ဓါတ်အားလိုင်းတာဝါတိုင်နှစ်ခု ပြိုလဲသဖြင့် ဓါတ်အားပေးပို့မှု လျော့နည်းနိုင်

 904

NP News - မေလ ၂၄

ရန်ကုန်ဓာတ်အားပေးစက်များသို့ ပို့လွှတ်လျက်ရှိသည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပလက်ဖောင်းကို အရေးပေါ် Shut Down ပြုလုပ်ခဲ့ရခြင်းနှင့် မိုးသက်လေပြင်းကြောင့် ဓာတ်အားလိုင်းတာဝါတိုင်(၂)တိုင် ပြိုလဲခဲ့ ခြင်းတို့ကြောင့် ဓာတ်အားဖြန့်ဖြူးနိုင်မှု လျော့ကျလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းမှ မေလ ၂၃ ရက် ညပိုင်းက ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်အရ ယမန်နေ့ နေ့လည် ၁၁ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားပေးစက်များသို့ ပို့လွှတ်လျက်ရှိ သည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပလက်ဖောင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်ပေးနိုင်မှု (450 MW) ခန့် လျော့နည်းလျက်ရှိကြောင်းသိရသည်။
ယမန်နေ့ ညနေ ၄ နာရီ ၂၂ မိနစ် အချိန်ခန့်တွင် မိုးသက်လေပြင်းများ တိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်းသည် ထန်းတပင်မြို့နယ် တံတားဦးကျေးရွာအနီး၌ တာဝါတိုင်အမှတ် ၉၁ နှင့် ၉၂ တို့ (၂) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် အရေးပေါ်ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းသို့ ဓာတ်အားဖြန့်ဖြူးနိုင်မှု လျော့ကျလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များမှာ ယာယီဝန်အားထိန်းညှိမှုများ ရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

Zawgyi Version:
ဓါတ္အားလိုင္းတာဝါတိုင္ႏွစ္ခု ၿပိဳလဲသျဖင့္ ဓါတ္အားေပးပို႔မႈ ေလ်ာ့နည္းႏိုင္
NP News - ေမလ ၂၄
ရန္ကုန္ဓာတ္အားေပးစက္မ်ားသို႔ ပို႔လႊတ္လ်က္ရွိသည့္ ရတနာကမ္းလြန္ သဘာဝဓာတ္ေငြ႕ပလက္ေဖာင္းကို အေရးေပၚ Shut Down ျပဳလုပ္ခဲ့ရျခင္းႏွင့္ မိုးသက္ေလျပင္းေၾကာင့္ ဓာတ္အားလိုင္းတာဝါတိုင္(၂)တိုင္ ၿပိဳလဲခဲ့ ျခင္းတို႔ေၾကာင့္ ဓာတ္အားျဖန႔္ျဖဴးႏိုင္မႈ ေလ်ာ့က်လ်က္ရွိေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရး ရွင္းမွ ေမလ ၂၃ ရက္ ညပိုင္းက ထုတ္ျပန္ထားသည္။
အဆိုပါ ထုတ္ျပန္ခ်က္အရ ယမန္ေန႔ ေန႔လည္ ၁၁ နာရီ ၄၀ မိနစ္ အခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္းေဒသႀကီး အတြင္းရွိ ဓာတ္အားေပးစက္မ်ားသို႔ ပို႔လႊတ္လ်က္ရွိ သည့္ ရတနာကမ္းလြန္ သဘာဝဓာတ္ေငြ႕ ပလက္ေဖာင္းအား အေရးေပၚ Shut Down ျပဳလုပ္ခဲ့ရသျဖင့္ ဓာတ္အားစနစ္အတြင္းသို႔ ဓာတ္အားထုတ္လုပ္ပို႔လႊတ္ေပးႏိုင္မႈ (450 MW) ခန႔္ ေလ်ာ့နည္းလ်က္ရွိေၾကာင္းသိရသည္။
ယမန္ေန႔ ညေန ၄ နာရီ ၂၂ မိနစ္ အခ်ိန္ခန႔္တြင္ မိုးသက္ေလျပင္းမ်ား တိုက္ခတ္၍ ၂၃၀ ေကဗြီ ေျမာင္းတကာ-လႈိင္သာယာ ဓာတ္အားလိုင္းသည္ ထန္းတပင္ၿမိဳ႕နယ္ တံတားဦးေက်း႐ြာအနီး၌ တာဝါတိုင္အမွတ္ ၉၁ ႏွင့္ ၉၂ တို႔ (၂) တိုင္ ၿပိဳလဲပ်က္စီးခဲ့သျဖင့္ အေရးေပၚထိန္းသိမ္းျပဳျပင္မႈမ်ား ေဆာင္႐ြက္လ်က္ရွိရာ ရန္ကုန္တိုင္းႏွင့္ ဧရာဝတီ တိုင္းသို႔ ဓာတ္အားျဖန႔္ျဖဴးႏိုင္မႈ ေလ်ာ့က်လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ အဆိုပါထိန္းသိမ္းျပဳျပင္မႈမ်ားေဆာင္႐ြက္ေနစဥ္ကာလအတြင္း ရန္ကုန္တိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္မ်ားမွာ ယာယီဝန္အားထိန္းညႇိမႈမ်ား ရွိႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.