တောင်ယာလုပ်ငန်းမှပြန်လာသော လင်မယား(၂)ဦးဆိုင်ကယ်တိမ်းမှောက်ကာ ဇနီးပွဲချင်းပြီးသေဆုံး

785

အင်ကြင်းမွှေး(NP News)-မေ ၂၇
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တောင်ယာလုပ်ငန်းမှပြန်လာသော လင်မယား(၂)ဦးဆိုင်ကယ်တိမ်းမှောက်ကာ ဇနီးဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်၊ မြစ်ကြီးနား)ထံမှသိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (မေ၂၆ရက်)၊ မွန်းလွဲ ၂နာရီဝန်းကျင်အချိန်ခန့်က ဝိုင်းမော်မြို့နယ်၊ ဆမားဇုံနယ်၊ တဘတ်ယန်ကျေးရွာနှင့် မလန်းယန်ကျေးရွာကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"တောင်ယာသွားလုပ်တယ်လို့ပြောတယ်။ တောင်ယာကနေအပြန်လမ်းမှာ ဆိုင်ကယ်မတော်တဆဖြစ်လို့ အမျိုးသမီးကဆုံးသွားတယ်။ တိုက်တာမဟုတ်ဘူး။ ကိုယ်စီးတဲ့ဆိုင်ကယ်က ကိုယ့်ကြိုးနဲ့ငြိသွားလို့ ဆိုင်ကယ်လဲကျသွားတယ်လို့သိရတယ်" ဟု မြန်မာနိုင်ငံလူမှုကယ် ဆယ် ရေးအဖွဲ့ (ကချင်ပြည်နယ်၊ မြစ်ကြီးနား)မှတာဝန်ရှိသူတစ်ဦးမှ NP newsသို့ ပြောသည်။
ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဇနီးဖြစ်သူတွင် ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အမျိုးသားဖြစ်သူတွင်လည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
“လင်မယား(၂)ယောက်မှာ အမျိုးသားက ဆိုင်ကယ်ဦးထုတ်ဆောင်းထားတဲ့အတွက် အန္တရာယ်ကင်းသွားတယ်။ ပွန်းပဲ့တာတို့ပဲရှိတယ်။ အမျိုသမီးကတော့ ဆိုင်ကယ်ဦးထုတ်မဆောင်းတဲ့အခါကျတော့ ဆိုင်ကယ်ကနေအကျ ခေါင်းနည်းနည်းထိသွားတဲ့သဘောရှိတယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို ဝါရှောင်ကျေးရွာ မှ စီတာပူ ရပ်ကွက်(၆)ရှိ နေအိမ်သို့ပို့ဆောင်ကူညီပေး ခဲ့ကြောင်းသိရသည်။

Zawgyi Version:
ေတာင္ယာလုပ္ငန္းမွျပန္လာေသာ လင္မယား(၂)ဦးဆိုင္ကယ္တိမ္းေမွာက္ကာ ဇနီးပြဲခ်င္းၿပီးေသဆုံး
အင္ၾကင္းေမႊး(NP News)-ေမ ၂၇
ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္တြင္ ေတာင္ယာလုပ္ငန္းမွျပန္လာေသာ လင္မယား(၂)ဦးဆိုင္ကယ္တိမ္းေမွာက္ကာ ဇနီးျဖစ္သူ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား)ထံမွသိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေမ၂၆ရက္)၊ မြန္းလြဲ ၂နာရီဝန္းက်င္အခ်ိန္ခန႔္က ဝိုင္းေမာ္ၿမိဳ႕နယ္၊ ဆမားဇုံနယ္၊ တဘတ္ယန္ေက်း႐ြာႏွင့္ မလန္းယန္ေက်း႐ြာၾကားတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
"ေတာင္ယာသြားလုပ္တယ္လို႔ေျပာတယ္။ ေတာင္ယာကေနအျပန္လမ္းမွာ ဆိုင္ကယ္မေတာ္တဆျဖစ္လို႔ အမ်ိဳးသမီးကဆုံးသြားတယ္။ တိုက္တာမဟုတ္ဘူး။ ကိုယ္စီးတဲ့ဆိုင္ကယ္က ကိုယ့္ႀကိဳးနဲ႔ၿငိသြားလို႔ ဆိုင္ကယ္လဲက်သြားတယ္လို႔သိရတယ္" ဟု ျမန္မာႏိုင္ငံလူမႈကယ္ ဆယ္ ေရးအဖြဲ႕ (ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား)မွတာဝန္ရွိသူတစ္ဦးမွ NP newsသို႔ ေျပာသည္။
ဆိုင္ကယ္တိမ္းေမွာက္မႈေၾကာင့္ ဇနီးျဖစ္သူတြင္ ဦးေခါင္းထိခိုက္ဒဏ္ရာ ရရွိကာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသားျဖစ္သူတြင္လည္း ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိခဲ့ေၾကာင္း သိရသည္။
“လင္မယား(၂)ေယာက္မွာ အမ်ိဳးသားက ဆိုင္ကယ္ဦးထုတ္ေဆာင္းထားတဲ့အတြက္ အႏၲရာယ္ကင္းသြားတယ္။ ပြန္းပဲ့တာတို႔ပဲရွိတယ္။ အမ်ိဳသမီးကေတာ့ ဆိုင္ကယ္ဦးထုတ္မေဆာင္းတဲ့အခါက်ေတာ့ ဆိုင္ကယ္ကေနအက် ေခါင္းနည္းနည္းထိသြားတဲ့သေဘာရွိတယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ဝါေရွာင္ေက်း႐ြာ မွ စီတာပူ ရပ္ကြက္(၆)ရွိ ေနအိမ္သို႔ပို႔ေဆာင္ကူညီေပး ခဲ့ေၾကာင္းသိရသည္။