(၉)တန်းကျောင်းသူ ဆယ်ကျော်သက်အရွယ်မိန်းကလေးအား အဓမ္မကျင့်၊ သတ်ဖြတ်သူ (၂)ဦးကို သေဒဏ်ချမှတ်

 1169

သန့်ဇင်(NP News)-မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် (၉)တန်းကျောင်းသူ ဆယ်ကျော်သက်အရွယ်မိန်းကလေးအား အဓမ္မကျင့်၊ သတ်ဖြတ်သူ (၂)ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာမြောက်ပိုင်းရှိ သား အမိ (၂)ဦးနေထိုင်သည့် နေအိမ်တွင် မိခင်ဖြစ်သူမှ နံနက်(၅)နာရီထ၍ ဖက်ကောက်သွားစဉ် သမီးဖြစ်သူမှာ နေအိမ်တွင် သတ်ဖြတ် ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြစ်မှုကျူးလွန်သူများဟု သံသယရှိသူများဖြစ်သည့် စည်သူနိုင်(ခ)မှဲ့ကြီးကို မတ်လ ၁၉ရက်၊ ည (၁၁)နာရီနှင့် သိန်းထိုက်အောင် (ခ) သားပေါက်ကို မတ်လ ၂၃ရက်၊ ညနေ (၃)နာရီတွင် ဖမ်ဆီးရမိခဲ့ပြီး သေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းကို တောင်ငူဆေးရုံသို့ ပို့ဆောင် စစ်ဆေးခဲ့ရာ အဓမ္မပြုကျင့်သတ်ဖြတ်ခံထားရကြောင်း ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ရာတွင်လည်း သေဆုံးသူအမျိုးသမီးကို အဓမ္မကျင့်ပြီးနောက် နေအိမ်ရှိနိုင်လွန်ကြိုးဖြင့် သိန်းထိုက်အောင်(ခ)သားပုက ရစ်ပတ် ထားစဉ် စည်သူနိုင်(ခ)မှည့်ကြီးက နေအိမ်ပေါ်ရှိ ဓားမဖြင့် လည်ပင်းအားခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် ဝန်ခံခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းတို့(၂)ဦးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားကြောင်း သိရှိရသဖြင့် တောင်ငူခရိုင်တရားရုံးက ရာဇသ တ်ကြီးပုဒ်မ-၃၀၂(၁)(ဂ)/၃၄အရ ပြစ်မှုကျူးလွန်ပြီး (၂)လကျော်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ထွက်ပေါ်နေသည့် သတင်းများအရ အဆိုပါအမှုတွင် အိမ်နီးချင်း အမျိုးသားသုံးဦးက ပူးပေါင်းကျူးလွန်ခဲ့ကြောင်းနှင့် သံသယဖြင့် ဒေသခံများနှင့်ရဲတပ်ဖွဲ့ စစ်ဆေးမှုများအရ သိရသော်လည်း (၂)ဦးကိုသာ ဖမ်းမိသေးခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
၉)တန္းေက်ာင္းသူ ဆယ္ေက်ာ္သက္အ႐ြယ္မိန္းကေလးအား အဓမၼက်င့္၊ သတ္ျဖတ္သူ (၂)ဦးကို ေသဒဏ္ခ်မွတ္
သန႔္ဇင္(NP News)-ေမ ၂၃
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္တြင္ (၉)တန္းေက်ာင္းသူ ဆယ္ေက်ာ္သက္အ႐ြယ္မိန္းကေလးအား အဓမၼက်င့္၊ သတ္ျဖတ္သူ (၂)ဦးကို ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ ၁၉ ရက္၊ နံနက္ပိုင္းက ေတာင္ငူၿမိဳ႕နယ္၊ ကြၽန္းကုန္းေက်း႐ြာအုပ္စု၊ ကြၽန္းကုန္းေက်း႐ြာေျမာက္ပိုင္းရွိ သား အမိ (၂)ဦးေနထိုင္သည့္ ေနအိမ္တြင္ မိခင္ျဖစ္သူမွ နံနက္(၅)နာရီထ၍ ဖက္ေကာက္သြားစဥ္ သမီးျဖစ္သူမွာ ေနအိမ္တြင္ သတ္ျဖတ္ ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ျပစ္မႈက်ဴးလြန္သူမ်ားဟု သံသယရွိသူမ်ားျဖစ္သည့္ စည္သူႏိုင္(ခ)မွဲ႔ႀကီးကို မတ္လ ၁၉ရက္၊ ည (၁၁)နာရီႏွင့္ သိန္းထိုက္ေအာင္ (ခ) သားေပါက္ကို မတ္လ ၂၃ရက္၊ ညေန (၃)နာရီတြင္ ဖမ္ဆီးရမိခဲ့ၿပီး ေသဆုံးသူအမ်ိဳးသမီး၏႐ုပ္အေလာင္းကို ေတာင္ငူေဆး႐ုံသို႔ ပို႔ေဆာင္ စစ္ေဆးခဲ့ရာ အဓမၼျပဳက်င့္သတ္ျဖတ္ခံထားရေၾကာင္း ေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

သတ္ျဖတ္ရာတြင္လည္း ေသဆုံးသူအမ်ိဳးသမီးကို အဓမၼက်င့္ၿပီးေနာက္ ေနအိမ္ရွိႏိုင္လြန္ႀကိဳးျဖင့္ သိန္းထိုက္ေအာင္(ခ)သားပုက ရစ္ပတ္ ထားစဥ္ စည္သူႏိုင္(ခ)မွည့္ႀကီးက ေနအိမ္ေပၚရွိ ဓားမျဖင့္ လည္ပင္းအားခုတ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎တို႔ကိုယ္တိုင္ ဝန္ခံခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔(၂)ဦးကို သက္ဆိုင္ရာက ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ျပစ္မႈထင္ရွားေၾကာင္း သိရွိရသျဖင့္ ေတာင္ငူခ႐ိုင္တရား႐ုံးက ရာဇသ တ္ႀကီးပုဒ္မ-၃၀၂(၁)(ဂ)/၃၄အရ ျပစ္မႈက်ဴးလြန္ၿပီး (၂)လေက်ာ္တြင္ ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ထြက္ေပၚေနသည့္ သတင္းမ်ားအရ အဆိုပါအမႈတြင္ အိမ္နီးခ်င္း အမ်ိဳးသားသုံးဦးက ပူးေပါင္းက်ဴးလြန္ခဲ့ေၾကာင္းႏွင့္ သံသယျဖင့္ ေဒသခံမ်ားႏွင့္ရဲတပ္ဖြဲ႕ စစ္ေဆးမႈမ်ားအရ သိရေသာ္လည္း (၂)ဦးကိုသာ ဖမ္းမိေသးျခင္းျဖစ္ေၾကာင္း သိရသည္။၉)တန္းေက်ာင္းသူ ဆယ္ေက်ာ္သက္အ႐ြယ္မိန္းကေလးအား အဓမၼက်င့္၊ သတ္ျဖတ္သူ (၂)ဦးကို ေသဒဏ္ခ်မွတ္
သန႔္ဇင္(NP News)-ေမ ၂၃
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္တြင္ (၉)တန္းေက်ာင္းသူ ဆယ္ေက်ာ္သက္အ႐ြယ္မိန္းကေလးအား အဓမၼက်င့္၊ သတ္ျဖတ္သူ (၂)ဦးကို ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ ၁၉ ရက္၊ နံနက္ပိုင္းက ေတာင္ငူၿမိဳ႕နယ္၊ ကြၽန္းကုန္းေက်း႐ြာအုပ္စု၊ ကြၽန္းကုန္းေက်း႐ြာေျမာက္ပိုင္းရွိ သား အမိ (၂)ဦးေနထိုင္သည့္ ေနအိမ္တြင္ မိခင္ျဖစ္သူမွ နံနက္(၅)နာရီထ၍ ဖက္ေကာက္သြားစဥ္ သမီးျဖစ္သူမွာ ေနအိမ္တြင္ သတ္ျဖတ္ ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ျပစ္မႈက်ဴးလြန္သူမ်ားဟု သံသယရွိသူမ်ားျဖစ္သည့္ စည္သူႏိုင္(ခ)မွဲ႔ႀကီးကို မတ္လ ၁၉ရက္၊ ည (၁၁)နာရီႏွင့္ သိန္းထိုက္ေအာင္ (ခ) သားေပါက္ကို မတ္လ ၂၃ရက္၊ ညေန (၃)နာရီတြင္ ဖမ္ဆီးရမိခဲ့ၿပီး ေသဆုံးသူအမ်ိဳးသမီး၏႐ုပ္အေလာင္းကို ေတာင္ငူေဆး႐ုံသို႔ ပို႔ေဆာင္ စစ္ေဆးခဲ့ရာ အဓမၼျပဳက်င့္သတ္ျဖတ္ခံထားရေၾကာင္း ေပၚေပါက္ခဲ့ေၾကာင္း သိရသည္။

သတ္ျဖတ္ရာတြင္လည္း ေသဆုံးသူအမ်ိဳးသမီးကို အဓမၼက်င့္ၿပီးေနာက္ ေနအိမ္ရွိႏိုင္လြန္ႀကိဳးျဖင့္ သိန္းထိုက္ေအာင္(ခ)သားပုက ရစ္ပတ္ ထားစဥ္ စည္သူႏိုင္(ခ)မွည့္ႀကီးက ေနအိမ္ေပၚရွိ ဓားမျဖင့္ လည္ပင္းအားခုတ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၎တို႔ကိုယ္တိုင္ ဝန္ခံခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎တို႔(၂)ဦးကို သက္ဆိုင္ရာက ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ျပစ္မႈထင္ရွားေၾကာင္း သိရွိရသျဖင့္ ေတာင္ငူခ႐ိုင္တရား႐ုံးက ရာဇသ တ္ႀကီးပုဒ္မ-၃၀၂(၁)(ဂ)/၃၄အရ ျပစ္မႈက်ဴးလြန္ၿပီး (၂)လေက်ာ္တြင္ ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ထြက္ေပၚေနသည့္ သတင္းမ်ားအရ အဆိုပါအမႈတြင္ အိမ္နီးခ်င္း အမ်ိဳးသားသုံးဦးက ပူးေပါင္းက်ဴးလြန္ခဲ့ေၾကာင္းႏွင့္ သံသယျဖင့္ ေဒသခံမ်ားႏွင့္ရဲတပ္ဖြဲ႕ စစ္ေဆးမႈမ်ားအရ သိရေသာ္လည္း (၂)ဦးကိုသာ ဖမ္းမိေသးျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.