ရန်ကုန်တွင် အခေါက်ရွှေကို မှောင်ခိုစနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေရ

3383

ပြည့်ဖြိုး (NP News)-မေ ၂၇
ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက်ရွှေ အရောင်းအဝယ်လုပ်ငန်းအများစုမှာ မှောင်ခိုစနစ်ဖြင့် လုပ်ကိုင်နေရကြောင်း ရန်ကုန်မြို့ရွှေဘုံသာလမ်းရှိ ရွှေလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
“ရွှေလုပ်ငန်းတွေအားလုံးနီးပါးက အခေါက်ရွှေအရောင်းအဝယ်မလုပ်ကြဘူး။ အောင်သမာဓိနဲ့ အကယ်ဒမီ ရွှေဆိုင်နှစ်ဆိုင်ပဲ အခေါက် ရွှေ ဝယ်လို့ရတယ်၊ ဒါတောင်ဘောက်ချာမှာ ဈေးမရေးပေးဘူး လို့ကြားပါတယ်” ဟု NP News သို့ပြောကြားသည်။
ရွှေဈေးကွက်အတွင်းသက်ဆိုင်ရာက အခေါက်ရွှေဈေးကို သတ်မှတ်ရည်ညွှန်းဈေးအတွင်း ရောင်း ချရန် ကြေညာထားရာ ရွှေဆိုင်အများစုမှာ တရားဝင်ရည်ညွှန်းဈေးဖြင့် အရောင်းအဝယ်မပြုလုပ်နိုင်ကြ ကြောင်း သိရသည်။
တရားဝင်ရည်òန်းသတ်မှတ်ဈေးအရ မေလ(၂၁)ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၇) သိန်းသုံးသောင်း သတ်မှတ်ထားသော်လည်း ပြင်ပမှောင်ခိုပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သား လျှင် (၇၅)သိန်း ငါးသောင်းဝန်းကျင်အထိပေါက်ဈေး ဖြစ်ပေါ်နေသည်။
“အပြင်ဈေးနဲ့ သတ်မှတ်ဈေး ကွာခြားချက်က များနေတော့ ရွှေဆိုင်တွေကအရောင်းအဝယ် မလုပ်ဘဲ ရပ်ထားတာပေါ့။ နီးစပ်ရာ ရွှေကုန်သည်ပွဲစားတွေနဲ့ မှောင်ခိုဝယ်ရောင်းဘဲလုပ်နေရပါတယ်” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အခေါက်ရွှေမှာမှောင်ခိုစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေသော်လည်း (၁၅)ပဲရည် ရွှေအထည် များမှာမူ အရောင်းအဝယ်အေးနေကြောင်း သိရသည်။ ရွှေဆိုင်များကို လုပ်ငန်းလိုင်စင်သစ် လျှောက် ထားရန် သက်ဆိုင်ရာကကြေညာထားပြီး လတ်တလော ရန်ကုန်တိုင်းအတွင်းရှိရွှေဆိုင် (၅၁)ခုကို လိုင်စင်ချပေးထားကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံး၏ ထုတ်ပြန်ချက်အရသိရ သည်။

Zawgyi Version: