အမြင့်(၃)လက်မသာရှိသည့် ကမ္ဘာ့အသေးဆုံးခွေးလေးလုလု

 594

Pika (NP News) - မေ ၂၈

ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦး မွေးထားသည့် Yorkshire terrier ခွေးအမျိုးအစားသည် အမြင့်(၃)လက်မနှင့် အလေးချိန်(၁)ပေါင်အောက်သာရှိပြီး ကမ္ဘာ့အသေးဆုံးခွေးဖြစ်နိုင်ဖွယ်ရှိကြောင်းသိရသည်။ Loretto မြို့တွင်နေထိုင်သော ကင်ပက်စီယိုက ၎င်း၏ခွေးလေး လုလုသည် တိုင်းတာချက်များအရ ကမ္ဘာပေါ်တွင် အသေးဆုံးခွေးဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ကင်ပက်စီယိုက “လုလုက ကမ္ဘာပေါ်မှာ အသေးဆုံးခွေးတစ်ကောင်ဖြစ်နိုင်ပါတယ်။ ပထမဆုံး အကြိမ် လုလုကို ရေချိုးပေးတုန်းက ကျွန်မကို ကိုက်လိုက်ပါသေးတယ်။ လုလုမှာက အရမ်းသေးငယ်တဲ့ သွားလေးတွေရှိပါတယ်”ဟုပြောဆိုခဲ့သည်။ လက်ရှိ အချိန်တွင် ကမ္ဘာ့အရပ်အပုဆုံးခွေးအဖြစ် သတ် မှတ်ခံထားရသော Pearl ဟုအမည်ပေးထားသည့် ချီဟွား ဟွားခွေးလေးသည် အမြင့်(၃ ဒသမ ၅၉) လက် မသာရှိ ကြောင်းသိရသည်။ ထို့ပြင် လုလုသည် အမြင့်(၃)လက်မသာရှိပြီး အသက်မှာ(၄)လအရွယ်သာ ရှိ သေးကြောင်း ကင်ပက်စီယိုကပြောကြားခဲ့သည်။

သို့သော်လည်း လုလုက အသက်အနည်း ဆုံး(၁)နှစ် မရောက်ခင်အချိန်အထိ တရားဝင်တိုင်းတာ မှုများကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က လက်ခံလိမ့်မည်မဟုတ်ကြောင်း ကင်ပက်စီယိုက ထပ်မံ ပြောကြားခဲ့သည်။

zawgyi version
အျမင့္(၃)လက္မသာရွိသည့္ ကမာၻ႔အေသးဆုံးေခြးေလးလုလု
Pika (NP News) - ေမ ၂၈

ကေနဒါႏိုင္ငံ အြန္တာရီယိုျပည္နယ္တြင္ ေနထိုင္ေသာ အမ်ိဳးသမီးတစ္ဦး ေမြးထားသည့္ Yorkshire terrier ေခြးအမ်ိဳးအစားသည္ အျမင့္(၃)လက္မႏွင့္ အေလးခ်ိန္(၁)ေပါင္ေအာက္သာရွိၿပီး ကမာၻ႔အေသးဆုံးေခြးျဖစ္ႏိုင္ဖြယ္ရွိေၾကာင္းသိရသည္။ Loretto ၿမိဳ႕တြင္ေနထိုင္ေသာ ကင္ပက္စီယိုက ၎၏ေခြးေလး လုလုသည္ တိုင္းတာခ်က္မ်ားအရ ကမာၻေပၚတြင္ အေသးဆုံးေခြးျဖစ္ႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

ကင္ပက္စီယိုက “လုလုက ကမာၻေပၚမွာ အေသးဆုံးေခြးတစ္ေကာင္ျဖစ္ႏိုင္ပါတယ္။ ပထမဆုံး အႀကိမ္ လုလုကို ေရခ်ိဳးေပးတုန္းက ကြၽန္မကို ကိုက္လိုက္ပါေသးတယ္။ လုလုမွာက အရမ္းေသးငယ္တဲ့ သြားေလးေတြရွိပါတယ္”ဟုေျပာဆိုခဲ့သည္။ လက္ရွိ အခ်ိန္တြင္ ကမာၻ႔အရပ္အပုဆုံးေခြးအျဖစ္ သတ္ မွတ္ခံထားရေသာ Pearl ဟုအမည္ေပးထားသည့္ ခ်ီဟြား ဟြားေခြးေလးသည္ အျမင့္(၃ ဒသမ ၅၉) လက္ မသာရွိ ေၾကာင္းသိရသည္။ ထို႔ျပင္ လုလုသည္ အျမင့္(၃)လက္မသာရွိၿပီး အသက္မွာ(၄)လအ႐ြယ္သာ ရွိ ေသးေၾကာင္း ကင္ပက္စီယိုကေျပာၾကားခဲ့သည္။

သို႔ေသာ္လည္း လုလုက အသက္အနည္း ဆုံး(၁)ႏွစ္ မေရာက္ခင္အခ်ိန္အထိ တရားဝင္တိုင္းတာ မႈမ်ားကို ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က လက္ခံလိမ့္မည္မဟုတ္ေၾကာင္း ကင္ပက္စီယိုက ထပ္မံ ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.