ဘားအံမြို့ကို Green & Clean City စံပြမြို့တော်အဖြစ် ရည်မှန်းအကောင်အထည်ဖော်နေ

304

စော(NP News)-မေ ၂၇
တိုင်းနှင့်ပြည်နယ်မြို့တော်များအနက် ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ကို Green & Clean City စံပြမြို့တော်အဖြစ် ရည်မှန်းအကောင်အထည်ဖော်နေကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က NP News ကိုပြောသည်။
စံပြမြို့တော်ဖြစ်လာစေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်စုပေါင်းကာ သန့်ရှင်းရေး လုပ်ခြင်းအပြင် မိုးတွင်းကာလတွင် ရေမဝပ်စေရန် ရေမြောင်းတူးခြင်းနှင့် ပန်းအလှသစ်ပင်များ စိုက်ပျိုး ခြင်းများဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
ထို့ပြင် မိုးတွင်းကာလတွင် သစ်ပင်စိုက်ပျိုးပွဲများဖြင့် စိမ်းလန်းစိုပြည်စေရန်အတွက် အလေး ထားဆောင်ရွက်နေပြီး သန့်ရှင်းရေးလုပ်ဆောင်ရာတွင်လည်း ကျောင်းဖွင့်ရာသီအမီ ကျောင်းများကို အဓိကထား ဆောင်ရွက်နေကြောင်း သိရသည်။
“အထူးသဖြင့် ခရီးသွားဧည့်သည်တွေ အများဆုံးဝင်ရောက်နိုင်အောင်၊ သန့်ရှင်းသာယာမှုရှိ အောင်၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းစဉ်မှတစ် ဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီဝင်တွေကို ဖွဲ့စည်းပြီးတော့မှ မိမိတို့အလည်အပတ်သွားတဲ့ ခရီးစဉ်ဒေသတွေမှာ အမြဲတမ်းသန့်ရှင်းသပ်ရပ်ပြီးတော့ လာတဲ့ဧည့်သည်တွေ နောက်တစ်ခေါက် လာချင်အောင် အဲဒါကိုဆက်ဆံရေးတွေကအစ အမြဲတမ်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးမှာ ညွှန်ကြားပေးလျက်ရှိပါတယ်”ဟု ဦးစောခင် မောင်မြင့်က ပြောသည်။
ယခုအချိန်တွင် အမှိုက်များကို တွေ့ရာနေရာတွင်ပစ်သူများကို ပညာပေးကာလအဆင့်သာရှိ သေးကြောင်းနှင့် လူအသွားအလာများသော နေရာများ၊ ဇွဲကပင်တောင်ပေါ်တက်သည့်နေရာများ၊ ခရီး စဉ်ဒေသများတွင် လမ်းတစ်လျှောက် အမှိုက်ပုံးများ ထားပေးထားကြောင်း ၎င်းကဆိုသည်။
အဆိုပါအမှိုက်ပုံးများကိုလည်း စေတနာ့ ဝန်ထမ်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့များကလည်း တစ်လတစ်ခါ သို့မဟုတ် နှစ်လ တစ်ခါ သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
“စံပြမြို့တော်ဖြစ်အောင်လုပ်နေတယ်လို့ ပြောလို့ရနိုင်ပါတယ်။ အခုဆိုရင် မြို့အဝင်တွေကအစ ခရီးသွားတွေအသွားအလာများပြားတဲ့နေရာဆိုရင် သန့်ရှင်းရေးကိုအဓိကထား ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ နောက်ပြီးတော့ ပန်းပေါင်းစုံဖူးပွင့်တဲ့ မိုးတွင်းကာလဆိုရင် ပန်းအလှအပင်တွေစိုက်ဖို့ ခရီးစဉ် ဒေသ(၁၄)ခုရှိတာကို အဲဒီ(၁၄) ခုလုံးမှာ စီမံခန့်ခွဲရေးအဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့တွေကို အစည်း အဝေးမှာ အမြဲတမ်းဖိတ်ကြားပြီးတော့မှ တစ်လတစ်ခါ အစည်းအဝေးလုပ်ပါတယ်။ သူတို့လည်း စိတ်ဝင် စားလာကြတာပေါ့”ဟု ၎င်းကပြောသည်။
Green and Clean City အဖြစ်အပြည့်အဝ အကောင်အထည်ပေါ်လာပါက ဒေသခံ စီးပွားရေး လုပ်ငန်းများတိုးတက်လာမည့်အပြင် ခရီးသွားဝင်ရောက်မှုလည်း မြင့်တက်လာမည်ဖြစ်ကြောင်း သိရ သည်။
“ဘာပဲဖြစ်ဖြစ် သူတို့ဒေသကို ခရီးသွားတွေအလာများမယ်ဆိုရင် သွယ်ဝိုက်ပြီးတော့ သူတို့ လည်းပဲ ဈေးရောင်းတာတွေကအစပေါ့။ စားသောက်ဆိုင်တွေလည်း ရောင်းကောင်းတာကိုး အဲဒါကြောင့် မို့လို့ ဧည့်သည်တွေများများလာဖို့အတွက် ခရီးစဉ်ဒေသတွေ များများလိုက်လည်တဲ့နေရာတွေကို သန့် သန့်ရှင်းရှင်း ပန်းပေါင်းဝေဆာပြီးတော့မှ သင့်တော်တဲ့နေရာထဲမှာ ပန်းအလှအပင်တွေစိုက်ဖို့ မှာကြား ထားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။ လက်ရှိအချိန်တွင် ကရင်ပြည်နယ်တွင် လည်ပတ်စရာ အနေဖြင့် ဘားအံမြို့နှင့် လှိုင်းဘွဲ့မြို့ နှစ်မြို့သာရှိသော်လည်း ဘားအံမြို့တွင်သာ လည်ပတ်စရာများ ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

Zawgyi Version:
ဘားအံၿမိဳ႕ကို Green & Clean City စံျပၿမိဳ႕ေတာ္အျဖစ္ ရည္မွန္းအေကာင္အထည္ေဖာ္ေန
ေစာ(NP News)-ေမ ၂၇
တိုင္းႏွင့္ျပည္နယ္ၿမိဳ႕ေတာ္မ်ားအနက္ ကရင္ျပည္နယ္၏ၿမိဳ႕ေတာ္ ဘားအံၿမိဳ႕ကို Green & Clean City စံျပၿမိဳ႕ေတာ္အျဖစ္ ရည္မွန္းအေကာင္အထည္ေဖာ္ေနေၾကာင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕မွ ေျပာ ေရးဆိုခြင့္ရွိသူ စီးပြားေရးရာဝန္ႀကီး ဦးေစာခင္ေမာင္ျမင့္က NP News ကိုေျပာသည္။
စံျပၿမိဳ႕ေတာ္ျဖစ္လာေစရန္အတြက္ သက္ဆိုင္ရာဌာနဆိုင္ရာမ်ားႏွင့္စုေပါင္းကာ သန႔္ရွင္းေရး လုပ္ျခင္းအျပင္ မိုးတြင္းကာလတြင္ ေရမဝပ္ေစရန္ ေရေျမာင္းတူးျခင္းႏွင့္ ပန္းအလွသစ္ပင္မ်ား စိုက္ပ်ိဳး ျခင္းမ်ားေဆာင္႐ြက္လ်က္ရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ မိုးတြင္းကာလတြင္ သစ္ပင္စိုက္ပ်ိဳးပြဲမ်ားျဖင့္ စိမ္းလန္းစိုျပည္ေစရန္အတြက္ အေလး ထားေဆာင္႐ြက္ေနၿပီး သန႔္ရွင္းေရးလုပ္ေဆာင္ရာတြင္လည္း ေက်ာင္းဖြင့္ရာသီအမီ ေက်ာင္းမ်ားကို အဓိကထား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
“အထူးသျဖင့္ ခရီးသြားဧည့္သည္ေတြ အမ်ားဆုံးဝင္ေရာက္ႏိုင္ေအာင္၊ သန႔္ရွင္းသာယာမႈရွိ ေအာင္၊ ေဒသဆိုင္ရာခရီးသြားလုပ္ငန္းစဥ္မွတစ္ ဆင့္ ခရီးစဥ္ေဒသစီမံခန႔္ခြဲေရးေကာ္မတီဝင္ေတြကို ဖြဲ႕စည္းၿပီးေတာ့မွ မိမိတို႔အလည္အပတ္သြားတဲ့ ခရီးစဥ္ေဒသေတြမွာ အၿမဲတမ္းသန႔္ရွင္းသပ္ရပ္ၿပီးေတာ့ လာတဲ့ဧည့္သည္ေတြ ေနာက္တစ္ေခါက္ လာခ်င္ေအာင္ အဲဒါကိုဆက္ဆံေရးေတြကအစ အၿမဲတမ္း ေဒသဆိုင္ရာခရီးသြားလုပ္ငန္းေကာ္မတီ အစည္းအေဝးမွာ ၫႊန္ၾကားေပးလ်က္ရွိပါတယ္”ဟု ဦးေစာခင္ ေမာင္ျမင့္က ေျပာသည္။
ယခုအခ်ိန္တြင္ အမႈိက္မ်ားကို ေတြ႕ရာေနရာတြင္ပစ္သူမ်ားကို ပညာေပးကာလအဆင့္သာရွိ ေသးေၾကာင္းႏွင့္ လူအသြားအလာမ်ားေသာ ေနရာမ်ား၊ ဇြဲကပင္ေတာင္ေပၚတက္သည့္ေနရာမ်ား၊ ခရီး စဥ္ေဒသမ်ားတြင္ လမ္းတစ္ေလွ်ာက္ အမႈိက္ပုံးမ်ား ထားေပးထားေၾကာင္း ၎ကဆိုသည္။
အဆိုပါအမႈိက္ပုံးမ်ားကိုလည္း ေစတနာ့ ဝန္ထမ္းမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး အဖြဲ႕မ်ားကလည္း တစ္လတစ္ခါ သို႔မဟုတ္ ႏွစ္လ တစ္ခါ သိမ္းဆည္းျခင္းမ်ား လုပ္ေဆာင္လ်က္ရွိ ေၾကာင္း သိရသည္။
“စံျပၿမိဳ႕ေတာ္ျဖစ္ေအာင္လုပ္ေနတယ္လို႔ ေျပာလို႔ရႏိုင္ပါတယ္။ အခုဆိုရင္ ၿမိဳ႕အဝင္ေတြကအစ ခရီးသြားေတြအသြားအလာမ်ားျပားတဲ့ေနရာဆိုရင္ သန႔္ရွင္းေရးကိုအဓိကထား ေဆာင္႐ြက္ေပးလ်က္ရွိပါ တယ္။ ေနာက္ၿပီးေတာ့ ပန္းေပါင္းစုံဖူးပြင့္တဲ့ မိုးတြင္းကာလဆိုရင္ ပန္းအလွအပင္ေတြစိုက္ဖို႔ ခရီးစဥ္ ေဒသ(၁၄)ခုရွိတာကို အဲဒီ(၁၄) ခုလုံးမွာ စီမံခန႔္ခြဲေရးအဖြဲ႕ဆိုတာ ရွိပါတယ္။ အဲဒီအဖြဲ႕ေတြကို အစည္း အေဝးမွာ အၿမဲတမ္းဖိတ္ၾကားၿပီးေတာ့မွ တစ္လတစ္ခါ အစည္းအေဝးလုပ္ပါတယ္။ သူတို႔လည္း စိတ္ဝင္ စားလာၾကတာေပါ့”ဟု ၎ကေျပာသည္။
Green and Clean City အျဖစ္အျပည့္အဝ အေကာင္အထည္ေပၚလာပါက ေဒသခံ စီးပြားေရး လုပ္ငန္းမ်ားတိုးတက္လာမည့္အျပင္ ခရီးသြားဝင္ေရာက္မႈလည္း ျမင့္တက္လာမည္ျဖစ္ေၾကာင္း သိရ သည္။
“ဘာပဲျဖစ္ျဖစ္ သူတို႔ေဒသကို ခရီးသြားေတြအလာမ်ားမယ္ဆိုရင္ သြယ္ဝိုက္ၿပီးေတာ့ သူတို႔ လည္းပဲ ေဈးေရာင္းတာေတြကအစေပါ့။ စားေသာက္ဆိုင္ေတြလည္း ေရာင္းေကာင္းတာကိုး အဲဒါေၾကာင့္ မို႔လို႔ ဧည့္သည္ေတြမ်ားမ်ားလာဖို႔အတြက္ ခရီးစဥ္ေဒသေတြ မ်ားမ်ားလိုက္လည္တဲ့ေနရာေတြကို သန႔္ သန႔္ရွင္းရွင္း ပန္းေပါင္းေဝဆာၿပီးေတာ့မွ သင့္ေတာ္တဲ့ေနရာထဲမွာ ပန္းအလွအပင္ေတြစိုက္ဖို႔ မွာၾကား ထားပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။ လက္ရွိအခ်ိန္တြင္ ကရင္ျပည္နယ္တြင္ လည္ပတ္စရာ အေနျဖင့္ ဘားအံၿမိဳ႕ႏွင့္ လႈိင္းဘြဲ႕ၿမိဳ႕ ႏွစ္ၿမိဳ႕သာရွိေသာ္လည္း ဘားအံၿမိဳ႕တြင္သာ လည္ပတ္စရာမ်ား ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။