ပလောင် ငရဲမှ (၂)နှစ်ကြာ

7595

သက်ပိုင် (NP News) - မေ ၂၈
(သတင်းရင်းမြစ်၏ လုံခြုံရေးအရ ၎င်း၏အမည် ရင်းနှင့် မြို့ကို ဆောင်းပါးတွင် ထိမ်ချန်ထားပါသည်။)
မည်သည့်ရာဇာဝတ်မှုကိုမျှ ကျူးလွန်ခဲ့ခြင်းမရဘဲ ရိုးသားစွာနေထိုင်ခဲ့သည့် ကိုမိုးအတွက် အချုပ် နှင့်ထောင်ဆိုသည်မှာ ကြားဖူးရုံမျှသာရှိပြီး ဘဝတစ်သက်တာတွင် ရောက်လိမ့်မည်ဟု စဉ်းပင်မစဉ်းစားမိခဲ့ချေ။
ကိုမိုး ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်းမှ မြို့သည် မျှတသော ရာသီဥတုနှင့် အေးချမ်းသော မြို့ခံများ နေထိုင်ရာဖြစ်ခဲ့ သည်။ စီးပွားရေးလည်း ကောင်းမွန်၏။ ရှမ်းပြည် နယ် မြောက်ပိုင်းတွင် လက်နက်ကိုင်များ မထကြွမီအချိန်က ဆိုင်ကယ်ကယ်ရီဆွဲပြီး မိသားစု၏ စားဝတ် နေရေးကို ဖြေရှင်းခဲ့သည်။
မည်မျှပင် ပင်ပန်းခဲ့စေကာမူ သားသမီးနှင့် ဇနီးတို့၏မျက်နှာမြင်ရုံဖြင့် ကိုမိုး၏ မောပန်းသမျှတို့ ပြေပျောက်ခဲ့သည်။ နိုင်ငံရေးသည်လည်း ကိုမိုးနှင့် ဝေးသည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသော ကိုမိုး အ တွက် နေ့စဉ်ဝင်ငွေရရှိရေးနှင့် မိသားစုစားဝတ်နေရေးသာ ဦးထိပ်ထားရာဖြစ်ခဲ့သည်။
အလုပ်သဘောအရ ကိုမိုး၏ကယ်ရီကို ငှားရမ်းသူများထဲတွင် တပ်မတော်သားများ၊ ၎င်းတို့၏ မိသားစုဝင်များလည်း ပါသည်။ ဗမာလည်း ပါသည်။ ရှမ်းလည်း ပါသည်။ ပလောင်လူမျိုးများလည်း ပါ သည်။ တစ်နေ့တွင် ထူးထူးခြားခြား ကိုမိုး၏ကယ်ရီကို ငှားစီးနေကျ ပလောင်လူမျိုး တစ်ဦးက ၎င်းတို့ နေထိုင်ရာ မြို့ကို TNLA တို့ လာတိုက်တော့မည်ဟု သတင်းပေးသည်။ တပ်မတော်ကို ဆက်စပ်သတင်း ပေးပါဟုလည်း ဆို၏။ သို့သော် အလုပ်သဘောအရ သတင်းစုံ ကြားနေကျဖြစ်သော ကိုမိုးအတွက် ကော လာဟလ သတင်းများထဲက တစ်ခုဟုဆိုကာ မတုန်မလှုပ်ရှိခဲ့သည်။
ထို့နောက် အဆိုပါ သတင်းပေးသူကပင် နောက်တစ်နေ့ ကယ်ရီငှားလိုသည်ဟုဆိုကာ မြို့ပြင် တစ်နေရာကို ဖုန်းဆက်ခေါ်သောကြောင့် သွားရောက်ချိန်တွင် ကိုမိုး၏ဘဝတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့လေတော့သည်။ မှတ်မှတ်ရရ ကိုမိုးတို့ မြို့ကို TNLA တို့ တိုက်ခိုက်မထိန်းချုပ်မီ လပိုင်း အလို တွင် ဖြစ်သည်။ “ရောက်တာနဲ့ ဘာမှတောင် မပြောရ သေးဘူး၊ ပလောင်စစ်သားနှစ်ယောက်က ကျွန် တော့်ကို လက်ထိပ်တွေ ခတ်လိုက်ကြတယ်။ ပြီးတာနဲ့ ကျွန်တော့်မျက်နှာကို အဝတ်မည်းနဲ့အုပ်ပြီး ခေါ် သွားကြတော့တာပဲ” ဟု ကိုမိုးက ကြုံတွေ့ရသမျှကို ပြောပြသည်။ အစောပိုင်းတွင် မည်သည့်အကြောင်း ကြောင့် ဖမ်းဆီးမှန်းမသိခဲ့။ ပလောင် စစ်သားဆိုသည်မှာလည်း ယူနီဖောင်း ဝတ်ထားခြင်း မဟုတ်ဘဲ ပလောင်စကားကြောင့်သာ သိခဲ့ခြင်းဖြစ်သည်။ အမှန်တော့ တပ်တွင်းရှိ ကိုမိုး၏ဖောက်သည်များကို အကြို၊ အပို့လုပ်ခြင်းကို တပ်နှင့် နီးစပ်သော သတင်းပေးဟု ထင်ခဲ့ခြင်းဖြစ်သည်။
TNLA တပ်ဖွဲ့ဝင်ဆိုသူများက ကိုမိုး၏ ဝမ်း ဗိုက် ၊ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားသို့ လက်သီး၊ ခြေထောက်များဖြင့် ရိုက်နှက်ကန်ကျောက်ခဲ့ကြသည်။ ထိုမျှနှင့် အားမရသေးဘဲ မျက်နှာကို ရေစိုအဝတ် ဖြင့် အုပ်ကာ ဗမာစကား မပီမသဖြင့် “မင်းက စစ်တပ် ထောက်လှမ်းရေးလား” ဆိုသည့်မေးခွန်းကို အဖန် တလဲလဲ မေးသည်။ အထိုးခံနေရသည်ကို ကိုမိုး သိသော်လည်း မည်သည့်နေရာသို့ ရောက်နေမှန်းမသိ။ ရေတစ်မျိုးတည်းကိုသာ တိုက်ပြီး သုံးရက်ခန့် ကိုမိုး ရိုက်စစ်ခံရသည်။ ညှဉ်းပန်းနည်းကလည်း ပေါင်းစုံ သည်။ ပေါက်ပေါက်ရှာရှာ ညှဉ်းပမ်းနှိပ်စက်ကလူ ပြုခြင်းကိုလည်း လုပ်ကြသည်။ စစ်ထောက်လှမ်းရေး မဟုတ်သောကြောင့် ကိုမိုး ဝန်မခံနိုင်ပါ။ ဝန်ခံလျှင် သတ်ပစ်နိုင်သည်။ စိတ်ထဲတွင်လည်း မိသားစုထံ ပြန် ရောက်ရေးအတွက် အားတင်းရမည်ဟု အလိုလို သိနေသည်။ “ကျွန်တော်ကတော့ သေပြီဆိုပြီး စိတ်ထဲ မှာ မှတ်လိုက်တာ။ ကျွန်တော့်ကို ရိုက်ကြတယ်။ ကျွန်တော်က မဟုတ်ပါဘူးလို့ တောင်းပန်ပြောလည်း မရဘူး။ ကျွန်တော့် နားထင်ကို အိုးစည်တီးသလိုမျိုး ရိုက်ကြတာ။ နားထဲက သွေးတောင်ထွက်တယ်။ နောက်ပြီး ပိုက်တွေ၊ တုတ်တွေနဲ့ ရိုက်တယ်။ ယားတတ်တဲ့ အရွက်တွေနဲ့လည်း လည်ပင်းကို ပွတ်တယ်” ဟု ကိုမိုးက သူ၏ အတွေ့အကြုံကို ပြောပြသည်။
ထို့နောက် TNLA တပ်သားများက သူ့ကို နမ့်စမ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှ ၎င်းတို့၏ အကျဉ်းထောင်သို့ ခေါ်သွားသည်။ သစ်လုံးများဖြင့် ကာထားသော လျှိုတစ်ခုအတွင်း လူငါးဆယ် ခန့်နှင့် အတူနေခဲ့ရသည်။ ကိုမိုး မှတ်မိသည်က အစား မစားရသော ဒဏ်၊ နှိပ်စက်ခံထားရသောဒဏ်ဖြင့်အကျဉ်း ထောင်အခန်းအတွင်း ပစ်ထည့်ခံလိုက်ရခြင်းဖြစ်သည်။
“နားတွေက ပြည်ပါ တည်ကုန်တာ။ ခြေထောက်တွေဆိုရင် ထောက်လို့ကိုမရတော့ဘူး။ ကျွန် တော့်ကို ဆေးလည်းမပေးကြတော့ ကြိတ်ခံခဲ့ရတာ။ ကျွန်တော့်မှာ ကျန်ခဲ့တဲ့သမီးလေးမျက်နှာကို မြင် ယောင်ပြီး အားမွေးခဲ့ရတာ”ဟု ကိုမိုးက ထိုစဉ်က အခြေအနေကို ဆွေးမြည့်စွာ ပြန်ပြောပြသည်။
လူနှစ်ဆယ်ခန့်သာ နေထိုင်နိုင်သောနေရာတွင် လူငါးဆယ်ခန့်နေရသည့်အပြင် ခြေချင်းခတ် ထားပြီး ပါးလွှာသော စောင်အစုတ်နှင့် အိပ်ခဲ့ရသော ညများစွာတို့သည် ကိုမိုးအတွက် ငရဲမှ ရက်များပင် ဖြစ်သည်။ လူသည် မျှော်လင့်ချက်ဖြင့် အသက်ရှင်ခြင်းဆိုသည်မှာ မှန်သည်ဟု ကိုမိုးထင်သည်။ အဘယ် ကြောင့်ဆိုသော် မိသားစုထံအသက်ရှင်လျက် ပြန်ရောက်လိုသော၊ ရောက်မည်ဟုယုံသော ကိုမိုးသည် အားတင်းရင် တစ်လခန့်အကြာတွင် နလံထလာခဲ့သည်။ နလံထလူနာဖြစ်သော်လည်း အားမွေးချိန်မရပါ။ အိပ်ရာထသည်နှင့် ထောင်မှထုတ်ကာ လမ်းခင်းခြင်း၊ ကတုတ်ကျင်းတူးခြင်း၊ ဘန်ကာများဆောက် လုပ်ခြင်း နှင့် တိုက်ပွဲများထိလာသော ၎င်းတို့ပူးပေါင်းတပ်ဖွဲ့ဝင်များအတွက် အဆောက်အအုံ ဆောက် လုပ်သည့် လုပ်ငန်းခွင်တို့တွင် အလုပ်လုပ်ရသည်။
စိတ်အေးလက်အေး လုပ်ရခြင်းမဟုတ်ဘဲ ရိုက်နှက်၊ ဆဲဆိုခြင်းကိုလည်း ခံရသေးသည်။ အရိုက်ခံရရန်အတွက် အကြောင်းပြချက် မလိုဘဲ စိတ်မထင်လျှင် မထင်သကဲ့သို့ ရိုက်ခြင်းဖြစ်သည်။ တုတ်ဖြင့် ရိုက်သည်။ လက်ဖြင့် ရိုက်သည်။ ကြာတော့ ကိုမိုး ထုသား ပေသား ကျလာသည်။ ကိုမိုး နည်းတူ အခြားအကျဉ်းသားများလည်း ခံရသည်။
အပင်ပန်းခံ၊ အရိုက်ခံ၊ အဆဲခံ အလုပ်လုပ်သော်လည်း ထမင်းကျွေးချိန်တွင် လက်သီးဆုပ်ခန့် ထမင်းနှင့်အတူ စားရန် ပိန်းရိုး၊ မျှစ်၊ ဂေါ်ဖီ စသော အသီးအရွက် ရေလုံပြုတ်သာ ရသည်။ “ထမင်းထဲမှာ မြက်သီးတွေချည်းပဲ၊ အဲ့ဒီမြက်သီးတွေကို ဖယ်လိုက်ပြန်ရင်လည်း စားဖို့က ဘာမှမကျန်တော့ဘူး။ သူတို့ လူကြီးတွေလာမှ အသားဟင်းကျွေးတယ်။ အဲ့ဒီ အသားဟင်းကလည်း မုန်ညင်းတောထဲ ဝက်ဖြတ် ပြေး သလိုပါပဲ။ ဝက်သားတောင်ရှာမရဘူး” ဟု ထို စဉ်က အခြေအနေကို ကိုမိုးက ပြောပြသည်။
ကိုမိုးတို့ ငါးဆယ်ခန့် လူအုပ်စုတွင် အစာရေစာ မဝခြင်း၊ အစာအဆိပ်သင့်ခြင်း နှင့် ရာသီဥတု ကြောင့် လူ (၂၀)ခန့် သေဆုံးသည်။ “ဆေးကုဖို့ မပြောနဲ့ ချစ်ချစ်တောက်ကိုယ်ပူနေရင်တောင် ပါရာစီတ မောလ်တစ်လုံးပဲပေးတယ်။ တော်ရုံ နေမကောင်းလို့ ကတော့ဘာဆေးမှ မရဘူး။ ကုကိုမကုပေးတာမျိုး။ သူတို့ပြောတာကလည်း ရှင်းရှင်းလေး။ မင်းတို့က နွားတစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူး။ နွား သေရင် ဟင်းစားလုပ်လို့ ရသေးတယ်။ မင်းတို့သေရင် ဝါးတစ်လုံးတောင်ကုန်သေးတယ်ဆိုပြီးပြောတာ။ ရိုက်နှက်ပြီးတော့ မသတ်ရုံတမည်ပဲ။ အာဟာရပြတ်ပြီး သေအောင်သတ်နေတာ။ သူတို့ရက်စက်တာက ဗျာ ဂျပန်တွေထက်တောင် ဆိုးဦးမယ်။ သူတို့က စစ်အာဏာရှင်ကို တော်လှန်တယ်လို့ပြောပြီး သူတို့ ကိုယ်တိုင်က အာဏာရှင်ထက်ဆိုးနေတာ” ဟု ကိုမိုးက ပြောပြသည်။
ဤသို့ဖြင့် (၈) လခန့်အကြာတွင် ကိုမိုး အပါအဝင် အကျဉ်းသား ဆယ်ဦးမှာ တိုက်ပွဲဖြစ်ပွားနေ သော နေရာသို့ ပို့ဆောင်ခံခဲ့ရ၏။ ပလောင် စစ်သားအဖြစ် မဟုတ်။ ပလောင်ရဲဘော်၏ ကူဖော်လောင် ဖက် ပေါ်တာအဖြစ် ခိုင်းစေရန်ဖြစ်၏။ ထွက်မပြေးစေရန် အတွက် ခြေကျင်းလည်း ခတ်ထားခံရသည်။
“ကျွန်တော်တို့ကို တိုက်ပွဲဖြစ်တဲ့နေရာမှာ ကျည်ဆန်ပုံးတွေထမ်းခိုင်းတာ။ ပြီးတော့ သူတို့ အတွက် ကတုတ်ကျင်းတွေ၊ ဘန်ကာတွေတူးပေးရတယ်။ တိုက်ပွဲဖြစ်ရင် ကျွန်တော်တို့က ကျည်ဆန် တွေ ကြားထဲကနေ သူတို့ဆီ ကျည်ဆန်ပုံးတွေ သယ်ပို့ပေးရတယ်။ ကျွန်တော်တို့မှာ ဘာအကာအကွယ် မှမရှိဘူး။ ဦးထုပ် တစ်လုံးပဲပေးထားတယ်” ဟု ကိုမိုးက သူ၏ သည်းထိတ်ရင်ဖို တိုက်ပွဲအတွင်း အဖြစ် အပျက်များကို ပြန်ပြောင်း ပြောပြသည်။ ယင်းသို့ သယ်ပို့ပေးရင်း ကျည်ဆန်ထိမှန် သေဆုံးခဲ့သော ကိုမိုး ကဲ့သို့ ဘဝတူများရှိသည်။ စစ်သားလည်း မဟုတ်၊ တိုက်ပွဲအတွင်း ရှင်သန်နည်းကိုလည်း မသင်ကြားခဲ့ရ သောကြောင့် ဗုံးကျလာလျှင်လည်း မည်သို့ဝပ်ရမှန်းမသိ။ ကျည်ဆန်မထိရန် နေနည်းကိုလည်း မသိခဲ့ကြ ရပေ။ အလုပ်ရှိလျှင် လုပ်ပြီး အလုပ်ပြီးလျှင် ကိုမိုးတို့ကဲ့သို့ ပေါ်တာများကို ချုပ်နှောင်ထားရှိရာ ဆယ်ပေ ခန့် အနက်ရှိ ကျင်းအတွင်း ဝင်နေရသည်။ ကိုယ့်ကို ဖမ်းချုပ်မည့်တွင်းကို ကိုယ်တိုင်တူးခဲ့ရခြင်းဖြစ် သည်။ တိုက်ပွဲ မရှိလျှင် တပေါ့တပါး သွားချိန်မှအပ ယင်းတွင်းထဲတွင် ဘဝတူ အကျဉ်းသားများနှင့်အတူ နေထိုင်ရသည်။
ကိုမိုးသည် ရှေ့တန်းသို့ ရောက်နေသည်ဖြစ်ရာ ပလောင်တို့၏ စစ်ဗျူဟာကို မလွှဲသာမရှောင်သာ မြင်ရသည်။ ယင်းမှာ တိုက်ပွဲတိုက်လျှင် ပလောင်တို့က PDF များကို တိုက်စေပြီး ၎င်းတို့က စစ်ဦးစီး များ အဖြစ် နေရာယူသည်။ ရာနှင့်ချီသော PDF များက ရှေ့တွင်ပစ်ခတ်နေစဉ် ဆယ်ဂဏန်းမျှသာ ပါသော TNLA တပ်များက တိုက်ပွဲ၏မျက်ကွယ်တွင် အရက်သောက်မပျက် ထိုင်နေသည်ကို တွေ့ရှိခဲ့ရသည်။ တိုက်ပွဲတစ်ပွဲ ပြီးဆုံးတိုင်း ပုံနေသောအလောင်းများတွင် TNLA အလောင်းများအစား PDF များ၏ အ လောင်းများကိုသာ ကိုမိုးမြင်တွေ့ခဲ့ရသည်။
“ PDF တွေတိုက်တာလား TNLA တွေ တိုက်တာလားတောင် မသဲကွဲတော့ဘူး။ ထွက်ပြေးလို့ဆို ပြီး ပစ်သတ်ခံလိုက်တဲ့ PDF တွေကိုလည်း တွေ့ခဲ့ရတယ်။ နမ့်စမ်ဘက်က TNLA တွေ နေတဲ့နေရာမှာ ဆိုရင် ခြေပြတ်၊ လက်ပြတ်ဖြစ်သွားတဲ့ PDF တွေ ထောင်နဲ့ချီပြီးရှိတယ်။ သူတို့နေဖို့အိမ်တွေကို ကျွန် တော်တို့ ဆောက်ပေးခဲ့ရတော့ သိတာပေါ့” ဟု ကိုမိုး ကဆိုသည်။ တိုက်ပွဲများအကြား ဘုရား “တ”ကာ ကျည်ဆန်များ၊ လက်နက်များကို ထမ်းပိုးရင်း နမ့်စမ်၏ တောတောင်လမ်းများကိုလည်း မှတ်သားနေခဲ့ သည်။ လွတ်လမ်းကို ရှာခြင်းဖြစ်သည်။ မိသားစုကို လွမ်းဆွတ်သောကြောင့် ယောကျာ်းတန်မဲ့ မျက် ရည်ကျရသောအကြိမ်ကလည်း မနည်းလှ။ TNLA တို့ခိုင်းရာ ကျည်ဆန်ပုံးများသယ်ရင်း၊ ခိုင်းစေသမျှ လုပ်ရင်း ၎င်းတို့လက်အတွင်း ကိုမိုး ရောက်နေသည်မှာ နှစ်နှစ် ခန့်အကြာတွင် ပြေးပေါက်ရခဲ့သည်။ တရားရုံးဖြင့် အမိန့်မချ၊ ဥပဒေလည်းမရှိသောကြောင့် မည်သည့်အချိန်တွင် လွတ်မှန်းမသိရသော ကိုမိုးအတွက် လွတ်ငြိမ်းကို ကိုယ့်ဘာသာကိုယ် ပေးမှရတော့မည်ဟု သဘောပေါက်လာသည်။
TNLA တို့ကလည်း ၎င်းတို့ လက်အတွင်း ငြိမ်ဝပ်ပိပြားနေသော ကိုမိုးကို ယုံလာသည်။ မပြေးနိုင် သော ငကြောက် သို့မဟုတ် လူထုံလူအ တစ်ဦးအဖြစ် ထင်နေခြင်း ဖြစ်ပေလိမ့်မည်။ “ကျွန်တော်နဲ့ အတူ တူ အလုပ်လုပ်ရတဲ့ နှစ်ယောက်ကိုလည်း ဒီအတိုင်းနေရင်တော့ တစ်ရက်မဟုတ် တစ်ရက်သေမှာပဲ။ ဒီ တော့ မထူးတော့ဘူး။ ထွက်ပြေးမယ်ဆိုပြီး တိုင်ပင်တော့ သူတို့ကလည်း သဘောတူကြတယ်။ အဲဒါ ကြောင့် ထွက်ပြေးဖို့ ဖြစ်လာခဲ့တာ” ဟု ကိုမိုးကဆိုသည်။ ထိုနေ့က TNLA တို့အတွက် ဘန်ကာ ဆောက် ရန် အလှည့်ကျစဉ် ခြေကျင်းမှ ဝက်အူလှည့်ကိုဖြုတ်ပြီး ထွက်ပြေးခဲ့ကြသည်။ အစီအစဉ်က အပြည့်အဝ အောင်မြင်သည်တော့ မဟုတ်ပါ။ ကိုမိုးအပါ ထွက်ပြေးသူသုံး ဦးအနက် တစ်ဦးမှာ ကျည်ဆန်ထိမှန် သေဆုံးခဲ့ရသည်။
“နောက်တစ်ယောက်က ငါ့ကိုစောင့်ပါဦးဆိုပြီး ပြောတာကို TNLA ကင်းသမားကကြားပြီး လှမ်းပစ်တာ၊ ခေါင်းပွင့်သွားတယ်။ သူ့သွေးတွေက ကျွန်တော့ ကိုယ်ပေါ် လာစဉ်တော့ ကျွန်တော် ကြောင်သွားသေးတယ်။ နောက်တစ်ယောက်က ကျွန်တော့်လက်ကို အတင်းဆွဲပြေးလို့ ပြန်လွတ်တာ” ဟု ကိုမိုးက ငရဲခန်း မှ လွတ်မြောက်လာပုံများကို ရှင်းပြသည်။
ကိုမိုး မှတ်မိသည်မှာ တူရူသို့ ပြေးနေခြင်းဖြစ်ပြီး အနောက်မှ သေနတ်သံများကို ကြားတစ်ချက် မကြားတချက် ဖြစ်သည်။ မိလျှင် သေမည်၊ ကျည်ဆန် ထိလျှင်လည်း သေမည်ဖြစ်ရာ အကောင်းဆုံးက ခြေထောက်နှင့်တင်ပါး တစ်သားတည်း ကျနေစေရန်သာ ဖြစ်သည်။ ယခင်ကပင် မှတ်သားထားသော လမ်းများအတိုင်း ကိုမိုးတို့ပြေးလာခဲ့ရာ လမ်းတွင် ဒုက္ခရောက်ခဲ့ကြသေး၏။ သို့သော် အသက်ရှင်ရေး သည်သာ အဓိက ကျသည်။ ကျန်ဒုက္ခများက ဖွဲနှင့် ဆန်ကွဲပင်။
“တောထဲမှာ လေးရက်လောက်ကြာတယ်။ စားစရာကတော့ လမ်းမှာတွေ့တဲ့ ငှက်ပျောပင်က ငှက်ပျောအူတွေပဲပေါ့။ လမ်းမှာ သူများလွှင့်ပစ်ထားတဲ့ ရေသန့်ဘူးခွံတွေကောက်ပြီး ရေထည့်သောက် တယ်။ နေ့ခင်းဘက်တွေဆိုရင် လူမြင်မှာစိုးလို့ ညဘက်မှာပဲ လမ်းလျှောက်ကြတာ”ဟု ကိုမိုးက ဆိုသည်။
ထို့နောက် ၎င်း၏အသိမိတ်ဆွေရှိရာ မြို့သို့ ရောက်လာခဲ့၏။ ယခင်က ပြည့်ဖြိုးသော ကိုမိုးသည် ပိန်ခြောက်ကာ မည်းသွားခဲ့လေပြီ။ မိတ်ဆွေက ကိုမိုး ၏အဖြစ်ကို ကြည့်ကာ ကရုဏာသက်စွာဖြင့် ပြုစု ပေးသည်။ မိသားစုကိုလည်း ဆက်သွယ်ပေးသည်။ မိတ်ဆွေ၏ အိမ်တွင် ပုန်းအောင်းရင်း ရှစ်ရက်အကြာ တွင် မိသားစုနှင့်အဆက်အသွယ် ရသည်။ ကိုမိုး ပျော်လိုက်သည်မှာ ပြောဖွယ်ရာပင် မရှိတော့။ ဒုက္ခတို့ လည်း လွင့်ပြယ်သွားလေပြီ။ သမီးငယ်၏ အသံသည် ကိုမိုးအတွက် အားဆေးတစ်ခွက်ပင်။
ကိုမိုးတို့ အကျဉ်းသားအဖြစ်မှ ပြေးပြီးနောက် မိသားစုဝင်များ၏ ပြောကြားချက်အရ TNLA တပ်ဖွဲ့ဝင်များက မိသားစုထံ လာရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အိမ်အနီးတစ်ဝိုက် တွင်လည်း သတင်းပေးများထားရှိကာ စောင့်ကြည့်လျက်ရှိကြောင်း သိခဲ့ရသည်။ “သူတို့အိမ်ကိုလာရှာ တယ်လို့ သိရတယ်။ နောက်ပြီး အိမ်နားမှာလည်း ကျွန်တော် လာမလာ စောင့်ကြည့်ဖို့အတွက် သတင်း ပေးတွေ ထားထားတယ်ဆိုတာလည်း သိခဲ့ရတယ်။ နောက်ပြီး ကျွန်တော့်အိမ်က ကျွန်တော့်အခြေအနေ ကိုကြားလို့ ငွေတချို့နဲ့ ဆိုင်ကယ်တစ်စီးကို သူများဆီကချေးငှားပြီး ပို့ပေးခဲ့တယ် ”ဟု ကိုမိုးကဆိုသည်။
ကိုမိုး အိမ်တွင် မရှိသည့် နှစ်နှစ်ခန့်အတွင်း ဖြစ်စဉ်များစွာ ဖြစ်သွားခဲ့သည်။ TNLA တို့ ဖမ်းဆီးစဉ် က ပါသွားသောဆိုင်ကယ်နှင့် ဖုန်း အပါအဝင် ပစ္စည်းများ ပြန်မရတော့။ ၎င်း၏ ငွေဖြင့် ရပ်တည်နေရ သော မိသားစုမှာ ကျပ်တည်းသွားသည်။ ပစ္စည်းများကို ပေါင်နှံရောင်းချစားကာ မိသားစုဝမ်းရေး ဖြေရှင်း ခဲ့ရသည်။ “ကျွန်တော်အခု အကြွေးတွေဆပ်ဖို့ အလုပ်လုပ်နေတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က ဟို မှာရလာတဲ့ ဒဏ်ရာတွေကို အခုထိ ကုနေရတုန်း။ ကျွန်တော့ခြေထောက်တွေ လမ်းလျှောက်ရင်တောင် ဖိနပ်ကျွတ်ကျနေတုန်း၊ ခါးနဲ့ နားတွေကလည်း ကိုက်နေသေးတယ်။ ပြောရရင်ဗျာ ကျွန်တော် ပြန် ကောင်းလာရင်တောင် အဖမ်းမခံရခင်တုန်းကလိုမျိုး ပကတိပြန်ကောင်းလာမယ်လို့တော့ ကျွန်တော် မထင်တော့ဘူး” ဟု ကိုမိုးကဆိုသည်။
သို့သော် ကိုမိုး မမှုပါ။ အဆိုးဆုံးကို ကျော်ဖြတ်လာခဲ့ပြီဖြစ်ရာ လာသမျှ ဘေးကို ကိုမိုး ရင်ဆိုင် နိုင်ပါသည်။ မိသားစုဝင်များသည်ပင် အားအင်တစ်ခုအဖြစ် ခွန်အားပေးနေဆဲဖြစ်သည်။ သို့သော် ယခင် အတိုင်း အကောင်းပကတိ ကိုမိုး မဟုတ်တော့လေရာ ဒဏ်များစွာကိုတော့ တစ်သက်လုံး ရင်ဆိုင်သွားရ ပေဦးတော့မည်။
zawgyi version
ပေလာင္ ငရဲမွ (၂) ႏွစ္ၾကာ
သက္ပိုင္ (NP News) - ေမ ၂၈
(သတင္းရင္းျမစ္၏ လုံၿခဳံေရးအရ ၎၏အမည္ ရင္းႏွင့္ ၿမိဳ႕ကို ေဆာင္းပါးတြင္ ထိမ္ခ်န္ထားပါသည္။)
မည္သည့္ရာဇာဝတ္မႈကိုမွ် က်ဴးလြန္ခဲ့ျခင္းမရဘဲ ႐ိုးသားစြာေနထိုင္ခဲ့သည့္ ကိုမိုးအတြက္ အခ်ဳပ္ ႏွင့္ေထာင္ဆိုသည္မွာ ၾကားဖူး႐ုံမွ်သာရွိၿပီး ဘဝတစ္သက္တာတြင္ ေရာက္လိမ့္မည္ဟု စဥ္းပင္မစဥ္းစားမိခဲ့ေခ်။
ကိုမိုး ဇာတိခ်က္ေႂကြ ေမြးရပ္ေျမျဖစ္ေသာ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွ ၿမိဳ႕သည္ မွ်တေသာ ရာသီဥတုႏွင့္ ေအးခ်မ္းေသာ ၿမိဳ႕ခံမ်ား ေနထိုင္ရာျဖစ္ခဲ့ သည္။ စီးပြားေရးလည္း ေကာင္းမြန္၏။ ရွမ္းျပည္ နယ္ ေျမာက္ပိုင္းတြင္ လက္နက္ကိုင္မ်ား မထႂကြမီအခ်ိန္က ဆိုင္ကယ္ကယ္ရီဆြဲၿပီး မိသားစု၏ စားဝတ္ ေနေရးကို ေျဖရွင္းခဲ့သည္။
မည္မွ်ပင္ ပင္ပန္းခဲ့ေစကာမူ သားသမီးႏွင့္ ဇနီးတို႔၏မ်က္ႏွာျမင္႐ုံျဖင့္ ကိုမိုး၏ ေမာပန္းသမွ်တို႔ ေျပေပ်ာက္ခဲ့သည္။ ႏိုင္ငံေရးသည္လည္း ကိုမိုးႏွင့္ ေဝးသည္။ တစ္ေန႔လုပ္မွ တစ္ေန႔စားရေသာ ကိုမိုး အ တြက္ ေန႔စဥ္ဝင္ေငြရရွိေရးႏွင့္ မိသားစုစားဝတ္ေနေရးသာ ဦးထိပ္ထားရာျဖစ္ခဲ့သည္။
အလုပ္သေဘာအရ ကိုမိုး၏ကယ္ရီကို ငွားရမ္းသူမ်ားထဲတြင္ တပ္မေတာ္သားမ်ား၊ ၎တို႔၏ မိသားစုဝင္မ်ားလည္း ပါသည္။ ဗမာလည္း ပါသည္။ ရွမ္းလည္း ပါသည္။ ပေလာင္လူမ်ိဳးမ်ားလည္း ပါ သည္။ တစ္ေန႔တြင္ ထူးထူးျခားျခား ကိုမိုး၏ကယ္ရီကို ငွားစီးေနက် ပေလာင္လူမ်ိဳး တစ္ဦးက ၎တို႔ ေနထိုင္ရာ ၿမိဳ႕ကို TNLA တို႔ လာတိုက္ေတာ့မည္ဟု သတင္းေပးသည္။ တပ္မေတာ္ကို ဆက္စပ္သတင္း ေပးပါဟုလည္း ဆို၏။ သို႔ေသာ္ အလုပ္သေဘာအရ သတင္းစုံ ၾကားေနက်ျဖစ္ေသာ ကိုမိုးအတြက္ ေကာ လာဟလ သတင္းမ်ားထဲက တစ္ခုဟုဆိုကာ မတုန္မလႈပ္ရွိခဲ့သည္။
ထို႔ေနာက္ အဆိုပါ သတင္းေပးသူကပင္ ေနာက္တစ္ေန႔ ကယ္ရီငွားလိုသည္ဟုဆိုကာ ၿမိဳ႕ျပင္ တစ္ေနရာကို ဖုန္းဆက္ေခၚေသာေၾကာင့္ သြားေရာက္ခ်ိန္တြင္ ကိုမိုး၏ဘဝတစ္ခုလုံး ကြၽမ္းထိုးေမွာက္ခုံ ျဖစ္သြားခဲ့ေလေတာ့သည္။ မွတ္မွတ္ရရ ကိုမိုးတို႔ ၿမိဳ႕ကို TNLA တို႔ တိုက္ခိုက္မထိန္းခ်ဳပ္မီ လပိုင္း အလို တြင္ ျဖစ္သည္။ “ေရာက္တာနဲ႔ ဘာမွေတာင္ မေျပာရ ေသးဘူး၊ ပေလာင္စစ္သားႏွစ္ေယာက္က ကြၽန္ ေတာ့္ကို လက္ထိပ္ေတြ ခတ္လိုက္ၾကတယ္။ ၿပီးတာနဲ႔ ကြၽန္ေတာ့္မ်က္ႏွာကို အဝတ္မည္းနဲ႔အုပ္ၿပီး ေခၚ သြားၾကေတာ့တာပဲ” ဟု ကိုမိုးက ႀကဳံေတြ႕ရသမွ်ကို ေျပာျပသည္။ အေစာပိုင္းတြင္ မည္သည့္အေၾကာင္း ေၾကာင့္ ဖမ္းဆီးမွန္းမသိခဲ့။ ပေလာင္ စစ္သားဆိုသည္မွာလည္း ယူနီေဖာင္း ဝတ္ထားျခင္း မဟုတ္ဘဲ ပေလာင္စကားေၾကာင့္သာ သိခဲ့ျခင္းျဖစ္သည္။ အမွန္ေတာ့ တပ္တြင္းရွိ ကိုမိုး၏ေဖာက္သည္မ်ားကို အႀကိဳ၊ အပို႔လုပ္ျခင္းကို တပ္ႏွင့္ နီးစပ္ေသာ သတင္းေပးဟု ထင္ခဲ့ျခင္းျဖစ္သည္။
TNLA တပ္ဖြဲ႕ဝင္ဆိုသူမ်ားက ကိုမိုး၏ ဝမ္း ဗိုက္ ၊ မ်က္ႏွာႏွင့္ ခႏၶာကိုယ္ အႏွံ႔အျပားသို႔ လက္သီး၊ ေျခေထာက္မ်ားျဖင့္ ႐ိုက္ႏွက္ကန္ေက်ာက္ခဲ့ၾကသည္။ ထိုမွ်ႏွင့္ အားမရေသးဘဲ မ်က္ႏွာကို ေရစိုအဝတ္ ျဖင့္ အုပ္ကာ ဗမာစကား မပီမသျဖင့္ “မင္းက စစ္တပ္ ေထာက္လွမ္းေရးလား” ဆိုသည့္ေမးခြန္းကို အဖန္ တလဲလဲ ေမးသည္။ အထိုးခံေနရသည္ကို ကိုမိုး သိေသာ္လည္း မည္သည့္ေနရာသို႔ ေရာက္ေနမွန္းမသိ။ ေရတစ္မ်ိဳးတည္းကိုသာ တိုက္ၿပီး သုံးရက္ခန႔္ ကိုမိုး ႐ိုက္စစ္ခံရသည္။ ညႇဥ္းပန္းနည္းကလည္း ေပါင္းစုံ သည္။ ေပါက္ေပါက္ရွာရွာ ညႇဥ္းပမ္းႏွိပ္စက္ကလူ ျပဳျခင္းကိုလည္း လုပ္ၾကသည္။ စစ္ေထာက္လွမ္းေရး မဟုတ္ေသာေၾကာင့္ ကိုမိုး ဝန္မခံႏိုင္ပါ။ ဝန္ခံလွ်င္ သတ္ပစ္ႏိုင္သည္။ စိတ္ထဲတြင္လည္း မိသားစုထံ ျပန္ ေရာက္ေရးအတြက္ အားတင္းရမည္ဟု အလိုလို သိေနသည္။ “ကြၽန္ေတာ္ကေတာ့ ေသၿပီဆိုၿပီး စိတ္ထဲ မွာ မွတ္လိုက္တာ။ ကြၽန္ေတာ့္ကို ႐ိုက္ၾကတယ္။ ကြၽန္ေတာ္က မဟုတ္ပါဘူးလို႔ ေတာင္းပန္ေျပာလည္း မရဘူး။ ကြၽန္ေတာ့္ နားထင္ကို အိုးစည္တီးသလိုမ်ိဳး ႐ိုက္ၾကတာ။ နားထဲက ေသြးေတာင္ထြက္တယ္။ ေနာက္ၿပီး ပိုက္ေတြ၊ တုတ္ေတြနဲ႔ ႐ိုက္တယ္။ ယားတတ္တဲ့ အ႐ြက္ေတြနဲ႔လည္း လည္ပင္းကို ပြတ္တယ္” ဟု ကိုမိုးက သူ၏ အေတြ႕အႀကဳံကို ေျပာျပသည္။
ထို႔ေနာက္ TNLA တပ္သားမ်ားက သူ႔ကို နမ့္စမ္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာတစ္႐ြာမွ ၎တို႔၏ အက်ဥ္းေထာင္သို႔ ေခၚသြားသည္။ သစ္လုံးမ်ားျဖင့္ ကာထားေသာ လွ်ိဳတစ္ခုအတြင္း လူငါးဆယ္ ခန႔္ႏွင့္ အတူေနခဲ့ရသည္။ ကိုမိုး မွတ္မိသည္က အစား မစားရေသာ ဒဏ္၊ ႏွိပ္စက္ခံထားရေသာဒဏ္ျဖင့္အက်ဥ္း ေထာင္အခန္းအတြင္း ပစ္ထည့္ခံလိုက္ရျခင္းျဖစ္သည္။
“နားေတြက ျပည္ပါ တည္ကုန္တာ။ ေျခေထာက္ေတြဆိုရင္ ေထာက္လို႔ကိုမရေတာ့ဘူး။ ကြၽန္ ေတာ့္ကို ေဆးလည္းမေပးၾကေတာ့ ႀကိတ္ခံခဲ့ရတာ။ ကြၽန္ေတာ့္မွာ က်န္ခဲ့တဲ့သမီးေလးမ်က္ႏွာကို ျမင္ ေယာင္ၿပီး အားေမြးခဲ့ရတာ”ဟု ကိုမိုးက ထိုစဥ္က အေျခအေနကို ေဆြးျမည့္စြာ ျပန္ေျပာျပသည္။
လူႏွစ္ဆယ္ခန႔္သာ ေနထိုင္ႏိုင္ေသာေနရာတြင္ လူငါးဆယ္ခန႔္ေနရသည့္အျပင္ ေျခခ်င္းခတ္ ထားၿပီး ပါးလႊာေသာ ေစာင္အစုတ္ႏွင့္ အိပ္ခဲ့ရေသာ ညမ်ားစြာတို႔သည္ ကိုမိုးအတြက္ ငရဲမွ ရက္မ်ားပင္ ျဖစ္သည္။ လူသည္ ေမွ်ာ္လင့္ခ်က္ျဖင့္ အသက္ရွင္ျခင္းဆိုသည္မွာ မွန္သည္ဟု ကိုမိုးထင္သည္။ အဘယ္ ေၾကာင့္ဆိုေသာ္ မိသားစုထံအသက္ရွင္လ်က္ ျပန္ေရာက္လိုေသာ၊ ေရာက္မည္ဟုယုံေသာ ကိုမိုးသည္ အားတင္းရင္ တစ္လခန႔္အၾကာတြင္ နလံထလာခဲ့သည္။ နလံထလူနာျဖစ္ေသာ္လည္း အားေမြးခ်ိန္မရပါ။ အိပ္ရာထသည္ႏွင့္ ေထာင္မွထုတ္ကာ လမ္းခင္းျခင္း၊ ကတုတ္က်င္းတူးျခင္း၊ ဘန္ကာမ်ားေဆာက္ လုပ္ျခင္း ႏွင့္ တိုက္ပြဲမ်ားထိလာေသာ ၎တို႔ပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားအတြက္ အေဆာက္အအုံ ေဆာက္ လုပ္သည့္ လုပ္ငန္းခြင္တို႔တြင္ အလုပ္လုပ္ရသည္။
စိတ္ေအးလက္ေအး လုပ္ရျခင္းမဟုတ္ဘဲ ႐ိုက္ႏွက္၊ ဆဲဆိုျခင္းကိုလည္း ခံရေသးသည္။ အ႐ိုက္ခံရရန္အတြက္ အေၾကာင္းျပခ်က္ မလိုဘဲ စိတ္မထင္လွ်င္ မထင္သကဲ့သို႔ ႐ိုက္ျခင္းျဖစ္သည္။ တုတ္ျဖင့္ ႐ိုက္သည္။ လက္ျဖင့္ ႐ိုက္သည္။ ၾကာေတာ့ ကိုမိုး ထုသား ေပသား က်လာသည္။ ကိုမိုး နည္းတူ အျခားအက်ဥ္းသားမ်ားလည္း ခံရသည္။
အပင္ပန္းခံ၊ အ႐ိုက္ခံ၊ အဆဲခံ အလုပ္လုပ္ေသာ္လည္း ထမင္းေကြၽးခ်ိန္တြင္ လက္သီးဆုပ္ခန႔္ ထမင္းႏွင့္အတူ စားရန္ ပိန္း႐ိုး၊ မွ်စ္၊ ေဂၚဖီ စေသာ အသီးအ႐ြက္ ေရလုံျပဳတ္သာ ရသည္။ “ထမင္းထဲမွာ ျမက္သီးေတြခ်ည္းပဲ၊ အဲ့ဒီျမက္သီးေတြကို ဖယ္လိုက္ျပန္ရင္လည္း စားဖို႔က ဘာမွမက်န္ေတာ့ဘူး။ သူတို႔ လူႀကီးေတြလာမွ အသားဟင္းေကြၽးတယ္။ အဲ့ဒီ အသားဟင္းကလည္း မုန္ညင္းေတာထဲ ဝက္ျဖတ္ ေျပး သလိုပါပဲ။ ဝက္သားေတာင္ရွာမရဘူး” ဟု ထို စဥ္က အေျခအေနကို ကိုမိုးက ေျပာျပသည္။
ကိုမိုးတို႔ ငါးဆယ္ခန႔္ လူအုပ္စုတြင္ အစာေရစာ မဝျခင္း၊ အစာအဆိပ္သင့္ျခင္း ႏွင့္ ရာသီဥတု ေၾကာင့္ လူ (၂၀)ခန႔္ ေသဆုံးသည္။ “ေဆးကုဖို႔ မေျပာနဲ႔ ခ်စ္ခ်စ္ေတာက္ကိုယ္ပူေနရင္ေတာင္ ပါရာစီတ ေမာလ္တစ္လုံးပဲေပးတယ္။ ေတာ္႐ုံ ေနမေကာင္းလို႔ ကေတာ့ဘာေဆးမွ မရဘူး။ ကုကိုမကုေပးတာမ်ိဳး။ သူတို႔ေျပာတာကလည္း ရွင္းရွင္းေလး။ မင္းတို႔က ႏြားတစ္ေကာင္ေလာက္ေတာင္ တန္ဖိုးမရွိဘူး။ ႏြား ေသရင္ ဟင္းစားလုပ္လို႔ ရေသးတယ္။ မင္းတို႔ေသရင္ ဝါးတစ္လုံးေတာင္ကုန္ေသးတယ္ဆိုၿပီးေျပာတာ။ ႐ိုက္ႏွက္ၿပီးေတာ့ မသတ္႐ုံတမည္ပဲ။ အာဟာရျပတ္ၿပီး ေသေအာင္သတ္ေနတာ။ သူတို႔ရက္စက္တာက ဗ်ာ ဂ်ပန္ေတြထက္ေတာင္ ဆိုးဦးမယ္။ သူတို႔က စစ္အာဏာရွင္ကို ေတာ္လွန္တယ္လို႔ေျပာၿပီး သူတို႔ ကိုယ္တိုင္က အာဏာရွင္ထက္ဆိုးေနတာ” ဟု ကိုမိုးက ေျပာျပသည္။
ဤသို႔ျဖင့္ (၈) လခန႔္အၾကာတြင္ ကိုမိုး အပါအဝင္ အက်ဥ္းသား ဆယ္ဦးမွာ တိုက္ပြဲျဖစ္ပြားေန ေသာ ေနရာသို႔ ပို႔ေဆာင္ခံခဲ့ရ၏။ ပေလာင္ စစ္သားအျဖစ္ မဟုတ္။ ပေလာင္ရဲေဘာ္၏ ကူေဖာ္ေလာင္ ဖက္ ေပၚတာအျဖစ္ ခိုင္းေစရန္ျဖစ္၏။ ထြက္မေျပးေစရန္ အတြက္ ေျခက်င္းလည္း ခတ္ထားခံရသည္။
“ကြၽန္ေတာ္တို႔ကို တိုက္ပြဲျဖစ္တဲ့ေနရာမွာ က်ည္ဆန္ပုံးေတြထမ္းခိုင္းတာ။ ၿပီးေတာ့ သူတို႔ အတြက္ ကတုတ္က်င္းေတြ၊ ဘန္ကာေတြတူးေပးရတယ္။ တိုက္ပြဲျဖစ္ရင္ ကြၽန္ေတာ္တို႔က က်ည္ဆန္ ေတြ ၾကားထဲကေန သူတို႔ဆီ က်ည္ဆန္ပုံးေတြ သယ္ပို႔ေပးရတယ္။ ကြၽန္ေတာ္တို႔မွာ ဘာအကာအကြယ္ မွမရွိဘူး။ ဦးထုပ္ တစ္လုံးပဲေပးထားတယ္” ဟု ကိုမိုးက သူ၏ သည္းထိတ္ရင္ဖို တိုက္ပြဲအတြင္း အျဖစ္ အပ်က္မ်ားကို ျပန္ေျပာင္း ေျပာျပသည္။ ယင္းသို႔ သယ္ပို႔ေပးရင္း က်ည္ဆန္ထိမွန္ ေသဆုံးခဲ့ေသာ ကိုမိုး ကဲ့သို႔ ဘဝတူမ်ားရွိသည္။ စစ္သားလည္း မဟုတ္၊ တိုက္ပြဲအတြင္း ရွင္သန္နည္းကိုလည္း မသင္ၾကားခဲ့ရ ေသာေၾကာင့္ ဗုံးက်လာလွ်င္လည္း မည္သို႔ဝပ္ရမွန္းမသိ။ က်ည္ဆန္မထိရန္ ေနနည္းကိုလည္း မသိခဲ့ၾက ရေပ။ အလုပ္ရွိလွ်င္ လုပ္ၿပီး အလုပ္ၿပီးလွ်င္ ကိုမိုးတို႔ကဲ့သို႔ ေပၚတာမ်ားကို ခ်ဳပ္ေႏွာင္ထားရွိရာ ဆယ္ေပ ခန႔္ အနက္ရွိ က်င္းအတြင္း ဝင္ေနရသည္။ ကိုယ့္ကို ဖမ္းခ်ဳပ္မည့္တြင္းကို ကိုယ္တိုင္တူးခဲ့ရျခင္းျဖစ္ သည္။ တိုက္ပြဲ မရွိလွ်င္ တေပါ့တပါး သြားခ်ိန္မွအပ ယင္းတြင္းထဲတြင္ ဘဝတူ အက်ဥ္းသားမ်ားႏွင့္အတူ ေနထိုင္ရသည္။
ကိုမိုးသည္ ေရွ႕တန္းသို႔ ေရာက္ေနသည္ျဖစ္ရာ ပေလာင္တို႔၏ စစ္ဗ်ဴဟာကို မလႊဲသာမေရွာင္သာ ျမင္ရသည္။ ယင္းမွာ တိုက္ပြဲတိုက္လွ်င္ ပေလာင္တို႔က PDF မ်ားကို တိုက္ေစၿပီး ၎တို႔က စစ္ဦးစီး မ်ား အျဖစ္ ေနရာယူသည္။ ရာႏွင့္ခ်ီေသာ PDF မ်ားက ေရွ႕တြင္ပစ္ခတ္ေနစဥ္ ဆယ္ဂဏန္းမွ်သာ ပါေသာ TNLA တပ္မ်ားက တိုက္ပြဲ၏မ်က္ကြယ္တြင္ အရက္ေသာက္မပ်က္ ထိုင္ေနသည္ကို ေတြ႕ရွိခဲ့ရသည္။ တိုက္ပြဲတစ္ပြဲ ၿပီးဆုံးတိုင္း ပုံေနေသာအေလာင္းမ်ားတြင္ TNLA အေလာင္းမ်ားအစား PDF မ်ား၏ အ ေလာင္းမ်ားကိုသာ ကိုမိုးျမင္ေတြ႕ခဲ့ရသည္။
“ PDF ေတြတိုက္တာလား TNLA ေတြ တိုက္တာလားေတာင္ မသဲကြဲေတာ့ဘူး။ ထြက္ေျပးလို႔ဆို ၿပီး ပစ္သတ္ခံလိုက္တဲ့ PDF ေတြကိုလည္း ေတြ႕ခဲ့ရတယ္။ နမ့္စမ္ဘက္က TNLA ေတြ ေနတဲ့ေနရာမွာ ဆိုရင္ ေျချပတ္၊ လက္ျပတ္ျဖစ္သြားတဲ့ PDF ေတြ ေထာင္နဲ႔ခ်ီၿပီးရွိတယ္။ သူတို႔ေနဖို႔အိမ္ေတြကို ကြၽန္ ေတာ္တို႔ ေဆာက္ေပးခဲ့ရေတာ့ သိတာေပါ့” ဟု ကိုမိုး ကဆိုသည္။ တိုက္ပြဲမ်ားအၾကား ဘုရား “တ”ကာ က်ည္ဆန္မ်ား၊ လက္နက္မ်ားကို ထမ္းပိုးရင္း နမ့္စမ္၏ ေတာေတာင္လမ္းမ်ားကိုလည္း မွတ္သားေနခဲ့ သည္။ လြတ္လမ္းကို ရွာျခင္းျဖစ္သည္။ မိသားစုကို လြမ္းဆြတ္ေသာေၾကာင့္ ေယာက်ာ္းတန္မဲ့ မ်က္ ရည္က်ရေသာအႀကိမ္ကလည္း မနည္းလွ။ TNLA တို႔ခိုင္းရာ က်ည္ဆန္ပုံးမ်ားသယ္ရင္း၊ ခိုင္းေစသမွ် လုပ္ရင္း ၎တို႔လက္အတြင္း ကိုမိုး ေရာက္ေနသည္မွာ ႏွစ္ႏွစ္ ခန႔္အၾကာတြင္ ေျပးေပါက္ရခဲ့သည္။ တရား႐ုံးျဖင့္ အမိန႔္မခ်၊ ဥပေဒလည္းမရွိေသာေၾကာင့္ မည္သည့္အခ်ိန္တြင္ လြတ္မွန္းမသိရေသာ ကိုမိုးအတြက္ လြတ္ၿငိမ္းကို ကိုယ့္ဘာသာကိုယ္ ေပးမွရေတာ့မည္ဟု သေဘာေပါက္လာသည္။
TNLA တို႔ကလည္း ၎တို႔ လက္အတြင္း ၿငိမ္ဝပ္ပိျပားေနေသာ ကိုမိုးကို ယုံလာသည္။ မေျပးႏိုင္ ေသာ ငေၾကာက္ သို႔မဟုတ္ လူထုံလူအ တစ္ဦးအျဖစ္ ထင္ေနျခင္း ျဖစ္ေပလိမ့္မည္။ “ကြၽန္ေတာ္နဲ႔ အတူ တူ အလုပ္လုပ္ရတဲ့ ႏွစ္ေယာက္ကိုလည္း ဒီအတိုင္းေနရင္ေတာ့ တစ္ရက္မဟုတ္ တစ္ရက္ေသမွာပဲ။ ဒီ ေတာ့ မထူးေတာ့ဘူး။ ထြက္ေျပးမယ္ဆိုၿပီး တိုင္ပင္ေတာ့ သူတို႔ကလည္း သေဘာတူၾကတယ္။ အဲဒါ ေၾကာင့္ ထြက္ေျပးဖို႔ ျဖစ္လာခဲ့တာ” ဟု ကိုမိုးကဆိုသည္။ ထိုေန႔က TNLA တို႔အတြက္ ဘန္ကာ ေဆာက္ ရန္ အလွည့္က်စဥ္ ေျခက်င္းမွ ဝက္အူလွည့္ကိုျဖဳတ္ၿပီး ထြက္ေျပးခဲ့ၾကသည္။ အစီအစဥ္က အျပည့္အဝ ေအာင္ျမင္သည္ေတာ့ မဟုတ္ပါ။ ကိုမိုးအပါ ထြက္ေျပးသူသုံး ဦးအနက္ တစ္ဦးမွာ က်ည္ဆန္ထိမွန္ ေသဆုံးခဲ့ရသည္။
“ေနာက္တစ္ေယာက္က ငါ့ကိုေစာင့္ပါဦးဆိုၿပီး ေျပာတာကို TNLA ကင္းသမားကၾကားၿပီး လွမ္းပစ္တာ၊ ေခါင္းပြင့္သြားတယ္။ သူ႔ေသြးေတြက ကြၽန္ေတာ့ ကိုယ္ေပၚ လာစဥ္ေတာ့ ကြၽန္ေတာ္ ေၾကာင္သြားေသးတယ္။ ေနာက္တစ္ေယာက္က ကြၽန္ေတာ့္လက္ကို အတင္းဆြဲေျပးလို႔ ျပန္လြတ္တာ” ဟု ကိုမိုးက ငရဲခန္း မွ လြတ္ေျမာက္လာပုံမ်ားကို ရွင္းျပသည္။
ကိုမိုး မွတ္မိသည္မွာ တူ႐ူသို႔ ေျပးေနျခင္းျဖစ္ၿပီး အေနာက္မွ ေသနတ္သံမ်ားကို ၾကားတစ္ခ်က္ မၾကားတခ်က္ ျဖစ္သည္။ မိလွ်င္ ေသမည္၊ က်ည္ဆန္ ထိလွ်င္လည္း ေသမည္ျဖစ္ရာ အေကာင္းဆုံးက ေျခေထာက္ႏွင့္တင္ပါး တစ္သားတည္း က်ေနေစရန္သာ ျဖစ္သည္။ ယခင္ကပင္ မွတ္သားထားေသာ လမ္းမ်ားအတိုင္း ကိုမိုးတို႔ေျပးလာခဲ့ရာ လမ္းတြင္ ဒုကၡေရာက္ခဲ့ၾကေသး၏။ သို႔ေသာ္ အသက္ရွင္ေရး သည္သာ အဓိက က်သည္။ က်န္ဒုကၡမ်ားက ဖြဲႏွင့္ ဆန္ကြဲပင္။
“ေတာထဲမွာ ေလးရက္ေလာက္ၾကာတယ္။ စားစရာကေတာ့ လမ္းမွာေတြ႕တဲ့ ငွက္ေပ်ာပင္က ငွက္ေပ်ာအူေတြပဲေပါ့။ လမ္းမွာ သူမ်ားလႊင့္ပစ္ထားတဲ့ ေရသန႔္ဘူးခြံေတြေကာက္ၿပီး ေရထည့္ေသာက္ တယ္။ ေန႔ခင္းဘက္ေတြဆိုရင္ လူျမင္မွာစိုးလို႔ ညဘက္မွာပဲ လမ္းေလွ်ာက္ၾကတာ”ဟု ကိုမိုးက ဆိုသည္။
ထို႔ေနာက္ ၎၏အသိမိတ္ေဆြရွိရာ ၿမိဳ႕သို႔ ေရာက္လာခဲ့၏။ ယခင္က ျပည့္ၿဖိဳးေသာ ကိုမိုးသည္ ပိန္ေျခာက္ကာ မည္းသြားခဲ့ေလၿပီ။ မိတ္ေဆြက ကိုမိုး ၏အျဖစ္ကို ၾကည့္ကာ က႐ုဏာသက္စြာျဖင့္ ျပဳစု ေပးသည္။ မိသားစုကိုလည္း ဆက္သြယ္ေပးသည္။ မိတ္ေဆြ၏ အိမ္တြင္ ပုန္းေအာင္းရင္း ရွစ္ရက္အၾကာ တြင္ မိသားစုႏွင့္အဆက္အသြယ္ ရသည္။ ကိုမိုး ေပ်ာ္လိုက္သည္မွာ ေျပာဖြယ္ရာပင္ မရွိေတာ့။ ဒုကၡတို႔ လည္း လြင့္ျပယ္သြားေလၿပီ။ သမီးငယ္၏ အသံသည္ ကိုမိုးအတြက္ အားေဆးတစ္ခြက္ပင္။
ကိုမိုးတို႔ အက်ဥ္းသားအျဖစ္မွ ေျပးၿပီးေနာက္ မိသားစုဝင္မ်ား၏ ေျပာၾကားခ်က္အရ TNLA တပ္ဖြဲ႕ဝင္မ်ားက မိသားစုထံ လာေရာက္ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့သည့္အျပင္ အိမ္အနီးတစ္ဝိုက္ တြင္လည္း သတင္းေပးမ်ားထားရွိကာ ေစာင့္ၾကည့္လ်က္ရွိေၾကာင္း သိခဲ့ရသည္။ “သူတို႔အိမ္ကိုလာရွာ တယ္လို႔ သိရတယ္။ ေနာက္ၿပီး အိမ္နားမွာလည္း ကြၽန္ေတာ္ လာမလာ ေစာင့္ၾကည့္ဖို႔အတြက္ သတင္း ေပးေတြ ထားထားတယ္ဆိုတာလည္း သိခဲ့ရတယ္။ ေနာက္ၿပီး ကြၽန္ေတာ့္အိမ္က ကြၽန္ေတာ့္အေျခအေန ကိုၾကားလို႔ ေငြတခ်ိဳ႕နဲ႔ ဆိုင္ကယ္တစ္စီးကို သူမ်ားဆီကေခ်းငွားၿပီး ပို႔ေပးခဲ့တယ္ ”ဟု ကိုမိုးကဆိုသည္။
ကိုမိုး အိမ္တြင္ မရွိသည့္ ႏွစ္ႏွစ္ခန႔္အတြင္း ျဖစ္စဥ္မ်ားစြာ ျဖစ္သြားခဲ့သည္။ TNLA တို႔ ဖမ္းဆီးစဥ္ က ပါသြားေသာဆိုင္ကယ္ႏွင့္ ဖုန္း အပါအဝင္ ပစၥည္းမ်ား ျပန္မရေတာ့။ ၎၏ ေငြျဖင့္ ရပ္တည္ေနရ ေသာ မိသားစုမွာ က်ပ္တည္းသြားသည္။ ပစၥည္းမ်ားကို ေပါင္ႏွံေရာင္းခ်စားကာ မိသားစုဝမ္းေရး ေျဖရွင္း ခဲ့ရသည္။ “ကြၽန္ေတာ္အခု အေႂကြးေတြဆပ္ဖို႔ အလုပ္လုပ္ေနတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ကိုယ္တိုင္က ဟို မွာရလာတဲ့ ဒဏ္ရာေတြကို အခုထိ ကုေနရတုန္း။ ကြၽန္ေတာ့ေျခေထာက္ေတြ လမ္းေလွ်ာက္ရင္ေတာင္ ဖိနပ္ကြၽတ္က်ေနတုန္း၊ ခါးနဲ႔ နားေတြကလည္း ကိုက္ေနေသးတယ္။ ေျပာရရင္ဗ်ာ ကြၽန္ေတာ္ ျပန္ ေကာင္းလာရင္ေတာင္ အဖမ္းမခံရခင္တုန္းကလိုမ်ိဳး ပကတိျပန္ေကာင္းလာမယ္လို႔ေတာ့ ကြၽန္ေတာ္ မထင္ေတာ့ဘူး” ဟု ကိုမိုးကဆိုသည္။
သို႔ေသာ္ ကိုမိုး မမႈပါ။ အဆိုးဆုံးကို ေက်ာ္ျဖတ္လာခဲ့ၿပီျဖစ္ရာ လာသမွ် ေဘးကို ကိုမိုး ရင္ဆိုင္ ႏိုင္ပါသည္။ မိသားစုဝင္မ်ားသည္ပင္ အားအင္တစ္ခုအျဖစ္ ခြန္အားေပးေနဆဲျဖစ္သည္။ သို႔ေသာ္ ယခင္ အတိုင္း အေကာင္းပကတိ ကိုမိုး မဟုတ္ေတာ့ေလရာ ဒဏ္မ်ားစြာကိုေတာ့ တစ္သက္လုံး ရင္ဆိုင္သြားရ ေပဦးေတာ့မည္။