တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

 268

ပြည့်ဖြိုး(NP News)
မြန်မာနိုင်ငံသည် မိုးဦးကျကာလသို့ဝင် ရောက်လာပြီဖြစ်ရာ စီးပွားရေးဈေးကွက်အတွင်း အပြောင်းအလဲ အချို့မြင်တွေ့ရသော်လည်း အများစုမှာ အရောင်းအဝယ်အေးနေကြောင်းသိရသည်။ အထွေထွေကုန်ဈေးနှုန်း မြင့် တက်မှုရှိနေသော်လည်း ကုန်စိမ်းနှင့် ရာသီပေါ်သီးနှံများဈေးကျခြင်း၊ ‌‌‌‌နွေစပါးသစ် များဝင်ရောက်မှုကြောင့် ဆန်ဈေးကျ ခြင်းများဖြစ် ပေါ်နေကြောင်းသိရသည်။ ပြည်တွင်း ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးကွက်ပေါက်ဈေးအပေါ်မူ တည်ကာ ဈေးနှုန်းများမြင့်တက်လာကြောင်းသိရသည်။ အရောင်းအဝယ်အေးသော်လည်း ရွှေဈေးမြင့် တက်မှုမှာ ပြည် တွင်းဒေါ်လာဈေးမြင့်တက်ခြင်းကြောင့်လည်း သက်ရောက်မှုများရှိနေကြောင်းသိရသည်။ ပြည်တွင်းရွှေဈေးမှာ ပြင်ပ ရွှေပေါက်ဈေး အပေါ်မူတည်ကာ မှောင်ခိုစနစ်ဖြင့် အရောင်းအဝယ် အများဆုံးပြုလုပ်ကြကြောင်းသိရသည်။ ပြည်ပမှ တင်သွင်းသော စက်သုံးဆီဈေးများအတက် ဘက်သို့ဦးတည်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထို့အတူ ပြည်ပမှတင်သွင်းသောစားအုန်းဆီဈေးသည်လည်း ရည်òန်းဈေး တစ်ပိဿာလျှင် (၆၃၉၀)ကျပ် ဖြင့်သတ်မှတ်ထားရာ လွန်ခဲ့သော မတ်လနှင့်ဧပြီလတို့နှင့်နှိုင်းယှဉ်ပါက ငါးရာကျပ်ကျော်အထိ ကျဆင်းလာခြင်းဖြစ်သည်။ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်အတွင်း အိမ်ငှားဈေးကွက်မှဆက်လက်ဦး ဆောင်နေဆဲဖြစ်ရာ ဝါမဝင်ခင်အထိ အိမ်ငှားလုပ်ငန်းများ ဈေးကွက် ကောင်းမွန်နေမည်ဖြစ်သည်။ အိမ်အငှားဈေးကွက်အတွင်း တန်ဖိုးမြင့်အိမ်ရာ ကွန် ဒိုတိုက်ခန်းများမှာ ဈေးမြင့်တက်နေ သော်လည်း ငှားရမ်းသူနည်းပါးကြောင်း အိမ်ငှားဈေးကွက်အတွင်းမှ သိရသည်။ နိုင်ငံတကာကုန်သွယ်မှုအနေဖြင့် ပြည်ပသို့ ပို့ကုန်/သွင်းကုန်လုပ်ငန်းများဆောင်ရွက် ရာတွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ သန်းနှစ်ထောင် ကျော် ရရှိထား ကြောင်း မေလ (၂၃) ရက်က ကျင်းပခဲ့သည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်ရေး ဗဟို ကော်မတီ(၂/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကုန်သွယ်ရေး ပမာဏပိုငွေကိုသာ သတင်းထုတ်ပြန်ထားသော်လည်း တစ်နှစ်အတွင်းကုန်သွယ်ရေးမည်မျှ ဆောင်ရွက်ထားသည်ကိုထုတ်ပြန်နိုင်ခြင်းမရှိပေ။ ရရှိထားသော ကုန်သွယ်ရေးပိုငွေသည် ရင်းနှီးမြှုပ်နှံမှုများရပ်တန့် ခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းသုံးသပ်ချက် များရှိနေသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့် တက်နေသော အိမ်သုံးဆေးဝါးများမှာ အပြောင်းအလဲ မရှိ ဆက်တိုက်ဈေးမြင့်တက်နေသည်။ ထို့ကြောင့် မိုးဥတုကာလအစောပိုင်း ဖြစ်ပွားလေ့ရှိသော ရာသီ တုပ်ကွေးများ လူထု အကြားဖြစ်ပွားမှုမြင့်တက်နေရာ ဆေးဝါးအခက်အခဲ ဖြစ်ပေါ်နေကြောင်းသိရသည်။ ထို့ပြင် ကိုဗစ်ရောဂါကူးစက်မှု အသစ်များ ပြန်လည်တွေ့ရှိနေရခြင်းကြောင့် လိုအပ်သောဆေးဝါးများမှာ ဈေးနှုန်းမြင့်တက်ခြင်း ကြောင့်အခက်အခဲ များရှိနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်များကြား ဝေဖန်မှုများ ထွက်ပေါ်နေသည်။ နောက်ဆုံးအနေဖြင့် ကျောင်းဖွင့်ရာသီရောက်လာသော်လည်း ကားဈေးကွက်မှာ အပြောင်းအလဲနည်းပါးစွာ ကိန်းသေစနစ်ဖြင့် အ‌ရောင်း အဝယ်ပြုလုပ်နေရပြီး ဈေးကွက်အေးနေကြောင်း သိရသည်။ ကားဈေးကွက်အတွင်း စက်သုံး ဆီသုံး SKD ကားများမှာ အရောင်းအဝယ် အကောင်းဆုံးဖြင့်ဦးဆောင်နေပြီး EV ကားမှာအရောင်းအဝယ်အေးကြောင်းနှင့် ဂျပန်တစ်ပတ်ရစ် ကားများမှာ ပုံမှန်အောက်နည်းပါးစွာအ‌ရောင်းအ ဝယ်ဖြစ်နေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များထံမှသိရသည်။

ရွှေဈေးကွက်အတွင်း ကမ္ဘာ့ရွှေဈေးနှင့်အပြိုင်
ပြည်တွင်းဈေးမြင့်တက်
ကမ္ဘာ့ရွှေဈေးကွက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ(၃၃၄၀)အထိ ဈေးနှုန်း များမြင့်တက်နေရာ ပြည်တွင်းရွှေဈေးမှာလည်း အထိုက်အလျောက် မြင့်တက်လာခြင်းဖြစ်သည်။ လတ်တလောတွင် ပြည်တွင်းဈေးကွက် တွင် ပြင်ပရွှေဈေးတစ်ကျပ်သားလျှင် (၇၆)သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေပြီး လာမည့်ရက်ပိုင်းအတွင်း အတက် အကျ မြင့်မားနိုင်ကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးမှာ နိုင်ငံတကာ စီးပွားရေး၊ စစ်ရေး တို့နှင့် ကုန်သွယ်ရေး တင်းမာမှု များကြောင့် အပြောင်းအလဲဖြစ်ပေါ်နေခြင်းဖြစ်သည်။ မေလ (၂၁)ရက်တွင် ကမ္ဘာ့ရွှေပေါက်ဈေးသည် တစ်အောင်စလျှင် (၃၂၃၄)ဒေါ်လာမှ မေလ(၂၅)ရက်တွင်(၃၃၅၇) ဒေါ် လာနှင့် မေလ(၂၇)ရက်တွင် (၃၃၄၀)‌ဒေါ်လာ သို့အတက်အကျ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ကမ္ဘာ့ရွှေဈေးသည် ခုနှစ်ရက်ကြာ သီတင်း တစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ (၁၂၀) ဝန်းကျင် အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ အပြောင်းအလဲမြန်ဆန်နေသော ကမ္ဘာ့ရွှေဈေးကြောင့် ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ် ကျပ်သားလျှင် (၇၄)သိန်းရှစ်သောင်းဝန်းကျင်မှ (၇၆)သိန်း ခြောက် သောင်းဝန်းကျင်အထိ ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဈေးကွက်အတွင်းရွှေဈေးအတက်အကျ ပြောင်းလဲမှုမြန်ဆန်နေရာ ရွှေရောင်းဈေးဝယ်ဈေး ကွာခြားချက်လည်း မြင့်မား နေကြောင်းသိရသည်။ ယခင်က ရွှေတစ် ကျပ်သားလျှင် ‌ရောင်းဈေးနှင့်ဝယ်ဈေးအကြား ကွာခြားချက်မှာ လေးသောင်းကျပ်ဝန်းကျင်သာရှိခဲ့သော်လည်း လတ်တ လောတွင် ခြောက်သောင်းမှရှစ်သောင်းဝန်းကျင်အထိ ကွာခြားချက်မြင့်တက်လာပြီး အချို့ရွှေ ဆိုင်များတွင် ကျပ်တစ် သိန်းကျော်အထိ ဈေးခွာပြီး အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရသည်။ ရွှေဈေးအတက်တကျ မြန်ဆန်နေသော ကြောင့်လက် ရှိအချိန်တွင် ရောင်းမှားဝယ်မှားမဖြစ်စေရန် သတိထားသင့်ကြောင်း ဝါရင့်ရွှေကုန်သည်များက ပြောကြား သည်။
နိုင်ငံခြားငွေလဲဈေးကွက် အပြောင်းအလဲမရှိ ငြိမ်သက်
ပြည်တွင်းငွေလဲဈေးကွက်အတွင်း ပို့ကုန်/သွင်းကုန်မူဝါဒများ တင်းကြပ်ထားသဖြင့် ‌ဒေါ်လာလိုအပ်ချက် နည်းပါးပြီး ဈေးနှုန်းတည်ငြိမ်နေ ကြောင်းသိရသည်။ ထို့ပြင်သွင်းကုန်လုပ်ငန်းများအတွင်း စက်သုံးဆီတင်သွင်းသူများ နှင့် စားအုန်းဆီ တင်သွင်းသူများအတွက် နိုင်ငံခြားငွေများဆက်တိုက် ရောင်းချပေးနေရာ ဒေါ်လာလိုအပ်ချက် နည်းပါး သွားကြောင်းသိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ နိုင်ငံခြားငွေကြေးများ ထုတ်ရောင်းလျက်ရှိရာ မေလ (၂၀)ရက်တွင် ငွေလဲ နှုန်း (၃၆၀၆)ကျပ်ဖြင့် အမေရိကန်ဒေါ်လာ (၅ ဒဿမ ၇) သန်း နီးပါးကို ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် ငွေလဲနှုန်း( ၁၃၁ ဒသမ ၇၈)ကျပ်ဖြင့် ထိုင်းဘတ်ငွေ(၁ ဒသမ ၈၉၆)သန်း ရောင်းချပေးခဲ့သည်။ အလားတူ မေ (၂၁) ရက်တွင် ဗဟိုဘဏ်မှ ငွေလဲနှုန်း (၃၆၀၆)ကျပ်ဖြင့် အမေရိကန် ဒေါ်လာ တစ်သိန်းနှစ်သောင်းဝန်းကျင်ကို ထပ်မံ ရောင်းချပေးခဲ့သည်။ ထို့ပြင် ငွေလဲနှုန်း (၁၃၁ ဒသမ ၇၈) ကျပ်ဖြင့် ထိုင်းဘတ် (၂ ဒသမ ဝ၈၉)သန်းကို လည်းရောင်းချပေးခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး မေ (၂၂) ရက်တွင် ငွေလဲနှုန်း (၁၃၁ ဒသမ ၇၈)ကျပ်ဖြင့် ထိုင်းဘတ် (၅ ဒသမ ၇၅၉) သန်း ရောင်းချပေးခဲ့ သည့်အပြင် မေ (၂၃) ရက်တွင် ငွေလဲနှုန်း(၅၄၆ ဒသမ ၆)ကျပ်ဖြင့် တရုတ်ယွမ် ကိုးသိန်းကိုးသောင်း ကျော်ကိုရောင်းချပေးခဲ့ပြီး အဆိုပါ မေလ (၂၃)ရက်‌ အတွင်း ငွေလဲနှုန်း (၁၃၂)ကျပ်ဖြင့် ထိုင်းဘတ် (၂ ဒသမ ဝ၈၄) သန်းကို ထပ်မံရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ လက်ရှိ ပြင်ပ ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာမှာ (၄၄၄၀)ကျပ်၊ စင်ကာပူဒေါ် လာမှာ (၃၄၂၀)ကျပ် ဝန်းကျင်၊ ထိုင်းဘတ်မှာ(၁၃၆)ကျပ် ဝန်းကျင်ဖြင့် ဈေးတက်လာကြောင်းသိရသည်။ တရုတ်ယွမ်ငွေမှာ (၆၁၄)ကျပ် ဝန်းကျင်ဖြင့် ဈေးကျနေပြီး အိန္ဒိယရူပီးမှာ (၉၅၁)ကျပ်ဝန်းကျင်ဖြင့် ယခင်တစ်ပတ် ဈေးနှုန်း အတိုင်းရှိနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။
ရာသီတုပ်ကွေးနှင့် ဈေးနှုန်းမြင့်တက်နေသော
အိမ်သုံးဈေးဝါးများ
မိုးဦးကျကာလသို့ရောက်ရှိလာပြီဖြစ်ရာ ရာသီအလိုက်ဖြစ်ပေါ်ကူးစက်တတ်သော တုပ်ကွေး ရောဂါများလည်း ဖြစ်ပွားမှုများပြားနေကြောင်း လူထုအတွင်းမှသိရသည်။ အိမ်သုံးဆေးဝါးများ တင်သွင်း ဖြန့်ချိနေသောကုမ္ပဏီများက ဈေးကွက်လိုအပ် ချက်အလိုက်သာ တင်သွင်းနေကြောင်းသိရသည်။ အခြေခံအိမ်သုံးဆေးဝါးများမှာ ယခင်နှစ်ကထက် (၂၀) ရာခိုင်နှုန်းခန့်ဈေးမြင့်တက်လာပြီး အချို့သော ဆေးဝါးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု များရှိကြောင်း သိရသည်။ အိမ်သုံးဆေးဝါး များဖြစ်သော ပါရာစီတမော့မှစ၍ နာတာရှည်ရော ဂါကုဆေးဝါးများအထိ ဈေးနှုန်းမြင့် တက်နေဆဲဖြစ်ကြောင်း သိရသည်။ ရာသီတုပ်ကွေးအပြင် ကိုဗစ်ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေရာ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့် ကူးစက် ရောဂါအပေါ် အထူးသတိထားသင့်သော ကာလဖြစ် သည်။ ပြည်တွင်း၌သုံးစွဲ နေသောဆေးဝါးအများစုမှာ ပြည်ပမှ (၉၀) ရာခိုင်နှုန်းတင်သွင်းရပြီး ပြည်တွင်းမှ ထုတ်လုပ်သောဆေးဝါးမှာ ဈေးကွက်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်းမရှိပေ။ ပြည်ပငွေ ဒေါ်လာလိုအပ်ချက်မဖြစ်ပေါ်စေရန် ဆေးဝါး တင်သွင်းမှုကိုသက်ဆိုင်ရာက အထူးကုန်စည်အဖြစ်သတ် မှတ်ထားသော်လည်း အခြေခံလူတန်းစားများအတွက် ဆေးဝါးဈေးနှုန်းမှာ အမြင့်ပိုင်းတွင်သာရပ်တည်နေသည်။ ပြည်တွင်းအိမ်သုံးဆေးဝါးနှင့် နာတာရှည် ဆေးဝါးအများစုမှာ ကုမ္ပဏီမှတိုက်ရိုက်ရောင်းချ သောဈေးတွင် ဈေးနှုန်းသက်သာသော်လည်း လူနေရပ်ကွက်အတွင်းရှိဆေးဆိုင်များတွင် ဈေးနှုန်းမြင့် မားနေဆဲဖြစ်သည်။ ဈေးကွက်လိုအပ်ချက်အလိုက်စစ်ဆေးပြီးတင်သွင့်ခွင့်များ ချမှတ်ထားခြင်းကြောင့်‌ အချို့သောဆေးဝါးများမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်လာပြီး ဈေးနှုန်းမြင့်တက် နေခြင်းဖြစ်သည်။ သက်ဆိုင်ရာအနေဖြင့် အောက်ခြေ လက်လီဆေးဆိုင်များအထိ ဆေးဝါးဈေးနှုန်းမြင့် တက်နေမှုအပေါ် စစ်ဆေး အရေးယူမှုများပြုလုပ်မှသာ မြင့်တက်နေသောဆေးဝါးဈေးနှုန်းများပြန်လည် တည်ငြိမ်လာမည် ဖြစ်သည်။ လာမည့် ရက်ပိုင်းအထိ မိုးရာသီကာလအကြို ရာသီတုပ်ကွေးများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ရာ အိမ်သုံးဆေးဝါး‌ ဈေးမြင့် တက်မှုကြောင့် အခြေခံပြည်သူလူထုအကြား အခက် အခဲများ ဆက်လက်ကြုံတွေ့နေရဦးမည်ဖြစ်သည်။
ကိန်းသေစနစ်ဖြင့် အရောင်းအဝယ် အေးနေသော
ကားဈေးကွက်
မကြာမီကာလအတွင်း အခြေခံပညာသင် ကျောင်းများ ကျောင်းဖွင့်ရာသီရောက်ရှိလာမည်ဖြစ်သော်လည်း ယခင်နှစ်ကာလများကဲ့သို့ ကားဈေးကွက် အရောင်းအဝယ် သွက်လက်မှုမရှိဘဲ အရောင်းအဝယ် အေးနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ရန်ကုန်မြို့၏ ကျောင်းဖွင့်ကာလ စာသင်နှစ်စတင်ချိန်တွင် ယခင်က ကားအဟောင်း ကိုရောင်းချ၍ ကားအသစ် ဝယ်ကာ ကလေးများကျောင်း အပို့အကြို ပြုလုပ်လေ့ရှိကြသည်။ လက်ရှိစာသင်နှစ် စတင်ချိန် တွင်မူ အထွေထွေစီးပွားရေးအကျပ်အတည်းနှင့် မြင့်တက်နေသော ကားဈေးနှုန်းများကြောင့် ကားဝယ်ယူသူကျ ဆင်းသွားခြင်းဖြစ်သည်။ ဈေးကွက်အတွင်းရှိကား အများစုမှာ ဂျပန်တစ်ပတ်ရစ်ကားဟောင်းများဖြစ် ကြပြီး တင်သွင်း ထားသည့်သက်တမ်းနှင့် ထုတ်လုပ် သက်တမ်းများမှာ နှစ်အတော်ကြာနေပြီဖြစ်သည်။ ထိုဂျပန်ကားအဟောင်းများကို ဈေးကွက်လိုအပ်ချက်အရ ဈေးတင်ရောင်းနေကြရာ ကားအသစ်ဈေးနီးပါး မျှဈေးနှုန်းများမြင့်တက်နေသည်။ တစ်ဖန် ကားတင်သွင်းခွင့်မူဝါဒအရကားသစ်များနှင့် EV ကားများကိုသာ တင်သွင်းခွင့်ပြုထားခြင်းကြောင့် သာမန်လူ လတ်တန်း စားငွေကြေးတတ်နိုင်သူများပင် ကားဝယ်စီးနိုင်ခြင်းမရှိပေ။ EV ကားများသည် ကားအသစ်ဖြစ်ခြင်းနှင့် ဈေးနှုန်းသက် သာခြင်းစသည့် အားသာချက် များရှိနေသော်လည်း လျှပ်စစ်မီးပျက်ချိန်ကြာမြင့်မှု၊ အားသွင်းရန် လျှပ်စစ်ကားအားသွင်း ရုံများနည်းပါးမှုနှင့် မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေအရ ကိုက်ညီမှုမရှိခြင်းများဖြစ်ပေါ်နေသည်။ ထို့ကြောင့် EV ကားများအစား လောင်စာဆီသုံးကားများက ဈေးကွက်အတွင်း ဆက်လက်ဦးဆောင်နေဆဲဖြစ်သည်။ လောင်စာဆီသုံး ကားများအတွင်း SKD စနစ်ဖြင့် တင်သွင်းလာသောကားများမှာ ဈေးကောင်းရသည့် အပြင် အရောင်းအဝယ်လည်း ကောင်းမွန်ကြောင်း သိရသည်။ ယင်းကားများနောက်မှ EV ကားဈေး ကွက်အရောင်းအဝယ်ရှိပြီး နောက်ဆုံးမှ ဂျပန်တစ် ပတ်ရစ်ကားများအရောင်းအဝယ်ရှိကြောင်းသိရသည်။ ဂျပန်တစ်ပတ်ရစ်ကားဈေးကွက်အတွင်း အငှားယာဉ် TAXI ဈေး ကွက်မှာ အရောင်းအဝယ်အကောင်းဆုံးဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင်အစိုးရတစ်ခုပြောင်းလဲတိုင်း ကားမူ ဝါဒမတည် ငြိမ်ခြင်းအမြဲဖြစ်ပွားလေ့ရှိရာ လတ်တလောကားမူဝါဒအရ ကားဈေးများ မြင့်တက်နေဦးမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး(NSS)
ျမန္မာႏိုင္ငံသည္ မိုးဦးက်ကာလသို႔ဝင္ ေရာက္လာၿပီျဖစ္ရာ စီးပြားေရးေဈးကြက္အတြင္း အေျပာင္းအလဲ အခ်ိဳ႕ျမင္ေတြ႕ရေသာ္လည္း အမ်ားစုမွာ အေရာင္းအဝယ္ေအးေနေၾကာင္းသိရသည္။ အေထြေထြကုန္ေဈးႏႈန္း ျမင့္ တက္မႈရွိေနေသာ္လည္း ကုန္စိမ္းႏွင့္ ရာသီေပၚသီးႏွံမ်ားေဈးက်ျခင္း၊ ‌‌‌‌ေႏြစပါးသစ္ မ်ားဝင္ေရာက္မႈေၾကာင့္ ဆန္ေဈးက် ျခင္းမ်ားျဖစ္ ေပၚေနေၾကာင္းသိရသည္။ ျပည္တြင္း ေ႐ႊေဈးကြက္အတြင္း ကမာၻ႔ေ႐ႊေဈးကြက္ေပါက္ေဈးအေပၚမူ တည္ကာ ေဈးႏႈန္းမ်ားျမင့္တက္လာေၾကာင္းသိရသည္။ အေရာင္းအဝယ္ေအးေသာ္လည္း ေ႐ႊေဈးျမင့္ တက္မႈမွာ ျပည္ တြင္းေဒၚလာေဈးျမင့္တက္ျခင္းေၾကာင့္လည္း သက္ေရာက္မႈမ်ားရွိေနေၾကာင္းသိရသည္။ ျပည္တြင္းေ႐ႊေဈးမွာ ျပင္ပ ေ႐ႊေပါက္ေဈး အေပၚမူတည္ကာ ေမွာင္ခိုစနစ္ျဖင့္ အေရာင္းအဝယ္ အမ်ားဆုံးျပဳလုပ္ၾကေၾကာင္းသိရသည္။ ျပည္ပမွ တင္သြင္းေသာ စက္သုံးဆီေဈးမ်ားအတက္ ဘက္သို႔ဦးတည္လာေၾကာင္း ေဈးကြက္အတြင္းမွ သိရသည္။ ထို႔အတူ ျပည္ပမွတင္သြင္းေသာစားအုန္းဆီေဈးသည္လည္း ရည္òန္းေဈး တစ္ပိႆာလွ်င္ (၆၃၉၀)က်ပ္ ျဖင့္သတ္မွတ္ထားရာ လြန္ခဲ့ေသာ မတ္လႏွင့္ဧၿပီလတို႔ႏွင့္ႏႈိင္းယွဥ္ပါက ငါးရာက်ပ္ေက်ာ္အထိ က်ဆင္းလာျခင္းျဖစ္သည္။ ျပည္တြင္းအိမ္ၿခံေျမ ေဈးကြက္အတြင္း အိမ္ငွားေဈးကြက္မွဆက္လက္ဦး ေဆာင္ေနဆဲျဖစ္ရာ ဝါမဝင္ခင္အထိ အိမ္ငွားလုပ္ငန္းမ်ား ေဈးကြက္ ေကာင္းမြန္ေနမည္ျဖစ္သည္။ အိမ္အငွားေဈးကြက္အတြင္း တန္ဖိုးျမင့္အိမ္ရာ ကြန္ ဒိုတိုက္ခန္းမ်ားမွာ ေဈးျမင့္တက္ေန ေသာ္လည္း ငွားရမ္းသူနည္းပါးေၾကာင္း အိမ္ငွားေဈးကြက္အတြင္းမွ သိရသည္။ ႏိုင္ငံတကာကုန္သြယ္မႈအေနျဖင့္ ျပည္ပသို႔ ပို႔ကုန္/သြင္းကုန္လုပ္ငန္းမ်ားေဆာင္႐ြက္ ရာတြင္ ကုန္သြယ္မႈပိုေငြ ေဒၚလာ သန္းႏွစ္ေထာင္ ေက်ာ္ ရရွိထား ေၾကာင္း ေမလ (၂၃) ရက္က က်င္းပခဲ့သည့္ ကုန္သြယ္မႈႏွင့္ကုန္စည္စီးဆင္းမႈမ်ား မွန္ကန္ ျမန္ဆန္ေရး ဗဟို ေကာ္မတီ(၂/၂၀၂၅) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ နစကအဖြဲ႕ဝင္ ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ကုန္သြယ္ေရး ပမာဏပိုေငြကိုသာ သတင္းထုတ္ျပန္ထားေသာ္လည္း တစ္ႏွစ္အတြင္းကုန္သြယ္ေရးမည္မွ် ေဆာင္႐ြက္ထားသည္ကိုထုတ္ျပန္ႏိုင္ျခင္းမရွိေပ။ ရရွိထားေသာ ကုန္သြယ္ေရးပိုေငြသည္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားရပ္တန႔္ ျခင္းေၾကာင့္ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္းသုံးသပ္ခ်က္ မ်ားရွိေနသည္။
ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမင့္ တက္ေနေသာ အိမ္သုံးေဆးဝါးမ်ားမွာ အေျပာင္းအလဲ မရွိ ဆက္တိုက္ေဈးျမင့္တက္ေနသည္။ ထို႔ေၾကာင့္ မိုးဥတုကာလအေစာပိုင္း ျဖစ္ပြားေလ့ရွိေသာ ရာသီ တုပ္ေကြးမ်ား လူထု အၾကားျဖစ္ပြားမႈျမင့္တက္ေနရာ ေဆးဝါးအခက္အခဲ ျဖစ္ေပၚေနေၾကာင္းသိရသည္။ ထို႔ျပင္ ကိုဗစ္ေရာဂါကူးစက္မႈ အသစ္မ်ား ျပန္လည္ေတြ႕ရွိေနရျခင္းေၾကာင့္ လိုအပ္ေသာေဆးဝါးမ်ားမွာ ေဈးႏႈန္းျမင့္တက္ျခင္း ေၾကာင့္အခက္အခဲ မ်ားရွိႏိုင္ေၾကာင္း အေထြေထြေရာဂါကု ဆရာဝန္မ်ားၾကား ေဝဖန္မႈမ်ား ထြက္ေပၚေနသည္။ ေနာက္ဆုံးအေနျဖင့္ ေက်ာင္းဖြင့္ရာသီေရာက္လာေသာ္လည္း ကားေဈးကြက္မွာ အေျပာင္းအလဲနည္းပါးစြာ ကိန္းေသစနစ္ျဖင့္ အ‌ေရာင္း အဝယ္ျပဳလုပ္ေနရၿပီး ေဈးကြက္ေအးေနေၾကာင္း သိရသည္။ ကားေဈးကြက္အတြင္း စက္သုံး ဆီသုံး SKD ကားမ်ားမွာ အေရာင္းအဝယ္ အေကာင္းဆုံးျဖင့္ဦးေဆာင္ေနၿပီး EV ကားမွာအေရာင္းအဝယ္ေအးေၾကာင္းႏွင့္ ဂ်ပန္တစ္ပတ္ရစ္ ကားမ်ားမွာ ပုံမွန္ေအာက္နည္းပါးစြာအ‌ေရာင္းအ ဝယ္ျဖစ္ေနေၾကာင္း ကားဝယ္ေရာင္းလုပ္ငန္းရွင္မ်ားထံမွသိရသည္။

ေ႐ႊေဈးကြက္အတြင္း ကမာၻ႔ေ႐ႊေဈးႏွင့္အၿပိဳင္
ျပည္တြင္းေဈးျမင့္တက္
ကမာၻ႔ေ႐ႊေဈးကြက္တြင္ ေ႐ႊတစ္ေအာင္စ လွ်င္ အေမရိကန္ေဒၚလာ(၃၃၄၀)အထိ ေဈးႏႈန္း မ်ားျမင့္တက္ေနရာ ျပည္တြင္းေ႐ႊေဈးမွာလည္း အထိုက္အေလ်ာက္ ျမင့္တက္လာျခင္းျဖစ္သည္။ လတ္တေလာတြင္ ျပည္တြင္းေဈးကြက္ တြင္ ျပင္ပေ႐ႊေဈးတစ္က်ပ္သားလွ်င္ (၇၆)သိန္းေက်ာ္အထိ ေဈးႏႈန္းျမင့္တက္ေနၿပီး လာမည့္ရက္ပိုင္းအတြင္း အတက္ အက် ျမင့္မားႏိုင္ေၾကာင္းသိရသည္။ ကမာၻ႔ေ႐ႊေဈးမွာ ႏိုင္ငံတကာ စီးပြားေရး၊ စစ္ေရး တို႔ႏွင့္ ကုန္သြယ္ေရး တင္းမာမႈ မ်ားေၾကာင့္ အေျပာင္းအလဲျဖစ္ေပၚေနျခင္းျဖစ္သည္။ ေမလ (၂၁)ရက္တြင္ ကမာၻ႔ေ႐ႊေပါက္ေဈးသည္ တစ္ေအာင္စလွ်င္ (၃၂၃၄)ေဒၚလာမွ ေမလ(၂၅)ရက္တြင္(၃၃၅၇) ေဒၚ လာႏွင့္ ေမလ(၂၇)ရက္တြင္ (၃၃၄၀)‌ေဒၚလာ သို႔အတက္အက် ေျပာင္းလဲခဲ့ျခင္းျဖစ္သည္။ ထို႔ ေၾကာင့္ ကမာၻ႔ေ႐ႊေဈးသည္ ခုႏွစ္ရက္ၾကာ သီတင္း တစ္ပတ္အတြင္း အေမရိကန္ေဒၚလာ (၁၂၀) ဝန္းက်င္ အတက္အက်ျဖစ္ေပၚခဲ့ေၾကာင္းသိရသည္။ အေျပာင္းအလဲျမန္ဆန္ေနေသာ ကမာၻ႔ေ႐ႊေဈးေၾကာင့္ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အေခါက္ေ႐ႊတစ္ က်ပ္သားလွ်င္ (၇၄)သိန္းရွစ္ေသာင္းဝန္းက်င္မွ (၇၆)သိန္း ေျခာက္ ေသာင္းဝန္းက်င္အထိ ေဈးႏႈန္းအေျပာင္းအလဲျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။ ေဈးကြက္အတြင္းေ႐ႊေဈးအတက္အက် ေျပာင္းလဲမႈျမန္ဆန္ေနရာ ေ႐ႊေရာင္းေဈးဝယ္ေဈး ကြာျခားခ်က္လည္း ျမင့္မား ေနေၾကာင္းသိရသည္။ ယခင္က ေ႐ႊတစ္ က်ပ္သားလွ်င္ ‌ေရာင္းေဈးႏွင့္ဝယ္ေဈးအၾကား ကြာျခားခ်က္မွာ ေလးေသာင္းက်ပ္ဝန္းက်င္သာရွိခဲ့ေသာ္လည္း လတ္တ ေလာတြင္ ေျခာက္ေသာင္းမွရွစ္ေသာင္းဝန္းက်င္အထိ ကြာျခားခ်က္ျမင့္တက္လာၿပီး အခ်ိဳ႕ေ႐ႊ ဆိုင္မ်ားတြင္ က်ပ္တစ္ သိန္းေက်ာ္အထိ ေဈးခြာၿပီး အေရာင္းအဝယ္ျပဳလုပ္ေနေၾကာင္းသိရသည္။ ေ႐ႊေဈးအတက္တက် ျမန္ဆန္ေနေသာ ေၾကာင့္လက္ ရွိအခ်ိန္တြင္ ေရာင္းမွားဝယ္မွားမျဖစ္ေစရန္ သတိထားသင့္ေၾကာင္း ဝါရင့္ေ႐ႊကုန္သည္မ်ားက ေျပာၾကား သည္။
ႏိုင္ငံျခားေငြလဲေဈးကြက္ အေျပာင္းအလဲမရွိ ၿငိမ္သက္
ျပည္တြင္းေငြလဲေဈးကြက္အတြင္း ပို႔ကုန္/သြင္းကုန္မူဝါဒမ်ား တင္းၾကပ္ထားသျဖင့္ ‌ေဒၚလာလိုအပ္ခ်က္ နည္းပါးၿပီး ေဈးႏႈန္းတည္ၿငိမ္ေန ေၾကာင္းသိရသည္။ ထို႔ျပင္သြင္းကုန္လုပ္ငန္းမ်ားအတြင္း စက္သုံးဆီတင္သြင္းသူမ်ား ႏွင့္ စားအုန္းဆီ တင္သြင္းသူမ်ားအတြက္ ႏိုင္ငံျခားေငြမ်ားဆက္တိုက္ ေရာင္းခ်ေပးေနရာ ေဒၚလာလိုအပ္ခ်က္ နည္းပါး သြားေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္အေနျဖင့္ ႏိုင္ငံျခားေငြေၾကးေဈးကြက္ (FX Trading Platform) မွ ႏိုင္ငံျခားေငြေၾကးမ်ား ထုတ္ေရာင္းလ်က္ရွိရာ ေမလ (၂၀)ရက္တြင္ ေငြလဲ ႏႈန္း (၃၆၀၆)က်ပ္ျဖင့္ အေမရိကန္ေဒၚလာ (၅ ဒႆမ ၇) သန္း နီးပါးကို ေရာင္းခ်ေပးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။ ထို႔ျပင္ ေငြလဲႏႈန္း( ၁၃၁ ဒသမ ၇၈)က်ပ္ျဖင့္ ထိုင္းဘတ္ေငြ(၁ ဒသမ ၈၉၆)သန္း ေရာင္းခ်ေပးခဲ့သည္။ အလားတူ ေမ (၂၁) ရက္တြင္ ဗဟိုဘဏ္မွ ေငြလဲႏႈန္း (၃၆၀၆)က်ပ္ျဖင့္ အေမရိကန္ ေဒၚလာ တစ္သိန္းႏွစ္ေသာင္းဝန္းက်င္ကို ထပ္မံ ေရာင္းခ်ေပးခဲ့သည္။ ထို႔ျပင္ ေငြလဲႏႈန္း (၁၃၁ ဒသမ ၇၈) က်ပ္ျဖင့္ ထိုင္းဘတ္ (၂ ဒသမ ဝ၈၉)သန္းကို လည္းေရာင္းခ်ေပးခဲ့ေၾကာင္းသိရသည္။ ဆက္လက္ၿပီး ေမ (၂၂) ရက္တြင္ ေငြလဲႏႈန္း (၁၃၁ ဒသမ ၇၈)က်ပ္ျဖင့္ ထိုင္းဘတ္ (၅ ဒသမ ၇၅၉) သန္း ေရာင္းခ်ေပးခဲ့ သည့္အျပင္ ေမ (၂၃) ရက္တြင္ ေငြလဲႏႈန္း(၅၄၆ ဒသမ ၆)က်ပ္ျဖင့္ တ႐ုတ္ယြမ္ ကိုးသိန္းကိုးေသာင္း ေက်ာ္ကိုေရာင္းခ်ေပးခဲ့ၿပီး အဆိုပါ ေမလ (၂၃)ရက္‌ အတြင္း ေငြလဲႏႈန္း (၁၃၂)က်ပ္ျဖင့္ ထိုင္းဘတ္ (၂ ဒသမ ဝ၈၄) သန္းကို ထပ္မံေရာင္းခ်ေပးခဲ့ေၾကာင္း ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။ လက္ရွိ ျပင္ပ ေငြေၾကးေဈးကြက္အတြင္း အေမရိကန္ေဒၚလာမွာ (၄၄၄၀)က်ပ္၊ စင္ကာပူေဒၚ လာမွာ (၃၄၂၀)က်ပ္ ဝန္းက်င္၊ ထိုင္းဘတ္မွာ(၁၃၆)က်ပ္ ဝန္းက်င္ျဖင့္ ေဈးတက္လာေၾကာင္းသိရသည္။ တ႐ုတ္ယြမ္ေငြမွာ (၆၁၄)က်ပ္ ဝန္းက်င္ျဖင့္ ေဈးက်ေနၿပီး အိႏၵိယ႐ူပီးမွာ (၉၅၁)က်ပ္ဝန္းက်င္ျဖင့္ ယခင္တစ္ပတ္ ေဈးႏႈန္း အတိုင္းရွိေနဆဲျဖစ္ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။
ရာသီတုပ္ေကြးႏွင့္ ေဈးႏႈန္းျမင့္တက္ေနေသာ
အိမ္သုံးေဈးဝါးမ်ား
မိုးဦးက်ကာလသို႔ေရာက္ရွိလာၿပီျဖစ္ရာ ရာသီအလိုက္ျဖစ္ေပၚကူးစက္တတ္ေသာ တုပ္ေကြး ေရာဂါမ်ားလည္း ျဖစ္ပြားမႈမ်ားျပားေနေၾကာင္း လူထုအတြင္းမွသိရသည္။ အိမ္သုံးေဆးဝါးမ်ား တင္သြင္း ျဖန႔္ခ်ိေနေသာကုမၸဏီမ်ားက ေဈးကြက္လိုအပ္ ခ်က္အလိုက္သာ တင္သြင္းေနေၾကာင္းသိရသည္။ အေျခခံအိမ္သုံးေဆးဝါးမ်ားမွာ ယခင္ႏွစ္ကထက္ (၂၀) ရာခိုင္ႏႈန္းခန႔္ေဈးျမင့္တက္လာၿပီး အခ်ိဳ႕ေသာ ေဆးဝါးမ်ားမွာ ေဈးကြက္အတြင္း ပစၥည္းျပတ္လပ္မႈ မ်ားရွိေၾကာင္း သိရသည္။ အိမ္သုံးေဆးဝါး မ်ားျဖစ္ေသာ ပါရာစီတေမာ့မွစ၍ နာတာရွည္ေရာ ဂါကုေဆးဝါးမ်ားအထိ ေဈးႏႈန္းျမင့္ တက္ေနဆဲျဖစ္ေၾကာင္း သိရသည္။ ရာသီတုပ္ေကြးအျပင္ ကိုဗစ္ေရာဂါကူးစက္မႈမ်ား ျပန္လည္ျဖစ္ပြားေနရာ ျပည္သူ လူထုအေနျဖင့္ က်န္းမာေရးႏွင့္ ကူးစက္ ေရာဂါအေပၚ အထူးသတိထားသင့္ေသာ ကာလျဖစ္ သည္။ ျပည္တြင္း၌သုံးစြဲ ေနေသာေဆးဝါးအမ်ားစုမွာ ျပည္ပမွ (၉၀) ရာခိုင္ႏႈန္းတင္သြင္းရၿပီး ျပည္တြင္းမွ ထုတ္လုပ္ေသာေဆးဝါးမွာ ေဈးကြက္လိုအပ္ခ်က္ ျပည့္မီေအာင္ ထုတ္လုပ္ႏိုင္ျခင္းမရွိေပ။ ျပည္ပေငြ ေဒၚလာလိုအပ္ခ်က္မျဖစ္ေပၚေစရန္ ေဆးဝါး တင္သြင္းမႈကိုသက္ဆိုင္ရာက အထူးကုန္စည္အျဖစ္သတ္ မွတ္ထားေသာ္လည္း အေျခခံလူတန္းစားမ်ားအတြက္ ေဆးဝါးေဈးႏႈန္းမွာ အျမင့္ပိုင္းတြင္သာရပ္တည္ေနသည္။ ျပည္တြင္းအိမ္သုံးေဆးဝါးႏွင့္ နာတာရွည္ ေဆးဝါးအမ်ားစုမွာ ကုမၸဏီမွတိုက္႐ိုက္ေရာင္းခ် ေသာေဈးတြင္ ေဈးႏႈန္းသက္သာေသာ္လည္း လူေနရပ္ကြက္အတြင္းရွိေဆးဆိုင္မ်ားတြင္ ေဈးႏႈန္းျမင့္ မားေနဆဲျဖစ္သည္။ ေဈးကြက္လိုအပ္ခ်က္အလိုက္စစ္ေဆးၿပီးတင္သြင့္ခြင့္မ်ား ခ်မွတ္ထားျခင္းေၾကာင့္‌ အခ်ိဳ႕ေသာေဆးဝါးမ်ားမွာ ေဈးကြက္အတြင္း ပစၥည္းျပတ္လပ္မႈျဖစ္ေပၚလာၿပီး ေဈးႏႈန္းျမင့္တက္ ေနျခင္းျဖစ္သည္။ သက္ဆိုင္ရာအေနျဖင့္ ေအာက္ေျခ လက္လီေဆးဆိုင္မ်ားအထိ ေဆးဝါးေဈးႏႈန္းျမင့္ တက္ေနမႈအေပၚ စစ္ေဆး အေရးယူမႈမ်ားျပဳလုပ္မွသာ ျမင့္တက္ေနေသာေဆးဝါးေဈးႏႈန္းမ်ားျပန္လည္ တည္ၿငိမ္လာမည္ ျဖစ္သည္။ လာမည့္ ရက္ပိုင္းအထိ မိုးရာသီကာလအႀကိဳ ရာသီတုပ္ေကြးမ်ား ဆက္လက္ျဖစ္ပြားေနမည္ျဖစ္ရာ အိမ္သုံးေဆးဝါး‌ ေဈးျမင့္ တက္မႈေၾကာင့္ အေျခခံျပည္သူလူထုအၾကား အခက္ အခဲမ်ား ဆက္လက္ႀကဳံေတြ႕ေနရဦးမည္ျဖစ္သည္။
ကိန္းေသစနစ္ျဖင့္ အေရာင္းအဝယ္ ေအးေနေသာ
ကားေဈးကြက္
မၾကာမီကာလအတြင္း အေျခခံပညာသင္ ေက်ာင္းမ်ား ေက်ာင္းဖြင့္ရာသီေရာက္ရွိလာမည္ျဖစ္ေသာ္လည္း ယခင္ႏွစ္ကာလမ်ားကဲ့သို႔ ကားေဈးကြက္ အေရာင္းအဝယ္ သြက္လက္မႈမရွိဘဲ အေရာင္းအဝယ္ ေအးေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ရန္ကုန္ၿမိဳ႕၏ ေက်ာင္းဖြင့္ကာလ စာသင္ႏွစ္စတင္ခ်ိန္တြင္ ယခင္က ကားအေဟာင္း ကိုေရာင္းခ်၍ ကားအသစ္ ဝယ္ကာ ကေလးမ်ားေက်ာင္း အပို႔အႀကိဳ ျပဳလုပ္ေလ့ရွိၾကသည္။ လက္ရွိစာသင္ႏွစ္ စတင္ခ်ိန္ တြင္မူ အေထြေထြစီးပြားေရးအက်ပ္အတည္းႏွင့္ ျမင့္တက္ေနေသာ ကားေဈးႏႈန္းမ်ားေၾကာင့္ ကားဝယ္ယူသူက် ဆင္းသြားျခင္းျဖစ္သည္။ ေဈးကြက္အတြင္းရွိကား အမ်ားစုမွာ ဂ်ပန္တစ္ပတ္ရစ္ကားေဟာင္းမ်ားျဖစ္ ၾကၿပီး တင္သြင္း ထားသည့္သက္တမ္းႏွင့္ ထုတ္လုပ္ သက္တမ္းမ်ားမွာ ႏွစ္အေတာ္ၾကာေနၿပီျဖစ္သည္။ ထိုဂ်ပန္ကားအေဟာင္းမ်ားကို ေဈးကြက္လိုအပ္ခ်က္အရ ေဈးတင္ေရာင္းေနၾကရာ ကားအသစ္ေဈးနီးပါး မွ်ေဈးႏႈန္းမ်ားျမင့္တက္ေနသည္။ တစ္ဖန္ ကားတင္သြင္းခြင့္မူဝါဒအရကားသစ္မ်ားႏွင့္ EV ကားမ်ားကိုသာ တင္သြင္းခြင့္ျပဳထားျခင္းေၾကာင့္ သာမန္လူ လတ္တန္း စားေငြေၾကးတတ္ႏိုင္သူမ်ားပင္ ကားဝယ္စီးႏိုင္ျခင္းမရွိေပ။ EV ကားမ်ားသည္ ကားအသစ္ျဖစ္ျခင္းႏွင့္ ေဈးႏႈန္းသက္ သာျခင္းစသည့္ အားသာခ်က္ မ်ားရွိေနေသာ္လည္း လွ်ပ္စစ္မီးပ်က္ခ်ိန္ၾကာျမင့္မႈ၊ အားသြင္းရန္ လွ်ပ္စစ္ကားအားသြင္း ႐ုံမ်ားနည္းပါးမႈႏွင့္ ျမန္မာႏိုင္ငံ၏ လတ္တေလာ အေျခအေနအရ ကိုက္ညီမႈမရွိျခင္းမ်ားျဖစ္ေပၚေနသည္။ ထို႔ေၾကာင့္ EV ကားမ်ားအစား ေလာင္စာဆီသုံးကားမ်ားက ေဈးကြက္အတြင္း ဆက္လက္ဦးေဆာင္ေနဆဲျဖစ္သည္။ ေလာင္စာဆီသုံး ကားမ်ားအတြင္း SKD စနစ္ျဖင့္ တင္သြင္းလာေသာကားမ်ားမွာ ေဈးေကာင္းရသည့္ အျပင္ အေရာင္းအဝယ္လည္း ေကာင္းမြန္ေၾကာင္း သိရသည္။ ယင္းကားမ်ားေနာက္မွ EV ကားေဈး ကြက္အေရာင္းအဝယ္ရွိၿပီး ေနာက္ဆုံးမွ ဂ်ပန္တစ္ ပတ္ရစ္ကားမ်ားအေရာင္းအဝယ္ရွိေၾကာင္းသိရသည္။ ဂ်ပန္တစ္ပတ္ရစ္ကားေဈးကြက္အတြင္း အငွားယာဥ္ TAXI ေဈး ကြက္မွာ အေရာင္းအဝယ္အေကာင္းဆုံးျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံတြင္အစိုးရတစ္ခုေျပာင္းလဲတိုင္း ကားမူ ဝါဒမတည္ ၿငိမ္ျခင္းအၿမဲျဖစ္ပြားေလ့ရွိရာ လတ္တေလာကားမူဝါဒအရ ကားေဈးမ်ား ျမင့္တက္ေနဦးမည္ျဖစ္သည္။

Related news

© 2021. All rights reserved.