နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအကြံပေး ဒေါက်တာဇော်ဦး ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်လာ

207
သန့်ဇင် (NP News) - မေ ၃၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အကြံပေး ဒေါက်တာဇော်ဦးကို မြန်မာနိုင်ငံ ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် အဖြစ် ခန့်အပ်လိုက်ကြောင်း နစက က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဒေါက်တာဇော်ဦးကို ပြီးခဲ့သည့် မေလ ၄ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့၏ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ဒေါက်တာဇော်ဦးသည် လက်ရှိတွင်လည်း ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ အပါအဝင် (၆)ဦးဖြင့် ဖွဲ့စည်းထားသော ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့၌ (၇)ဦး မြောက်အဖွဲ့ဝင်ဖြစ်လာခဲ့သည်။
ထို့ပြင် ၂ဝ၁၂ ခုနှစ်မှစတင်ကာ သမ္မဟောင်းဦးသိန်းစိန်လက်ထက်တွင် စီးပွားရေးအကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။
Zawgyi Version:
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအႀကံေပး ေဒါက္တာေဇာ္ဦး ဗဟိုဘဏ္ဒါ႐ိုက္တာအဖြဲ႕ဝင္ျဖစ္လာ
သန႔္ဇင္ (NP News) - ေမ ၃၁
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏အႀကံေပး ေဒါက္တာေဇာ္ဦးကို ျမန္မာႏိုင္ငံ ဗဟိုဘဏ္ ဒါ႐ိုက္တာအဖြဲ႕ဝင္ အျဖစ္ ခန႔္အပ္လိုက္ေၾကာင္း နစက က ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ သိရသည္။
ေဒါက္တာေဇာ္ဦးကို ၿပီးခဲ့သည့္ ေမလ ၄ ရက္တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဒါ႐ိုက္တာအဖြဲ႕ဝင္ အျဖစ္ ခန႔္အပ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏အႀကံေပးပုဂၢိဳလ္ႏွင့္ ျမန္မာ့ပုံရိပ္ေဖာ္ၫႊန္းေရးအဖြဲ႕ (Myanmar Narrative Think Tank) အဖြဲ႕၏ ဒါ႐ိုက္တာတစ္ဦးအျဖစ္ ေဆာင္႐ြက္ေနသည့္ ေဒါက္တာေဇာ္ဦးသည္ လက္ရွိတြင္လည္း ဗဟိုဘဏ္ဥကၠ႒ေဒၚသန္းသန္းေဆြ အပါအဝင္ (၆)ဦးျဖင့္ ဖြဲ႕စည္းထားေသာ ဗဟိုဘဏ္ဒါ႐ိုက္တာအဖြဲ႕၌ (၇)ဦး ေျမာက္အဖြဲ႕ဝင္ျဖစ္လာခဲ့သည္။
ထို႔ျပင္ ၂ဝ၁၂ ခုႏွစ္မွစတင္ကာ သမၼေဟာင္းဦးသိန္းစိန္လက္ထက္တြင္ စီးပြားေရးအႀကံေပးအျဖစ္လည္း ေဆာင္႐ြက္ခဲ့ဖူးသူျဖစ္ေၾကာင္း သိရသည္။