အနိုင်အရှုံးမပြတ်သားသေးတဲ့ ဗန်းမော်မြို့ထဲက ဖြစ်ရပ်မှန်များ

5670

သုတကျော် (NP News) - မေ ၂၈
ဗန်းမော်မြို့တိုက်ပွဲတွင် တပ်မတော်တပ်ဖွဲ့ဝင်များ အသာစီးရနေပြီဖြစ်သည်။ ဗန်းမော်မြို့ တိုက်ပွဲနှင့် ပတ်သက်၍ တိုက်ပွဲအခြေအနေများအကြောင်းကိုသာ အွန်လိုင်းထက်တွင် တွေ့မြင်ရသော် လည်း ပြည်သူတို့၏အခြေအနေကား တိမ်မြုပ်နေလျက်ရှိသည်။ KIA တို့က တိုက်ပွဲစဖော်ပြီးနောက် ထိခိုက်သွားသော ပြည်သူတို့၏ဘဝများ၊ နယ်မြေအခြေအနေများနှင့်ပတ်သက်၍ လူမသိသော ဗန်းမော် မှ ဖြစ်ရပ်မှန်များအဖြစ် မြို့ခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး - ဗန်းမော်တိုက်ပွဲအကြောင်း နောက်ဆက်တွဲတွေမမေးခင် အရင်ဆုံးသိချင်တာက အစ်မက တိုက်ပွဲဖြစ်တုန်းက ရှိခဲ့သူတစ်ယောက်ဆိုတော့ အဲဒီတုန်းကမြင်ကွင်းကို အမှတ်တရအဖြစ် တစ်ခု လောက်အရင်ပြောပြပါလား ခင်ဗျာ။
ဖြေ - ဗန်းမော်နဲ့ သုံးမိုင်ပတ်ချာလည်၊ ငါးမိုင် ပတ်ချာ လည်လောက် တိုက်ပွဲဖြစ်နေပြီ။ ကျွန်မတို့ အဝိုင်းခံ ထားရသလို ဆိုပေမယ့် မြို့တွင်းထဲမရောက်သေးဘူး၊ အုပ်ချုပ်ရေးယန္တရားကလည်း လည်ပတ်နေတယ် ဆိုတော့ စိတ်ထဲမှာ ဗန်းမော်မြို့ကိုမသိမ်းနိုင်ဘူး။ ပြီးတော့ ဗန်းမော်မြို့တပ်တွေက အားလုံးကို ချိတ် ဆက်ထားတယ်။ ကျွန်မတို့သက်တမ်း အသက် (၄၀)ကျော် တောက်လျှောက်မှာလည်း KIA က ဗန်းမော် ကို တိုက်တာမရခဲ့ဖူးဘူး။ မြို့နားတောင် မကပ်နိုင်ဘူး။ ဒါကြောင့် မပြေးဘူးပေါ့။ ကိုယ့်ရှေ့ နားတောင် ဖြစ်နေတာကို မယုံဘူး။ ငါတို့ ရပ်ကွက်ထဲ ဖြစ်နေတယ်ဆိုလည်း မယုံဘူး။ ကျွန်မတို့က (၄၇) စစ်တပ်နဲ့ နီးတော့ လက်နက်ကြီးပစ်တဲ့အသံတွေ ကြားနေရတယ်လေ။ အဲဒီတော့ ဒါငါတို့နေ့တိုင်း ကြားနေရတာ အလကားဆိုပြီး နေနေတာ။ ကျွန်မတို့ ရပ်ကွက်အပြင်က ပြေးကုန်ပြီဆိုတော့ သူတို့ ကြောက်လို့ပြေးတာ ငါတို့မကြောက်ဘူးဆိုပြီး နေနေတာ။ ပြီးတော့ နင်တို့ပဲ ကျန်တော့တယ် တစ်ရပ်ကွက်လုံး ပြေးကုန်ပြီ လာခဲ့တော့ဆိုတဲ့ အထိမယုံဘူး။ အဲဒီ လောက်အထိ နေခဲ့တာပါ။
မေး - သူတို့ ဝင်လာတဲ့အချိန်မှာ ဘယ်လိုပုံစံတွေ ပြုမူခဲ့ကြသလဲ ခင်ဗျ။ ဥပမာ တစ်ခုလောက် ပြောပြ ပေးလို့ရမလား။
ဖြေ - အသိတစ်ယောက်က ထွက်မယ်ဆိုတော့ သူတို့အိမ်ကိုလာပြီး ဘယ်သွားမလဲမေးတယ်။ ကျွန် တော်တို့ မြို့ထဲက ရှောင်မလို့ဆိုတော့ မှတ်ပုံတင်ပေး ပြောတယ်။ စစ်သားထင်ပြီး ယုံရတယ်ဆိုပြီးတော့ မှတ်ပုံတင်ပေးတယ်။ ဖုန်းလည်း ထုတ်ပေးဆိုတော့ ပေးတယ်။ နင်တို့အိမ် ငါ့ကိုပေးဆိုတော့မှ စစ်တပ်က မဟုတ်ဘူးဆိုပြီး သူလည်းအသဲအသန်ပြေးပြီး လာတာ။ ကျွန်မတို့ အဲဒီလို ဆုံပြီးတော့ တိုက်ပွဲကာလမှာ ပြေးလာခဲ့ကြတာပေါ့။
မေး - အစ်မတို့ မြို့ကနေရှောင်လာခဲ့တဲ့အချိန်မှာ မှတ်မှတ်ရရ ဖြစ်စဉ်တစ်ခုကို ပြောပြပေးပါလား။
ဖြေ - ထွက်ပေါက်ပေးထားတယ်။ ညောင်ပင်သာရွာက ထွက်ရမယ်ဆိုတော့ ညဘက်ဆို အဆင်မပြေဘူး ဆိုပြီး နောက်နေ့မှထွက်ကြတာပေါ့။ အသက်ရှင် ပြီးရောဆိုပြီးထွက်ခဲ့ကြတာ။ တပ်က ကာကင်း နေရာ မှာ သူတို့ယူထားတာတွေ့တယ်။ တပ်က အင်္ကျီတွေနေမှာပေါ့။ ကျည်မှန်ထားတဲ့သူတွေရဲ့ အင်္ကျီတွေ နေ မှာပေါ့။ လမ်းမှာခင်းထားတယ် ဖြတ်သွား၊ နင်းသွားဆိုပြီး ပြောတာ။ ဒုက္ခပါပဲ မဖြတ်ရင်လည်း ဒုက္ခပေးမယ်ဆိုတော့ စိတ်မကောင်းပေမယ့် ဖြတ်ခဲ့ရတယ်။
မေး - ဗန်းမော်မြို့မှာ ကချင်လူမျိုးတွေလည်း ရှိတော့ သူတို့ အခြေအနေကကော ဘယ်လိုရှိပါသလဲ။
ဖြေ - ပထမဆုံးထွက်တဲ့သူဆိုရင် ကချင်တွေ တစ်မြို့လုံးက ကချင်တွေထွက်တာ။ ဗမာတွေ မပါသေး ဘူး။ သူတို့ သိထားပြီလေ။ ကချင်တွေ တစ်အိမ်တစ်ယောက် KIA လုပ်ရမယ်ဆိုတော့ သိထားပြီလေ။
မေး - လွတ်မြောက်ပြီးတဲ့နောက်မှာ ဗန်းမော်မြို့ရဲ့ အခြေအနေကို ဘာများ ကြားရပါသေးလဲ ခင်ဗျ။
ဖြေ - ကြားတာကတော့ တပ်မတော်ဘက်က အရေးသာတယ်လို့ ကြားတယ်။ (၄၇) စစ်တပ်နဲ့ နီးတဲ့ နေရာတွေမှာ KIA နဲ့ ပူးပေါင်းအဖွဲ့တွေက ကာဘာယူပြီးပစ်တော့ အိမ်တွေအလုံးလိုက် ကုန်ပြီတဲ့။ ပန်းနဲ့ ပေါက်တာမှမဟုတ်တာ သူတို့က ဒီကနေ သေနတ်နဲ့ပစ်တော့ တပ်ကလည်း ပြန်ပစ်မှာပေါ့။ KIA က သူတို့ဝင်သွားပြီးတော့ ပြန်မဝင်ခိုင်းတော့ဘူး။ ကျွန်မက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာရ တော့ သူများပေးစာကမ်းစာနဲ့ ဝတ်နေရတာလေ။ အဝတ်အစား တစ်နိုင်တော့ သွားပြန်ယူမယ်ဆိုပြီး ခိုးဝင်ရတာပေါ့။ မဝင်ခိုင်းဘူး။
မေး - အဲဒီ အတွေ့အကြုံကော ပြန်ပြောပြပေးပါလား ခင်ဗျာ။
ဖြေ - ကျွန်မက အဆင်ပြေသလိုပြောပြီး ကယ်ရီသမားကိုခေါ်ပြီး ဝင်သွားတာလေ။ အဝတ်အစားလေး တွေ သွားယူတယ်။ ရတဲ့နေရာတွေ လျှောက်ပတ်ကြည့်လို့ရတာ ကြည့်မယ်ဆိုပြီး ပတ်ကြည့်တော့ ခွန်သာဘက်တွေ ဆိုရင် သူတို့ အကုန်ပဲ။ အကုန်လုံး နေလိုက်ကြပြီ။ PDF တံဆိပ်လည်း တွေ့တယ်။ TNLA တံဆိပ်လည်း တွေ့တယ်။ သူတို့က လမ်းတွေ လျှောက်နေတာမြင်တယ်။ လူနေအိမ်တွေမှာလည်း ဝင်နေကြပြီ။ ကုက္ကိုလ်တောရပ်ကွက်ဘက် သွားကြည့်တယ်။ အဲဒီတုန်းက ဘာမှမဖြစ်သေးဘူး။ သိမ်တော်ကြီးဘက်လည်း ဝင်လို့ရတယ်ဆိုတော့ သွားကြည့်သေးတယ်။ အဲဒီအချိန် မြို့မှာရှိတဲ့ ဘိန်း စား၊ သူခိုးတွေက ဆိုင်တွေကို ဖောက်နေပြီ။ ကျွန်မ လည်း အံ့ဩလို့။ မိန်းမတွေရောပဲ။ အံ့ဩစရာကြီး ပါဆို။ လျှောက်ပတ်ကြည့်တယ် ကယ်ရီသမားလည်း ပါတယ်။ KIA ကလည်း ဂိတ်လုပ်ထားပြီး မဖြတ်ရ တွေ၊ မသွားရတွေ လုပ်နေတာ။ ကျွန်မကို ရပ်ခိုင်းပြီး တစ်ယောက်မှ မလှုပ်နဲ့ရပ်စမ်း၊ နင်တို့အထုပ်တွေ သယ်လို့ မပြီးသေးဘူးလားဆိုတော့ ကျွန်မအခုမှ လာသယ်တာ။ ကျွန်မလည်း ပုဆိုးတွေ နဲ့ ထုပ်ခဲ့တာ တွေ ဖြည်ပြတယ်။ မဖြစ်နိုင်ဘူးတဲ့ နင်တို့ သူလျှိုလို့ ပြောတာ။ ကယ်ရီသမားကို မှတ်ပုံတင်ပြဆိုတော့ မှတ်ပုံတင်ကလည်း အသစ်ဖြစ်နေတာ။ မဖြစ်နိုင်ဘူး မင်းပုံက စစ်သားမဟုတ်ဘူးလားဆိုတော့ မဟုတ် ဘူးလို့ ကယ်ရီသမားက ငြင်းတာပေါ့။ ပြီးတော့ အစ်မလုပ်ပေးဦးဆိုတော့ သူတို့ရဲ့ ရိုးရိုးရဲဘော်လား မသိ ပါဘူး။ အပွင့်တွေ ဘာတွေလည်း မတပ်ထားဘူး။ ကျွန်မကလည်း ဆလန်က ဘာဆိုပြီး ကချင်လို နည်း နည်းတတ်တော့ ရှင်းပြတာပေါ့။ သူက တပည့်တွေကို ကချင်လိုပြောပြီး တုတ်တွေ ကြိုးတွေ ယူခိုင်းနေ တာ။ ကျွန်မလည်း ဒူးထောက်ပြီး ကျွန်မက ဒုက္ခရောက်လာတဲ့ ပြည်သူပါဆိုပြီး ပါးစပ်က ထွက်ချင်တာ ထွက် အကုန်တောင်းပန်တာ။ သူ့ကို စစ်သားမဟုတ်တာ တာဝန်ယူတယ်၊ ရပ်ကွက်ထဲက လူတွေ နာမည်တွေ ရွတ်ပြတော့မှ သူက အေးနင်ဒီလောက် သက်သေခိုင်ရင် သွားဆိုပြီးသွားခိုင်းတာ။ တွေ့ရင် ဒူဝါတို့၊ ဒူဂျွန်တို့၊ ဆလန်ကဘာတို့ အကုန်ပြောခေါ်ပြီး ထွက်ခဲ့ရတာ။
မေး - အစ်မမြို့ထဲကိုဝင်ခဲ့တုန်းက ပြည်သူပိုင် ပစ္စည်းတွေကို သူတို့သိမ်းယူနေတာမျိုးမြင်ခဲ့လား။
ဖြေ - ကျွန်မအိမ်မှာ သွားယူတုန်းက ကျွန်မတို့စက်ဘီးလည်း ယူစီးထားပြီးပြီ။ ရပ်ကွက်ဘက် သွားတော့ လည်း ဒီအိမ်ဘက်ကျော်မလာနဲ့ ဆိုပြီး ပြောတယ်။ သူတို့က အဲဒီအိမ်တွေဘက် ယူနေထားပြီးပြီလေ။
မေး - ဗန်းမော်က စစ်ဘေးရှောင်တွေအတွက် ကျန်ခဲ့တဲ့ပစ္စည်းတွေပျောက်တာများမလား။
ဖြေ - ပျောက်တာ ပျောက်တာ ဆိုတာလေ။ သူခိုးအလှည့်ပြီးတော့ သူတို့အလှည့် ဖြစ်သွားတာ။ အခုမေး လို့ ရတယ်။ ဖုန်းနံပါတ်လည်း ပေးလို့ရတယ်နော်။ မပြေးနိုင်တဲ့သူတွေ၊ ကလေးငယ်ရှိတဲ့သူတွေ၊ ငွေ ကြေးမရှိတဲ့သူတွေက ဘုန်းကြီးကျောင်းထဲ နေတာရှိတယ်။ အဲဒါ မြို့ထဲကနေ KIA တွေက ရေခဲ သေတ္တာ တွေ၊ လျှပ်စစ်မော်တာတွေ၊ တီဗီ၊ အပေါ်စက်၊ အောက်စက် အကုန် ဘုန်းကြီးကျောင်းမှာ လာပုံထား တာ။ ပုံပြီးရင် (၁၂)ဘီးကားတွေ ဖင်ထိုးပြီး တင်သွား တာ။ ကျွန်မတို့ကလည်း ဘယ်ယူ သွားမလဲဆိုတာ မမေးရဲဘူးလေတဲ့။ မျက်စိရှေ့မှာ မြင်နေရတာတဲ့။ အသိတစ်ယောက်ဆို သူ့သမီး ကွန်ပျူတာကို တခြား ရပ်ကွက်မှာ သွားရောင်းစားတာ တွေ့တာ။ ဒါ ငါ့သမီး ကွန်ပျူတာ ငါ့သမီး ဓာတ်ပုံ ပါတယ်ဆိုပြီး နင်တို့ ဘယ်ကသွားခိုးတာလဲမေးတော့ ငါတို့မခိုးဘူး။ KIA တွေ ခြောက်သောင်းနဲ့ လာရောင်းစားထားတာ ပြော တယ်။ အဲဒါဆို ငါ့ကို ပြန်ပေးဆိုတော့ မုန့်ဖိုး ပေးရမယ်ဆိုလို့ ခုနစ်သောင်းနဲ့ ကိုယ့်ပစ္စည်းတောင် ပြန်ဝယ် ရတယ်။ သူခိုးဈေးကွက်ဆို သီးသန့် ပြန်ပေါ် တယ်။ ရေခဲသေတ္တာတွေ၊ အဲကွန်းတွေကို အနားက ရွာတွေ က ပြန်ဝယ်ကြတယ်။ ဒီ တံဆိပ်မကြိုက်ဘူး ဆို နောက်တံဆိပ်ကို သူခိုးတွေက ခိုးပေးတယ်။ နောက်ကျ တော့ KIA တွေက ဘယ်လိုလုပ်သလဲဆိုရင် ဒီအိမ်မှာ ဆက်တီခုံတွေ ရှိတယ်ပေါ့။ ကျွန်မတို့ဒေသက သစ် ပေါတယ်လေ။ ကျွန်းဆက်တီဆို ထမင်းစားခန်းမှာ ကျွန်းစားပွဲ အဆက်လိုက်၊ ဘီဒိုတွေ ရှိတယ်လေ။ သူတို့က အဲဒါကို သူခိုးနဲ့ချိတ်ပြီး ဒီမှာ ဘာပစ္စည်းရှိတယ် ရော့ ငါးသိန်းဆို ငါးသိန်းပေး၊ ဈေးဖြတ်ပြီး ကား ပေါ် တစ်ခါတည်း တင်ခိုင်းလိုက်တာ။
မေး - KIA တွေက အိမ်တစ်လုံးလုံးက ပစ္စည်းတွေ ကို လက်ညှိုးထိုး ရောင်းစားတာပေါ့။
ဖြေ - ဟုတ်တယ်။ ပြီးတော့ မရောင်းဘဲ ဗန်းမော်က ပစ္စည်းတွေကိုလည်း သယ်ထုတ်ပြီးတော့ ရွာတွေကို ပို့တာ ရှိတယ်။ သူတို့ KIA တွေရှိတဲ့ ရွာတွေကိုပေါ့။
မေး - ဆိုတော့ ဗန်းမော်မြို့ခံတွေက စစ်လည်းရှောင်ရတယ် ပြီးတော့ ပစ္စည်းလည်းကုန်တာပေါ့။
ဖြေ - စစ်ပြေးပြီး မန္တလေးလာနေတဲ့သူတွေ ငလျင်ထိတာလည်း ရှိတယ်လေ။ မိအေးနှစ်ခါနာဆို ဘယ်နှ ခါ နာမှန်းတောင် မသိဘူး။
မေး - လက်ရှိအချိန်မှာ ဗန်းမော်က စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ဘယ်လိုအခက်အခဲရှိပါသလဲ။
ဖြေ - ဒီမှာက အိမ်လခဈေးကြီးတယ်။ အကုန် ဈေးကြီးတယ် မပြောတတ်တော့ဘူး။ ကိုယ့်ထက် ခက်ခဲ တဲ့သူ အများကြီးရှိလို့ ပြောလည်း မပြောချင် ဘူး။ ဒါပေမဲ့ KIA တွေနဲ့ဝေးသွားလို့ ဘယ်လိုပဲ လုပ်ကိုင်စား သောက်ရ စားသောက်ရ သူတို့နဲ့ လွတ်ရင် ပြီးရောပဲ။
မေး - မြို့ကို တပ်မတော်က အလုံးစုံပြန်ရပြီးရင် အစ်မတို့ နေရပ်ပြန်မလား။
ဖြေ - အနီရပ်ကွက်နှစ်ခုရှိတယ် ဗန်းမော်မှာလည်း သူတို့တော့ မသိဘူး။ ကျန်တဲ့သူတွေကတော့ ဘာမှ မဖြစ်ရင်နေ တဲထိုးပြီးနေမယ်။ ပြန်လို့ရပြီဆိုရင် ဖြစ်ချင်တာဖြစ် ပြန်မှာ။ သူတို့က ဘယ်လောက်အထိ ဆိုးလဲဆိုရင် ကျွန်းတွေမို့လို့ အိမ် တံခါးရွက်တွေက အစ ဖြုတ်ယူသွားတာလေ။ မံစီမြို့ ဖြစ်စဉ်မှာတည်း က မံစီက ပရိဘောဂတွေ အကုန်လုံး သူတို့ကားနဲ့တိုက်ထုတ်သွားပြီးတော့ ဆက်တီတစ်ဆက်လုံးမှ ငါး သောင်းမျိုး၊ ရေခဲသေတ္တာတစ်လုံးလုံးမှ ငါးသောင်းမျိုးနဲ့သူတို့ လူမျိုးချင်း ရောင်းတာ။
မေး - ဆိုတော့ ဗန်းမော်ဒေသဘက်မှာ KIA တွေက တခြားဘယ်လိုစီးပွားရှာတယ်လို့ သိရပါသလဲ။ ဥပမာ ခုနကပြောတဲ့ မံစီဘက်ဖြစ်ဖြစ်ပေါ့။
ဖြေ - မံစီဘက်မှာဆိုရင် တရုတ်တွေနဲ့ပေါင်းပြီး သံကျောက် ထုတ်တယ်လို့ပြောတယ်။ သူတို့က သံ ကျောက်လို့ ပြောတယ်တဲ့။ သိပ္ပံနာမည်တွေရှိမှာပေါ့။ အဲဒါတော့ မသိဘူး။
မေး - မြေရှားထုတ်ဖို့ ဖြစ်မလား မသိဘူးနော်။
ဖြေ - ဟုတ်မှာပေါ့။ ကျွန်မတို့က တပ်မတော်ကို မြန်မြန်စိုးမိုး စေချင်နေပြီ။ သူတို့က ထုတ်ပြီးသွားရင် ဆိုးကျိုးကို ကျွန်မတို့ပဲ ခံစားရမှာလေနော်။ ဒေသခံ တွေက မျှော်လင့်တာက သူတို့လာလုပ်ရင် ဒေသခံ တွေရဲ့ ကားတွေ၊ ထော်လာဂျီတွေ ငှားရင် အလုပ်ဖြစ် မယ်ပေါ့။ ဒါပေမဲ့လည်း လုံးဝရွာသားတွေကို မခေါ်ဘဲ တရုတ်ကားကြီးတွေနဲ့ မိုးကားတွေအုပ်ပြီး သယ်တာတဲ့။ ရွှေတွေလည်း လုပ်တယ်။ ခေါ်ခေါ်ပြီး ပြချင်တာ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
အႏိုင္အရႈံးမျပတ္သားေသးတဲ့ ဗန္းေမာ္ၿမိဳ႕ထဲက ျဖစ္ရပ္မွန္မ်ား
သုတေက်ာ္ (NP News) - ေမ ၂၈
ဗန္းေမာ္ၿမိဳ႕တိုက္ပြဲတြင္ တပ္မေတာ္တပ္ဖြဲ႕ဝင္မ်ား အသာစီးရေနၿပီျဖစ္သည္။ ဗန္းေမာ္ၿမိဳ႕ တိုက္ပြဲႏွင့္ ပတ္သက္၍ တိုက္ပြဲအေျခအေနမ်ားအေၾကာင္းကိုသာ အြန္လိုင္းထက္တြင္ ေတြ႕ျမင္ရေသာ္ လည္း ျပည္သူတို႔၏အေျခအေနကား တိမ္ျမဳပ္ေနလ်က္ရွိသည္။ KIA တို႔က တိုက္ပြဲစေဖာ္ၿပီးေနာက္ ထိခိုက္သြားေသာ ျပည္သူတို႔၏ဘဝမ်ား၊ နယ္ေျမအေျခအေနမ်ားႏွင့္ပတ္သက္၍ လူမသိေသာ ဗန္းေမာ္ မွ ျဖစ္ရပ္မွန္မ်ားအျဖစ္ ၿမိဳ႕ခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ ေဖာ္ျပအပ္ပါသည္။
ေမး - ဗန္းေမာ္တိုက္ပြဲအေၾကာင္း ေနာက္ဆက္တြဲေတြမေမးခင္ အရင္ဆုံးသိခ်င္တာက အစ္မက တိုက္ပြဲျဖစ္တုန္းက ရွိခဲ့သူတစ္ေယာက္ဆိုေတာ့ အဲဒီတုန္းကျမင္ကြင္းကို အမွတ္တရအျဖစ္ တစ္ခု ေလာက္အရင္ေျပာျပပါလား ခင္ဗ်ာ။
ေျဖ - ဗန္းေမာ္နဲ႔ သုံးမိုင္ပတ္ခ်ာလည္၊ ငါးမိုင္ ပတ္ခ်ာ လည္ေလာက္ တိုက္ပြဲျဖစ္ေနၿပီ။ ကြၽန္မတို႔ အဝိုင္းခံ ထားရသလို ဆိုေပမယ့္ ၿမိဳ႕တြင္းထဲမေရာက္ေသးဘူး၊ အုပ္ခ်ဳပ္ေရးယႏၲရားကလည္း လည္ပတ္ေနတယ္ ဆိုေတာ့ စိတ္ထဲမွာ ဗန္းေမာ္ၿမိဳ႕ကိုမသိမ္းႏိုင္ဘူး။ ၿပီးေတာ့ ဗန္းေမာ္ၿမိဳ႕တပ္ေတြက အားလုံးကို ခ်ိတ္ ဆက္ထားတယ္။ ကြၽန္မတို႔သက္တမ္း အသက္ (၄၀)ေက်ာ္ ေတာက္ေလွ်ာက္မွာလည္း KIA က ဗန္းေမာ္ ကို တိုက္တာမရခဲ့ဖူးဘူး။ ၿမိဳ႕နားေတာင္ မကပ္ႏိုင္ဘူး။ ဒါေၾကာင့္ မေျပးဘူးေပါ့။ ကိုယ့္ေရွ႕ နားေတာင္ ျဖစ္ေနတာကို မယုံဘူး။ ငါတို႔ ရပ္ကြက္ထဲ ျဖစ္ေနတယ္ဆိုလည္း မယုံဘူး။ ကြၽန္မတို႔က (၄၇) စစ္တပ္နဲ႔ နီးေတာ့ လက္နက္ႀကီးပစ္တဲ့အသံေတြ ၾကားေနရတယ္ေလ။ အဲဒီေတာ့ ဒါငါတို႔ေန႔တိုင္း ၾကားေနရတာ အလကားဆိုၿပီး ေနေနတာ။ ကြၽန္မတို႔ ရပ္ကြက္အျပင္က ေျပးကုန္ၿပီဆိုေတာ့ သူတို႔ ေၾကာက္လို႔ေျပးတာ ငါတို႔မေၾကာက္ဘူးဆိုၿပီး ေနေနတာ။ ၿပီးေတာ့ နင္တို႔ပဲ က်န္ေတာ့တယ္ တစ္ရပ္ကြက္လုံး ေျပးကုန္ၿပီ လာခဲ့ေတာ့ဆိုတဲ့ အထိမယုံဘူး။ အဲဒီ ေလာက္အထိ ေနခဲ့တာပါ။
ေမး - သူတို႔ ဝင္လာတဲ့အခ်ိန္မွာ ဘယ္လိုပုံစံေတြ ျပဳမူခဲ့ၾကသလဲ ခင္ဗ်။ ဥပမာ တစ္ခုေလာက္ ေျပာျပ ေပးလို႔ရမလား။
ေျဖ - အသိတစ္ေယာက္က ထြက္မယ္ဆိုေတာ့ သူတို႔အိမ္ကိုလာၿပီး ဘယ္သြားမလဲေမးတယ္။ ကြၽန္ ေတာ္တို႔ ၿမိဳ႕ထဲက ေရွာင္မလို႔ဆိုေတာ့ မွတ္ပုံတင္ေပး ေျပာတယ္။ စစ္သားထင္ၿပီး ယုံရတယ္ဆိုၿပီးေတာ့ မွတ္ပုံတင္ေပးတယ္။ ဖုန္းလည္း ထုတ္ေပးဆိုေတာ့ ေပးတယ္။ နင္တို႔အိမ္ ငါ့ကိုေပးဆိုေတာ့မွ စစ္တပ္က မဟုတ္ဘူးဆိုၿပီး သူလည္းအသဲအသန္ေျပးၿပီး လာတာ။ ကြၽန္မတို႔ အဲဒီလို ဆုံၿပီးေတာ့ တိုက္ပြဲကာလမွာ ေျပးလာခဲ့ၾကတာေပါ့။
ေမး - အစ္မတို႔ ၿမိဳ႕ကေနေရွာင္လာခဲ့တဲ့အခ်ိန္မွာ မွတ္မွတ္ရရ ျဖစ္စဥ္တစ္ခုကို ေျပာျပေပးပါလား။
ေျဖ - ထြက္ေပါက္ေပးထားတယ္။ ေညာင္ပင္သာ႐ြာက ထြက္ရမယ္ဆိုေတာ့ ညဘက္ဆို အဆင္မေျပဘူး ဆိုၿပီး ေနာက္ေန႔မွထြက္ၾကတာေပါ့။ အသက္ရွင္ ၿပီးေရာဆိုၿပီးထြက္ခဲ့ၾကတာ။ တပ္က ကာကင္း ေနရာ မွာ သူတို႔ယူထားတာေတြ႕တယ္။ တပ္က အက်ႌေတြေနမွာေပါ့။ က်ည္မွန္ထားတဲ့သူေတြရဲ႕ အက်ႌေတြ ေန မွာေပါ့။ လမ္းမွာခင္းထားတယ္ ျဖတ္သြား၊ နင္းသြားဆိုၿပီး ေျပာတာ။ ဒုကၡပါပဲ မျဖတ္ရင္လည္း ဒုကၡေပးမယ္ဆိုေတာ့ စိတ္မေကာင္းေပမယ့္ ျဖတ္ခဲ့ရတယ္။
ေမး - ဗန္းေမာ္ၿမိဳ႕မွာ ကခ်င္လူမ်ိဳးေတြလည္း ရွိေတာ့ သူတို႔ အေျခအေနကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ - ပထမဆုံးထြက္တဲ့သူဆိုရင္ ကခ်င္ေတြ တစ္ၿမိဳ႕လုံးက ကခ်င္ေတြထြက္တာ။ ဗမာေတြ မပါေသး ဘူး။ သူတို႔ သိထားၿပီေလ။ ကခ်င္ေတြ တစ္အိမ္တစ္ေယာက္ KIA လုပ္ရမယ္ဆိုေတာ့ သိထားၿပီေလ။
ေမး - လြတ္ေျမာက္ၿပီးတဲ့ေနာက္မွာ ဗန္းေမာ္ၿမိဳ႕ရဲ႕ အေျခအေနကို ဘာမ်ား ၾကားရပါေသးလဲ ခင္ဗ်။
ေျဖ - ၾကားတာကေတာ့ တပ္မေတာ္ဘက္က အေရးသာတယ္လို႔ ၾကားတယ္။ (၄၇) စစ္တပ္နဲ႔ နီးတဲ့ ေနရာေတြမွာ KIA နဲ႔ ပူးေပါင္းအဖြဲ႕ေတြက ကာဘာယူၿပီးပစ္ေတာ့ အိမ္ေတြအလုံးလိုက္ ကုန္ၿပီတဲ့။ ပန္းနဲ႔ ေပါက္တာမွမဟုတ္တာ သူတို႔က ဒီကေန ေသနတ္နဲ႔ပစ္ေတာ့ တပ္ကလည္း ျပန္ပစ္မွာေပါ့။ KIA က သူတို႔ဝင္သြားၿပီးေတာ့ ျပန္မဝင္ခိုင္းေတာ့ဘူး။ ကြၽန္မက အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ ထြက္လာရ ေတာ့ သူမ်ားေပးစာကမ္းစာနဲ႔ ဝတ္ေနရတာေလ။ အဝတ္အစား တစ္ႏိုင္ေတာ့ သြားျပန္ယူမယ္ဆိုၿပီး ခိုးဝင္ရတာေပါ့။ မဝင္ခိုင္းဘူး။
ေမး - အဲဒီ အေတြ႕အႀကဳံေကာ ျပန္ေျပာျပေပးပါလား ခင္ဗ်ာ။
ေျဖ - ကြၽန္မက အဆင္ေျပသလိုေျပာၿပီး ကယ္ရီသမားကိုေခၚၿပီး ဝင္သြားတာေလ။ အဝတ္အစားေလး ေတြ သြားယူတယ္။ ရတဲ့ေနရာေတြ ေလွ်ာက္ပတ္ၾကည့္လို႔ရတာ ၾကည့္မယ္ဆိုၿပီး ပတ္ၾကည့္ေတာ့ ခြန္သာဘက္ေတြ ဆိုရင္ သူတို႔ အကုန္ပဲ။ အကုန္လုံး ေနလိုက္ၾကၿပီ။ PDF တံဆိပ္လည္း ေတြ႕တယ္။ TNLA တံဆိပ္လည္း ေတြ႕တယ္။ သူတို႔က လမ္းေတြ ေလွ်ာက္ေနတာျမင္တယ္။ လူေနအိမ္ေတြမွာလည္း ဝင္ေနၾကၿပီ။ ကုကၠိဳလ္ေတာရပ္ကြက္ဘက္ သြားၾကည့္တယ္။ အဲဒီတုန္းက ဘာမွမျဖစ္ေသးဘူး။ သိမ္ေတာ္ႀကီးဘက္လည္း ဝင္လို႔ရတယ္ဆိုေတာ့ သြားၾကည့္ေသးတယ္။ အဲဒီအခ်ိန္ ၿမိဳ႕မွာရွိတဲ့ ဘိန္း စား၊ သူခိုးေတြက ဆိုင္ေတြကို ေဖာက္ေနၿပီ။ ကြၽန္မ လည္း အံ့ဩလို႔။ မိန္းမေတြေရာပဲ။ အံ့ဩစရာႀကီး ပါဆို။ ေလွ်ာက္ပတ္ၾကည့္တယ္ ကယ္ရီသမားလည္း ပါတယ္။ KIA ကလည္း ဂိတ္လုပ္ထားၿပီး မျဖတ္ရ ေတြ၊ မသြားရေတြ လုပ္ေနတာ။ ကြၽန္မကို ရပ္ခိုင္းၿပီး တစ္ေယာက္မွ မလႈပ္နဲ႔ရပ္စမ္း၊ နင္တို႔အထုပ္ေတြ သယ္လို႔ မၿပီးေသးဘူးလားဆိုေတာ့ ကြၽန္မအခုမွ လာသယ္တာ။ ကြၽန္မလည္း ပုဆိုးေတြ နဲ႔ ထုပ္ခဲ့တာ ေတြ ျဖည္ျပတယ္။ မျဖစ္ႏိုင္ဘူးတဲ့ နင္တို႔ သူလွ်ိဳလို႔ ေျပာတာ။ ကယ္ရီသမားကို မွတ္ပုံတင္ျပဆိုေတာ့ မွတ္ပုံတင္ကလည္း အသစ္ျဖစ္ေနတာ။ မျဖစ္ႏိုင္ဘူး မင္းပုံက စစ္သားမဟုတ္ဘူးလားဆိုေတာ့ မဟုတ္ ဘူးလို႔ ကယ္ရီသမားက ျငင္းတာေပါ့။ ၿပီးေတာ့ အစ္မလုပ္ေပးဦးဆိုေတာ့ သူတို႔ရဲ႕ ႐ိုး႐ိုးရဲေဘာ္လား မသိ ပါဘူး။ အပြင့္ေတြ ဘာေတြလည္း မတပ္ထားဘူး။ ကြၽန္မကလည္း ဆလန္က ဘာဆိုၿပီး ကခ်င္လို နည္း နည္းတတ္ေတာ့ ရွင္းျပတာေပါ့။ သူက တပည့္ေတြကို ကခ်င္လိုေျပာၿပီး တုတ္ေတြ ႀကိဳးေတြ ယူခိုင္းေန တာ။ ကြၽန္မလည္း ဒူးေထာက္ၿပီး ကြၽန္မက ဒုကၡေရာက္လာတဲ့ ျပည္သူပါဆိုၿပီး ပါးစပ္က ထြက္ခ်င္တာ ထြက္ အကုန္ေတာင္းပန္တာ။ သူ႔ကို စစ္သားမဟုတ္တာ တာဝန္ယူတယ္၊ ရပ္ကြက္ထဲက လူေတြ နာမည္ေတြ ႐ြတ္ျပေတာ့မွ သူက ေအးနင္ဒီေလာက္ သက္ေသခိုင္ရင္ သြားဆိုၿပီးသြားခိုင္းတာ။ ေတြ႕ရင္ ဒူဝါတို႔၊ ဒူဂြၽန္တို႔၊ ဆလန္ကဘာတို႔ အကုန္ေျပာေခၚၿပီး ထြက္ခဲ့ရတာ။
ေမး - အစ္မၿမိဳ႕ထဲကိုဝင္ခဲ့တုန္းက ျပည္သူပိုင္ ပစၥည္းေတြကို သူတို႔သိမ္းယူေနတာမ်ိဳးျမင္ခဲ့လား။
ေျဖ - ကြၽန္မအိမ္မွာ သြားယူတုန္းက ကြၽန္မတို႔စက္ဘီးလည္း ယူစီးထားၿပီးၿပီ။ ရပ္ကြက္ဘက္ သြားေတာ့ လည္း ဒီအိမ္ဘက္ေက်ာ္မလာနဲ႔ ဆိုၿပီး ေျပာတယ္။ သူတို႔က အဲဒီအိမ္ေတြဘက္ ယူေနထားၿပီးၿပီေလ။
ေမး - ဗန္းေမာ္က စစ္ေဘးေရွာင္ေတြအတြက္ က်န္ခဲ့တဲ့ပစၥည္းေတြေပ်ာက္တာမ်ားမလား။
ေျဖ - ေပ်ာက္တာ ေပ်ာက္တာ ဆိုတာေလ။ သူခိုးအလွည့္ၿပီးေတာ့ သူတို႔အလွည့္ ျဖစ္သြားတာ။ အခုေမး လို႔ ရတယ္။ ဖုန္းနံပါတ္လည္း ေပးလို႔ရတယ္ေနာ္။ မေျပးႏိုင္တဲ့သူေတြ၊ ကေလးငယ္ရွိတဲ့သူေတြ၊ ေငြ ေၾကးမရွိတဲ့သူေတြက ဘုန္းႀကီးေက်ာင္းထဲ ေနတာရွိတယ္။ အဲဒါ ၿမိဳ႕ထဲကေန KIA ေတြက ေရခဲ ေသတၱာ ေတြ၊ လွ်ပ္စစ္ေမာ္တာေတြ၊ တီဗီ၊ အေပၚစက္၊ ေအာက္စက္ အကုန္ ဘုန္းႀကီးေက်ာင္းမွာ လာပုံထား တာ။ ပုံၿပီးရင္ (၁၂)ဘီးကားေတြ ဖင္ထိုးၿပီး တင္သြား တာ။ ကြၽန္မတို႔ကလည္း ဘယ္ယူ သြားမလဲဆိုတာ မေမးရဲဘူးေလတဲ့။ မ်က္စိေရွ႕မွာ ျမင္ေနရတာတဲ့။ အသိတစ္ေယာက္ဆို သူ႔သမီး ကြန္ပ်ဴတာကို တျခား ရပ္ကြက္မွာ သြားေရာင္းစားတာ ေတြ႕တာ။ ဒါ ငါ့သမီး ကြန္ပ်ဴတာ ငါ့သမီး ဓာတ္ပုံ ပါတယ္ဆိုၿပီး နင္တို႔ ဘယ္ကသြားခိုးတာလဲေမးေတာ့ ငါတို႔မခိုးဘူး။ KIA ေတြ ေျခာက္ေသာင္းနဲ႔ လာေရာင္းစားထားတာ ေျပာ တယ္။ အဲဒါဆို ငါ့ကို ျပန္ေပးဆိုေတာ့ မုန႔္ဖိုး ေပးရမယ္ဆိုလို႔ ခုနစ္ေသာင္းနဲ႔ ကိုယ့္ပစၥည္းေတာင္ ျပန္ဝယ္ ရတယ္။ သူခိုးေဈးကြက္ဆို သီးသန႔္ ျပန္ေပၚ တယ္။ ေရခဲေသတၱာေတြ၊ အဲကြန္းေတြကို အနားက ႐ြာေတြ က ျပန္ဝယ္ၾကတယ္။ ဒီ တံဆိပ္မႀကိဳက္ဘူး ဆို ေနာက္တံဆိပ္ကို သူခိုးေတြက ခိုးေပးတယ္။ ေနာက္က် ေတာ့ KIA ေတြက ဘယ္လိုလုပ္သလဲဆိုရင္ ဒီအိမ္မွာ ဆက္တီခုံေတြ ရွိတယ္ေပါ့။ ကြၽန္မတို႔ေဒသက သစ္ ေပါတယ္ေလ။ ကြၽန္းဆက္တီဆို ထမင္းစားခန္းမွာ ကြၽန္းစားပြဲ အဆက္လိုက္၊ ဘီဒိုေတြ ရွိတယ္ေလ။ သူတို႔က အဲဒါကို သူခိုးနဲ႔ခ်ိတ္ၿပီး ဒီမွာ ဘာပစၥည္းရွိတယ္ ေရာ့ ငါးသိန္းဆို ငါးသိန္းေပး၊ ေဈးျဖတ္ၿပီး ကား ေပၚ တစ္ခါတည္း တင္ခိုင္းလိုက္တာ။
ေမး - KIA ေတြက အိမ္တစ္လုံးလုံးက ပစၥည္းေတြ ကို လက္ညႇိဳးထိုး ေရာင္းစားတာေပါ့။
ေျဖ - ဟုတ္တယ္။ ၿပီးေတာ့ မေရာင္းဘဲ ဗန္းေမာ္က ပစၥည္းေတြကိုလည္း သယ္ထုတ္ၿပီးေတာ့ ႐ြာေတြကို ပို႔တာ ရွိတယ္။ သူတို႔ KIA ေတြရွိတဲ့ ႐ြာေတြကိုေပါ့။
ေမး - ဆိုေတာ့ ဗန္းေမာ္ၿမိဳ႕ခံေတြက စစ္လည္းေရွာင္ရတယ္ ၿပီးေတာ့ ပစၥည္းလည္းကုန္တာေပါ့။
ေျဖ - စစ္ေျပးၿပီး မႏၲေလးလာေနတဲ့သူေတြ ငလ်င္ထိတာလည္း ရွိတယ္ေလ။ မိေအးႏွစ္ခါနာဆို ဘယ္ႏွ ခါ နာမွန္းေတာင္ မသိဘူး။
ေမး - လက္ရွိအခ်ိန္မွာ ဗန္းေမာ္က စစ္ေဘးေရွာင္ ျပည္သူေတြအေနနဲ႔ဘယ္လိုအခက္အခဲရွိပါသလဲ။
ေျဖ - ဒီမွာက အိမ္လခေဈးႀကီးတယ္။ အကုန္ ေဈးႀကီးတယ္ မေျပာတတ္ေတာ့ဘူး။ ကိုယ့္ထက္ ခက္ခဲ တဲ့သူ အမ်ားႀကီးရွိလို႔ ေျပာလည္း မေျပာခ်င္ ဘူး။ ဒါေပမဲ့ KIA ေတြနဲ႔ေဝးသြားလို႔ ဘယ္လိုပဲ လုပ္ကိုင္စား ေသာက္ရ စားေသာက္ရ သူတို႔နဲ႔ လြတ္ရင္ ၿပီးေရာပဲ။
ေမး - ၿမိဳ႕ကို တပ္မေတာ္က အလုံးစုံျပန္ရၿပီးရင္ အစ္မတို႔ ေနရပ္ျပန္မလား။
ေျဖ - အနီရပ္ကြက္ႏွစ္ခုရွိတယ္ ဗန္းေမာ္မွာလည္း သူတို႔ေတာ့ မသိဘူး။ က်န္တဲ့သူေတြကေတာ့ ဘာမွ မျဖစ္ရင္ေန တဲထိုးၿပီးေနမယ္။ ျပန္လို႔ရၿပီဆိုရင္ ျဖစ္ခ်င္တာျဖစ္ ျပန္မွာ။ သူတို႔က ဘယ္ေလာက္အထိ ဆိုးလဲဆိုရင္ ကြၽန္းေတြမို႔လို႔ အိမ္ တံခါး႐ြက္ေတြက အစ ျဖဳတ္ယူသြားတာေလ။ မံစီၿမိဳ႕ ျဖစ္စဥ္မွာတည္း က မံစီက ပရိေဘာဂေတြ အကုန္လုံး သူတို႔ကားနဲ႔တိုက္ထုတ္သြားၿပီးေတာ့ ဆက္တီတစ္ဆက္လုံးမွ ငါး ေသာင္းမ်ိဳး၊ ေရခဲေသတၱာတစ္လုံးလုံးမွ ငါးေသာင္းမ်ိဳးနဲ႔သူတို႔ လူမ်ိဳးခ်င္း ေရာင္းတာ။
ေမး - ဆိုေတာ့ ဗန္းေမာ္ေဒသဘက္မွာ KIA ေတြက တျခားဘယ္လိုစီးပြားရွာတယ္လို႔ သိရပါသလဲ။ ဥပမာ ခုနကေျပာတဲ့ မံစီဘက္ျဖစ္ျဖစ္ေပါ့။
ေျဖ - မံစီဘက္မွာဆိုရင္ တ႐ုတ္ေတြနဲ႔ေပါင္းၿပီး သံေက်ာက္ ထုတ္တယ္လို႔ေျပာတယ္။ သူတို႔က သံ ေက်ာက္လို႔ ေျပာတယ္တဲ့။ သိပၸံနာမည္ေတြရွိမွာေပါ့။ အဲဒါေတာ့ မသိဘူး။
ေမး - ေျမရွားထုတ္ဖို႔ ျဖစ္မလား မသိဘူးေနာ္။
ေျဖ - ဟုတ္မွာေပါ့။ ကြၽန္မတို႔က တပ္မေတာ္ကို ျမန္ျမန္စိုးမိုး ေစခ်င္ေနၿပီ။ သူတို႔က ထုတ္ၿပီးသြားရင္ ဆိုးက်ိဳးကို ကြၽန္မတို႔ပဲ ခံစားရမွာေလေနာ္။ ေဒသခံ ေတြက ေမွ်ာ္လင့္တာက သူတို႔လာလုပ္ရင္ ေဒသခံ ေတြရဲ႕ ကားေတြ၊ ေထာ္လာဂ်ီေတြ ငွားရင္ အလုပ္ျဖစ္ မယ္ေပါ့။ ဒါေပမဲ့လည္း လုံးဝ႐ြာသားေတြကို မေခၚဘဲ တ႐ုတ္ကားႀကီးေတြနဲ႔ မိုးကားေတြအုပ္ၿပီး သယ္တာတဲ့။ ေ႐ႊေတြလည္း လုပ္တယ္။ ေခၚေခၚၿပီး ျပခ်င္တာ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။