္းပခဲ့တဲ့ ပုပ္ရဟန္းမင္းႀကီး အသစ္ေ႐ြးခ်ယ္ပြဲကို ကမာၻ႔ႏိုင္ငံေပါင္း (၇၀) ေက်ာ္ေလာက္က ကာဒီနယ္ (၁၃၃) ဦးတက္ေရာက္မဲေပး ေ႐ြးခ်ယ္ခဲ့ၿပီး အဲဒီကာဒီနယ္ (၁၃၃)ဦးအနက္ သုံးပုံ ႏွစ္ပုံက ေရာဘတ္ဖရန္စစ္ ပရီဗို႔စ္ဟာ ပုပ္ရဟန္း မင္းႀကီးအသစ္အျဖစ္ မဲေပးေ႐ြးခ်ယ္ခံလိုက္ရတာ ျဖစ္ပါတယ္။ ေရာဘတ္ ဖရန္စစ္ ပရီဗိုစ့္ဟာ ႐ိုမန္ ကက္သလစ္ဘာဝင္ေတြရဲ႕ (၂၆၇) ႀကိမ္ေျမာက္ ပုပ္ရဟန္းမင္းႀကီးအျဖစ္ေ႐ြးခ်ယ္ခံရသလို ပုပ္ရဟန္း မင္းႀကီး Leo XIV ဟူေသာအမည္နဲ႔ ေ႐ြးေကာက္ တင္ေျမႇာက္ျခင္းခံရၿပီး သမိုင္းတြင္ခဲ့တာျဖစ္ပါတယ္။ “Leo XIV ” ဆိုတဲ့အမည္ဟာ “ Rerum Novarum” မွ စြယ္စုံက်မ္းျဖစ္တဲ့ “ Rerum Novarum” ကတစ္ ဆင့္ အလုပ္သမားေတြရဲ႕အခြင့္အေရးနဲ႔ လူမႈေရးတရားမွ်တမႈကို ေထာက္ခံအားေပးမႈအျဖစ္လူသိမ်ားၿပီး ေခတ္ၿပိဳင္လူမႈေရး ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းဖို႔နဲ႔ ေခတ္သစ္ ကမာၻနဲ႔ ခရစ္ယာန္ခ်က္စ္ ေက်ာင္း ေတြၾကားထိ ေတြ႕ဆက္ဆံမႈကို ဆက္လက္လုပ္ေဆာင္ဖို႔ ကတိ ကဝတ္တစ္ခုလို႔ အဓိပၸာယ္ရပါတယ္။ ပုပ္ရဟန္းမင္း ႀကီးဆိုတာဟာအီတလီႏိုင္ငံ ေရာမၿမိဳ႕ရဲ႕ဂိုဏ္းအုပ္ ဆရာေတာ္ (Bishop of Rome) ျဖစ္ ၿပီး ကမာၻတစ္ဝန္းရွိ ကက္သလစ္အသင္းေတာ္တို႔ရဲ႕ နာယကဆ ရာေတာ္လည္းျဖစ္သလို အျမင့္ျမတ္ ဆုံးေသာပုပ္ရဟန္းမင္းႀကီး၊ ေရာမပုပ္ရဟန္းမင္း၊ သို႔မဟုတ္ အခ်ဳပ္ အျခာအာဏာပိုင္ ပုပ္ရဟန္းမင္းႀကီး ဟုလည္း လူသိမ်ားပါတယ္။ ေရာဘတ္ ဖရန္စစ္ ပရီဗို႔စ္ဟာ အေမရိ ကန္ႏိုင္ငံမွာေမြးဖြားခဲ့သူတစ္ဦး ျဖစ္ တဲ့အတြက္ ကမာၻလုံးဆိုင္ရာ ကက္သလစ္ အသိုက္အဝန္းအတြင္း ေလးနက္စြာ ပဲ့တင္ထပ္ေနတဲ့ အေမရိ ကန္ျပည္ေထာင္စုရဲ႕ ပုပ္ရဟန္းမင္းႀကီးအထိ ပထမဦးဆုံးအႀကိမ္ တက္လွမ္းတဲ့ မွတ္တိုင္တစ္ခုလည္း ျဖစ္ပါတယ္။ ေရာဘတ္ဖရန္စစ္ပရီဗို႔စ္ဟာ (၁၉၅၅) ခုႏွစ္ စက္တင္ ဘာ (၁၄)ရက္က အေမရိကန္ ႏိုင္ငံ ခ်ီကာဂို ျပည္နယ္ အီလီႏြိဳက္မွာေမြးဖြားခဲ့ၿပီး ငယ္စဥ္ကေလး ဝတည္းက ဘာသာေရးကိုေလ့လာ လိုက္ စားခဲ့သူ တစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ ၎ဟာ (၁၉၇၇) ခုႏွစ္တြင္ Villanova တကၠသိုလ္ကေန သခ်ၤာသိပၸံဘြဲ႕ကို ရရွိခဲ့ၿပီးေနာက္ပိုင္း Catholic Theological Union မွာ ခရစ္ယာန္ဓမၼက်မ္းစာေတြကို ေလ့လာ သင္ယူခဲ့သူျဖစ္ပါတယ္။ ငယ္စဥ္ ကေလးဘဝကို မိသားစုနဲ႔အတူ ကုန္ဆုံးခဲ့တဲ့ ပရီဗို႔စ္မွာ ေမြး ခ်င္းသုံးဦး ရွိၿပီး ၎မွာ လူဝစ္ေအာ္စတင္နဲ႔ ဂြၽန္ဂ်ိဳဆပ္အမည္ ရွိ ညီႏွစ္ဦးရွိပါတယ္။ အသက္(၂၇) ႏွစ္ အ႐ြယ္မွာ ပရီဗို႔စ္ဟာ အီတလီႏိုင္ငံေရာမၿမိဳ႕ကိုသြားေရာက္ၿပီး ခရစ္ယာန္ဘာသာနဲ႔ပတ္သက္ၿပီး က်မ္း စာေတြ၊ စည္း ကမ္းေတြကိုေလ့လာသင္ယူခဲ့ပါတယ္။ ခရစ္ယာန္ ဓမၼက်မ္းစာေတြကိုေလ့လာသင္ယူခဲ့ၿပီး ေနာက္ (၁၉၈၂) ခုႏွစ္မွာ ခရစ္ယာန္ဘုန္းေတာ္ႀကီးအျဖစ္ တာဝန္ယူခဲ့ၿပီး (၁၉၈၅)ခုႏွစ္မွာ ပီ႐ူး ႏိုင္ငံရဲ႕ ေက်းလက္ေဒသေတြမွာ ခရစ္ယာန္သာသာျပဳ လုပ္ငန္းေတြ လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ ၎ဟာ ပီ႐ူးႏိုင္ငံ မွာ ေနထိုင္ခ်ိန္အတြင္း လူမူအသိုင္း အဝိုင္းကေန ဖယ္ၾကဥ္ထားရသူေတြနဲ႔အတူ အလုပ္ေတြလုပ္ကိုင္ ခဲ့ၿပီးသူရဲ႕ဘဝကို ျမႇဳပ္ႏွံခဲ့ပါတယ္။ ပီ႐ူး ႏိုင္ငံမွာ ေနထိုင္ခဲ့ၿပီးေနာက္ ပရီဗို႔စ္ဟာ အေမရိကန္ႏိုင္ငံကို ျပန္ လာခဲ့ၿပီး အေမရိကန္ႏိုင္ငံကေန ပီ႐ူး ႏိုင္ငံအေနာက္ေျမာက္ပိုင္း Trujillo အရပ္ေဒသကို တစ္ေက်ာ့ျပန္ သြားေရာက္ခဲ့ကာ လူငယ္ေတြကို ေလ့က်င့္သင္ၾကားေပးတာ၊ က်န္းဂန္နည္းဥပေဒေတြကို သင္ၾကားေပး တာေတြလုပ္ေဆာင္ခဲ့တယ္ လို႔သိရပါတယ္။ (၂၀၁၄)ခုႏွစ္မွာ အေမရိကန္ႏိုင္ငံကို ျပန္လာခဲ့ေပမယ့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ ပီ႐ူးႏိုင္ငံကို ထပ္မံေစလႊတ္ခဲ့ၿပီး ပီ႐ူးႏိုင္ငံ Chiclayo ေဒသရဲ႕ခရစ္ယာန္ ဂိုဏ္းခ်ဳပ္အျဖစ္ ခန႔္အပ္ခံခဲ့ ရပါ တယ္။ အသက္ (၆၉)ႏွစ္အ႐ြယ္ရွိ ေရာဘတ္ ဖရန္စစ္ ပရီဗိုစ့္ဟာ ပီ႐ူး ႏိုင္ငံမွာ (၁၀)ႏွစ္ၾကာ ရွိေနခ်ိန္ အတြင္း ခရစ္ယာန္သာသနာျပဳလုပ္ငန္းေတြ၊ လူထုအက်ိဳးျပဳ လုပ္ငန္း ေတြ အဓိကထားေဆာင္႐ြက္ခဲ့ၿပီး လူအမ်ားရဲ႕ခ်စ္ခင္ႏွစ္သက္မႈကို ရရွိခဲ့သူလည္းျဖစ္ပါတယ္။ ပရီဗိုစ့္ ဟာ (၂၀၁၅)ခုႏွစ္မွာ ပီ႐ူးႏိုင္ငံသားအျဖစ္ အသိမွတ္ျပဳခံရၿပီး ပီ႐ူးႏိုင္ငံဟာ ပရီဗိုစ့္အတြက္ ဒုတိယ ေျမာက္ေမြးရပ္ေျမသဖြယ္ျဖစ္လာခဲ့ပါတယ္။ ပရီဗိုစ့္ဟာ Superior General of the Augustinians အျဖစ္ (၂)ႀကိမ္ဆက္တိုက္တာဝန္ထမ္းေဆာင္ခဲ့ၿပီး (၂၀၂၃)ခုႏွစ္မွာ ပုပ္ရဟန္း မင္းႀကီးဖရန္စစ္က ပရီဗို႔စ္ ကို ကာဒီနယ္အျဖစ္ ေ႐ြးခ်ယ္ခန႔္အပ္ခဲ့တယ္လို႔သိရပါတယ္။ ပုပ္ရဟန္း မင္းႀကီးအသစ္ ျဖစ္လာတဲ့ အသက္ (၆၉)ႏွစ္အ႐ြယ္ ကာဒီနယ္ ေရာဘတ္ ဖရန္စစ္ ပရီဗို႔စ္ဟာ အေမရိကန္ ခ်ီကာဂိုဇာတိျဖစ္ေပမယ့္ စပိန္၊ ျပင္သစ္စကား၊ အီ တလီစကားေတြ ကြၽမ္းက်င္စြာေျပာဆိုႏိုင္တဲ့သူ၊ ျပင္သစ္၊ စပိန္၊ အီတလီ ႏြယ္ ဖြား အဆက္အႏြယ္ေတြ၊ ေဟတီႏိုင္ငံက လူမည္းအဆက္အႏႊယ္ေတြကေန ေသြးေႏွာဆင္းသက္လာသူ ျဖစ္တယ္လို႔ ေတြ႕ရပါ တယ္။ ဒါ့ျပင္ ေတာင္အေမရိကတိုက္ကေန ပီ႐ူးႏိုင္ငံ ရဲ႕ ေဝးလံေခါင္ဖ်ားေဒသ ေတြမွာ အခက္အခဲမ်ား စြာရင္ဆိုင္ၿပီး ခရစ္ယာန္သာသနာ့တာဝန္ေတြ ထမ္းေဆာင္လာခဲ့သူလည္း ျဖစ္ ပါတယ္။ ဒါေၾကာင့္လည္း အီတလီမီဒီယာေတြက သူ႔ကို အေမရိကန္ မဆန္ဆုံးအေမရိကန္ ပုပ္ရဟန္း မင္းႀကီးလို႔ ၫႊန္းတာျဖစ္ႏိုင္ပါတယ္။ ၎ဟာ ပီ႐ူးႏိုင္ငံ Chiclayo ရဲ႕ ခရစ္ယာန္ဆရာေတာ္အျဖစ္ တာဝန္ယူခဲ့ဖူးသလို (၂၀၂၃)ခုႏွစ္မွာ ပီ႐ူးႏိုင္ငံရဲ႕ခရစ္ယာန္ဂိုဏ္းခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ဖူးပါတယ္။ ေရာဘတ္ဖရန္စစ္ပရီဗို႔စ္ဟာ ပီ႐ူးႏိုင္ငံခရစ္ယာန္ဂိုဏ္းခ်ဳပ္အျဖစ္ခန႔္အပ္ခံရၿပီး ေနာက္လ အနည္းငယ္ အၾကာမွာပဲ ကာဒီနယ္အျဖစ္ ထပ္မံခန႔္အပ္ခံရတယ္လို႔ သိရပါတယ္။ ပုပ္ရဟန္းမင္း ႀကီးအသစ္အျဖစ္ တာဝန္ယူမယ့္ ပရီဗို႔စ္က “ကြၽန္ေတာ့္ကို အေမရိကန္ႏိုင္ငံမွာ ေမြးဖြားခဲ့တယ္။ ကြၽန္ေတာ့္အဘိုး အဘြား ေတြက ျပင္သစ္နဲ႔ စပိန္လူမ်ိဳးေတြ ျဖစ္ကာေ႐ႊ႕ေျပာင္းသြားလာခဲ့သူျဖစ္တယ္။ ကြၽန္ေတာ့္ မိဘႏွစ္ပါးဟာ ခရစ္ယာန္သာသာနဲ႔ပတ္သက္ၿပီး ေလ့လာလိုက္စားသူေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ပရီဗို႔စ္ဟာ အေမရိ ကန္ႏိုင္ငံမွာေမြးဖြားခဲ့ေပမယ့္ ပုပ္ရဟန္းမင္းႀကီးသမိုင္းမွာ အေမရိကတိုက္သမိုင္းမွာ ပုပ္ရဟန္း မင္းႀကီး ဖရန္စစ္ၿပီးရင္ ဒုတိယေျမာက္ပုပ္ ရဟန္းမင္းႀကီးျဖစ္လာခဲ့သူျဖစ္ပါတယ္။
ပရီဗို႔စ္ဟာ စကားေျပာဆိုရာမွာခက္ထန္မာ ေက်ာမႈမရွိဘဲ ေပ်ာ့ေျပာင္းညင္သာသူျဖစ္ၿပီး စဥ္းစား ေတြးေခၚႏိုင္စြမ္းျမင့္မားသူတစ္ဦးျဖစ္သလို ခရစ္ ယာန္ဘာသာတိုးတက္ေရးအတြက္ ႀကိဳးပမ္းတည္ ေဆာက္သူတစ္ဦးအျဖစ္ ႐ူျမင္ခံခဲ့ ရပါတယ္။ ゞင္းဟာ လူ႔အဖြဲ႕အစည္း၊ မိသားစုအဖြဲ႕အစည္း၊ ဘာသာ ေရးအဖြဲ႕စည္းေတြမွာ တာဝန္ယူျခင္းတာဝန္ခံျခင္းရွိ သလို စိတ္ေစတနာေကာင္းမြန္သူတစ္ဦးျဖစ္တယ္ လို႔ ခ်ီးက်ဴးခံေနရသူျဖစ္ပါတယ္။ ပရီဗိုစ့္ဟာ ခရစ္ယာန္ သာသနာ ပိုမိုတိုးတက္ေကာင္းမြန္ေရးအတြက္ ယခင္ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္လိုမ်ိဳး ျပဳျပင္ေျပာင္းလဲေရးကို လိုလားသူတစ္ဦးအျဖစ္ သုံးသပ္ ေျပာဆို ခံေနရသူျဖစ္ပါတယ္။ ပရီဗို႔စ္ဟာ ေမလ (၈)ရက္မွာ ပုပ္ရဟန္းမင္းႀကီးအျဖစ္ တင္ေျမႇာက္ခံရၿပီးေနာက္ စိန႔္ပီတာရင္ျပင္ရွိ လူအုပ္ကို ပထမဆုံးႏႈတ္ခြန္းဆက္ တဲ့အခါမွာလည္း ၿငိမ္းခ်မ္းေရးနဲ႔ တံတားခင္းေပါင္း ကူးေရးေတြ၊ အားလုံးအတြက္ တံခါးဖြင့္ထားတဲ့ဘုရားေက်ာင္း ျဖစ္ေရးေတြကို ဦးစားေပးေျပာဆိုခဲ့တာကို ေတြ႕ရပါတယ္။
ေမလ (၁၁)ရက္က က်င္းပခဲ့တဲ့ ႏႈတ္ခြန္း ဆက္စကားေျပာဆိုပြဲမွာ ပရီဗို႔စ္ဟာ ယူကရိန္းနဲ႔ ဂါဇာ က စစ္ပြဲေတြရပ္ဆိုင္းဖို႔ ေတာင္းဆိုခဲ့သလို တတိယကမာၻစစ္ မျဖစ္ၾကဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြကို ပန္ ၾကားခဲ့ပါတယ္။ ယူကရိန္းက အက်ဥ္းသား ေတြ ဖမ္းဆီးခံ ကေလးငယ္ေတြ ျပန္လည္လြတ္ေျမာက္လာ ေစဖို႔ ဆုေတာင္းေပးခဲ့သလို ဂါဇာကမ္းေျမာင္ ေဒသမွာ တိုက္ပြဲေတြရပ္ၿပီး လူသားခ်င္းစာနာမႈ အကူ အညီေတြေပးအပ္ႏိုင္ဖို႔ ေတာင္းဆိုပါတယ္။ အပစ္အခတ္ ရပ္ဆိုင္းဖို႔ သေဘာတူခဲ့ၾကတဲ့ အိႏၵိယနဲ႔ ပါကစၥ တန္တို႔ကိုလည္း ခ်ီးမြမ္းလိုက္ပါတယ္။ ပုပ္ရ ဟန္းမင္းႀကီး သမိုင္းတစ္ေလွ်ာက္မွာ ပုပ္ရဟန္းမင္းႀကီး အျဖစ္ တာဝန္ယူခဲ့သူ (၂၆၇)ဦး အနက္ (၂၀ဝ) ဦးက အီတလီႏိုင္ငံမွာ ေမြးဖြားခဲ့သူေတြျဖစ္ၿပီး ေရာဘတ္ ပရီဗို႔စ္ကေတာ့ အေမရိကန္ႏိုင္ငံမွာ ေမြးဖြားခဲ့သူျဖစ္ရာ အေမရိကန္ႏိုင္ငံမွာ ေမြးဖြားတဲ့ ပထမဆုံး ပုပ္ရ ဟန္းမင္းႀကီးအျဖစ္ သမိုင္းစံခ်ိန္အသစ္ကို စိုက္ထူႏိုင္ခဲ့ပါတယ္။
ပုပ္ရဟန္းမင္းႀကီးရဲ႕ညီျဖစ္သူ ဂြၽန္ရီဗို႔စ္ က “ေရာဘတ္ပရီဗို႔စ္ဟာ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ရဲ႕ ေျခရာနင္းႏိုင္မယ့္သူမ်ိဳးျဖစ္တယ္” လို႔ ေျပာပါတယ္။ ေရာဘတ္ပရီဗို႔စ္ဟာ ခရစ္ယာန္ဘာသာဝင္ (၁ ဒသမ ၄) ဘီလ်ံကို ေခါင္းေဆာင္ရမယ့္ ဘာသာ ေရးေခါင္းေဆာင္ႀကီးအျဖစ္ ေ႐ြးေကာက္ခံထားရၿပီျဖစ္ ရာ ပုပ္ရဟန္းမင္းႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ခရစ္ယာန္သာသနာ တိုးတက္ေရးအတြက္ ဘယ္လို မ်ိဳး စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာ စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။ ပရီဗို႔စ္ဟာ ပုပ္ရဟန္း မင္းႀကီးအျဖစ္ ေ႐ြးေကာက္ခံရၿပီးေနာက္ ႏုတ္ခြန္းဆက္ပြဲကိုတက္ေရာက္လာတဲ့ လူေပါင္းသိန္းခ်ီကို စကားေျပာဆိုရာမွာ ၿငိမ္းခ်မ္းေရးစကားေတြကို အဓိကထားေျပာဆိုခဲ့ၿပီး ပုပ္ရဟန္းမင္းႀကီးအျဖစ္ တာ ဝန္ယူခ်ိန္အတြင္း ကမာၻ႔ၿငိမ္းခ်မ္းေရးျဖစ္လာ ေအာင္ ဘယ္ေလာက္အထိ စြမ္းေဆာင္ေပးႏိုင္မလဲ ဆိုတာ စိတ္ဝင္စားဖြယ္ေကာင္းေနပါတယ္။ ပုပ္ရဟန္းမင္းႀကီးဟာ ကြယ္လြန္သူပုပ္ရဟန္းမင္းႀကီး ေဟာင္း ဖရန္စစ္ရဲ႕စကားအတိုင္း ေနာက္ထပ္စစ္ပြဲေတြကို ေရွာင္ရွားဖို႔ ကမာၻတစ္ဝန္းက ေခါင္းေဆာင္ေတြကို ေတာင္းဆိုခဲ့ရာ ပုပ္ရဟန္းမင္းႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ကမာၻတစ္ဝန္းမွာ တတိယ ကမာၻစစ္ မျဖစ္ဖို႔နဲ႔ စစ္ပြဲေတြထပ္မံမျဖစ္ေအာင္ ဘယ္လိုစြမ္းေဆာင္ေပးမလဲဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါ တယ္။