မန်းစည်ပင်နယ်နိမိတ်အတွင်းရှိ ငလျင်ဒဏ်သင့် အဆောက်အအုံဖြိုဖျက်မှု (၄၄) ရာခိုင်နှုန်းကျော်ပြီးစီး

 246

သက်ပိုင် (NP News) - ဇွန် ၁

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) နယ်နိမိတ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ဖြိုဖျက်ရမည့် အဆောက်အအုံ (၄၄) ရာခိုင်နှုန်းခန့်ကို ဖြိုဖျက်ပြီးစီးပြီဖြစ်ကြောင်း MCDC နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
စည်ပင်သာယာရေး ဧရိယာများဖြစ်သည့် အောင်မြေသာစံမြို့နယ်တွင် (၄၃ ဒသမ ၅၄) ရာခိုင်နှုန်း၊ ချမ်းအေးသာ စံမြို့နယ်တွင် (၃၆ ဒသမ ၅၈) ရာခိုင်နှုန်း၊ မဟာအောင်မြေမြို့နယ်တွင် (၄၇ ဒသမ ၈၆) ရာခိုင်နှုန်း၊ ချမ်းမြ သာစည်မြို့နယ်တွင် (၂၄ ဒသမ ၅၇) ရာခိုင်နှုန်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၂၁ ဒသမ ၈၂) ရာခိုင်နှုန်းနှင့် အမရပူရမြို့နယ်တွင် (၉၃ ဒသမ ၇၅) ရာခိုင်နှုန်း အသီးသီးဖြိုဖျက်ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် မန်းစည်ပင်အနေဖြင့် စည်ပင်သာယာနယ်နိမိတ်အတွင်း အဆောက်အအုံ (၄၄) ရာခိုင်နှုန်းကျော် ဖြိုဖျက် ပြီးစီးပြီးဖြစ်ကြောင်း သိရကာ လက်ရှိတွင် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ဖြိုဖျက်ပေးနေကြောင်း သိရသည်။
“စောင်းနေတဲ့အဆောက်အအုံတွေကို စက်တွေနဲ့ လုပ်မှရတော့မှာဖြစ်တဲ့အတွက် မြို့နယ်အလိုက် ဂဏန်းတွေ တပ်ပြီးတော့ ဘယ်သူဦးစားပေး၊ ဘယ်သူဦးစားပေး ဆိုပြီးသတ်မှတ်ပြီးတော့ အဖွဲ့တွေ ခွဲပြီး လိုက်လုပ်ပေးနေ တယ်” ဟု အထက်ပါနီးစပ်သူက ဆိုသည်။
ထိုသို့လုပ်ဆောင်ရာတွင် အဆောက်အအုံများဖြိုချနိုင်ရေးအတွက် စက်ယန္တရား မလောက်ငမှုများလည်း ရှိနေကြောင်းလည်း သိရသည်။ “စက်ယန္တရားက (Long Arm) ပေါ့နော်။ နည်းနည်းမြင့်တဲ့ဟာ ဆိုရင် (Long Arm) လက်တံရှည်တဲ့ယန္တရားက တစ်မြို့လုံးမှာသုံးစီးပဲရှိတယ်။ အဲဒါ အခက်အခဲရှိတယ်။ ဆီတွေဘာတွေက ပြဿနာ မရှိဘူး။ ပြည်သူတွေ ပူးပေါင်းပါဝင်တာတွေရှိတယ်။ နိုင်ငံတော်အစိုးရကရော တိုင်းဒေသကြီးအစိုးရကရော ထောက်ပံ့ထားတဲ့ ဟာတွေလည်းရှိတယ်။ အဓိကကတော့ လက်တံရှည်တဲ့ကား(Long Arm) က တစ်မြို့လုံးမှာ (၃) စီးပဲရှိတယ် အဲဒါအခက်အခဲရှိတယ်။ အဓိကကတော့ လေးထပ်ကျော်သွားရင် လက်တံရှည်တဲ့စက်မှ အဆင်ပြေ တယ်။ ဒါပေမဲ့ သုံးစီး ပဲရှိတော့ အဲဒါနဲ့ပဲလှည့်ပြီးတော့ လုပ်နေရတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မိုးဦးကာလဖြစ်သည့်အပြင် နောက်ဆက်တွဲငလျင်ငယ်များလည်း ဆက်လက်လှုပ်ခတ်နေဆဲဖြစ်သည့် အတွက် မန္တလေးမြို့တွင် ငလျင်ဒဏ်သင့်အဆောက်အအုံအချို့လည်း ပြိုကျမှုများဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် မန္တလေး(၆)မြို့နယ်အတွင်း ဆောက်လုပ်ဆဲအဆောက်အအုံများ၏ ပင်မတိုင်များ ပျက်စီးမှု ရှိ/မရှိ ပြန်လည်စစ်ဆေးရန် လိုအပ်သောကြောင့် ခေတ္တရပ်နားထားကြရန် မန်းစည်ပင်က အသိပေးထားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားဝင် ဖွဲ့စည်းထားသော စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မန္းစည္ပင္နယ္နိမိတ္အတြင္းရွိ ငလ်င္ဒဏ္သင့္ အေဆာက္အအုံၿဖိဳဖ်က္မႈ (၄၄) ရာခိုင္ႏႈန္းေက်ာ္ၿပီးစီး
သက္ပိုင္ (NP News) - ဇြန္ ၁

မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ (MCDC) နယ္နိမိတ္အတြင္းရွိ ငလ်င္ဒဏ္ေၾကာင့္ ၿဖိဳဖ်က္ရမည့္ အေဆာက္အအုံ (၄၄) ရာခိုင္ႏႈန္းခန႔္ကို ၿဖိဳဖ်က္ၿပီးစီးၿပီျဖစ္ေၾကာင္း MCDC ႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။
စည္ပင္သာယာေရး ဧရိယာမ်ားျဖစ္သည့္ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ (၄၃ ဒသမ ၅၄) ရာခိုင္ႏႈန္း၊ ခ်မ္းေအးသာ စံၿမိဳ႕နယ္တြင္ (၃၆ ဒသမ ၅၈) ရာခိုင္ႏႈန္း၊ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ (၄၇ ဒသမ ၈၆) ရာခိုင္ႏႈန္း၊ ခ်မ္းျမ သာစည္ၿမိဳ႕နယ္တြင္ (၂၄ ဒသမ ၅၇) ရာခိုင္ႏႈန္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ (၂၁ ဒသမ ၈၂) ရာခိုင္ႏႈန္းႏွင့္ အမရပူရၿမိဳ႕နယ္တြင္ (၉၃ ဒသမ ၇၅) ရာခိုင္ႏႈန္း အသီးသီးၿဖိဳဖ်က္ၿပီးစီးေနၿပီျဖစ္ေၾကာင္း ၎က ဆိုသည္။
ထို႔ေၾကာင့္ မန္းစည္ပင္အေနျဖင့္ စည္ပင္သာယာနယ္နိမိတ္အတြင္း အေဆာက္အအုံ (၄၄) ရာခိုင္ႏႈန္းေက်ာ္ ၿဖိဳဖ်က္ ၿပီးစီးၿပီးျဖစ္ေၾကာင္း သိရကာ လက္ရွိတြင္ သတ္မွတ္ခ်က္မ်ားအတိုင္း ေဆာင္႐ြက္ၿဖိဳဖ်က္ေပးေနေၾကာင္း သိရသည္။
“ေစာင္းေနတဲ့အေဆာက္အအုံေတြကို စက္ေတြနဲ႔ လုပ္မွရေတာ့မွာျဖစ္တဲ့အတြက္ ၿမိဳ႕နယ္အလိုက္ ဂဏန္းေတြ တပ္ၿပီးေတာ့ ဘယ္သူဦးစားေပး၊ ဘယ္သူဦးစားေပး ဆိုၿပီးသတ္မွတ္ၿပီးေတာ့ အဖြဲ႕ေတြ ခြဲၿပီး လိုက္လုပ္ေပးေန တယ္” ဟု အထက္ပါနီးစပ္သူက ဆိုသည္။
ထိုသို႔လုပ္ေဆာင္ရာတြင္ အေဆာက္အအုံမ်ားၿဖိဳခ်ႏိုင္ေရးအတြက္ စက္ယႏၲရား မေလာက္ငမႈမ်ားလည္း ရွိေနေၾကာင္းလည္း သိရသည္။ “စက္ယႏၲရားက (Long Arm) ေပါ့ေနာ္။ နည္းနည္းျမင့္တဲ့ဟာ ဆိုရင္ (Long Arm) လက္တံရွည္တဲ့ယႏၲရားက တစ္ၿမိဳ႕လုံးမွာသုံးစီးပဲရွိတယ္။ အဲဒါ အခက္အခဲရွိတယ္။ ဆီေတြဘာေတြက ျပႆနာ မရွိဘူး။ ျပည္သူေတြ ပူးေပါင္းပါဝင္တာေတြရွိတယ္။ ႏိုင္ငံေတာ္အစိုးရကေရာ တိုင္းေဒသႀကီးအစိုးရကေရာ ေထာက္ပံ့ထားတဲ့ ဟာေတြလည္းရွိတယ္။ အဓိကကေတာ့ လက္တံရွည္တဲ့ကား(Long Arm) က တစ္ၿမိဳ႕လုံးမွာ (၃) စီးပဲရွိတယ္ အဲဒါအခက္အခဲရွိတယ္။ အဓိကကေတာ့ ေလးထပ္ေက်ာ္သြားရင္ လက္တံရွည္တဲ့စက္မွ အဆင္ေျပ တယ္။ ဒါေပမဲ့ သုံးစီး ပဲရွိေတာ့ အဲဒါနဲ႔ပဲလွည့္ၿပီးေတာ့ လုပ္ေနရတယ္” ဟု ၎က ဆိုသည္။
လက္ရွိတြင္ မိုးဦးကာလျဖစ္သည့္အျပင္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ားလည္း ဆက္လက္လႈပ္ခတ္ေနဆဲျဖစ္သည့္ အတြက္ မႏၲေလးၿမိဳ႕တြင္ ငလ်င္ဒဏ္သင့္အေဆာက္အအုံအခ်ိဳ႕လည္း ၿပိဳက်မႈမ်ားျဖစ္ပြားလ်က္ရွိေနေၾကာင္း သိရသည္။
အင္အားျပင္း ငလ်င္လႈပ္ခတ္ခဲ့ျခင္းေၾကာင့္ မႏၲေလး(၆)ၿမိဳ႕နယ္အတြင္း ေဆာက္လုပ္ဆဲအေဆာက္အအုံမ်ား၏ ပင္မတိုင္မ်ား ပ်က္စီးမႈ ရွိ/မရွိ ျပန္လည္စစ္ေဆးရန္ လိုအပ္ေသာေၾကာင့္ ေခတၱရပ္နားထားၾကရန္ မန္းစည္ပင္က အသိေပးထားၿပီး မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ တရားဝင္ ဖြဲ႕စည္းထားေသာ စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.