နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့များ စုဝေးရာ- ဂျီနီဗာ

245

Pika (NP News) - မေ ၂၃
ဂျီနီဗာမြို့သည် ဆွစ်ဇာလန်နိုင်ငံတွင် ဒုတိယမြောက်လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ ဖြစ်ပြီး ကမ္ဘာပေါ်တွင် နိုင်ငံတကာအဖွဲ့အစည်း အရေအတွက် အများဆုံးရှိသည့်မြို့တစ်မြို့ဖြစ်သည်။ ထို့ပြင် ဂျီနီဗာမြို့သည် ငြိမ်းချမ်းရေးမြို့တော် အဖြစ် ရည်ညွှန်းခံရသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ဂျီနီဗာမြို့ သည် ဂျီနီဗာရေကန်၏ တောင်ဘက်စွန်းတွင်တည်ရှိသည့်မြို့တစ်မြို့ဖြစ်ပြီး Alps နှင့် Jura တောင်တန်း တို့က ဝန်းရံထားကာ အံ့ဩဖွယ်ကောင်းသောရှုခင်းများနှင့်အတူ နာမည်ကျော်ကြားသည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာမြို့၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးအချက်အချာနေရာအပြင် ကုလ သမဂ္ဂ၊ ICRC နှင့် IFRC ကြက်ခြေနီ အေဂျင်စီများ၏ ဌာနချုပ်များအပါအဝင် ကမ္ဘာပေါ်တွင် နိုင်ငံတကာ အဖွဲ့အစည်းအရေအတွက် အများဆုံးကိုလက်ခံထားသည့် ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးအချက်အချာ နေရာတစ်ခုလည်းဖြစ်သည်။ ဂျီနီဗာမြို့သည် ပထမကမ္ဘာစစ်အပြီးတွင် နိုင်ငံပေါင်းချုပ်အသင်းကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး စစ်ပွဲကာလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသရေးဆိုင်ရာ ဂျီနီဗာသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့ကြောင်းလည်းသိရသည်။ ဂျီနီဗာမြို့သည် နိုင်ငံတစ် နိုင်ငံ၏မြို့တော်ဖြစ်ခြင်းမျိုးမရှိဘဲ အရေးပါသော နိုင်ငံတကာအဖွဲ့အစည်း အနည်းဆုံးတစ်ခု၏ ဌာနချုပ်အဖြစ် ဆောင်ရွက်သည့်ထူးခြားသော ကွဲပြားမှုရှိသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ (၂၀၂၁)ခုနှစ် ဇန်နဝါရီလအထိ ဂျီနီဗာမြို့တွင် နေထိုင်သူလူဦးရေ မှာ (၂၀၃၈၅၆) ဦးရှိပြီး ၎င်း ၏ မြူနီစီပယ်နယ်မြေမှာ (၁၆)စတုရန်းကီလိုမီတာရှိကြောင်းသိရသည်။ ဂျီနီဗာ မြို့ပြဧရိယာသည် (၂၂၉၂) စတုရန်းကီလိုမီတာ ကျော် ကျယ်ဝန်းပြီး (၂၀၂၁)ခုနှစ်အထိ နေထိုင်သူ လူဦးရေမှာ (၁၀၅၃၄၃၆) ဦး ရှိကြောင်းသိရသည်။ (၂၀၂၃) ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစင်တာများ အညွှန်းကိန်းက ဂျီနီဗာ မြို့ကို ကမ္ဘာ့(၁၀)ခုမြောက်အရေးအကြီးဆုံးဘဏ္ဍာရေးစင်တာများထဲမှတစ်ခုအဖြစ် အဆင့်သတ် မှတ်ခဲ့ကြောင်းသိရသည်။ (၂၀၁၉)ခုနှစ်တွင် ဂျီနီဗာမြို့သည် ဇူးရစ် နှင့်ဘေဆယ်မြို့တို့နှင့်အတူ ကမ္ဘာပေါ် တွင် နေထိုင်ရန်အသင့်တော်ဆုံးမြို့(၁၀)မြို့ထဲမှတစ်မြို့အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာပေါ်တွင် (၁၃)ခု မြောက် ဈေးအကြီးဆုံးမြို့တစ်မြို့အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း လည်းသိရသည်။ (၂၀၁၈) ခုနှစ်UBS ကမ္ဘာ့မြို့ကြီး များ၏ အဆင့်သတ်မှတ်ချက်တွင် ဂျီနီဗာမြို့သည် စုစုပေါင်းဝင်ငွေအတွက် ပထမအဆင့်၊ ဒုတိယ မြောက်ဈေးအကြီးဆုံးနှင့် ဝယ်ယူမှုစွမ်းအားတွင် အဆင့်(၄)နေရာတွင်ရှိသည့် မြို့အဖြစ် အဆင့် သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။
စီးပွားရေး
ဂျီနီဗာမြို့၏စီးပွားရေးသည် ဝန်ဆောင်မှု ကဏ္ဍအပေါ် အဓိကအခြေခံထားပြီး ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအချက်အချာနေရာများထဲမှတစ်ခုဖြစ်ကြောင်းသိရသည်။ ဘဏ္ဍာရေးကဏ္ဍကို အဓိကကဏ္ဍ သုံးခုဖြင့်လွှမ်းမိုးထားပြီး ၎င်းတို့မှာ ကုန်သွယ်မှု၊ ဘဏ္ဍာရေးနှင့် စည်းစိမ်ဥစ္စာစီမံခန့်ခွဲမှုတို့ဖြစ်ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင်လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသည့် ရေနံ၊ သကြား၊ အစေ့ အဆန်များ နှင့် ဆီမျိုးစေ့များ၏ သုံးပုံတစ်ပုံခန့်ကို ဂျီနီဗာမြို့တွင် ရောင်းဝယ်မှုများလုပ်ဆောင်ကြပြီး ခန့်မှန်းခြေ အားဖြင့် ကမ္ဘာ့ချည်၏(၂၂)ရာခိုင်နှုန်းခန့် ကို ဂျီနီဗာရေကန်ဒေသတွင် ရောင်းဝယ်မှုများလုပ်ဆောင်ကြ ကြောင်း သိရသည်။ ဂျီနီဗာမြို့တွင် ရောင်းဝယ်မှုများလုပ်ဆောင်ကြသော အဓိကကုန်စည်များတွင် သံမဏိ၊ လျှပ်စစ် သို့မဟုတ် ကော်ဖီတို့ပါဝင်ပြီး Bunge ၊ Cargill ၊ Vitol ၊ Gunvor ၊ BNP Paribas ၊ Trafigura သို့မဟုတ် Mercuria Energy Group တို့ကဲ့သို့သော ကုန်သွယ်ရေးကုမ္ပဏီကြီးများ၏ ဒေသ တွင်း သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာရုံးချုပ်များ သည် ဂျီနီဗာမြို့တွင်တည်ရှိကြကြောင်းသိရသည်။ ထို့ပြင် ဂျီနီဗာမြို့သည် ကမ္ဘာ့အကြီးဆုံး သင်္ဘော ကုမ္ပဏီဖြစ်သော Mediterranean သင်္ဘောကုမ္ပဏီ၏ ရုံးချုပ်တည်ရှိသည့် မြို့တစ်မြို့လည်းဖြစ် သည်။ ခိုင်မာသော ကုန်သွယ်မှုဘဏ္ဍာရေးဖြင့် ကုန် စည်ကူးသန်းရောင်းဝယ်မှုကို ထိန်းထားမှုနှင့်အတူ BCGE ၊ BCP ၊ BNP Paribas ၊ BCV ၊ Crédit Agricole ၊ Credit Suisse ၊ ING ၊ Société Générale နှင့် UBS တို့ကဲ့သို့သော ဘဏ်ကြီးများ၏ ရုံးချုပ်များ အားလုံး သည် ဂျီနီဗာမြို့တွင် တည်ရှိကြကြောင်း သိရသည်။ စည်းစိမ်ဥစ္စာစီမံခန့်ခွဲမှုကို Pictet၊ Lombard Odier ၊ Edmond de Rothschild Group ၊ Union Bancaire Privée ၊ Mirabaud Group ၊ Dukascopy Bank၊ Bordier & Cie ၊ Banque SYZ သို့မဟုတ် REYL & Cie တို့ကဲ့သို့သော အများသူငါ စာရင်းဝင်မဟုတ်သော ဘဏ်များနှင့်ပုဂ္ဂလိက ဘဏ်များက လွှမ်းမိုးထားကြောင်း သိရသည်။ နောက်ထပ်အနေဖြင့် ဂျီနီဗာမြို့ သည် HSBC Private Bank ၊ JPMorgan Chas သို့မဟုတ် အာရပ်ဘဏ်တို့ကဲ့သို့သော နိုင်ငံခြားပိုင် ဘဏ်များ အများဆုံးစုစည်းနေသည့် နေရာတစ်ခုလည်း ဖြစ်သည်။ ဘဏ္ဍာရေးကဏ္ဍ၏နောက်တွင် နောက်ထပ် အကြီးဆုံးစီးပွားရေးကဏ္ဍမှာ Patek Philippe ၊ Vacheron Constantin ၊ Chopard ၊ Piaget ၊ Rolex ၊ Roger Dubuis ၊ Franck Muller ၊ F. P. Journe နှင့် အခြားဇိမ်ခံ ကုမ္ပဏီကြီးများက လွှမ်းမိုးထားသည့် နာရီထုတ်လုပ်မှုကဏ္ဍဖြစ်ကြောင်းသိရသည်။ ကုန်သွယ်မှု ဘဏ္ဍာရေး၊ စည်းစိမ်ဥစ္စာ စီမံခန့်ခွဲမှုနှင့် နာရီထုတ်လုပ်ခြင်းတို့သည် ဂျီနီဗာမြို့အတွင်း ပေးဆောင်သော ကော်ပိုရိတ်အခွန်၏ (၃)ပုံ ပုံ(၂)ပုံခန့်ကို ပံ့ပိုးပေးကြောင်းသိရသည်။
နိုင်ငံတကာအဖွဲ့အစည်းများ
ဂျီနီဗာမြို့သည် ကြက်ခြေနီ၊ ကမ္ဘာလုံး ဆိုင်ရာကျန်းမာရေးအဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂ၊ ကမ္ဘာလုံးဆိုင်ရာ Óဏပစ္စည်းမူပိုင်ခွင့်အဖွဲ့၊ ကမ္ဘာ့ မိုးလေဝသအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့နှင့် ကုလသမဂ္ဂ၏ ဥရောပရုံးချုပ်တို့ကဲ့ သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ကုလ သမဂ္ဂအေဂျင်စီများ ကမ္ဘာပေါ်တွင်အများဆုံးတည်ရှိ သည့်နေရာများထဲမှ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ၎င်း၏ နိုင်ငံတကာဆက်ဆံမှု၊ ကောင်းမွန်စွာ ဆက်သွယ်ထားသောလေဆိပ်နှင့် ဥရောပတိုက်အတွင်း အချက်အချာကျမှုတို့သည် ဂျီနီဗာမြို့ကို အစည်း အဝေးများနှင့် ကုန်စည်ပြပွဲများအတွက် ကောင်းမွန်သောအချက်အချာနေရာတစ်ခုဖြစ်လာစေခဲ့ကြောင်း လည်းသိရသည်။

zawgyi version
ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးအဖြဲ႕မ်ား စုေဝးရာ- ဂ်ီနီဗာ
Pika (NP News) - ေမ ၂၃
ဂ်ီနီဗာၿမိဳ႕သည္ ဆြစ္ဇာလန္ႏိုင္ငံတြင္ ဒုတိယေျမာက္လူဦးေရအထူထပ္ဆုံးၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ၿပီး ကမာၻေပၚတြင္ ႏိုင္ငံတကာအဖြဲ႕အစည္း အေရအတြက္ အမ်ားဆုံးရွိသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ထို႔ျပင္ ဂ်ီနီဗာၿမိဳ႕သည္ ၿငိမ္းခ်မ္းေရးၿမိဳ႕ေတာ္ အျဖစ္ ရည္ၫႊန္းခံရသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ဂ်ီနီဗာၿမိဳ႕ သည္ ဂ်ီနီဗာေရကန္၏ ေတာင္ဘက္စြန္းတြင္တည္ရွိသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး Alps ႏွင့္ Jura ေတာင္တန္း တို႔က ဝန္းရံထားကာ အံ့ဩဖြယ္ေကာင္းေသာရႈခင္းမ်ားႏွင့္အတူ နာမည္ေက်ာ္ၾကားသည္။
ထို႔ျပင္ ကမာၻလုံးဆိုင္ရာၿမိဳ႕၊ အျပည္ျပည္ဆိုင္ရာဘ႑ာေရးအခ်က္အခ်ာေနရာအျပင္ ကုလ သမဂၢ၊ ICRC ႏွင့္ IFRC ၾကက္ေျခနီ ေအဂ်င္စီမ်ား၏ ဌာနခ်ဳပ္မ်ားအပါအဝင္ ကမာၻေပၚတြင္ ႏိုင္ငံတကာ အဖြဲ႕အစည္းအေရအတြက္ အမ်ားဆုံးကိုလက္ခံထားသည့္ ကမာၻလုံးဆိုင္ရာ သံတမန္ေရးအခ်က္အခ်ာ ေနရာတစ္ခုလည္းျဖစ္သည္။ ဂ်ီနီဗာၿမိဳ႕သည္ ပထမကမာၻစစ္အၿပီးတြင္ ႏိုင္ငံေပါင္းခ်ဳပ္အသင္းႀကီး အျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး စစ္ပြဲကာလအတြင္း လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကုသေရးဆိုင္ရာ ဂ်ီနီဗာသေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးခဲ့သည့္ ေနရာတစ္ခုျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။ ဂ်ီနီဗာၿမိဳ႕သည္ ႏိုင္ငံတစ္ ႏိုင္ငံ၏ၿမိဳ႕ေတာ္ျဖစ္ျခင္းမ်ိဳးမရွိဘဲ အေရးပါေသာ ႏိုင္ငံတကာအဖြဲ႕အစည္း အနည္းဆုံးတစ္ခု၏ ဌာနခ်ဳပ္အျဖစ္ ေဆာင္႐ြက္သည့္ထူးျခားေသာ ကြဲျပားမႈရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္သည္။ (၂၀၂၁)ခုႏွစ္ ဇန္နဝါရီလအထိ ဂ်ီနီဗာၿမိဳ႕တြင္ ေနထိုင္သူလူဦးေရ မွာ (၂၀၃၈၅၆) ဦးရွိၿပီး ၎ ၏ ျမဴနီစီပယ္နယ္ေျမမွာ (၁၆)စတုရန္းကီလိုမီတာရွိေၾကာင္းသိရသည္။ ဂ်ီနီဗာ ၿမိဳ႕ျပဧရိယာသည္ (၂၂၉၂) စတုရန္းကီလိုမီတာ ေက်ာ္ က်ယ္ဝန္းၿပီး (၂၀၂၁)ခုႏွစ္အထိ ေနထိုင္သူ လူဦးေရမွာ (၁၀၅၃၄၃၆) ဦး ရွိေၾကာင္းသိရသည္။ (၂၀၂၃) ခုႏွစ္တြင္ ကမာၻလုံးဆိုင္ရာ ဘ႑ာေရးစင္တာမ်ား အၫႊန္းကိန္းက ဂ်ီနီဗာ ၿမိဳ႕ကို ကမာၻ႔(၁၀)ခုေျမာက္အေရးအႀကီးဆုံးဘ႑ာေရးစင္တာမ်ားထဲမွတစ္ခုအျဖစ္ အဆင့္သတ္ မွတ္ခဲ့ေၾကာင္းသိရသည္။ (၂၀၁၉)ခုႏွစ္တြင္ ဂ်ီနီဗာၿမိဳ႕သည္ ဇူးရစ္ ႏွင့္ေဘဆယ္ၿမိဳ႕တို႔ႏွင့္အတူ ကမာၻေပၚ တြင္ ေနထိုင္ရန္အသင့္ေတာ္ဆုံးၿမိဳ႕(၁၀)ၿမိဳ႕ထဲမွတစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ကမာၻေပၚတြင္ (၁၃)ခု ေျမာက္ ေဈးအႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံခဲ့ရေၾကာင္း လည္းသိရသည္။ (၂၀၁၈) ခုႏွစ္UBS ကမာၻ႔ၿမိဳ႕ႀကီး မ်ား၏ အဆင့္သတ္မွတ္ခ်က္တြင္ ဂ်ီနီဗာၿမိဳ႕သည္ စုစုေပါင္းဝင္ေငြအတြက္ ပထမအဆင့္၊ ဒုတိယ ေျမာက္ေဈးအႀကီးဆုံးႏွင့္ ဝယ္ယူမႈစြမ္းအားတြင္ အဆင့္(၄)ေနရာတြင္ရွိသည့္ ၿမိဳ႕အျဖစ္ အဆင့္ သတ္မွတ္ခံခဲ့ရေၾကာင္းသိရသည္။
စီးပြားေရး
ဂ်ီနီဗာၿမိဳ႕၏စီးပြားေရးသည္ ဝန္ေဆာင္မႈ က႑အေပၚ အဓိကအေျခခံထားၿပီး ကမာၻလုံးဆိုင္ရာ ဘ႑ာေရးအခ်က္အခ်ာေနရာမ်ားထဲမွတစ္ခုျဖစ္ေၾကာင္းသိရသည္။ ဘ႑ာေရးက႑ကို အဓိကက႑ သုံးခုျဖင့္လႊမ္းမိုးထားၿပီး ၎တို႔မွာ ကုန္သြယ္မႈ၊ ဘ႑ာေရးႏွင့္ စည္းစိမ္ဥစၥာစီမံခန႔္ခြဲမႈတို႔ျဖစ္ေၾကာင္း သိရသည္။ ကမာၻေပၚတြင္လြတ္လပ္စြာ ေရာင္းဝယ္ေဖာက္ကားသည့္ ေရနံ၊ သၾကား၊ အေစ့ အဆန္မ်ား ႏွင့္ ဆီမ်ိဳးေစ့မ်ား၏ သုံးပုံတစ္ပုံခန႔္ကို ဂ်ီနီဗာၿမိဳ႕တြင္ ေရာင္းဝယ္မႈမ်ားလုပ္ေဆာင္ၾကၿပီး ခန႔္မွန္းေျခ အားျဖင့္ ကမာၻ႔ခ်ည္၏(၂၂)ရာခိုင္ႏႈန္းခန႔္ ကို ဂ်ီနီဗာေရကန္ေဒသတြင္ ေရာင္းဝယ္မႈမ်ားလုပ္ေဆာင္ၾက ေၾကာင္း သိရသည္။ ဂ်ီနီဗာၿမိဳ႕တြင္ ေရာင္းဝယ္မႈမ်ားလုပ္ေဆာင္ၾကေသာ အဓိကကုန္စည္မ်ားတြင္ သံမဏိ၊ လွ်ပ္စစ္ သို႔မဟုတ္ ေကာ္ဖီတို႔ပါဝင္ၿပီး Bunge ၊ Cargill ၊ Vitol ၊ Gunvor ၊ BNP Paribas ၊ Trafigura သို႔မဟုတ္ Mercuria Energy Group တို႔ကဲ့သို႔ေသာ ကုန္သြယ္ေရးကုမၸဏီႀကီးမ်ား၏ ေဒသ တြင္း သို႔မဟုတ္ ကမာၻလုံးဆိုင္ရာ႐ုံးခ်ဳပ္မ်ား သည္ ဂ်ီနီဗာၿမိဳ႕တြင္တည္ရွိၾကေၾကာင္းသိရသည္။ ထို႔ျပင္ ဂ်ီနီဗာၿမိဳ႕သည္ ကမာၻ႔အႀကီးဆုံး သေဘၤာ ကုမၸဏီျဖစ္ေသာ Mediterranean သေဘၤာကုမၸဏီ၏ ႐ုံးခ်ဳပ္တည္ရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ သည္။ ခိုင္မာေသာ ကုန္သြယ္မႈဘ႑ာေရးျဖင့္ ကုန္ စည္ကူးသန္းေရာင္းဝယ္မႈကို ထိန္းထားမႈႏွင့္အတူ BCGE ၊ BCP ၊ BNP Paribas ၊ BCV ၊ Crédit Agricole ၊ Credit Suisse ၊ ING ၊ Société Générale ႏွင့္ UBS တို႔ကဲ့သို႔ေသာ ဘဏ္ႀကီးမ်ား၏ ႐ုံးခ်ဳပ္မ်ား အားလုံး သည္ ဂ်ီနီဗာၿမိဳ႕တြင္ တည္ရွိၾကေၾကာင္း သိရသည္။ စည္းစိမ္ဥစၥာစီမံခန႔္ခြဲမႈကို Pictet၊ Lombard Odier ၊ Edmond de Rothschild Group ၊ Union Bancaire Privée ၊ Mirabaud Group ၊ Dukascopy Bank၊ Bordier & Cie ၊ Banque SYZ သို႔မဟုတ္ REYL & Cie တို႔ကဲ့သို႔ေသာ အမ်ားသူငါ စာရင္းဝင္မဟုတ္ေသာ ဘဏ္မ်ားႏွင့္ပုဂၢလိက ဘဏ္မ်ားက လႊမ္းမိုးထားေၾကာင္း သိရသည္။ ေနာက္ထပ္အေနျဖင့္ ဂ်ီနီဗာၿမိဳ႕ သည္ HSBC Private Bank ၊ JPMorgan Chas သို႔မဟုတ္ အာရပ္ဘဏ္တို႔ကဲ့သို႔ေသာ ႏိုင္ငံျခားပိုင္ ဘဏ္မ်ား အမ်ားဆုံးစုစည္းေနသည့္ ေနရာတစ္ခုလည္း ျဖစ္သည္။ ဘ႑ာေရးက႑၏ေနာက္တြင္ ေနာက္ထပ္ အႀကီးဆုံးစီးပြားေရးက႑မွာ Patek Philippe ၊ Vacheron Constantin ၊ Chopard ၊ Piaget ၊ Rolex ၊ Roger Dubuis ၊ Franck Muller ၊ F. P. Journe ႏွင့္ အျခားဇိမ္ခံ ကုမၸဏီႀကီးမ်ားက လႊမ္းမိုးထားသည့္ နာရီထုတ္လုပ္မႈက႑ျဖစ္ေၾကာင္းသိရသည္။ ကုန္သြယ္မႈ ဘ႑ာေရး၊ စည္းစိမ္ဥစၥာ စီမံခန႔္ခြဲမႈႏွင့္ နာရီထုတ္လုပ္ျခင္းတို႔သည္ ဂ်ီနီဗာၿမိဳ႕အတြင္း ေပးေဆာင္ေသာ ေကာ္ပိုရိတ္အခြန္၏ (၃)ပုံ ပုံ(၂)ပုံခန႔္ကို ပံ့ပိုးေပးေၾကာင္းသိရသည္။
ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား
ဂ်ီနီဗာၿမိဳ႕သည္ ၾကက္ေျခနီ၊ ကမာၻလုံး ဆိုင္ရာက်န္းမာေရးအဖြဲ႕၊ ကမာၻလုံးဆိုင္ရာကုန္သြယ္ေရး အဖြဲ႕၊ အျပည္ျပည္ဆိုင္ရာ ဆက္သြယ္ေရးသမဂၢ၊ ကမာၻလုံးဆိုင္ရာ Óဏပစၥည္းမူပိုင္ခြင့္အဖြဲ႕၊ ကမာၻ႔ မိုးေလဝသအဖြဲ႕၊ အျပည္ျပည္ဆိုင္ရာ အလုပ္သမား ေရးရာအဖြဲ႕ႏွင့္ ကုလသမဂၢ၏ ဥေရာပ႐ုံးခ်ဳပ္တို႔ကဲ့ သို႔ေသာ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားႏွင့္ ကုလ သမဂၢေအဂ်င္စီမ်ား ကမာၻေပၚတြင္အမ်ားဆုံးတည္ရွိ သည့္ေနရာမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။ ၎၏ ႏိုင္ငံတကာဆက္ဆံမႈ၊ ေကာင္းမြန္စြာ ဆက္သြယ္ထားေသာေလဆိပ္ႏွင့္ ဥေရာပတိုက္အတြင္း အခ်က္အခ်ာက်မႈတို႔သည္ ဂ်ီနီဗာၿမိဳ႕ကို အစည္း အေဝးမ်ားႏွင့္ ကုန္စည္ျပပြဲမ်ားအတြက္ ေကာင္းမြန္ေသာအခ်က္အခ်ာေနရာတစ္ခုျဖစ္လာေစခဲ့ေၾကာင္း လည္းသိရသည္။