လှည်းကူးမြို့နယ်ရှိ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီး နှင့် ဒကာမ နှစ်ဦးတည်းရှိရာမှ လူသတ်မှုဖြစ်

 2135

စော(NP News)- မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဆရာတော်မှ ဒကာမအား ဓားဖြင့် (၁၅)ချက်ခုတ်သတ်ခဲ့သည့် ဖြစ်စဉ်ပတ်သက်၍ ဘုန်းကြီးကျောင်းတွင် ဘုန်းကြီးနှင့် ဒကာမ နှင့် နှစ်ဦးတည်း ရောထွေးယှက်နွယ် မနေသင့်ကြောင်း ကြည့်မြင်တိုင်မြို့နယ်မှ ရဟန်းတစ်ပါးက NP Newsသို့ မိန့်ကြားသည်။

အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့် (မေလ ၂၁ရက်)က လှည်းကူးမြို့နယ်၊ရွှေအင်တုံကျေးရွာ၊အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဦးသမ္မာစာရနှင့် ကပ္ပိယကိုသူရအောင်တို့သည် ဒကာမဖြစ်သူ ဒေါ်သီတာအောင်၏ နေအိမ်သို့ ကားဖြင့် ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ရောက်ရှိလာသည့်အကြောင်းအရင်းမှာ ဘုန်းကြီးကျောင်းတွင် နေသည့် ဒကာမ၏မိခင် နေမကောင်း၍ လာခေါ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ခင်ပွန်းဖြစ်သူက ဒကာမသည် အစ်မ၏အိမ်သို့ရောက်ရှိနေသည်ဟု ပြောဆိုခဲ့ရာ အဆိုပါအိမ်သို့ လိုက်သွားကာ ၎င်းကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းတိုက်သို့ရောက်သောအခါ ဆရာတော်နှင့်ဒကာမနှစ်ဦး ကျောင်းတွင် ကျန်ခဲ့ပြီး ကပ္ပိယက ရွာအတွင်း ဆွမ်းချိုင့်သွားယူခဲ့ကြောင်း သိရသည်။

ထို့နောက် ကပ္ပိယပြန်လာချိန်တွင် ကျောင်းအတွင်း၌ ဒကာမဖြစ်သူသည် ဓားဒဏ်ရာ (၁၅)ချက်ဖြင့် လဲကျသေဆုံးနေသဖြင့် ကျောင်းရှိ ကိုရင်ကို မေးမြန်းခဲ့ရာ ဆရာတော်နှင့် ဒကာမတို့ စကားများကာ ဆရာတော်က ဓားဖြင့် ခုတ်ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကပ္ပိယက ခင်ပွန်းဖြစ်သူ ဦးဖိုးဇော်ထံ ဖုန်းဆက်အကြောင်းကြားရာမှ ၎င်းက ကျောင်းသို့လိုက်သွားပြီး ဇနီးဖြစ်သူ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသဖြင့် လှည်းကူးမြို့မ ရဲစခန်းတွင်လာရောက်တိုင်တန်းခဲ့ခြစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြည်မြင့်တိုင်မြို့နယ်မှ ရဟန်းတစ်ပါးက “အဓိကကတော့ မနေသင့်ပါဘူး။ ကျောင်းဆိုတာတော့ ကျောင်းသား၊ကိုရင် က အဓိကပဲလေ။ကျောင်းသား၊ ကိုရင်ပဲ ဘာပဲဖြစ်ဖြစ် ဝေယျာဝစ္စ ဆိုတာက လုပ်ကြရတာလေ။ လိုင်းပေါ်တင်ထားတဲ့အနေအထားဆိုတာထက် အဓိက သတ်လောက်တဲ့ အကြောင်းအရင်းပေါ့။ လူသတ်ရအောင်ဖြစ်တယ်ဆိုတဲ့ အနေအထားကြီးကတော့ တော်တော်ကြီးကို ကြီးမှလည်း ဖြစ်ကြတာများတာကို။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာတော့ ပြောဖို့ ခက်တာပေါ့ ။နေတာတော့ မနေသင့်ဘူး။ မကင်းရာမကင်းကြောင်း သူတို့ရှိနေတဲ့ အနေအထားတွေလည်း ရှိတာပဲ ဘုန်းကြီးကျောင်းတွေမှာလေ”ဟု မိန့်သည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ရှာဖွေရာခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်သွားသော ကျောင်းထိုင်ဆရာတော်ဦးသမ္မာစာရ(ခ)သန်းဦး(၄၀နှစ်)ကို အမြန်လမ်း(၁၅)မိုင် အနီးတောစပ်တွင် မေလ ၂၁ရက်၊ ညနေ ၆နာရီ၄၀မိနစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာတော်က ဒကာမကြီးအား ဗလက္ကာယပြုကျင့်ရာမှ လက်မခံဘဲ ငြင်းဆိုထွက်ပြေးခဲ့သည့်အတွက် နောက်မှလိုက်ကာ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်စာမျက်နှာထက်တွင် ပျံနှံနေသည်။

Zawgyi Version:
လွည္းကူးၿမိဳ႕နယ္ရွိ ဘုန္းႀကီးေက်ာင္းတြင္ ဘုန္းႀကီး ႏွင့္ ဒကာမ ႏွစ္ဦးတည္းရွိရာမွ လူသတ္မႈျဖစ္

ေစာ(NP News)- ေမ ၂၅
ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္တြင္ ဆရာေတာ္မွ ဒကာမႀကီးအား ဓားျဖင့္ (၁၅)ခ်က္ခုတ္သတ္ခဲ့သည့္ ျဖစ္စဥ္ပတ္သက္၍ ဘုန္းႀကီးေက်ာင္းတြင္ ဘုန္းႀကီးႏွင့္ ဒကာမ ႏွင့္ ႏွစ္ဦးတည္း ေရာေထြးယွက္ႏြယ္ မေနသင့္ေၾကာင္း ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွ ရဟန္းတစ္ပါးက NP Newsသို႔ မိန႔္ၾကားသည္။

အဆိုပါျဖစ္စဥ္မွာ ၿပီးခဲ့သည့္ (ေမလ ၂၁ရက္)က လွည္းကူးၿမိဳ႕နယ္၊ေ႐ႊအင္တုံေက်း႐ြာ၊ေအာင္ဘုန္းျပည့္ဘုန္းႀကီးေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္ဦးသမၼာစာရႏွင့္ ကပၸိယကိုသူရေအာင္တို႔သည္ ဒကာမျဖစ္သူ ေဒၚသီတာေအာင္၏ ေနအိမ္သို႔ ကားျဖင့္ ေရာက္လာခဲ့ေၾကာင္း သိရသည္။

ထိုသို႔ေရာက္ရွိလာသည့္အေၾကာင္းအရင္းမွာ ဘုန္းႀကီးေက်ာင္းတြင္ ေနသည့္ ဒကာမ၏မိခင္ ေနမေကာင္း၍ လာေခၚျခင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့သျဖင့္ ခင္ပြန္းျဖစ္သူက ဒကာမသည္ အစ္မ၏အိမ္သို႔ေရာက္ရွိေနသည္ဟု ေျပာဆိုခဲ့ရာ အဆိုပါအိမ္သို႔ လိုက္သြားကာ ၎ကို ေခၚေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းတိုက္သို႔ေရာက္ေသာအခါ ဆရာေတာ္ႏွင့္ဒကာမႏွစ္ဦး ေက်ာင္းတြင္ က်န္ခဲ့ၿပီး ကပၸိယက ႐ြာအတြင္း ဆြမ္းခ်ိဳင့္သြားယူခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ကပၸိယျပန္လာခ်ိန္တြင္ ေက်ာင္းအတြင္း၌ ဒကာမျဖစ္သူသည္ ဓားဒဏ္ရာ (၁၅)ခ်က္ျဖင့္ လဲက်ေသဆုံးေနသျဖင့္ ေက်ာင္းရွိ ကိုရင္ကို ေမးျမန္းခဲ့ရာ ဆရာေတာ္ႏွင့္ ဒကာမတို႔ စကားမ်ားကာ ဆရာေတာ္က ဓားျဖင့္ ခုတ္ကာ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကပၸိယက ခင္ပြန္းျဖစ္သူ ဦးဖိုးေဇာ္ထံ ဖုန္းဆက္အေၾကာင္းၾကားရာမွ ၎က ေက်ာင္းသို႔လိုက္သြားၿပီး ဇနီးျဖစ္သူ ဓါးဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသျဖင့္ လွည္းကူးၿမိဳ႕မ ရဲစခန္းတြင္လာေရာက္တိုင္တန္းခဲ့ျခစ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ၾကည္ျမင့္တိုင္ၿမိဳ႕နယ္မွ ရဟန္းတစ္ပါးက “အဓိကကေတာ့ မေနသင့္ပါဘူး။ ေက်ာင္းဆိုတာေတာ့ ေက်ာင္းသား၊ကိုရင္ က အဓိကပဲေလ။ေက်ာင္းသား၊ ကိုရင္ပဲ ဘာပဲျဖစ္ျဖစ္ ေဝယ်ာဝစၥ ဆိုတာက လုပ္ၾကရတာေလ။ လိုင္းေပၚတင္ထားတဲ့အေနအထားဆိုတာထက္ အဓိက သတ္ေလာက္တဲ့ အေၾကာင္းအရင္းေပါ့။ လူသတ္ရေအာင္ျဖစ္တယ္ဆိုတဲ့ အေနအထားႀကီးကေတာ့ ေတာ္ေတာ္ႀကီးကို ႀကီးမွလည္း ျဖစ္ၾကတာမ်ားတာကို။ ဘာေၾကာင့္ျဖစ္ႏိုင္လဲဆိုတာေတာ့ ေျပာဖို႔ ခက္တာေပါ့ ။ေနတာေတာ့ မေနသင့္ဘူး။ မကင္းရာမကင္းေၾကာင္း သူတို႔ရွိေနတဲ့ အေနအထားေတြလည္း ရွိတာပဲ ဘုန္းႀကီးေက်ာင္းေတြမွာေလ”ဟု မိန႔္သည္။

ထို႔ေၾကာင့္ ရဲတပ္ဖြဲ႕က ပိတ္ဆို႔ရွာေဖြရာခဲ့သျဖင့္ ထြက္ေျပးတိမ္းေရွာင္သြားေသာ ေက်ာင္းထိုင္ဆရာေတာ္ဦးသမၼာစာရ(ခ)သန္းဦး(၄၀ႏွစ္)ကို အျမန္လမ္း(၁၅)မိုင္ အနီးေတာစပ္တြင္ ေမလ ၂၁ရက္၊ ညေန ၆နာရီ၄၀မိနစ္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါလူသတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ဆရာေတာ္က ဒကာမႀကီးအား ဗလကၠာယျပဳက်င့္ရာမွ လက္မခံဘဲ ျငင္းဆိုထြက္ေျပးခဲ့သည့္အတြက္ ေနာက္မွလိုက္ကာ ဓားျဖင့္ ခုတ္သတ္ခဲ့ျခင္းျဖစ္ေၾကာင္း လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ ပ်ံႏွံေနသည္။

Related news

© 2021. All rights reserved.