အမျိုးသမီးစုံတွဲများကို ညစ်ညမ်းဗီဒီယိုရိုက်ကူး၍ အကျိုးအမြတ်ရှာသည့် တရုတ်(၃)ဦး အပါအဝင် လေးဦးကို အလုပ်နှင့်ထောင်ဒဏ် ချမှတ်

1120

ပုံစာ- မြစ်ကြီးနားတက္ကသိုလ်မှ ဥပေဒကျောင်းသားများ တရားခွင်လက်တွေ့ကွင်းဆင်းနေသောပုံ
စော(NP News)- မေ ၂၃
အမျိုးသမီးစုံတွဲများကို ညစ်ညမ်းဗီဒီယိုရိုက်ကူး၍ Live လွှင့်ကာ ရရှိသည့် အကျိုးအမြတ်ခေါင်းပုံဖြတ်ရယူခဲ့ကြသော တရုတ်နိုင်ငံသား (၃)ဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးတို့ကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၃၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတရုတ်နိုင်ငံသားများမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အပြင်ပဒံကျေးရွာ၊ ရွှေကမ်းသာယာ အိမ်ရာ Block 84 တိုက်ခန်းအမှတ် (၅)ရှိ ယူနယ်ပြည်နယ်မှ Mr. Wang Shaohua (၃၉)နှစ်၊ တာ့လျန်ပြည်နယ်မှ Mr. Yung Kun (၃၇)နှစ်၊ စီချွမ်ပြည်နယ်မှ Mr. Zeng Yuan (၂၉)နှစ်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းတရုတ်နိုင်ငံသား (၃)ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ၊ ငပုတောမြို့နယ်မှ အဲလစ်စစ်(ခ) နော်မူးရှီးဖော(ခ) ကျဲကျဲ (၃၂)နှစ်တို့က မြန်မာအမျိုးသမီး စုံတွဲ လေးတွဲတို့ကို Sex Video ရိုက်ကူး၍ Live လွှင့်ကာ ရရှိသည့် အကျိုးအမြတ်များအား ခေါင်းပုံဖြတ် ရယူခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။
ထိုသို့တွေ့ရှိရသဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်းမှ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က) (ခ)ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ရာ အင်းစိန်ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် Mr. Wang Shaohuai ၊ Mr. Yung Kuni၊ Mr. Zeng Yuan နှင့် အဲလစ်စစ် (ခ) နော်မူးရှီး ဖော (ခ) ကျဲကျဲတို့ လေးဦးကို ပြီးခဲ့သည့် မေ ၂၀ ရက်က လူကုန် ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)အရ အလုပ်နှင့်ထောင်ဒဏ် နှစ် (၂၀) စီနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင် ဥပဒေပုဒ်မ ၃၈ (ခ) အရ အလုပ်နှင့်ထောင် ဒဏ်(၁၀)နှစ်စီကို တစ်ပေါင်းတည်း ကျခံ စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိမ်းရှောင်သူ မသူသူရှိန် ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ ကြောင်း သိရသည်။

Zawgyi Version:
အမ်ိဳးသမီးစုံတြဲမ်ားကို ညစ္ညမ္းဗီဒီယို႐ိုက္ကူး၍ အက်ိဳးအျမတ္ရွာသည့္ တ႐ုတ္(၃)ဦး အပါအဝင္ ေလးဦးကို အလုပ္ႏွင့္ေထာင္ဒဏ္ ခ်မွတ္
ေစာ(NP News)- ေမ ၂၃
အမ်ိဳးသမီးစုံတြဲမ်ားကို ညစ္ညမ္းဗီဒီယို႐ိုက္ကူး၍ Live လႊင့္ကာ ရရွိသည့္ အက်ိဳးအျမတ္ေခါင္းပုံျဖတ္ရယူခဲ့ၾကေသာ တ႐ုတ္ႏိုင္ငံသား (၃)ဦးႏွင့္ ျမန္မာအမ်ိဳးသမီးတစ္ဦးတို႔ကို အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္ ၃၀ စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါတ႐ုတ္ႏိုင္ငံသားမ်ားမွာ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ(အေနာက္ပိုင္း)ၿမိဳ႕နယ္၊ အျပင္ပဒံေက်း႐ြာ၊ ေ႐ႊကမ္းသာယာ အိမ္ရာ Block 84 တိုက္ခန္းအမွတ္ (၅)ရွိ ယူနယ္ျပည္နယ္မွ Mr. Wang Shaohua (၃၉)ႏွစ္၊ တာ့လ်န္ျပည္နယ္မွ Mr. Yung Kun (၃၇)ႏွစ္၊ စီခြၽမ္ျပည္နယ္မွ Mr. Zeng Yuan (၂၉)ႏွစ္တို႔ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တ႐ုတ္ႏိုင္ငံသား (၃)ဦးႏွင့္ ဧရာဝတီတိုင္းေဒသႀကီး ၊ ငပုေတာၿမိဳ႕နယ္မွ အဲလစ္စစ္(ခ) ေနာ္မူးရွီးေဖာ(ခ) က်ဲက်ဲ (၃၂)ႏွစ္တို႔က ျမန္မာအမ်ိဳးသမီး စုံတြဲ ေလးတြဲတို႔ကို Sex Video ႐ိုက္ကူး၍ Live လႊင့္ကာ ရရွိသည့္ အက်ိဳးအျမတ္မ်ားအား ေခါင္းပုံျဖတ္ ရယူခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ရွိရသျဖင့္ လႈိင္သာယာ(အေနာက္ပိုင္း) ၿမိဳ႕မရဲစခန္းမွ လူကုန္ကူးမႈ တားဆီး ႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က) (ခ)ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ရာ အင္းစိန္ခ႐ိုင္တရား႐ုံးမွ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ Mr. Wang Shaohuai ၊ Mr. Yung Kuni၊ Mr. Zeng Yuan ႏွင့္ အဲလစ္စစ္ (ခ) ေနာ္မူးရွီး ေဖာ (ခ) က်ဲက်ဲတို႔ ေလးဦးကို ၿပီးခဲ့သည့္ ေမ ၂၀ ရက္က လူကုန္ ကူးမႈ တားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈ (က)အရ အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္ (၂၀) စီႏွင့္ လူကုန္ကူးမႈတားဆီးႏွိမ္နင္ ဥပေဒပုဒ္မ ၃၈ (ခ) အရ အလုပ္ႏွင့္ေထာင္ ဒဏ္(၁၀)ႏွစ္စီကို တစ္ေပါင္းတည္း က်ခံ ေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တိမ္းေရွာင္သူ မသူသူရွိန္ ကို ရာဇဝတ္က်င့္ထုံး ဥပေဒ ပုဒ္မ ၈၇/၈၈ အတည္ျပဳ ထုတ္ဆင့္ခဲ့ ေၾကာင္း သိရသည္။
ပုံစာ- ျမစ္ႀကီးနားတကၠသိုလ္မွ ဥေပဒေက်ာင္းသားမ်ား တရားခြင္လက္ေတြ႕ကြင္းဆင္းေနေသာပုံ