“နယ်လှည့်သိုင်းကွက်ပြမယ့် မင်းသားနေထူးနိုင်နှင့် မျိုးဆက်သစ် သရုပ်ဆောင်လူငယ်များ”

5460

အိဖြူ (NP News) - မေ ၂၆
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ မေလ နောက်ဆုံးပတ်အတွက် ဖော်ပြပေးချင်တဲ့ အနုပညာသတင်းတွေက “နယ်လှည့်သိုင်းကွက်ပြမယ့် မင်းသားနေထူးနိုင်၊ ငလျင်ပြန်လည်ထူထောင်ရေး အတွက် ခန့်စည်သူရဲ့လှူဒါန်းမှု ဝေဖန်ခံရခြင်း” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွား ပါမယ်။
နယ်လှည့်သိုင်းကွက်ပြမယ့် မင်းသားနေထူးနိုင်နှင့်မျိုးဆက်သစ် လူငယ်သရုပ်ဆောင်များ
မင်းသားနေထူးနိုင်နဲ့ မျိုးဆက်သစ် လူငယ်သရုပ်ဆောင်များစွာပါဝင်မယ့် “နယ်လှည့်သိုင်းသမား ဇာတ်လမ်းတွဲ” ကန်တော့ပွဲပေးပွဲကို မေလ (၂၄) ရက်၊ စနေနေ့ မနက် (၉) နာရီက ရန်ကုန်တိုင်း သင်္ဃန်း ကျွန်းမြို့နယ်အတွင်းရှိ ကျိုက္ကဆံဘုရားမှာ ပြုလုပ်ခဲ့ကြပါတယ်။ “နယ်လှည့်သိုင်းသမားဇာတ်လမ်းတွဲ”က အပိုင်း (၂၄) ပိုင်း ပါဝင်မှာဖြစ်ပြီး၊ မင်းသားနေထူးနိုင်နဲ့အတူ ဝါသနာရှင်လူငယ်တွေကို ပွဲထုတ်သွားမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဇာတ်လမ်းတွဲ(၂၄)ပိုင်းအတွက် Channel-24 က မျက်နှာသစ် သရုပ်ဆောင်လူရွေးချယ်ပွဲ ကို (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နဲ့ (၁၃) ရက် နှစ်ရက်တာကျင်းပခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သူ အယောက် (၁၀ဝ) နီးပါးထိရှိခဲ့ရာ ဆန်ခါတင် ပြိုင်ပွဲဝင် (၂၄) ဦးကို ရွေးချယ်ခဲ့ခြင်းမျိုးဖြစ်ပါတယ်။ Channel-24 အနေနဲ့ ၎င်းတို့ပထမဦးဆုံး ရိုက်ကူးမယ့် နယ်လှည့်သိုင်းသမားဇာတ်လမ်းတွဲအတွက် ရွေး ချယ်ထားတဲ့ မျိုးဆက်သစ် သရုပ်ဆောင်တွေကို သရုပ်ဆောင် သင်တန်းတစ်လ၊ အခြေခံ တိုက်ခိုက်ရေး ပညာသင်တန်း (၂) လ၊ စုစုပေါင်း သရုပ်ဆောင်ပညာရပ်ကို (၃) လနီးပါး အခမဲ့သင်ကြားပေးခဲ့တယ်လို့ လည်း သိရပါတယ်။
နယ်လှည့်သိုင်းသမားဇာတ်လမ်းတွဲကို စီစဉ်ထုတ်လုပ်သူ ဦးဗိုလ်ဗိုလ်ဇော်၊ ဇာတ်လမ်း၊ ဇာတ် ညွှန်းနဲ့ ဒါရိုက်တာ လွင်ဗိုလ်တို့က ရိုက်ကူးသွားမှာဖြစ်ပြီး မင်းသားနေထူးနိုင်နဲ့အတူ သိုင်းပညာရှင်တွေ အပါအဝင် မျိုးဆက်သစ် လူငယ်သရုပ်ဆောင်တွေ များစွာပါဝင်သွားမှာဖြစ်ပြီး တစ်မူထူးခြားမယ့် ဇာတ်လမ်းတွဲတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
နယ်လှည့်သိုင်းသမားဇာတ်လမ်းတွဲရိုက်ကူးမှုကို ရေနံချောင်းမြို့၊ ကျောက်ဆည်မြို့၊ ပြင်ဦးလွင်မြို့တို့မှာ ရိုက်ကူး သွားမှာဖြစ်ပြီး၊ မင်းသားနေထူးနိုင်ကလည်း အဆိုပါဇာတ်လမ်းတွဲအတွက် စိတ်နှစ်ပြင်ဆင်လျက်ရှိကြောင်း သိရကာ၊ ရိုက်ကူးရေးကာလ (၃) လကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပြေးမီဒီယာရဲ့ဝေဖန်မှုကို ခံနေရတဲ့ စိုင်းစိုင်းခမ်းလှိုင်
အဆိုတော် ရုပ်ရှင်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် မေလ (၂၄) ရက်မှာ ရှိုးပွဲကျင်းပ ခဲ့ရာ အဲဒီရှိုးပွဲကျင်းပမှုနဲ့ပတ်သက်ပြီး ပြည်ပြေးမီဒီယာတွေက ဝေဖန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြ ပါတယ်။ ပြည်ပြေးမီဒီယာတစ်ခုဖြစ်တဲ့ ခေတ်သစ်သတင်းဌာနက “စစ်တပ်၏ ဝါဒ ဖြန့်လှိုင်းတွေအောက် က ပြည်သူ့ဘဝများ ပုံမှန်လည်ပတ်နေပြီဆိုသောအခြေအနေကို ကူညီပုံဖော်ပေးနေသူ စိုင်းစိုင်းခမ်း လှိုင်” ဆိုတဲ့ စာသားခေါင်းစဉ် “တပ်ကာ အကြမ်းဖက်အားပေး လှုံ့ဆော်ကာ ဝါဒဖြန့် ရေးသားဖော်ပြခဲ့ တာပါ။ အဲဒီသတင်းဖော်ပြမှု ကွန်းမန့်ဘောက်စ်မှာ အကြမ်းဖက်အားပေးသူတွေနဲ့ မိမိတို့ရဲ့ အမည်မှန် မဖော်လိုသူ အကောင့်တုတွေရဲ့မှတ်ချက်စကားတွေသာ များပြားခဲ့ပြီး၊ ပြည်တွင်းနေပရိသတ်တွေက တော့ အပြစ်မဆိုထားသလို စိုင်းစိုင်းခမ်းလှိုင်ရဲ့ပရိသတ်အင်အားက များပြားလွန်းတာကြောင့် ပြည်ပြေး မီဒီယာရဲ့ဝေဖန်တိုက်ခိုက်မှုက အရာမရောက်ခဲ့ပါ။ မကောင်းစကားမှတ်ချက်တွေက ၎င်းတို့ကြားမှာသာ ပျံ့နှံ့ခဲ့ပြီး၊ မြေပြင်အခြေအနေမှန်ကို သိရှိကြတဲ့ ပြည်တွင်းနေ ပရိသတ်တွေက ပြည်ပြေးချစ်သုဝေ၊ လင်း လင်းတို့ တလရအကြောင်းပြကာ ပြည်ပမှာ ရှိုးပွဲပြုလုပ်ငွေရှာခဲ့ကြတဲ့အချိန်ကာလနဲ့ နှိုင်းယှဉ် တုံ့ပြန်ခဲ့ သူတွေလည်း ရှိခဲ့ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က သူ့မွေးနေ့ရက်ဖြစ်တဲ့ ဧပြီလ (၁၀) ရက်မှာ သူရဲ့ SAI SAI Birthday Show ကို ပြုလုပ်ဖို့ ကနဦး” စီစဉ်ခဲ့ရာ မတ်လ (၂၈) ရက်မှာ လှုပ်ခတ်သွားတဲ့ငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် စာနာမှုအဖြစ် စီစဉ်ထားပြီးဖြစ်တဲ့ သူ့မွေးနေ့ရှိုးပွဲကို ကျင်းပခဲ့ခြင်းမရှိခဲ့ဘဲ ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့တာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရွှေ့ဆိုင်းထားတဲ့ သူရဲ့ ရှိုးပွဲကို မေလ (၂၄) ရက်က ရန်ကုန်မြို့မှာ ပြန်လည်ပြုလုပ်ခြင်းမျိုးဖြစ်ပါတယ်။
မေလ (၁၇) ရက်ကလည်း ဘန်ကောက်မြို့မှာ ၎င်းရဲ့သူငယ်ချင်းတွေနဲ့အတူ ရှိုးပွဲ သီဆိုခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့အားပေးမှုက ကြီးမားခဲ့ပါတယ်။ ထိုင်းရောက် မြန်မာတွေရဲ့ အားပေးမှုပုံရိပ်တွေ ဆိုရှယ်မီဒီယာထက်ပျံ့နှံ့လာချိန်မှာ “လူထုရဲ့တော်လှန်ရေးစိတ်ဓာတ်နဲ့ သွေးမအေး တဲ့လုံ့လတွေကို ဖျက်ဆီးဖို့ အစပျိုးပြလိုက်သူက စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်” လို့ စတင် စွပ်စွဲဝေဖန် ခံခဲ့ရခြင်းမျိုးဖြစ်ပါတယ်။
ခေတ်သစ်သတင်းဌာနရဲ့ “မရေမတွက်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေ ဆုံးရှုံးခဲ့ရချိန်မှာ ဝေဖန် တာ၊ ဝမ်းနည်းတာ၊ ပြည်သူ့ဘက်က ရပ်တာ စတဲ့ အသံတွေတိတ်ဆိတ်ပြပြီး ကိုယ်ငွေရဖို့နဲ့ စစ်တပ် အလိုကျ ပွဲလမ်းတွေစီစဉ် အနုပညာဖျော်ဖြေတင်ဆက်မှုတွေကို ဟန်မပျက်လုပ်နေနိုင်တဲ့ အနုပညာရှင် ကို အားပေးဂုဏ်ပြုဖို့ မလုပ်သင့်တော့တဲ့အချိန်ဖြစ်ပါတယ်” လို့ တစ်ဖက်သတ်ဝေဖန်ရေးသားမှုအပေါ် ပြည်တွင်းနေ လူအများက ဝိုင်းဟား ထားကြပြီး ပြည်ပြေးအနုပညာသမားတွေရဲ့ ပန်းချီရောင်း၊ အိတ် ချုပ်ရောင်း၊ အင်္ကျီချုပ်ရောင်းကြရင်း ရှိုးပွဲပြုလုပ် ငွေရှာနေကြတဲ့အကြောင်းတွေကို ရေးသားတုံ့ပြန်ခဲ့ ကြပါတယ်။ ပြည်ပြေးတွေရဲ့တိုက်ခိုက်ဝေဖန်မှု ဘယ်လိုပဲရှိနေပါစေ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ရှိုးပွဲအတွင်း ပျော်ရွှင်ခဲ့ကြတဲ့ စိုင်းစိုင်း ခမ်းလှိုင်ရဲ့ပရိသတ်တွေအပါအဝင် ထိုင်းရောက်မြန်မာတွေက သူတို့ရဲ့ ဘဝ အမောတွေ ခဏတာပြေပျောက်သွားနိုင်တာ အမှန်ပဲဖြစ်ပါတယ်။ စိုင်းစိုင်း ခမ်းလှိုင်အနေနဲ့ လာမယ့် ဇွန် လ (၂၇) ရက်မှာလည်း သူပါဝင်ထားတဲ့ ပဉ္စလက်မိုး ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဝေဖန်သူတွေ အသံတိတ်သွားစေဖို့ လှူဒါန်းထားသမျှ အကုန်ချပြလိုက်တဲ့ မင်းသားခန့်စည်သူ
အကယ်ဒမီခန့်စည်သူက မန္တလေးငလျင်ကြီးဘေးဒဏ်သင့် UEC ရုံးဝန်ထမ်းနဲ့ မိသားစုဝင်တွေကို ငွေကျပ်သိန်း (၂၀ဝ) တန်ဖိုးရှိပစ္စည်းတွေလှူဒါန်းခဲ့တာကြောင့် အကြမ်းဖက်အားပေးသမားတွေရဲ့ စွပ်စွဲ ပြောဆိုမှုကို ခံနေရပြန်ပါတယ်။
ခန့်စည်သူအနေနဲ့ ငလျင်ဒဏ်သင့်ဒေသခံတွေကို ကူညီလှူဒါန်းပေးလျက်ရှိရာ အရပ်သားပြည်သူ တွေ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေအတွက်လည်း လှူဒါန်းပေးနေခြင်းမျိုးဖြစ်ပါတယ်။ ခန့်စည်သူ က ကျပ်သိန်း နှစ်ရာတန်ဖိုးရှိ ဆန် (၂၄) ပြည်အိတ် (၅၀) အိတ်၊ ဆီ (၁၀) ပိဿာပုံး (၃၀) ပုံး၊ ရေသန့် (၂၀) လီတာဘူး (၁၀ဝ) ဘူး၊ ကုလားပဲ (၆၀) ပိဿာ ၊ ဆားအထုပ် (၂၀ဝ) ၊ ခေါက်ဆွဲခြောက် (၁၈၀) ပါ (၄၈) ဖာ၊ ငါးခြောက် (၂၅) ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
အကယ်ဒမီ ခန့်စည်သူက (၂၀၂၅) ခုနှစ် မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီး ဘေးဒဏ်သင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေအတွက် လှူဒါန်းပွဲ အခမ်းအနားကို မေလ (၁၉) ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်း စိုးနဲ့ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြ ပါတယ်။ အဆိုပါ လှူဒါန်းမှုသတင်းထုတ်ပြန်အပြီးမှာ ခန့်စည်သူက UEC ကို လှူဒါန်းခဲ့တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတစ်ပါးအလှူကို တပ်မတော်ဆန့်ကျင်သူအဖွဲ့က အပုပ်ချခဲ့ကြခြင်းပင်ဖြစ်ပါ တယ်။ မင်းသားခန့်စည်သူက သူ့အပေါ် ဝေဖန်သူတွေ အသံတိတ်သွားစေဖို့ လှူဒါန်းထားသမျှနေရာတွေ နဲ့ အလှူငွေစာရင်းကို အသေးစိတ်ဖော်ပြခဲ့ပြီး သူ့အနေနဲ့ UEC ကိုသာ လှူဒါန်းပေးခြင်းမျိုး မဟုတ် ကြောင်း တုံ့ပြန်ပေးခဲ့ပါတယ်။ (၂၀၂၁) ခုနှစ် နိုင်ငံရေးဖြစ်စဉ် “စတင်ချိန်ကတည်းက ဝေဖန်ခြိမ်းခြောက် မှု အဆိုးရွားဆုံးခံခဲ့ရတဲ့ အနုပညာရှင်တွေထဲ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ “အသက်ဆုံးရှုံးခဲ့ရသော ရဟန်း သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ ပြည်သူများ၊ ဝန်ထမ်းတွေအတွက် အလှူငွေ ကျပ်သိန်း(၂၀ဝ)၊ ထိခိုက်ဒဏ်ရာရသူများအတွက် အလှူငွေ ကျပ်သိန်း(၂၀ဝ)၊ ပျက်စီးဆုံးရှုံး သွားတဲ့ အိမ်ရာတွေနဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေ ယာယီနေထိုင်နိုင်ဖို့တည်ဆောက်ခြင်း အတွက် အလှူငွေ ကျပ်သိန်း(၃၀ဝ)၊ အခြေခံဝန်ထမ်းတွေ သုံးစွဲဖို့ ရေအဝီစိတွင်း တစ်တွင်းအတွက် အလှူငွေကျပ် သိန်း (၁၅၀)၊ ဘိလပ်မြေအိတ်များ၊ ဆန်အိတ်များ၊ ဆီများ၊ ကုလားပဲအိတ်များ၊ ခေါက်ဆွဲ ခြောက်ထုပ်များ၊ ရေသန့်ကတ်များ၊ အဝတ်အထည်များ၊ ငါးသေတ္တာပါကင်များ၊ ပန်းကန်များ၊ ဆေးများနဲ့ အထွေထွေလူသုံးကုန်ပစ္စည်းများအတွက် ကျသင့်ငွေ ခန့်မှန်းတန်ဖိုး ကျပ်သိန်း (၇၀ဝ)၊ နေပြည်တော် ခုတင် (၁၀ဝဝ) ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအတွက် ထမင်းပေါင်းစက်တစ်လုံး ကျပ် (၄၈) သိန်း၊ တပ်ကုန်းမြို့ မကျည်းပင်အုပ်စု၊ ပြန်လည်ထူထောင်ခဲ့တဲ့ ညောင်ပင်သာကျေးရွာအတွက် လိုအပ်နေသော ရေဂါလန် (၂၂၀ဝ)ဆံ့၊ ရေကန်ကြီး နဲ့ ရေကန်ငယ် (၂၄)ခုအတွက် အလှူငွေ ကျပ် သိန်း (၁၀ဝ) နဲ့ ရွာသူရွာသားတွေအတွက် ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော်တွေနဲ့ တရားစာအုပ်တွေတို့ကို လှူဒါန်းခဲ့ကြောင်း” မင်းသားခန့်စည်သူ က ကုသိုလ်မျှဝေခဲ့ပါတယ်။ သူ့အနေနဲ့ ငလျင်ဒဏ်သင့်ပြည်သူ တွေအတွက် ခန့်မှန်းအလှူငွေ ကျပ်သိန်းပေါင်း (၁၇၀ဝ) ကျပ်ကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း အသိပေး ဖော်ပြထားပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“နယ္လွည့္သိုင္းကြက္ျပမယ့္ မင္းသားေနထူးႏိုင္ႏွင့္ မ်ိဳးဆက္သစ္ သ႐ုပ္ေဆာင္လူငယ္မ်ား”
အိျဖဴ (NP News) - ေမ ၂၆
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ေမလ ေနာက္ဆုံးပတ္အတြက္ ေဖာ္ျပေပးခ်င္တဲ့ အႏုပညာသတင္းေတြက “နယ္လွည့္သိုင္းကြက္ျပမယ့္ မင္းသားေနထူးႏိုင္၊ ငလ်င္ျပန္လည္ထူေထာင္ေရး အတြက္ ခန႔္စည္သူရဲ႕လႉဒါန္းမႈ ေဝဖန္ခံရျခင္း” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြား ပါမယ္။
နယ္လွည့္သိုင္းကြက္ျပမယ့္ မင္းသားေနထူးႏိုင္ႏွင့္မ်ိဳးဆက္သစ္ လူငယ္သ႐ုပ္ေဆာင္မ်ား
မင္းသားေနထူးႏိုင္နဲ႔ မ်ိဳးဆက္သစ္ လူငယ္သ႐ုပ္ေဆာင္မ်ားစြာပါဝင္မယ့္ “နယ္လွည့္သိုင္းသမား ဇာတ္လမ္းတြဲ” ကန္ေတာ့ပြဲေပးပြဲကို ေမလ (၂၄) ရက္၊ စေနေန႔ မနက္ (၉) နာရီက ရန္ကုန္တိုင္း သဃၤန္း ကြၽန္းၿမိဳ႕နယ္အတြင္းရွိ က်ိဳကၠဆံဘုရားမွာ ျပဳလုပ္ခဲ့ၾကပါတယ္။ “နယ္လွည့္သိုင္းသမားဇာတ္လမ္းတြဲ”က အပိုင္း (၂၄) ပိုင္း ပါဝင္မွာျဖစ္ၿပီး၊ မင္းသားေနထူးႏိုင္နဲ႔အတူ ဝါသနာရွင္လူငယ္ေတြကို ပြဲထုတ္သြားမယ့္ ဇာတ္လမ္းတြဲတစ္ခုျဖစ္တယ္လို႔ သိရပါတယ္။
အဆိုပါဇာတ္လမ္းတြဲ(၂၄)ပိုင္းအတြက္ Channel-24 က မ်က္ႏွာသစ္ သ႐ုပ္ေဆာင္လူေ႐ြးခ်ယ္ပြဲ ကို (၂၀၂၅) ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၂) ရက္နဲ႔ (၁၃) ရက္ ႏွစ္ရက္တာက်င္းပခဲ့ၾကၿပီး ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ သူ အေယာက္ (၁၀ဝ) နီးပါးထိရွိခဲ့ရာ ဆန္ခါတင္ ၿပိဳင္ပြဲဝင္ (၂၄) ဦးကို ေ႐ြးခ်ယ္ခဲ့ျခင္းမ်ိဳးျဖစ္ပါတယ္။ Channel-24 အေနနဲ႔ ၎တို႔ပထမဦးဆုံး ႐ိုက္ကူးမယ့္ နယ္လွည့္သိုင္းသမားဇာတ္လမ္းတြဲအတြက္ ေ႐ြး ခ်ယ္ထားတဲ့ မ်ိဳးဆက္သစ္ သ႐ုပ္ေဆာင္ေတြကို သ႐ုပ္ေဆာင္ သင္တန္းတစ္လ၊ အေျခခံ တိုက္ခိုက္ေရး ပညာသင္တန္း (၂) လ၊ စုစုေပါင္း သ႐ုပ္ေဆာင္ပညာရပ္ကို (၃) လနီးပါး အခမဲ့သင္ၾကားေပးခဲ့တယ္လို႔ လည္း သိရပါတယ္။
နယ္လွည့္သိုင္းသမားဇာတ္လမ္းတြဲကို စီစဥ္ထုတ္လုပ္သူ ဦးဗိုလ္ဗိုလ္ေဇာ္၊ ဇာတ္လမ္း၊ ဇာတ္ ၫႊန္းနဲ႔ ဒါ႐ိုက္တာ လြင္ဗိုလ္တို႔က ႐ိုက္ကူးသြားမွာျဖစ္ၿပီး မင္းသားေနထူးႏိုင္နဲ႔အတူ သိုင္းပညာရွင္ေတြ အပါအဝင္ မ်ိဳးဆက္သစ္ လူငယ္သ႐ုပ္ေဆာင္ေတြ မ်ားစြာပါဝင္သြားမွာျဖစ္ၿပီး တစ္မူထူးျခားမယ့္ ဇာတ္လမ္းတြဲတစ္ခု ျဖစ္တယ္လို႔လည္း သိရပါတယ္။
နယ္လွည့္သိုင္းသမားဇာတ္လမ္းတြဲ႐ိုက္ကူးမႈကို ေရနံေခ်ာင္းၿမိဳ႕၊ ေက်ာက္ဆည္ၿမိဳ႕၊ ျပင္ဦးလြင္ၿမိဳ႕တို႔မွာ ႐ိုက္ကူး သြားမွာျဖစ္ၿပီး၊ မင္းသားေနထူးႏိုင္ကလည္း အဆိုပါဇာတ္လမ္းတြဲအတြက္ စိတ္ႏွစ္ျပင္ဆင္လ်က္ရွိေၾကာင္း သိရကာ၊ ႐ိုက္ကူးေရးကာလ (၃) လၾကာျမင့္မွာျဖစ္တယ္လို႔ သိရပါတယ္။
ျပည္ေျပးမီဒီယာရဲ႕ေဝဖန္မႈကို ခံေနရတဲ့ စိုင္းစိုင္းခမ္းလႈိင္
အဆိုေတာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ စိုင္းစိုင္းခမ္းလႈိင္တစ္ေယာက္ ေမလ (၂၄) ရက္မွာ ရႈိးပြဲက်င္းပ ခဲ့ရာ အဲဒီရႈိးပြဲက်င္းပမႈနဲ႔ပတ္သက္ၿပီး ျပည္ေျပးမီဒီယာေတြက ေဝဖန္တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၾက ပါတယ္။ ျပည္ေျပးမီဒီယာတစ္ခုျဖစ္တဲ့ ေခတ္သစ္သတင္းဌာနက “စစ္တပ္၏ ဝါဒ ျဖန႔္လႈိင္းေတြေအာက္ က ျပည္သူ႔ဘဝမ်ား ပုံမွန္လည္ပတ္ေနၿပီဆိုေသာအေျခအေနကို ကူညီပုံေဖာ္ေပးေနသူ စိုင္းစိုင္းခမ္း လႈိင္” ဆိုတဲ့ စာသားေခါင္းစဥ္ “တပ္ကာ အၾကမ္းဖက္အားေပး လႈံ႕ေဆာ္ကာ ဝါဒျဖန႔္ ေရးသားေဖာ္ျပခဲ့ တာပါ။ အဲဒီသတင္းေဖာ္ျပမႈ ကြန္းမန႔္ေဘာက္စ္မွာ အၾကမ္းဖက္အားေပးသူေတြနဲ႔ မိမိတို႔ရဲ႕ အမည္မွန္ မေဖာ္လိုသူ အေကာင့္တုေတြရဲ႕မွတ္ခ်က္စကားေတြသာ မ်ားျပားခဲ့ၿပီး၊ ျပည္တြင္းေနပရိသတ္ေတြက ေတာ့ အျပစ္မဆိုထားသလို စိုင္းစိုင္းခမ္းလႈိင္ရဲ႕ပရိသတ္အင္အားက မ်ားျပားလြန္းတာေၾကာင့္ ျပည္ေျပး မီဒီယာရဲ႕ေဝဖန္တိုက္ခိုက္မႈက အရာမေရာက္ခဲ့ပါ။ မေကာင္းစကားမွတ္ခ်က္ေတြက ၎တို႔ၾကားမွာသာ ပ်ံ႕ႏွံ႔ခဲ့ၿပီး၊ ေျမျပင္အေျခအေနမွန္ကို သိရွိၾကတဲ့ ျပည္တြင္းေန ပရိသတ္ေတြက ျပည္ေျပးခ်စ္သုေဝ၊ လင္း လင္းတို႔ တလရအေၾကာင္းျပကာ ျပည္ပမွာ ရႈိးပြဲျပဳလုပ္ေငြရွာခဲ့ၾကတဲ့အခ်ိန္ကာလနဲ႔ ႏႈိင္းယွဥ္ တုံ႔ျပန္ခဲ့ သူေတြလည္း ရွိခဲ့ပါတယ္။
စိုင္းစိုင္းခမ္းလႈိင္က သူ႔ေမြးေန႔ရက္ျဖစ္တဲ့ ဧၿပီလ (၁၀) ရက္မွာ သူရဲ႕ SAI SAI Birthday Show ကို ျပဳလုပ္ဖို႔ ကနဦး” စီစဥ္ခဲ့ရာ မတ္လ (၂၈) ရက္မွာ လႈပ္ခတ္သြားတဲ့ငလ်င္ႀကီးေၾကာင့္ ငလ်င္ဒဏ္သင့္ ျပည္သူေတြအတြက္ စာနာမႈအျဖစ္ စီစဥ္ထားၿပီးျဖစ္တဲ့ သူ႔ေမြးေန႔ရႈိးပြဲကို က်င္းပခဲ့ျခင္းမရွိခဲ့ဘဲ ရက္ အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းခဲ့တာမ်ိဳးျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း ေ႐ႊ႕ဆိုင္းထားတဲ့ သူရဲ႕ ရႈိးပြဲကို ေမလ (၂၄) ရက္က ရန္ကုန္ၿမိဳ႕မွာ ျပန္လည္ျပဳလုပ္ျခင္းမ်ိဳးျဖစ္ပါတယ္။
ေမလ (၁၇) ရက္ကလည္း ဘန္ေကာက္ၿမိဳ႕မွာ ၎ရဲ႕သူငယ္ခ်င္းေတြနဲ႔အတူ ရႈိးပြဲ သီဆိုခဲ့ရာ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြရဲ႕အားေပးမႈက ႀကီးမားခဲ့ပါတယ္။ ထိုင္းေရာက္ ျမန္မာေတြရဲ႕ အားေပးမႈပုံရိပ္ေတြ ဆိုရွယ္မီဒီယာထက္ပ်ံ႕ႏွံ႔လာခ်ိန္မွာ “လူထုရဲ႕ေတာ္လွန္ေရးစိတ္ဓာတ္နဲ႔ ေသြးမေအး တဲ့လုံ႔လေတြကို ဖ်က္ဆီးဖို႔ အစပ်ိဳးျပလိုက္သူက စိုင္းစိုင္းခမ္းလႈိင္ပဲ ျဖစ္ပါတယ္” လို႔ စတင္ စြပ္စြဲေဝဖန္ ခံခဲ့ရျခင္းမ်ိဳးျဖစ္ပါတယ္။
ေခတ္သစ္သတင္းဌာနရဲ႕ “မေရမတြက္ႏိုင္တဲ့ျပည္သူေတြရဲ႕အသက္ေတြ ဆုံးရႈံးခဲ့ရခ်ိန္မွာ ေဝဖန္ တာ၊ ဝမ္းနည္းတာ၊ ျပည္သူ႔ဘက္က ရပ္တာ စတဲ့ အသံေတြတိတ္ဆိတ္ျပၿပီး ကိုယ္ေငြရဖို႔နဲ႔ စစ္တပ္ အလိုက် ပြဲလမ္းေတြစီစဥ္ အႏုပညာေဖ်ာ္ေျဖတင္ဆက္မႈေတြကို ဟန္မပ်က္လုပ္ေနႏိုင္တဲ့ အႏုပညာရွင္ ကို အားေပးဂုဏ္ျပဳဖို႔ မလုပ္သင့္ေတာ့တဲ့အခ်ိန္ျဖစ္ပါတယ္” လို႔ တစ္ဖက္သတ္ေဝဖန္ေရးသားမႈအေပၚ ျပည္တြင္းေန လူအမ်ားက ဝိုင္းဟား ထားၾကၿပီး ျပည္ေျပးအႏုပညာသမားေတြရဲ႕ ပန္းခ်ီေရာင္း၊ အိတ္ ခ်ဳပ္ေရာင္း၊ အက်ႌခ်ဳပ္ေရာင္းၾကရင္း ရႈိးပြဲျပဳလုပ္ ေငြရွာေနၾကတဲ့အေၾကာင္းေတြကို ေရးသားတုံ႔ျပန္ခဲ့ ၾကပါတယ္။ ျပည္ေျပးေတြရဲ႕တိုက္ခိုက္ေဝဖန္မႈ ဘယ္လိုပဲရွိေနပါေစ စိုင္းစိုင္းခမ္းလႈိင္နဲ႔အတူ ရႈိးပြဲအတြင္း ေပ်ာ္႐ႊင္ခဲ့ၾကတဲ့ စိုင္းစိုင္း ခမ္းလႈိင္ရဲ႕ပရိသတ္ေတြအပါအဝင္ ထိုင္းေရာက္ျမန္မာေတြက သူတို႔ရဲ႕ ဘဝ အေမာေတြ ခဏတာေျပေပ်ာက္သြားႏိုင္တာ အမွန္ပဲျဖစ္ပါတယ္။ စိုင္းစိုင္း ခမ္းလႈိင္အေနနဲ႔ လာမယ့္ ဇြန္ လ (၂၇) ရက္မွာလည္း သူပါဝင္ထားတဲ့ ပၪၥလက္မိုး ႐ုပ္ရွင္ဇာတ္ကားကို ႐ုံတင္ျပသဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။
ေဝဖန္သူေတြ အသံတိတ္သြားေစဖို႔ လႉဒါန္းထားသမွ် အကုန္ခ်ျပလိုက္တဲ့ မင္းသားခန႔္စည္သူ
အကယ္ဒမီခန႔္စည္သူက မႏၲေလးငလ်င္ႀကီးေဘးဒဏ္သင့္ UEC ႐ုံးဝန္ထမ္းနဲ႔ မိသားစုဝင္ေတြကို ေငြက်ပ္သိန္း (၂၀ဝ) တန္ဖိုးရွိပစၥည္းေတြလႉဒါန္းခဲ့တာေၾကာင့္ အၾကမ္းဖက္အားေပးသမားေတြရဲ႕ စြပ္စြဲ ေျပာဆိုမႈကို ခံေနရျပန္ပါတယ္။
ခန႔္စည္သူအေနနဲ႔ ငလ်င္ဒဏ္သင့္ေဒသခံေတြကို ကူညီလႉဒါန္းေပးလ်က္ရွိရာ အရပ္သားျပည္သူ ေတြ အပါအဝင္ ဌာနဆိုင္ရာဝန္ထမ္းေတြအတြက္လည္း လႉဒါန္းေပးေနျခင္းမ်ိဳးျဖစ္ပါတယ္။ ခန႔္စည္သူ က က်ပ္သိန္း ႏွစ္ရာတန္ဖိုးရွိ ဆန္ (၂၄) ျပည္အိတ္ (၅၀) အိတ္၊ ဆီ (၁၀) ပိႆာပုံး (၃၀) ပုံး၊ ေရသန႔္ (၂၀) လီတာဘူး (၁၀ဝ) ဘူး၊ ကုလားပဲ (၆၀) ပိႆာ ၊ ဆားအထုပ္ (၂၀ဝ) ၊ ေခါက္ဆြဲေျခာက္ (၁၈၀) ပါ (၄၈) ဖာ၊ ငါးေျခာက္ (၂၅) ပိႆာတို႔ကို ေပးအပ္လႉဒါန္းရာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးကိုကိုက လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ေပးအပ္ခဲ့ျခင္းျဖစ္ပါတယ္။
အကယ္ဒမီ ခန႔္စည္သူက (၂၀၂၅) ခုႏွစ္ မတ္လ (၂၈) ရက္က ျဖစ္ပြားခဲ့တဲ့ မႏၲေလးငလ်င္ႀကီး ေဘးဒဏ္သင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး ဝန္ထမ္းေတြနဲ႔ ဝန္ထမ္းမိသားစုေတြအတြက္ လႉဒါန္းပြဲ အခမ္းအနားကို ေမလ (၁၉) ရက္က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး အစည္းအေဝး ခန္းမမွာ က်င္းပျပဳလုပ္ခဲ့ရာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးကိုကို၊ ဒုတိယဥကၠ႒ ဦးသန္း စိုးနဲ႔ ေကာ္မရွင္အဖြဲ႕ဝင္မ်ား၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး တာဝန္ရွိသူေတြ တက္ေရာက္ခဲ့ၾက ပါတယ္။ အဆိုပါ လႉဒါန္းမႈသတင္းထုတ္ျပန္အၿပီးမွာ ခန႔္စည္သူက UEC ကို လႉဒါန္းခဲ့တာေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သူတစ္ပါးအလႉကို တပ္မေတာ္ဆန႔္က်င္သူအဖြဲ႕က အပုပ္ခ်ခဲ့ၾကျခင္းပင္ျဖစ္ပါ တယ္။ မင္းသားခန႔္စည္သူက သူ႔အေပၚ ေဝဖန္သူေတြ အသံတိတ္သြားေစဖို႔ လႉဒါန္းထားသမွ်ေနရာေတြ နဲ႔ အလႉေငြစာရင္းကို အေသးစိတ္ေဖာ္ျပခဲ့ၿပီး သူ႔အေနနဲ႔ UEC ကိုသာ လႉဒါန္းေပးျခင္းမ်ိဳး မဟုတ္ ေၾကာင္း တုံ႔ျပန္ေပးခဲ့ပါတယ္။ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးျဖစ္စဥ္ “စတင္ခ်ိန္ကတည္းက ေဝဖန္ၿခိမ္းေျခာက္ မႈ အဆိုး႐ြားဆုံးခံခဲ့ရတဲ့ အႏုပညာရွင္ေတြထဲ ထိပ္ဆုံးက ပါဝင္ခဲ့ပါတယ္။ “အသက္ဆုံးရႈံးခဲ့ရေသာ ရဟန္း သံဃာေတာ္ အရွင္သူျမတ္မ်ား၊ သီလရွင္ဆရာႀကီး ဆရာေလးမ်ား၊ ျပည္သူမ်ား၊ ဝန္ထမ္းေတြအတြက္ အလႉေငြ က်ပ္သိန္း(၂၀ဝ)၊ ထိခိုက္ဒဏ္ရာရသူမ်ားအတြက္ အလႉေငြ က်ပ္သိန္း(၂၀ဝ)၊ ပ်က္စီးဆုံးရႈံး သြားတဲ့ အိမ္ရာေတြနဲ႔ ဌာနဆိုင္ရာအသီးသီးက ဝန္ထမ္းေတြ ယာယီေနထိုင္ႏိုင္ဖို႔တည္ေဆာက္ျခင္း အတြက္ အလႉေငြ က်ပ္သိန္း(၃၀ဝ)၊ အေျခခံဝန္ထမ္းေတြ သုံးစြဲဖို႔ ေရအဝီစိတြင္း တစ္တြင္းအတြက္ အလႉေငြက်ပ္ သိန္း (၁၅၀)၊ ဘိလပ္ေျမအိတ္မ်ား၊ ဆန္အိတ္မ်ား၊ ဆီမ်ား၊ ကုလားပဲအိတ္မ်ား၊ ေခါက္ဆြဲ ေျခာက္ထုပ္မ်ား၊ ေရသန႔္ကတ္မ်ား၊ အဝတ္အထည္မ်ား၊ ငါးေသတၱာပါကင္မ်ား၊ ပန္းကန္မ်ား၊ ေဆးမ်ားနဲ႔ အေထြေထြလူသုံးကုန္ပစၥည္းမ်ားအတြက္ က်သင့္ေငြ ခန႔္မွန္းတန္ဖိုး က်ပ္သိန္း (၇၀ဝ)၊ ေနျပည္ေတာ္ ခုတင္ (၁၀ဝဝ) ဆံ့ အေထြေထြေရာဂါကု ျပည္သူ႔ေဆး႐ုံႀကီးအတြက္ ထမင္းေပါင္းစက္တစ္လုံး က်ပ္ (၄၈) သိန္း၊ တပ္ကုန္းၿမိဳ႕ မက်ည္းပင္အုပ္စု၊ ျပန္လည္ထူေထာင္ခဲ့တဲ့ ေညာင္ပင္သာေက်း႐ြာအတြက္ လိုအပ္ေနေသာ ေရဂါလန္ (၂၂၀ဝ)ဆံ့၊ ေရကန္ႀကီး နဲ႔ ေရကန္ငယ္ (၂၄)ခုအတြက္ အလႉေငြ က်ပ္ သိန္း (၁၀ဝ) နဲ႔ ႐ြာသူ႐ြာသားေတြအတြက္ ဗုဒၶျမတ္စြာဘုရားဆင္းတုေတာ္ေတြနဲ႔ တရားစာအုပ္ေတြတို႔ကို လႉဒါန္းခဲ့ေၾကာင္း” မင္းသားခန႔္စည္သူ က ကုသိုလ္မွ်ေဝခဲ့ပါတယ္။ သူ႔အေနနဲ႔ ငလ်င္ဒဏ္သင့္ျပည္သူ ေတြအတြက္ ခန႔္မွန္းအလႉေငြ က်ပ္သိန္းေပါင္း (၁၇၀ဝ) က်ပ္ကို လႉဒါန္းခဲ့ၿပီးျဖစ္ေၾကာင္း အသိေပး ေဖာ္ျပထားပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။