တောင်ကိုရီးယား K Pop အဆိုတော်ဂျင်းနီက ဆိုးလ်အမျိုးသားဆေးတက္ကသိုလ်ကောလိပ်ကို ဝမ် သန်း ၁ဝဝ လှူဒါန်း

 162

ရောင်နီ (NP News) - မေ ၃၁

တောင်ကိုရီးယားနာမည်ကျော် K Pop အဆိုတော်ဂျင်းနီက အနာဂတ်ဆေးဘက်ဆိုင်ရာ စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုးလ်အမျိုးသားဆေးတက္ကသိုလ်ကောလိပ်ကို ဝမ်သန်း ၁၀၀ (ခန့်မှန်းခြေ ဒေါ်လာ ၇၃,၀၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို Seoul National University College of Medicine Development Fund Committee က "ဂျင်းနီ ဟာ ကမ္ဘာကြီးအပေါ် သနားကြင်နာတတ်သူတွေကို ပြုစုပျိုးထောင်ရေးအတွက် ရက်ရောစွာ လှူဒါန်းခဲ့ပါတယ်။ သူမရဲ့အလှူငွေကို ကောလိပ်တိုးတက်မှု ရန်ပုံငွေထဲ ထည့်သွင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လှူဒါန်းငွေကို ကောလိပ် ပညာရေးနဲ့ သုတေသနအခြေခံအဆောက်အအုံကို အားကောင်းစေဖို့ အသုံးပြုမှာဖြစ်ပြီး ဒါဟာ ကျောင်းသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုမြှင့်တင်ပေးနိုင်မှာဖြစ်တယ့်တက္ကသိုလ်က ပြောကြားပါတယ်။
ဂျင်းနီဟာ ၂၀၂၃ ခုနှစ်ကလည်း သူမရဲ့အေဂျင်စီ ODDATELIER (OA Entertainment) မှတဆင့် ဆေးပညာ အနာဂတ်မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးဖို့အတွက် တက္ကသိုလ်ဆေးကျောင်းကို ဝမ်သန်း ၁ဝဝ လှူဒါန်းခဲ့ဖူးပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယား K Pop အဆိုေတာ္ဂ်င္းနီက ဆိုးလ္အမ်ိဳးသားေဆးတကၠသိုလ္ေကာလိပ္ကို ဝမ္ သန္း ၁ဝဝ လႉဒါန္း
ေရာင္နီ (NP News) - ေမ ၃၁

ေတာင္ကိုရီးယားနာမည္ေက်ာ္ K Pop အဆိုေတာ္ဂ်င္းနီက အနာဂတ္ေဆးဘက္ဆိုင္ရာ စြမ္းရည္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဆိုးလ္အမ်ိဳးသားေဆးတကၠသိုလ္ေကာလိပ္ကို ဝမ္သန္း ၁၀၀ (ခန႔္မွန္းေျခ ေဒၚလာ ၇၃,၀၀၀) လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို Seoul National University College of Medicine Development Fund Committee က "ဂ်င္းနီ ဟာ ကမာၻႀကီးအေပၚ သနားၾကင္နာတတ္သူေတြကို ျပဳစုပ်ိဳးေထာင္ေရးအတြက္ ရက္ေရာစြာ လႉဒါန္းခဲ့ပါတယ္။ သူမရဲ႕အလႉေငြကို ေကာလိပ္တိုးတက္မႈ ရန္ပုံေငြထဲ ထည့္သြင္းသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။
လႉဒါန္းေငြကို ေကာလိပ္ ပညာေရးနဲ႔ သုေတသနအေျခခံအေဆာက္အအုံကို အားေကာင္းေစဖို႔ အသုံးျပဳမွာျဖစ္ၿပီး ဒါဟာ ေက်ာင္းသားေတြရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရးကို ပိုမိုျမႇင့္တင္ေပးႏိုင္မွာျဖစ္တယ့္တကၠသိုလ္က ေျပာၾကားပါတယ္။
ဂ်င္းနီဟာ ၂၀၂၃ ခုႏွစ္ကလည္း သူမရဲ႕ေအဂ်င္စီ ODDATELIER (OA Entertainment) မွတဆင့္ ေဆးပညာ အနာဂတ္မ်ိဳးဆက္သစ္ေတြကို ျပဳစုပ်ိဳးေထာင္ေပးဖို႔အတြက္ တကၠသိုလ္ေဆးေက်ာင္းကို ဝမ္သန္း ၁ဝဝ လႉဒါန္းခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.