ဂါဇာအပေါ် အစ္စရေးရဲ့ထိုးစစ်ဆင်မှုတွေက ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ကာတာဝန်ကြီးချုပ် ပြော

 119

Pika (NP News) - မေ ၂၂

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့စစ်ဘက်ဆိုင်ရာထိုးစစ်ဆင်မှုတွေဟာ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုတွေကို ထိခိုက်စေတယ်လို့ ကာတာဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အစ္စရေးက ဂါဇာ ကမ်းမြောင်ဒေသအပေါ်စစ်ဆင်ရေးတွေကို ချဲ့ထွင်နေမှုနဲ့အတူ ကာတာဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
Sheikh Mohammed bin Abdulrahman bin Jassim Al-Thani က “အစ္စရေး-အမေရိကန်စစ်သား Aidan Alexander ကို ဟားမက်လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့အချိန်မှာ အဲဒီအခိုက်အတန့်က ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် တံခါးကို ဖွင့်ပေးနိုင်ပြီလို့ ကျွန်တော်တို့ထင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အစ္စရေးက လုပ်ဆောင်နေတဲ့ထိုးစစ်ဆင်မှုတွေက ငြိမ်းချမ်းရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အစ္စရေးကထိန်းချုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ကာတာဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကာတာနိုင်ငံဟာ အီဂျစ်၊ အမေရိကန်နိုင်ငံတို့နဲ့အတူ ဂါဇာစစ်ပွဲမှာ အဓိကကြားဝင်စေ့စပ်ပေးမှုတွေ လုပ်ဆောင်နေတဲ့နိုင်ငံဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဂါဇာအေပၚ အစၥေရးရဲ႕ထိုးစစ္ဆင္မႈေတြက ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈေတြကို ထိခိုက္ေစတယ္လို႔ ကာတာဝန္ႀကီးခ်ဳပ္ ေျပာ
Pika (NP News) - ေမ ၂၂

ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးရဲ႕စစ္ဘက္ဆိုင္ရာထိုးစစ္ဆင္မႈေတြဟာ ၿငိမ္းခ်မ္းေရးဆိုင္ရာ ႀကိဳးပမ္း အားထုတ္မႈေတြကို ထိခိုက္ေစတယ္လို႔ ကာတာဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ အစၥေရးက ဂါဇာ ကမ္းေျမာင္ေဒသအေပၚစစ္ဆင္ေရးေတြကို ခ်ဲ႕ထြင္ေနမႈနဲ႔အတူ ကာတာဝန္ႀကီးခ်ဳပ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
Sheikh Mohammed bin Abdulrahman bin Jassim Al-Thani က “အစၥေရး-အေမရိကန္စစ္သား Aidan Alexander ကို ဟားမက္လက္နက္ကိုင္အဖြဲ႕က ျပန္လႊတ္ေပးလိုက္တဲ့အခ်ိန္မွာ အဲဒီအခိုက္အတန႔္က ဒီပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ တံခါးကို ဖြင့္ေပးႏိုင္ၿပီလို႔ ကြၽန္ေတာ္တို႔ထင္ခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ အစၥေရးက လုပ္ေဆာင္ေနတဲ့ထိုးစစ္ဆင္မႈေတြက ၿငိမ္းခ်မ္းေရးဆိုင္ရာႀကိဳးပမ္းအားထုတ္မႈေတြကို ထိခိုက္ေစပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသတစ္ခုလုံးကို အစၥေရးကထိန္းခ်ဳပ္သြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ကာတာဝန္ႀကီးခ်ဳပ္ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ ကာတာႏိုင္ငံဟာ အီဂ်စ္၊ အေမရိကန္ႏိုင္ငံတို႔နဲ႔အတူ ဂါဇာစစ္ပြဲမွာ အဓိကၾကားဝင္ေစ့စပ္ေပးမႈေတြ လုပ္ေဆာင္ေနတဲ့ႏိုင္ငံျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.