ဆံပင်ကို သစ်ပင်တွင်ချည်ပြီး တွဲလောင်းအနေအထားဖြင့် အချိန်(၂၅)မိနစ်ကျော်ကြာနေပြခဲ့သည့် အမျိုးသမီး

 35175

Pika (NP News) - မေ ၂၇

ဆံပင်ကို ကြိုးနှင့်ဆွဲထားသည့် ပြကွက်ကို ကျွမ်းကျင်သော ဆက်ကပ်ဖျော်ဖြေသူအမျိုးသမီး တစ်ဦးသည် ၎င်း၏ဆံပင်ကို သစ်ပင်တွင်ချည်ကာ တွဲလောင်းအနေအထားဖြင့် အချိန်(၂၅)မိနစ်နှင့် (၁၁ ဒသမ ၃) စက္ကန့်ကြာအောင် နေပြခဲ့ပြီး‌နောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ အသက် (၃၉)နှစ်အရွယ် လီလာနွန်းသည် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Redwood National and State Parks ၏ ရှုခင်းကြည့်သည့်နေရာတွင် ၎င်း၏ဆံပင်ကိုသစ်ပင်တွင်တွဲလောင်းချည်ကာ အချိန်အကြာဆုံးနေနိုင်မှုဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် လီလာနွန်းသည် ၎င်း၏ဆံပင်ကို သစ်ပင်တွင်တွဲလောင်းချည်ကာ အချိန်(၂၅)မိနစ် ကျော်အထိ နေပြခဲ့ပြီးနောက် ယခုကဲ့သို့ ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် အဆိုပါ လေ့ကျင့်မှုအတွက် အချိန်(၂)နှစ်ခန့်ကြာမြင့်ခဲ့ကြောင်း လီလာနွန်းကပြောကြားခဲ့သည်။ လီလာ နွန်းသည် (၂၀၁၁)ခုနှစ်တွင် Suthakaran Sivagnanathurai ဆိုသည့် ဩစတြေးလျ အမျိုးသားတင်ထား ခဲ့သော ဂင်းနစ်စံချိန်(၂၃)မိနစ်နှင့် (၁၉)စက္ကန့်ကို ကျော်တက်ခဲ့ကာ ယခုကဲ့သို့ဂင်းနစ်စံ ချိန်ချိုးဖျက်နိုင်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဂင်းနစ်စံချိန်နှင့်ပတ်သက်ပြီး ၎င်း၏ရည်မှန်းချက်ပန်းတိုင်မှာ စိတ်စွမ်းအားဖြင့် လုပ် ဆောင်နိုင်သည်ဆိုသည့်အချက်ကို သက်သေပြရန်ဖြစ်ကြောင်း လီလာနွန်းကပြောကြားခဲ့သည်။

zawgyi version
ဆံပင္ကို သစ္ပင္တြင္ခ်ည္ၿပီး တြဲေလာင္းအေနအထားျဖင့္ အခ်ိန္(၂၅)မိနစ္ေက်ာ္ၾကာေနျပခဲ့သည့္ အမ်ိဳးသမီး
Pika (NP News) - ေမ ၂၇

ဆံပင္ကို ႀကိဳးႏွင့္ဆြဲထားသည့္ ျပကြက္ကို ကြၽမ္းက်င္ေသာ ဆက္ကပ္ေဖ်ာ္ေျဖသူအမ်ိဳးသမီး တစ္ဦးသည္ ၎၏ဆံပင္ကို သစ္ပင္တြင္ခ်ည္ကာ တြဲေလာင္းအေနအထားျဖင့္ အခ်ိန္(၂၅)မိနစ္ႏွင့္ (၁၁ ဒသမ ၃) စကၠန႔္ၾကာေအာင္ ေနျပခဲ့ၿပီး‌ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အသက္ (၃၉)ႏွစ္အ႐ြယ္ လီလာႏြန္းသည္ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ရွိ Redwood National and State Parks ၏ ရႈခင္းၾကည့္သည့္ေနရာတြင္ ၎၏ဆံပင္ကိုသစ္ပင္တြင္တြဲေလာင္းခ်ည္ကာ အခ်ိန္အၾကာဆုံးေနႏိုင္မႈဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ လီလာႏြန္းသည္ ၎၏ဆံပင္ကို သစ္ပင္တြင္တြဲေလာင္းခ်ည္ကာ အခ်ိန္(၂၅)မိနစ္ ေက်ာ္အထိ ေနျပခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ အဆိုပါ ေလ့က်င့္မႈအတြက္ အခ်ိန္(၂)ႏွစ္ခန႔္ၾကာျမင့္ခဲ့ေၾကာင္း လီလာႏြန္းကေျပာၾကားခဲ့သည္။ လီလာ ႏြန္းသည္ (၂၀၁၁)ခုႏွစ္တြင္ Suthakaran Sivagnanathurai ဆိုသည့္ ဩစေၾတးလ် အမ်ိဳးသားတင္ထား ခဲ့ေသာ ဂင္းနစ္စံခ်ိန္(၂၃)မိနစ္ႏွင့္ (၁၉)စကၠန႔္ကို ေက်ာ္တက္ခဲ့ကာ ယခုကဲ့သို႔ဂင္းနစ္စံ ခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါ ဂင္းနစ္စံခ်ိန္ႏွင့္ပတ္သက္ၿပီး ၎၏ရည္မွန္းခ်က္ပန္းတိုင္မွာ စိတ္စြမ္းအားျဖင့္ လုပ္ ေဆာင္ႏိုင္သည္ဆိုသည့္အခ်က္ကို သက္ေသျပရန္ျဖစ္ေၾကာင္း လီလာႏြန္းကေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.