နစက ဥက္ကဋ္ဌက NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိဟု NDAA ပြော

 426

သုတကျော် (NP News) - မေ ၂၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ (မေလ ၂၅ ရက်) နံနက်ပိုင်းက လက်ခံတွေ့ဆုံခဲ့ကြောင်း နစက က သတင်းထုတ်ပြန်သည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကာ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများတက်ရောက်ကြောင်း သိရသည်။

မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခုဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအစ်ကို မောင်နှမများအားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကိုဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်စေလိုသည့်စိတ်ဖြင့် လုပ်ငန်းရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့် အရေးကြီးသည့်ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု၊ နိုင်ငံ့တစ်ခုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များပေါကြွယ်ဝရေးသည် မဖြစ်မနေလုပ်ဆောင်ရမည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်စေရေး အခြေခံပညာသင်ကျောင်းများကို ဖွင့်လှစ်ပေးသွားရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောသည်။

မိမိတို့သည်ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍတွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်ထောင်စုစနစ်ပညာရေးကို သင်ကြားရမည်ဖြစ်ကြောင်း၊ အခြေခံပညာအဆင့် တက်ရောက်အောင်မြင်ပြီးချိန်တွင် ပြည်တွင်းရှိ တက္ကသိုလ်များသို့ တက်ရောက်နိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း။ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ရာဘာကိုအခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုပြီး အဆင့်မြင့်ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အလားတူ ဒေသတွင်းအသားငါးများ လုံလောက်စွာထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည်များကို ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍လည်း နိုင်ငံတော်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးနှင့်ပတ်သက်၍လည်း ကျေးလက်ဒေသများအဆင့်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က မကြာသေးမီက ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ချိန်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုတို့၏ ထိခိုက်ဆုံးရှုံးခဲ့ရမှုများအတွက်လည်း မိမိတို့အနေဖြင့် ထပ်တူဝမ်းနည်းမိပါကြောင်း၊ မိမိတို့အနေဖြင့် အထူးဒေသ (၄) အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ၏ သဘောထားခံယူချက်အနေဖြင့် နှစ် ၃ဝ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှချမှတ်ထားသည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးစသည့် တို့တာဝန်အရေးသုံးပါးအတွက် အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက်လည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ဒေသအတွင်း ပညာရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့ပြင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ဆွေးနွေးတင်ပြခဲ့ကာ ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
နစက ဥကၠ႒က NDAA (မိုင္းလား) မွ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖြဲ႕ကို လက္ခံေတြ႕ဆုံ၊ မည္သည့္လက္နက္ကိုင္အဖြဲ႕အစည္းႏွင့္ မည္သည့္ႏိုင္ငံေရးအဖြဲ႕အစည္းကိုမွ် လက္ခံထားျခင္းမရွိဟု NDAA ေျပာ
သုတေက်ာ္ (NP News) - ေမ ၂၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕ NDAA (မိုင္းလား) မွ ၿငိမ္းခ်မ္းေရးကိုယ္စားလွယ္အဖြဲ႕အား ယေန႔ (ေမလ ၂၅ ရက္) နံနက္ပိုင္းက လက္ခံေတြ႕ဆုံခဲ့ေၾကာင္း နစက က သတင္းထုတ္ျပန္သည္။

ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ ေ႐ႊႀတိဂံရိပ္သာ၌ လက္ခံေတြ႕ဆုံခဲ့ျခင္းျဖစ္ကာ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီးေက်ာ္စြာလင္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕ NDAA (မိုင္းလား) မွ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးေရးေကာ္မတီဒုတိယဥကၠ႒ ဦးစန္ေပ့ႏွင့္အတူ ဒုတိယဥကၠ႒ ဦးဆန္လူ၊ ဦးၾကည္ျမင့္ႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ေၾကာင္း သိရသည္။

မိမိတို႔ႏိုင္ငံသည္ ျပည္ေထာင္စုႏိုင္ငံေတာ္တစ္ခုျဖစ္ၿပီး စစ္မွန္စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံေသာ ျပည္ေထာင္စုစနစ္ကို ေလွ်ာက္လွမ္းေနၾကျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံတြင္း မွီတင္းေနထိုင္ၾကသည့္ တိုင္းရင္းသားညီရင္းအစ္ကို ေမာင္ႏွမမ်ားအားလုံးအေနျဖင့္ စည္းစည္းလုံးလုံးျဖင့္ ႏိုင္ငံ့အက်ိဳးကို ေဖာ္ေဆာင္သြားႏိုင္ရန္ လိုအပ္မည္ျဖစ္ေၾကာင္း။မိမိတို႔အေနျဖင့္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားအားလုံး၏ အက်ိဳးစီးပြားကိုျဖစ္ေပၚေစေရးအတြက္ ေကာင္းမြန္ေစလိုသည့္စိတ္ျဖင့္ လုပ္ငန္းရပ္မ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း၊ ဦးစားေပးအေနျဖင့္ အေရးႀကီးသည့္ပညာေရးႏွင့္ က်န္းမာေရးက႑မ်ားတြင္ ႏိုင္ငံေတာ္အစိုးရ၏ မူဝါဒႏွင့္အညီ ပူးေပါင္းေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးတို႔ကို ဆက္လက္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ ေဒသတစ္ခု၊ ႏိုင္ငံ့တစ္ခုဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ပညာတတ္လူသားအရင္းအျမစ္မ်ားေပါႂကြယ္ဝေရးသည္ မျဖစ္မေနလုပ္ေဆာင္ရမည့္ အခ်က္တစ္ခ်က္ျဖစ္ေၾကာင္း၊ ေက်ာင္းေနအ႐ြယ္ကေလးငယ္မ်ားအားလုံး ေက်ာင္းတက္ေရာက္ႏိုင္ေစေရး အေျခခံပညာသင္ေက်ာင္းမ်ားကို ဖြင့္လွစ္ေပးသြားရန္လိုေၾကာင္း နစက ဥကၠ႒က ေျပာသည္။

မိမိတို႔သည္ျပည္ေထာင္စုႏိုင္ငံေတာ္ျဖစ္သျဖင့္ ႏိုင္ငံေတာ္မွျပ႒ာန္းထားသည့္ ႐ုံးသုံးဘာသာစကားႏွင့္ စာေပကို တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ တတ္ေျမာက္ထားရွိရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ပညာေရးက႑တြင္လည္း တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ျပည္ေထာင္စုစနစ္ပညာေရးကို သင္ၾကားရမည္ျဖစ္ေၾကာင္း၊ အေျခခံပညာအဆင့္ တက္ေရာက္ေအာင္ျမင္ၿပီးခ်ိန္တြင္ ျပည္တြင္းရွိ တကၠသိုလ္မ်ားသို႔ တက္ေရာက္ႏိုင္ေရးေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း။ေဒသတြင္းစိုက္ပ်ိဳးျဖစ္ထြန္းသည့္ ရာဘာကိုအေျခခံေသာ စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေအာင္ေဆာင္႐ြက္သြားၾကရန္လိုၿပီး အဆင့္ျမင့္ကုန္ပစၥည္းမ်ားကို ထုတ္လုပ္ႏိုင္ရန္လိုေၾကာင္း၊ အလားတူ ေဒသတြင္းအသားငါးမ်ား လုံေလာက္စြာထုတ္လုပ္ႏိုင္ေရးအတြက္ ေမြးျမဴေရးလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္ၾကေစလိုၿပီး ႏိုင္ငံေတာ္မွလည္း လိုအပ္သည္မ်ားကို ေထာက္ပံ့ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ လမ္းပန္းဆက္သြယ္ေရးႏွင့္ပတ္သက္၍လည္း ႏိုင္ငံေတာ္မွလည္း ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း၊ အလားတူ က်န္းမာေရးႏွင့္ပတ္သက္၍လည္း ေက်းလက္ေဒသမ်ားအဆင့္အထိ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေပးသြားရမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထို႔ေနာက္ အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕ NDAA (မိုင္းလား) မွ ဒုတိယဥကၠ႒ ဦးစန္ေပ့က မၾကာေသးမီက ျဖစ္ေပၚႀကဳံေတြ႕ခဲ့ရသည့္ မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ခဲ့ခ်ိန္တြင္ ႏိုင္ငံေတာ္ႏွင့္ျပည္သူလူထုတို႔၏ ထိခိုက္ဆုံးရႈံးခဲ့ရမႈမ်ားအတြက္လည္း မိမိတို႔အေနျဖင့္ ထပ္တူဝမ္းနည္းမိပါေၾကာင္း၊ မိမိတို႔အေနျဖင့္ အထူးေဒသ (၄) အတြင္းရွိ လုပ္ငန္းရွင္မ်ားႏွင့္ ျပည္သူမ်ားပူးေပါင္း၍ ငလ်င္ေဘးဒဏ္သင့္ျပည္သူမ်ားအတြက္ ကူညီေဆာင္႐ြက္ေပးႏိုင္ေရးေဆာင္႐ြက္ခဲ့ေၾကာင္း၊ မိမိတို႔ အမ်ိဳးသားဒီမိုကရက္တစ္မဟာမိတ္အဖြဲ႕ NDAA (မိုင္းလား) ၏ သေဘာထားခံယူခ်က္အေနျဖင့္ ႏွစ္ ၃ဝ ေက်ာ္ က်င့္သုံးလာခဲ့သည့္အတိုင္း ႏိုင္ငံေတာ္မွခ်မွတ္ထားသည့္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈမၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးစသည့္ တို႔တာဝန္အေရးသုံးပါးအတြက္ အဓိကထားေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ေဒသတြင္း လမ္းပန္းဆက္သြယ္ေရးလုပ္ငန္းမ်ား ပိုမိုျမန္ဆန္ေခ်ာေမြ႕ေစေရးအတြက္လည္း ကူညီေဆာင္႐ြက္ေပးေစလိုေၾကာင္း၊ မိမိတို႔ေဒသအတြင္း ပညာေရးက႑ႏွင့္က်န္းမာေရးက႑မ်ားတြင္ ႏိုင္ငံေတာ္အေနျဖင့္ ဆက္လက္ကူညီေဆာင္႐ြက္ေပးေစလိုပါေၾကာင္း၊ မိမိတို႔ေဒသအတြင္း မည္သည့္လက္နက္ကိုင္အဖြဲ႕အစည္းႏွင့္ မည္သည့္ႏိုင္ငံေရးအဖြဲ႕အစည္းကိုမွ် လက္ခံထားျခင္းမရွိေၾကာင္း၊ မိမိတို႔အေနျဖင့္ ေဒသတြင္းႏွင့္ ႏိုင္ငံေတာ္တည္ၿငိမ္ေရး၊ ေအးခ်မ္းေရးလုပ္ငန္းရပ္မ်ားအတြက္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ထို႔ျပင္ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္အေနျဖင့္ မိမိတို႔ေဒသအတြက္ လိုအပ္သည္မ်ားကို လမ္းၫႊန္မွာၾကားေဆာင္႐ြက္ေပးေစလိုပါေၾကာင္းျဖင့္ ေဆြးေႏြးတင္ျပခဲ့ကာ ယင္းေနာက္ ၿငိမ္းခ်မ္းေရးဆိုင္ရာကိစၥရပ္မ်ား၊ ပညာေရး၊ က်န္းမာေရး၊ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ႏွစ္ဖက္အျမင္မ်ားကို ရင္းႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.