ရန်ကုန်ဆေးရုံကြီးတွင် သဘာဝဘေးဖြစ်ပေါ်လာပါက လူ (၁၀၀) ကျော်အထိ တစ်ပြိုင်နက်တည်း အရေးပေါ်ကုသနိုင်ရန်စီစဉ်ထား

11914

သက်ပိုင်(NP News) - မေ ၂၆
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သဘာဝဘေးအန္တရာယ်နှင့် လူအများထိခိုက်ဒဏ်ရာရရှိမှုများအတွက် လူ (၁၀၀) ကျော်အထိ တစ်ပြိုင်နက်ည်းကုသမှုဆောင်ရွက်ပေးနိုင်ရန်စီစဉ်ထားရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်လင်းအေး၏ ဖြေကြားချက်များအရ သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် သဘာဝဘေးအန္တရာယ်နှင့် လူအများ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသမှုဆောင်ရွက်ပေးနိုင်ရေး Mass Causality Manage-ment Plan (၂၀၂၅) ကို ရေးဆွဲထားပြီး အရေးပေါ်အခြေအနေတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို စနစ်တကျဆောင်ရွက်နိုင်စေရန်စီစဉ်ထားကြောင်း ဒေါက်တာ အောင်လင်းအေးက ပြောဆိုထားသည်။
“ရည်ရွယ်ချက်အနေနဲ့ သဘာဝဘေးအန္တရာယ်များနဲ့ အခြားသော လူအများထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကျရောက်ချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနဲ့ လူအများရဲ့ အသက်အန္တရာယ်ကို လျင်မြန်ထိရောက်စွာ ကယ်တင်ကုသဖို့နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရောက်ရှိလာတဲ့ လူနာတွေကို ပုံမှန်လုပ်ငန်းများမပျက်စေဘဲ စနစ်တကျစီမံခန့်ခွဲ ပြုစုကုသပေးနိုင်ဖို့ပဲ ဖြစ်ပါတယ် ” ဟု ၎င်းက ရှင်းပြထားသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေဖြင့် အစုလိုက်ထိခိုက်ဒဏ်ရာရရှိသူ လူဦးရေ ၁၀ ဦး တစ်ပြိုင်တည်းရောက်ရှိလာပါက ယင်းအခြေအနေအား အရေးပေါ်အခြေအနေအဖြစ် သတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားချက်အရ သိရသည်။
ထို့အပြင် လူအများထိခိုက် ဒဏ်ရာရရှိသူ ပထမလူနာ ၃၀ ဦးဆိုပါက အရေးပေါ်ဌာနမှ တာဝန်ယူကာ လူနာ ၃၀ မှ ၁၀၀ အတွင်းဆိုပါက ဆေးရုံတစ်ခုလုံး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လူနာ ၁၀၀ ကျော်ခဲ့ပါက အခြားဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒေါက်တာ အောင်လင်းအေးက ရှင်းပြထားသည်။
အရေးပေါ်အခြေအနေဖြစ်ပေါ်လာခဲ့ပါက common and control center (အရေးပေါ်အခြေအနေကွပ်ကဲရေးအဖွဲ့) ကို ချက်ချင်းစုဖွဲ့ ဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးပေါ်အခြေအနေ ကွပ်ကဲရေးအဖွဲ့အောက်တွင် လုပ်ငန်းအဖွဲ့ခြောက်ဖွဲ့နှင့် အထောက်အကူအဖွဲ့ ခြောက်ဖွဲ့တို့ကို စနစ်တကျဖွဲ့စည်းပြီး အရေးပေါ်အခြေအနေကို စနစ်တကျ စီမံကွပ်ကဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်လင်းက ဖြေကြားထားသည်။
လုပ်ငန်းအဖွဲ့ခြောက်ဖွဲ့တွင်(၁) ဆေးရုံတွင်ရောက်ရှိလာသော လူနာများနှင့် ဆေးရုံဝန်ထမ်းများ လုံခြုံရေးအဖွဲ့၊ (၂) ဆေးကုသရေးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့၊ (၃) အရေးပေါ်လူနာများအတွက် ပစ္စည်းဖြည့်တင်းရေးအဖွဲ့၊ (၄) ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ (၅) သတင်းဆက်သွယ်ပြန်ကြားရေးအဖွဲ့နှင့် (၆) လူမှုဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့တို့ပါဝင်ပြီး အထောက်အကူအဖွဲ့ခြောက်ဖွဲ့တွင် ဓာတ်မှန်ဌာနအဖွဲ့၊ ရောဂါဗေဒဌာနအဖွဲ့၊ဥပဒေရေးရာဆေးပညာအဖွဲ့ဈ၊ သွေးလှူဘဏ်အဖွဲ့၊ သွေးဖြန့်ချိရေးအဖွဲ့နှင့် Medical Store ဌာနအဖွဲ့များ ပါဝင်ကြောင်း ဖြေကြားချက်များအရသိရသည်။

Zawgyi Version:
ရန္ကုန္ေဆး႐ုံႀကီးတြင္ သဘာဝေဘးျဖစ္ေပၚလာပါက လူ၁၀၀ေက်ာ္အထိ တစ္ၿပိဳင္နက္တည္း အေရးေပၚကုသႏိုင္ရန္စီစဥ္ထား
သက္ပိုင္(NP News) - ေမ ၂၆
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ သဘာဝေဘးအႏၲရာယ္ႏွင့္ လူအမ်ားထိခိုက္ဒဏ္ရာရရွိမႈမ်ားအတြက္ လူ ၁၀၀၀ေက်ာ္အထိ တစ္ၿပိဳင္နက္ည္းကုသမႈေဆာင္႐ြက္ေပးႏိုင္ရန္စီစဥ္ထားရွိေၾကာင္း ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာေအာင္လင္းေအး၏ ေျဖၾကားခ်က္မ်ားအရ သိရသည္။
က်န္းမာေရးဝန္ႀကီးဌာန၏ လမ္းၫႊန္မႈ၊ ကုသေရးဦးစီးဌာန၏ ၫႊန္ၾကားမႈျဖင့္ သဘာဝေဘးအႏၲရာယ္ႏွင့္ လူအမ်ား ထိခိုက္ဒဏ္ရာရရွိမႈမ်ားအတြက္ ကုသမႈေဆာင္႐ြက္ေပးႏိုင္ေရး Mass Causality Manage-ment Plan (၂၀၂၅) ကို ေရးဆြဲထားၿပီး အေရးေပၚအေျခအေနတြင္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို စနစ္တက်ေဆာင္႐ြက္ႏိုင္ေစရန္စီစဥ္ထားေၾကာင္း ေဒါက္တာ ေအာင္လင္းေအးက ေျပာဆိုထားသည္။
“ရည္႐ြယ္ခ်က္အေနနဲ႔ သဘာဝေဘးအႏၲရာယ္မ်ားနဲ႔ အျခားေသာ လူအမ်ားထိခိုက္ဒဏ္ရာရရွိမႈ အေျခအေနက်ေရာက္ခ်ိန္မွာ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးအေနနဲ႔ လူအမ်ားရဲ႕ အသက္အႏၲရာယ္ကို လ်င္ျမန္ထိေရာက္စြာ ကယ္တင္ကုသဖို႔နဲ႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကိုေရာက္ရွိလာတဲ့ လူနာေတြကို ပုံမွန္လုပ္ငန္းမ်ားမပ်က္ေစဘဲ စနစ္တက်စီမံခန္႔ခြဲ ျပဳစုကုသေပးႏိုင္ဖို႔ပဲ ျဖစ္ပါတယ္ ” ဟု ၎က ရွင္းျပထားသည္။
ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးအေနျဖင့္ အစုလိုက္ထိခိုက္ဒဏ္ရာရရွိသူ လူဦးေရ ၁၀ ဦး တစ္ၿပိဳင္တည္းေရာက္ရွိလာပါက ယင္းအေျခအေနအား အေရးေပၚအေျခအေနအျဖစ္ သတ္မွတ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျဖၾကားခ်က္အရ သိရသည္။
ထို႔အျပင္ လူအမ်ားထိခိုက္ ဒဏ္ရာရရွိသူ ပထမလူနာ ၃၀ ဦးဆိုပါက အေရးေပၚဌာနမွ တာဝန္ယူကာ လူနာ ၃၀ မွ ၁၀၀ အတြင္းဆိပါက ေဆး႐ုံတစ္ခုလုံး ပါဝင္ေဆာင္႐ြက္သြားမည္ျဖစ္သည့္အျပင္ လူနာ ၁၀၀ ေက်ာ္ခဲ့ပါက အျခားေဆး႐ုံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ေဒါက္တာ ေအာင္လင္းေအးက ရွင္းျပထားသည္။
အေရးေပၚအေျခအေနျဖစ္ေပၚလာခဲ့ပါက common and control center (အေရးေပၚအေျခအေနကြပ္ကဲေရးအဖြဲ႕) ကို ခ်က္ခ်င္းစုဖြဲ႕ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး အေရးေပၚအေျခအေန ကြပ္ကဲေရးအဖြဲ႕ေအာက္တြင္ လုပ္ငန္းအဖြဲ႕ေျခာက္ဖြဲ႕ႏွင့္ အေထာက္အကူအဖြဲ႕ ေျခာက္ဖြဲ႕တို႔ကို စနစ္တက်ဖြဲ႕စည္းၿပီး အေရးေပၚအေျခအေနကို စနစ္တက် စီမံကြပ္ကဲေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဒါက္တာေအာင္လင္းက ေျဖၾကားထားသည္။
လုပ္ငန္းအဖြဲ႕ေျခာက္ဖြဲ႕တြင္(၁) ေဆး႐ုံတြင္ေရာက္ရွိလာေသာ လူနာမ်ားႏွင့္ ေဆး႐ုံဝန္ထမ္းမ်ား လုံၿခဳံေရးအဖြဲ႕၊ (၂) ေဆးကုသေရးအဖြဲ႕ႏွင့္ အေထာက္အကူျပဳအဖြဲ႕၊ (၃) အေရးေပၚလူနာမ်ားအတြက္ ပစၥည္းျဖည့္တင္းေရးအဖြဲ႕၊ (၄) ေပါင္းစပ္ညႇိႏႈိင္းေရးအဖြဲ႕၊ (၅) သတင္းဆက္သြယ္ျပန္ၾကားေရးအဖြဲ႕ႏွင့္ (၆) လူမႈဆက္သြယ္ေဆာင္႐ြက္ေရးအဖြဲ႕တို႔ပါဝင္ၿပီး အေထာက္အကူအဖြဲ႕ေျခာက္ဖြဲ႕တြင္ ဓာတ္မွန္ဌာနအဖြဲ႕၊ ေရာဂါေဗဒဌာနအဖြဲ႕၊ဥပေဒေရးရာေဆးပညာအဖြဲ႕ဈ၊ ေသြးလႉဘဏ္အဖြဲ႕၊ ေသြးျဖန္႔ခ်ိေရးအဖြဲ႕ႏွင့္ Medical Store ဌာနအဖြဲ႕မ်ား ပါဝင္ေၾကာင္း ေျဖၾကားခ်က္မ်ားအရသိရသည္။