မကြာခင်အချိန်အတွင်း အဖွဲ့လိုက်လှုပ်ရှားမှုများနှင့် ဖျော်ဖြေမှုများကို ပြန်လည်စတင်တော့မည့် BTS

212

Pika (NP News) - ဇွန် ၁
တောင်ကိုရီးယားနာမည်ကျော် အမျိုးသား အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်(၇)ဦးစလုံးသည် လာမည့်လတွင် ၎င်းတို့၏ စစ်မှုထမ်းတာဝန်ကို ပြီးဆုံးကြမည်ဖြစ်ပြီး အဖွဲ့ဝင်အားလုံးပြန်လည်ပေါင်းစည်းမှုကို မြင်တွေ့ရတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြန်လည်ပေါင်းစည်းမှုနှင့်ပတ်သက်ပြီး K-pop နယ်ပယ်တွင်သာမက ကမ္ဘာလုံး ဆိုင်ရာ ဂီတဈေးကွက်တစ်လျှောက်တွင် ကျယ်ပြန့်သော မျှော်လင့်ချက်များကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။
BTS အဖွဲ့၏ ပူးပေါင်းဖျော်ဖြေမှုများပြန်လည်စတင်မည့်အချိန်နှင့် မည်သည့်ပုံစံမျိုးဖြင့် အကောင်းဆုံးပြန်လာ မည်ဆိုသည်ကို ၎င်းတို့၏ ပရိသတ်များက မျှော်လင့်စောင့်စားလျက်ရှိကြောင်းလည်း သိရသည်။ ဂျင်နှင့် J-Hope တို့သည် ပြီးခဲ့သည့်နှစ်တွင် ၎င်းတို့၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးသွားခဲ့ကြပြီဖြစ်ပြီး RM နှင့် V က လာမည့် ဇွန်လ (၁၀)ရက်တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဂျောင်ကွတ်နှင့်ဂျီမင်းတို့သည် လာမည့်ဇွန်လ(၁၁)ရက်တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးမည်ဖြစ်ပြီး ဇွန်လ(၂၁) ရက်တွင် Suga က ၎င်း၏ စစ်မှုထမ်းတာဝန်ကို ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေစဉ်အချိန်အတွင်း BTS အဖွဲ့ဝင်အားလုံးသည် ကြိုတင်ရိုက်ကူးထားသော တစ်ကိုယ်တော်ထုတ်ဝေမှု များမှတစ်ဆင့် ပရိသတ်များနှင့်ချိတ်ဆက်များကို ဆက်လက်လုပ်ဆောင်ခဲ့ကြကြောင်းလည်းသိရသည်။ ထို့ပြင် BTS အဖွဲ့ဝင်အားလုံး စစ်မှုထမ်းတာဝန်ကို ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် အဖွဲ့လိုက်လှုပ်ရှားမှုများနှင့် ဖျော်ဖြေမှုများကို ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏အေဂျင်စီ HYBE က အကြိမ်ကြိမ်ထုတ်ပြန် ပြောကြားခဲ့သည်။

မၾကာခင္အခ်ိန္အတြင္း အဖြဲ႕လိုက္လႈပ္ရွားမႈမ်ားႏွင့္ ေဖ်ာ္ေျဖမႈမ်ားကို ျပန္လည္စတင္ေတာ့မည့္ BTS
Pika (NP News) - ဇြန္ ၁
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသား အဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္(၇)ဦးစလုံးသည္ လာမည့္လတြင္ ၎တို႔၏ စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးၾကမည္ျဖစ္ၿပီး အဖြဲ႕ဝင္အားလုံးျပန္လည္ေပါင္းစည္းမႈကို ျမင္ေတြ႕ရေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။ အဆိုပါျပန္လည္ေပါင္းစည္းမႈႏွင့္ပတ္သက္ၿပီး K-pop နယ္ပယ္တြင္သာမက ကမာၻလုံး ဆိုင္ရာ ဂီတေဈးကြက္တစ္ေလွ်ာက္တြင္ က်ယ္ျပန႔္ေသာ ေမွ်ာ္လင့္ခ်က္မ်ားကို ျဖစ္ေပၚေစခဲ့ေၾကာင္းလည္း သိရသည္။
BTS အဖြဲ႕၏ ပူးေပါင္းေဖ်ာ္ေျဖမႈမ်ားျပန္လည္စတင္မည့္အခ်ိန္ႏွင့္ မည္သည့္ပုံစံမ်ိဳးျဖင့္ အေကာင္းဆုံးျပန္လာ မည္ဆိုသည္ကို ၎တို႔၏ ပရိသတ္မ်ားက ေမွ်ာ္လင့္ေစာင့္စားလ်က္ရွိေၾကာင္းလည္း သိရသည္။ ဂ်င္ႏွင့္ J-Hope တို႔သည္ ၿပီးခဲ့သည့္ႏွစ္တြင္ ၎တို႔၏စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးသြားခဲ့ၾကၿပီျဖစ္ၿပီး RM ႏွင့္ V က လာမည့္ ဇြန္လ (၁၀)ရက္တြင္ စစ္မႈထမ္းတာဝန္ၿပီးဆုံးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေဂ်ာင္ကြတ္ႏွင့္ဂ်ီမင္းတို႔သည္ လာမည့္ဇြန္လ(၁၁)ရက္တြင္ စစ္မႈထမ္းတာဝန္ၿပီးဆုံးမည္ျဖစ္ၿပီး ဇြန္လ(၂၁) ရက္တြင္ Suga က ၎၏ စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးမည္ျဖစ္ေၾကာင္း သိရသည္။ စစ္မႈထမ္းတာဝန္ကို ထမ္းေဆာင္ေနစဥ္အခ်ိန္အတြင္း BTS အဖြဲ႕ဝင္အားလုံးသည္ ႀကိဳတင္႐ိုက္ကူးထားေသာ တစ္ကိုယ္ေတာ္ထုတ္ေဝမႈ မ်ားမွတစ္ဆင့္ ပရိသတ္မ်ားႏွင့္ခ်ိတ္ဆက္မ်ားကို ဆက္လက္လုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္းသိရသည္။ ထို႔ျပင္ BTS အဖြဲ႕ဝင္အားလုံး စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးသည္ႏွင့္ တစ္ၿပိဳင္နက္ အဖြဲ႕လိုက္လႈပ္ရွားမႈမ်ားႏွင့္ ေဖ်ာ္ေျဖမႈမ်ားကို ျပန္လည္စတင္သြားမည္ျဖစ္ေၾကာင္း ၎တို႔၏ေအဂ်င္စီ HYBE က အႀကိမ္ႀကိမ္ထုတ္ျပန္ ေျပာၾကားခဲ့သည္။