YBS ပေါ်တွင် ဖုန်းနှိုက်ပြီး သားအဖ (၂) ဦးကို အုပ်စုဖွဲ့ထိုးကြိတ်ခဲ့သည့် ခါးပိုက်နှိုက်(၅)ဦးကို ဖမ်းမိ

688

သန့်ဇင် (NP News) - မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် YBSပေါ်၌ ဖုန်းနှိုက်ပြီး သားအဖ(၂)ဦးကို အုပ်စုဖွဲ့ထိုးကြိတ်ခဲ့ သည့် ခါးပိုက်နှိုက်အဖွဲ့ဝင် (၅)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်၊ နံနက် ၈ နာရီက လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်း မှတ်တိုင်မှ YBS-58 ကားဖြင့် အသက်(၄၅)နှစ်အရွယ် ဦးစောလယ်ထူးကျော်နှင့် အသက်(၁၉)နှစ်အရွယ် သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူးတို့ စီးနင်းလိုက်ပါလာစဉ် ပန်းဘဲတန်းမြို့နယ် လမ်း(၃၀) အရောက်၌ ဦးစောလယ်ထူးကျော်၏ ရင်ဘက်၌ ထားကာ လွယ်ထားသည့် ကျောပိုးအိတ်အတွင်းသို့ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးက ခါးပိုက်နှိုက်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထို့နောက် ဦးစောလယ်ထူးကျော်က တွန်းလိုက်ရာမှ အချင်းများကြပြီး ၎င်းအမျိုးသားနှင့် အပေါင်းအပါ (၅) ဦး ခန့်က ဦးစောလယ်ထူးကျော်နှင့် ၎င်း၏ သားဖြစ်သူတို့ (၂) ဦးအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းမှတ်တိုင်အရောက်၌ အဆိုပါအမျိုးသား(၅) ဦးခန့်က ဦးစောလယ်ထူး ကျော်နှင့် သားဖြစ်သူတို့အား ယာဉ်ပေါ်မှဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ကာ ဦးစောလယ်ထူးကျော်၏ ဘောင်းဘီအိတ်အတွင်းမှ Redmi 9A အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးအား လုယက် ယူဆောင်သွားခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တိုင်တန်းချက်အရ ကျောက်တံတားမြို့မရဲစခန်း(ပ) ၅၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)/ ၃၂၃/၁၁၄ ဖြင့် အမှုရေးဖွင့်ကာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ကြည့်မြင်တိုင် မြို့နယ်အတွင်း နေထိုင်သော ယခင် ခါးပိုက်နှိုက်မှုဖြင့် ပြစ်ချက်ဟောင်းရှိသူများဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်စဉ် ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေသူများဖြစ်သည့်အသက် (၄၂)နှစ် အောင်ကိုလတ်၊ (၃၀)နှစ် ဝေဖြိုးအောင် (ခ) ဝေဖြိုး၊ (၂၂)နှစ်အရွယ် ပြည့်ဖြိုးထွေး(ခ) ပိစိ၊ (၃၃)နှစ်အရွယ် ဇော်ဇော်လွင် (ခ) ဘိုဘို နှင့် (၂၇)နှစ်အရွယ် ကျော်နိုင်ဦး (ခ) ကျန်ကျောင်း တို့ ၅ ဦးအား မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ခါးပိုက်နှိုက်မှုကျူးလွန်ခဲ့သူ ကြည့်မြင်တိုင်မြို့နယ်၊ ဦးမြရပ်ကွက်နေ အောင်မိုး(ခ) လှမြိုင်(ခ) တည်ကြီးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကျောက်တံတားမြို့ နယ်အတွင်း YBS-58 ယာဉ်ပေါ် ဦးစောလယ်ထူးကျော်၏ ကျောပိုး အိတ်အတွင်းမှ ဖုန်းအား အောင်မိုး(ခ) လှမြိုင်(ခ) တည်ကြီးမှ ခါးပိုက်နှိုက်နေစဉ် အောင်ကိုလတ်နှင့် ကျော်နိုင်ဦး (ခ) ကျန်ကျောင်း တို့ ၂ ဦးက ဝန်းရံပေးခဲ့ရကြောင်း သိရသည်။
ထို့နောက် ဝေဖြိုးအောင်(ခ) ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ၊ ဇော်ဇော်လွင် (ခ) ဘိုဘို တို့က အဆိုပါယာဉ်ပေါ်၌ စောင့်ကြည့်နေခဲ့ပြီး လက်ကိုင်ဖုန်းအား နှိုက်ယူနေသည်ကို သိရှိသွား၍ အချင်းများကြရာ ဝေဖြိုးအောင်(ခ) ဝေဖြိုး၊ ပြည့်ဖြိုးထွေး(ခ) ပိစိ၊ ဇော်ဇော်လွင် (ခ) ဘိုဘိုတို့က လက်သီးဖြင့်ထိုးကြိတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးစောလယ်ထူးကျော်၏ သားဖြစ်သူ မောင်ခန့်ထယ်ရိုးစေးထူးအား ပန်းဆိုးတန်းကားမှတ်တိုင် အရောက် ကားပေါ်မှ ဆွဲချ၍ ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကြောင်းနှင့် ခါးပိုက်နှိုက်ယူရရှိခဲ့သည့် Redmi ဖုန်းအား အောင်မိုး(ခ)လှမြိုင် (ခ) တည်ကြီး က ယူဆောင်သွား ကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ကြောင့် အများပြည်သူသွားလာအသုံးပြုနေသည့် YBS မြို့တွင်လိုင်းယာဉ်များပေါ်၌ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများဖြစ်ပြီး ဖမ်းဆီးရမိသူများအား ၎င်းတို့ကျူးလွန်ခဲ့သည့်အမှုများ ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရန်ကျန်ရှိနေသည့် အောင်မိုး(ခ) လှမြိုင် (ခ) တည်ကြီး အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးနှင့် သက်သေခံပစ္စည်း ပြန်လည်သိမ်းဆည်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
YBS ေပၚတြင္ ဖုန္းႏႈိက္ၿပီး သားအဖ (၂) ဦးကို အုပ္စုဖြဲ႕ထိုးႀကိတ္ခဲ့သည့္ ခါးပိုက္ႏႈိက္(၅)ဦးကို ဖမ္းမိ
သန႔္ဇင္ (NP News) - ေမ ၂၄
ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္တြင္ YBSေပၚ၌ ဖုန္းႏႈိက္ၿပီး သားအဖ(၂)ဦးကို အုပ္စုဖြဲ႕ထိုးႀကိတ္ခဲ့ သည့္ ခါးပိုက္ႏႈိက္အဖြဲ႕ဝင္ (၅)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ေမလ ၁၉ ရက္၊ နံနက္ ၈ နာရီက လမ္းမေတာ္ၿမိဳ႕နယ္၊ ဝါးတန္းလမ္း မွတ္တိုင္မွ YBS-58 ကားျဖင့္ အသက္(၄၅)ႏွစ္အ႐ြယ္ ဦးေစာလယ္ထူးေက်ာ္ႏွင့္ အသက္(၁၉)ႏွစ္အ႐ြယ္ သားျဖစ္သူ ေမာင္ခန႔္ထယ္႐ိုးေစးထူးတို႔ စီးနင္းလိုက္ပါလာစဥ္ ပန္းဘဲတန္းၿမိဳ႕နယ္ လမ္း(၃၀) အေရာက္၌ ဦးေစာလယ္ထူးေက်ာ္၏ ရင္ဘက္၌ ထားကာ လြယ္ထားသည့္ ေက်ာပိုးအိတ္အတြင္းသို႔ အသက္(၃၅)ႏွစ္ခန႔္ အမ်ိဳးသားတစ္ဦးက ခါးပိုက္ႏႈိက္ေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။
ထို႔ေနာက္ ဦးေစာလယ္ထူးေက်ာ္က တြန္းလိုက္ရာမွ အခ်င္းမ်ားၾကၿပီး ၎အမ်ိဳးသားႏွင့္ အေပါင္းအပါ (၅) ဦး ခန႔္က ဦးေစာလယ္ထူးေက်ာ္ႏွင့္ ၎၏ သားျဖစ္သူတို႔ (၂) ဦးအား ဝိုင္းဝန္းထိုးႀကိတ္ခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ေက်ာက္တံတားၿမိဳ႕နယ္၊ ကမ္းနားလမ္း၊ ပန္းဆိုးတန္းမွတ္တိုင္အေရာက္၌ အဆိုပါအမ်ိဳးသား(၅) ဦးခန႔္က ဦးေစာလယ္ထူး ေက်ာ္ႏွင့္ သားျဖစ္သူတို႔အား ယာဥ္ေပၚမွဆြဲခ်၍ ဝိုင္းဝန္းထိုးႀကိတ္ကန္ေက်ာက္ကာ ဦးေစာလယ္ထူးေက်ာ္၏ ေဘာင္းဘီအိတ္အတြင္းမွ Redmi 9A အမ်ိဳးအစား လက္ကိုင္ဖုန္း တစ္လုံးအား လုယက္ ယူေဆာင္သြားခဲ့သျဖင့္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ တိုင္တန္းခ်က္အရ ေက်ာက္တံတားၿမိဳ႕မရဲစခန္း(ပ) ၅၂/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉(ႏႈိက္)/ ၃၂၃/၁၁၄ ျဖင့္ အမႈေရးဖြင့္ကာ က်ဴးလြန္သူတရားခံမ်ားအား ဖမ္းဆီးရမိႏိုင္ေရး ေဆာင္႐ြက္ခဲ့ရာ ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္အတြင္း ေနထိုင္ေသာ ယခင္ ခါးပိုက္ႏႈိက္မႈျဖင့္ ျပစ္ခ်က္ေဟာင္းရွိသူမ်ားျဖစ္ေၾကာင္း သိရွိရသျဖင့္ ဖမ္းဆီးရမိႏိုင္ေရး လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္စဥ္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ဦးျမရပ္ကြက္ေနသူမ်ားျဖစ္သည့္အသက္ (၄၂)ႏွစ္ ေအာင္ကိုလတ္၊ (၃၀)ႏွစ္ ေဝၿဖိဳးေအာင္ (ခ) ေဝၿဖိဳး၊ (၂၂)ႏွစ္အ႐ြယ္ ျပည့္ၿဖိဳးေထြး(ခ) ပိစိ၊ (၃၃)ႏွစ္အ႐ြယ္ ေဇာ္ေဇာ္လြင္ (ခ) ဘိုဘို ႏွင့္ (၂၇)ႏွစ္အ႐ြယ္ ေက်ာ္ႏိုင္ဦး (ခ) က်န္ေက်ာင္း တို႔ ၅ ဦးအား ေမ ၂၁ ရက္ ညေန ၄ နာရီခန႔္တြင္ ၎တို႔၏ ေနအိမ္အသီးသီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ခါးပိုက္ႏႈိက္မႈက်ဴးလြန္ခဲ့သူ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ဦးျမရပ္ကြက္ေန ေအာင္မိုး(ခ) လွၿမိဳင္(ခ) တည္ႀကီးမွာ ထြက္ေျပးတိမ္းေရွာင္လ်က္ရွိေၾကာင္း သိရသည္။
ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္မ်ားအရ ေက်ာက္တံတားၿမိဳ႕ နယ္အတြင္း YBS-58 ယာဥ္ေပၚ ဦးေစာလယ္ထူးေက်ာ္၏ ေက်ာပိုး အိတ္အတြင္းမွ ဖုန္းအား ေအာင္မိုး(ခ) လွၿမိဳင္(ခ) တည္ႀကီးမွ ခါးပိုက္ႏႈိက္ေနစဥ္ ေအာင္ကိုလတ္ႏွင့္ ေက်ာ္ႏိုင္ဦး (ခ) က်န္ေက်ာင္း တို႔ ၂ ဦးက ဝန္းရံေပးခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ေဝၿဖိဳးေအာင္(ခ) ေဝၿဖိဳး၊ ျပည့္ၿဖိဳးေထြး(ခ) ပိစိ၊ ေဇာ္ေဇာ္လြင္ (ခ) ဘိုဘို တို႔က အဆိုပါယာဥ္ေပၚ၌ ေစာင့္ၾကည့္ေနခဲ့ၿပီး လက္ကိုင္ဖုန္းအား ႏႈိက္ယူေနသည္ကို သိရွိသြား၍ အခ်င္းမ်ားၾကရာ ေဝၿဖိဳးေအာင္(ခ) ေဝၿဖိဳး၊ ျပည့္ၿဖိဳးေထြး(ခ) ပိစိ၊ ေဇာ္ေဇာ္လြင္ (ခ) ဘိုဘိုတို႔က လက္သီးျဖင့္ထိုးႀကိတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဦးေစာလယ္ထူးေက်ာ္၏ သားျဖစ္သူ ေမာင္ခန႔္ထယ္႐ိုးေစးထူးအား ပန္းဆိုးတန္းကားမွတ္တိုင္ အေရာက္ ကားေပၚမွ ဆြဲခ်၍ ဝိုင္းဝန္းထိုးႀကိတ္ခဲ့ၾကေၾကာင္းႏွင့္ ခါးပိုက္ႏႈိက္ယူရရွိခဲ့သည့္ Redmi ဖုန္းအား ေအာင္မိုး(ခ)လွၿမိဳင္ (ခ) တည္ႀကီး က ယူေဆာင္သြား ေၾကာင္း ေဖာ္ထုတ္သိရွိရသည္။
ထို႔ေၾကာင့္ အမ်ားျပည္သူသြားလာအသုံးျပဳေနသည့္ YBS ၿမိဳ႕တြင္လိုင္းယာဥ္မ်ားေပၚ၌ အုပ္စုဖြဲ႕၍ ခါးပိုက္ႏႈိက္မႈ က်ဴးလြန္သူမ်ားျဖစ္ၿပီး ဖမ္းဆီးရမိသူမ်ားအား ၎တို႔က်ဴးလြန္ခဲ့သည့္အမႈမ်ား ဆက္လက္စစ္ေဆး ေဖာ္ထုတ္လ်က္ရွိၿပီး ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ေရး လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
ဖမ္းဆီးရန္က်န္ရွိေနသည့္ ေအာင္မိုး(ခ) လွၿမိဳင္ (ခ) တည္ႀကီး အား အျမန္ဆုံးဖမ္းဆီးရမိႏိုင္ေရးႏွင့္ သက္ေသခံပစၥည္း ျပန္လည္သိမ္းဆည္းႏိုင္ေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။