တောင်ကိုရီးယားမင်းသမီး ဟွမ်ဂျောင်အွမ်း ခင်ပွန်းသည်နဲ့ အပြီးသတ် ကွာရှင်း

 157

ရောင်နီ (NP News) - မေ ၂၈

တောင်ကိုရီးယားမင်းသမီး ဟွမ်ဂျောင်အွမ်းက သူမရဲ့ခင်ပွန်းနဲ့ တရားဝင် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တယ်လို့ မေလ ၂၆ ရက်မှာ သူမရဲ့အေဂျင်စီ Y1 Entertainment က ကြေညာခဲ့ပါတယ်။
မင်းသမီး ဟွမ်ဂျောင်အွမ်းဟာ ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်မှစ ကွာရှင်းမှုလုပ်ငန်းစဉ်ရဲ့နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ပြီး ကွာရှင်းမှု အပြီးသတ် ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် အိမ်ထောင်ရဲ့ ပိုင်ဆိုင်မှု ခွဲဝေရေးစတဲ့ ကိုယ်ရေးကိုယ်တာပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ ကျန်ရှိနေသေးတဲ့ တရားရေးဆိုင်ရာ ကိစ္စရပ် တွေကိုလည်း တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အေဂျင်စီက ဆိုပါတယ်။ ဟွမ်ဂျောင်အွမ်း ဟာ ခင်ပွန်းသည် ဂေါက်အားကစားသမား လီရောင်ဒုန်နဲ့ ၂၀၁၆ ခုနှစ်က လက်ထပ်ခဲ့ကြတာဖြစ်ပြီး ကလေး ၂ ယောက် မွေးဖွားခဲ့ပါတယ်။
ဟွမ်ဂျောင်အွမ်းကို High Kick, Kill me Love me, The escape of seven, She was pretty ဇာတ်ကားတွေနဲ့ လူသိများ ကျော်ကြားပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားမင္းသမီး ဟြမ္ေဂ်ာင္အြမ္း ခင္ပြန္းသည္နဲ႔ အၿပီးသတ္ ကြာရွင္း
ေရာင္နီ (NP News) - ေမ ၂၈

ေတာင္ကိုရီးယားမင္းသမီး ဟြမ္ေဂ်ာင္အြမ္းက သူမရဲ႕ခင္ပြန္းနဲ႔ တရားဝင္ ကြာရွင္းျပတ္စဲလိုက္ၿပီျဖစ္တယ္လို႔ ေမလ ၂၆ ရက္မွာ သူမရဲ႕ေအဂ်င္စီ Y1 Entertainment က ေၾကညာခဲ့ပါတယ္။
မင္းသမီး ဟြမ္ေဂ်ာင္အြမ္းဟာ ၂၀၂၅ ခုႏွစ္၊ ေမလ ၂၆ ရက္မွစ ကြာရွင္းမႈလုပ္ငန္းစဥ္ရဲ႕ေနာက္ဆုံးအဆင့္ကို ေက်ာ္ျဖတ္ၿပီး ကြာရွင္းမႈ အၿပီးသတ္ ဆုံးျဖတ္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။ ေနာက္ထပ္ အိမ္ေထာင္ရဲ႕ ပိုင္ဆိုင္မႈ ခြဲေဝေရးစတဲ့ ကိုယ္ေရးကိုယ္တာပိုင္ဆိုင္မႈနဲ႔ပတ္သက္တဲ့ က်န္ရွိေနေသးတဲ့ တရားေရးဆိုင္ရာ ကိစၥရပ္ ေတြကိုလည္း တတ္ႏိုင္သမွ် ျမန္ျမန္ေျဖရွင္းႏိုင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ ေအဂ်င္စီက ဆိုပါတယ္။ ဟြမ္ေဂ်ာင္အြမ္း ဟာ ခင္ပြန္းသည္ ေဂါက္အားကစားသမား လီေရာင္ဒုန္နဲ႔ ၂၀၁၆ ခုႏွစ္က လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ကေလး ၂ ေယာက္ ေမြးဖြားခဲ့ပါတယ္။
ဟြမ္ေဂ်ာင္အြမ္းကို High Kick, Kill me Love me, The escape of seven, She was pretty ဇာတ္ကားေတြနဲ႔ လူသိမ်ား ေက်ာ္ၾကားပါတယ္။

Related news

© 2021. All rights reserved.