အာဏာသိမ်းမှု ထပ်မံမဖြစ်ပွားဟု မည်သူမှအာမ မခံနိုင်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးပြော

 579

ဂျန်ဇက် (NP News) - မေ ၂၅

ထိုင်းနိုင်ငံ၌ အနာဂတ်တွင် အာဏာသိမ်းမှုဖြစ်ပွားလာနိုင်ဖွယ်ရှိနေသည်ဆိုသောအချက်နှင့်ပတ်သက်ပြီး ပြောဆို ချက်များကို ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာရာချိုင်းက ငြင်းဆန်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် အာဏာသိမ်းမှုများထပ်မံ ဖြစ်လာနိုင်သောအလားလာများရှိနေသည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
ထိုင်းကာကွယ်ရေးဝန်ကြီးက သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် ဒီမိုကရေစီအင်စတီကျူးရှင်းပိုင်း ပိုမိုကောင်းမွန်စေရန် အတိတ်သမိုင်းကို သင်ခန်းစာယူရမည်ဖြစ်ကြောင်းတိုက်တွန်းပြောခဲ့သည်။ ထိုင်းနိုင်ငံအနေ ဖြင့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်နစ်နာဖွယ်ရှိသည့်အရာများကို မလုပ်ဆောင်ရန် သတိထားရမည်ဖြစ် သလို ဒီမိုကရေစီလုပ်ငန်းများကို လိုက်နာခြင်း၊ သည်းခံခြင်းများ ရှိရန် အဓိကအရေးကြီးကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ဝီချာရာချိုးင်း က ပြောသည်။
ထိုင်းနိုင်ငံသည် ပြီးခဲ့သော (၂၀၁၄) ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါအာဏာသိမ်းမှုမျိုး ထပ်မံ မဖြစ်ပွားဟု မည်သူမှအာမမခံနိုင်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောသည်။ လက်ရှိ စစ်ခေါင်းဆောင်များ နှင့်အတူ အလုပ်လုပ်ရသည့်အတွေ့ကြုံများအရ လက်ရှိစစ်ခေါင်းဆောင်များသည် ခေတ်မီတိုးတက်သော အမြင်ရှိ သူများဖြစ်ကြောင်း၊ စစ်ခေါင်းဆောင်များသည် ကမ္ဘာ့အပြောင်း အလဲအခြေအနေတွေကို နားလည်မှုရှိသူများဖြစ် ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။
ထိုင်းကာကွယ်ရေးဝန်ကြီးက “နိုင်ငံသားတွေဟာ သူတို့ရဲ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ပိုတန်ဖိုးထားပြီး စစ်တပ်အာဏာသိမ်းမှုမဖြစ်အောင် ထိုင်းလူ့အဖွဲ့အစည်းက တဖြည်းဖြည်း ပိုကြီးတဲ့ ဒီမိုကရေစီဆီ ဦးတည်ရွေ့လျားဖို့ လိုအပ်တယ်။ ပြဿနာများကို ငြိမ်းချမ်းစွာနဲ့ ရေရှည်တည်တံ့ခိုင်မြဲစွာဖြေရှင်းနိုင်ဖို့ ကဏ္ဍ အားလုံးမှာ အမြဲသတိနဲ့ နားလည်မှုရှိဖို့ လိုအပ်ပါတယ်။ အာဏာသိမ်းမှုတွေဟာ လူမှုပြဿနာများအတွက် အဖြေ မရှိသလို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုနဲ့လည်း မကိုက်ညီဘူး။ ဒီမိုကရေစီ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့အချိန် ယူလုပ်ကိုင်ရမှာဖြစ်တယ်။ သက်ဆိုင်ရာအဖွဲ့စည်း အားလုံးဟာ ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင် ဒီမိုကရေစီအခြေခံများကို လိုက်နာကျင့်သုံးရမှာလည်းဖြစ်တယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံသည် အာဆီယံဒေသအတွင်းနိုင်ငံများအနက် စစ်အာဏာသိမ်းမှုအကြိမ်ရေအတွက် အများဆုံးဖြစ်ပွားခဲ့ဖူးသော နိုင်ငံများစာရင်း၌ ထိပ်ဆုံးတွင်ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version:
အာဏာသိမ္းမႈ ထပ္မံမျဖစ္ပြားဟု မည္သူမွအာမ မခံႏိုင္ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ေမ ၂၅

ထိုင္းႏိုင္ငံ၌ အနာဂတ္တြင္ အာဏာသိမ္းမႈျဖစ္ပြားလာႏိုင္ဖြယ္ရွိေနသည္ဆိုေသာအခ်က္ႏွင့္ပတ္သက္ၿပီး ေျပာဆို ခ်က္မ်ားကို ထိုင္းကာကြယ္ေရးဝန္ႀကီး ဝီခ်ာရာခ်ိဳင္းက ျငင္းဆန္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံသည္ အာဏာသိမ္းမႈမ်ားထပ္မံ ျဖစ္လာႏိုင္ေသာအလားလာမ်ားရွိေနသည္ဟု ၿပီးခဲ့ေသာရက္ပိုင္းတြင္ သတင္းမ်ားလည္း ထြက္ေပၚခဲ့သည္။
ထိုင္းကာကြယ္ေရးဝန္ႀကီးက သက္ဆိုင္ရာအဖြဲ႕အစည္းအားလုံးအေနျဖင့္ ဒီမိုကေရစီအင္စတီက်ဴးရွင္းပိုင္း ပိုမိုေကာင္းမြန္ေစရန္ အတိတ္သမိုင္းကို သင္ခန္းစာယူရမည္ျဖစ္ေၾကာင္းတိုက္တြန္းေျပာခဲ့သည္။ ထိုင္းႏိုင္ငံအေန ျဖင့္ ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္ေရးကို ထိခိုက္နစ္နာဖြယ္ရွိသည့္အရာမ်ားကို မလုပ္ေဆာင္ရန္ သတိထားရမည္ျဖစ္ သလို ဒီမိုကေရစီလုပ္ငန္းမ်ားကို လိုက္နာျခင္း၊ သည္းခံျခင္းမ်ား ရွိရန္ အဓိကအေရးႀကီးေၾကာင္း ထိုင္း ကာကြယ္ေရးဝန္ႀကီး ဝီခ်ာရာခ်ိဳးင္း က ေျပာသည္။
ထိုင္းႏိုင္ငံသည္ ၿပီးခဲ့ေသာ (၂၀၁၄) ခုႏွစ္တြင္ စစ္အာဏာသိမ္းမႈျဖစ္ပြားခဲ့ရာ အဆိုပါအာဏာသိမ္းမႈမ်ိဳး ထပ္မံ မျဖစ္ပြားဟု မည္သူမွအာမမခံႏိုင္ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီးက ေျပာသည္။ လက္ရွိ စစ္ေခါင္းေဆာင္မ်ား ႏွင့္အတူ အလုပ္လုပ္ရသည့္အေတြ႕ႀကဳံမ်ားအရ လက္ရွိစစ္ေခါင္းေဆာင္မ်ားသည္ ေခတ္မီတိုးတက္ေသာ အျမင္ရွိ သူမ်ားျဖစ္ေၾကာင္း၊ စစ္ေခါင္းေဆာင္မ်ားသည္ ကမာၻ႔အေျပာင္း အလဲအေျခအေနေတြကို နားလည္မႈရွိသူမ်ားျဖစ္ ေၾကာင္း ထိုင္းကာကြယ္ေရးဝန္ႀကီးက ထပ္မံေျပာဆိုခဲ့သည္။
ထိုင္းကာကြယ္ေရးဝန္ႀကီးက “ႏိုင္ငံသားေတြဟာ သူတို႔ရဲ႕အခြင့္အေရးနဲ႔ လြတ္လပ္ခြင့္ေတြကို ပိုတန္ဖိုးထားၿပီး စစ္တပ္အာဏာသိမ္းမႈမျဖစ္ေအာင္ ထိုင္းလူ႔အဖြဲ႕အစည္းက တျဖည္းျဖည္း ပိုႀကီးတဲ့ ဒီမိုကေရစီဆီ ဦးတည္ေ႐ြ႕လ်ားဖို႔ လိုအပ္တယ္။ ျပႆနာမ်ားကို ၿငိမ္းခ်မ္းစြာနဲ႔ ေရရွည္တည္တံ့ခိုင္ၿမဲစြာေျဖရွင္းႏိုင္ဖို႔ က႑ အားလုံးမွာ အၿမဲသတိနဲ႔ နားလည္မႈရွိဖို႔ လိုအပ္ပါတယ္။ အာဏာသိမ္းမႈေတြဟာ လူမႈျပႆနာမ်ားအတြက္ အေျဖ မရွိသလို ဒီမိုကေရစီဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔လည္း မကိုက္ညီဘူး။ ဒီမိုကေရစီ ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစဖို႔အခ်ိန္ ယူလုပ္ကိုင္ရမွာျဖစ္တယ္။ သက္ဆိုင္ရာအဖြဲ႕စည္း အားလုံးဟာ ျပႆနာမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္ေအာင္ ဒီမိုကေရစီအေျခခံမ်ားကို လိုက္နာက်င့္သုံးရမွာလည္းျဖစ္တယ္” ဟု ေျပာသည္။
ထိုင္းႏိုင္ငံသည္ အာဆီယံေဒသအတြင္းႏိုင္ငံမ်ားအနက္ စစ္အာဏာသိမ္းမႈအႀကိမ္ေရအတြက္ အမ်ားဆုံးျဖစ္ပြားခဲ့ဖူးေသာ ႏိုင္ငံမ်ားစာရင္း၌ ထိပ္ဆုံးတြင္ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.