ဝက်လူးရဲစခန်းမှ ရင်မြေကတုတ်တိုက်ပွဲ

 1591

သုတကျော် (NP News) - ဇွန် ၂
ပြီးခဲ့သည့် မေလ(၁၅) ရက်မှစတင်ကာ နွားထိုးကြီးမြို့နယ်ရှိ ဝက်လူးရဲစခန်းကို PDF ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားချိန်မှာ (၂) ရက်ကြာခဲ့၏။ လုံခြုံ ရေးတပ်ဖွဲ့ဝင်များဘက်တွင် တပ်မတော်မှ ဗိုလ်ကြီး (၂) ဦးနှင့် ရဲတပ်ဖွဲ့မှ ဝက်လူးစခန်းမှူး ရဲအုပ် (၁) ဦးတို့ကဦးဆောင်ကာခုခံခဲ့ကြသည်။ လက်နက်နှင့် လူအင်အားအရ ရန်သူက စခန်းအတွင်း ချဉ်းကပ် နိုင်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ရင်မြေကတုပ်ထုံး နှလုံးမူကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြသည်။ ယင်းအခြေအနေများနှင့်ပတ်သက်၍ ကနဦးစစ်ရေးအခြေအနေနှင့် ဝက်လူးရဲစခန်းတိုက်ပွဲအခြေ အနေများကို သိရှိသူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်း ထားသည်များအား ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံး မေးချင်တာက နွားထိုးကြီးမြို့နယ်မှာ PDF တွေ စလှုပ်ရှားလာတဲ့သမိုင်းကြောင်းကို အရင်ပြောပြပေးပါ။
ဖြေ - (၂၀၂၂) ခုနှစ်ကတည်းက ကျွန်တော်တို့ဆီ ပေါ်နေတာပေါ့။ ဒေသခံ Local PDF တွေများ တယ်။ ရွာတိုင်း ရွာတိုင်းမှာ PDF သင်တန်းဆင်း ထားတဲ့ကောင်တွေရှိတယ်။ အရင်ဆုံးစပြီး သန္ဓေ တည်တာက ပဲကြီးခင်းလေ။ အဲဒီရွာဘက်တွေမှာ စပြီး သန္ဓေတည်တာပါ။ တဖြည်းဖြည်း များလာတာပါ။ ပဲကြီးခင်းဘက်မှာတော့ (၂၀၂၂) တစ်လပိုင်းမှာ စပြီး ပစ်ခတ်မှုဖြစ်တယ်လေ။ အဲဒီတုန်းက လုံခြုံရေး သွားတဲ့ရဲတွေကို စပစ်တာ။ အဲဒီကနေစပြီးတော့ PDF တွေ ပေါ်လာတာခင်ဗျ။ အဲဒီကစ များလာပြီး တော့ ဒလန်ဆိုပြီး သတ်တယ်၊ ကြံ့ခိုင်ရေးတွေ သတ် တယ်။ ပြီးတော့ သူတို့ မသင်္ကာတဲ့သူ၊ စည်းရုံးလို့ မရတဲ့သူကို သတ်တာ။
မေး - ဝက်လူးနယ်မြေဘက်ကို သူတို့ဝင်လာတဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ - ဝက်လူးအပိုင်ထဲ စသောင်းကျန်းလာတာကို ပြောရမယ်ဆိုရင် နွားထိုးကြီး PDF ရဲ့ နိုင်ထူးအောင်၊ စိုးအောင်တို့ရဲ့ အမာခံတစ်ယောက်။ ပြီးတော့ NLD အမာခံ ဦးသိန်းဆိုတာရှိတယ်။ အဲဒီလူကို စခန်းက ဖော်ထုတ်ဖမ်းဆီးပြီး ထောင်ချတာပေါ့။ (၂၀၂၂) တည်းက သတင်းတွေ ရလာတာ။ (၂၀၂၄) မှာ တရား စွဲတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ စစ်တဲ့ ဒုရဲအုပ်တစ် ယောက်ရှိတယ်။ အမှုစစ်လေ။ အဲဒီ အမှုသွားယူစဉ် အခါမှာပဲ အသတ်ခံရတယ်ခင်ဗျ။ လမ်းမှာ အသတ်ခံ ရတာလေ (၁၁) ရက်၊ (၁၂) လ၊ (၂၀၂၃) ပေါ့။ အဲဒီက စပြီးတော့ ဝက်လူးနယ်မြေတစ်ခုလုံးက င်္ဏီ နယ်မြေတွေ ဖြစ်သွားတာပဲ။ စိမ့်ဝင်လိုက် ပြန်ထွက်သွားလိုက်ပေါ့။ စခန်းက လှည့်ကင်းတွေ မနက်ပိုင်း၊ ညနေပိုင်း ဆောင်ရွက်တာရှိတယ်။ ဆောင်ရွက်တော့ (၂၄) ရက် (၄) လ (၂၀၂၄) မှာ လှည့်ကင်းလုပ်နေတဲ့အချိန် စိုးအောင်ဦးစီးတဲ့အဖွဲ့ က စက်လက်တွေ၊ ဒရုန်းတွေနဲ့ ဝိုင်းပစ်တာ။ ဗိုလ်ကြီး တစ်ဦးနဲ့ တပ်ကြပ်တစ်ဦး ဒဏ်ရာရတယ်။ အဲဒါပြီး ကတည်းက ဝက်လူးအရှေ့ရွာကို သွားလို့မရတော့ ဘူး။ ကျန်တဲ့ရွာတွေလည်း သွားမရတော့ဘူး လုံခြုံ ရေးက စိုးမိုးလို့မရတော့ဘူး။
မေး - ဝက်လူးစခန်းက အရင်ကကော အတိုက်ခံရ ဖူးလား။
ဖြေ - ဝက်လူးစခန်းကို ဒရုန်းနဲ့ဗုံးချတာလည်း အကြိမ်ကြိမ်အခါခါပဲ။ အခါ (၂၀) ကျော်မယ် ထင် တယ်။ တစ်ခါ ကျရင် (၂၇) လုံးကနေ (၅၆) လုံးကြား ရှိတယ်ခင်ဗျ။ နွားထိုးကြီးကိုတိုက်မယ်ဆိုရင်လည်း လမ်းကြိုလမ်းကြားမှာ ဂိတ်တွေပိတ်တယ်။ သူတို့က ဘာသာလည်းဆိုတော့ လက်လုပ်ဒရုန်းတွေကို ဖောဖောသီသီ လုပ်နိုင်တယ်။ အဲဒါလုပ်တာကလည်း ဝက်လူးအပိုင်ထဲက အနောက်ရွာထဲက ဘုန်းကြီး ကျောင်းတွေမှာ လုပ်တာ။ ဘုန်းကြီးတွေကလည်း ရှောင်သွားပြီလေ။ သူတို့ ပထမဆုံးအခြေချတာက စင်္ကြာတောင်မှာ အခြေချတာ။ စကြာတောင်ကနေပြီး လုံခြုံရေး ပူးပေါင်းအဖွဲ့တွေက ရှင်းရင် ပြေးသွားတာပဲ ဒီကောင်တွေက ယှဉ်မတိုက်ဘူး။ ခြုံခိုတိုက်တာပဲ။ ပြီးသွားရင် ပြန်ရောက်တယ်။ ဖောင်ကျင်းတောင်၊ မြောက်လျှိုတွေမှာ နေကြတာများတယ်။
မေး - နယ်မြေစိုးမိုးရေး ဆောင်ရွက်တာမှာ လုံခြုံရေး တပ်ဖွဲ့ဘက်က လုပ်ရကိုင်ရခက်တာတွေ ဘာတွေ ရှိလား။
ဖြေ - ရှိတယ်ခင်ဗျ။ သူတို့က ပြည်သူကို လူသားတံ တိုင်း လုပ်တဲ့ပုံစံမျိုးပေါ့။ ရွာတွေမှာ အိမ်ကြီးအိမ် ကောင်းတွေမှာ လူစုခွဲပြီးနေတာ။ တကယ်လို့ စစ် ကြောင်းတွေလာမယ်ဆိုရင် အဲဒီဒေသခံ သဘောမျိုး နေကြတာ။ ရွာခံတွေကလည်း မပြောရဲဘူး။ ဒီဘက် နောက်ပိုင်းဆို တစ်အိမ်တစ်ယောက် PDF ထဲ မဝင် မနေရ ဆိုပြီး လုပ်လာတယ်။ ပြီးတော့ ကားအသေး တစ်စီးကို နှစ်သောင်း၊ ကားအကြီးတစ်စီးကို ငါး သောင်းတောင်းတယ်။ နွားထိုးကြီး - မြို့သာ သွားတဲ့ လမ်းမှာ PDF ဂိတ်က တော်တော်များလာတယ်။ ပေါ်တင်ဖွင့်တာ။ ပြည်သူနဲ့ရောနေတော့ ခက်နေ တယ်။ မဆိုင်တဲ့သူတွေ မထိစေချင်ဘူးလေ။ သူတို့က လည်း ငါ PDF ပါဆိုပြီး ပေါ်ပေါ်ထင်ထင် မလုပ်ဘူး။ အခုမှ ယူနီဖောင်းတွေ ဘာတွေ ဝတ်လာတာ။ ဟို အရင်တုန်းကတော့ လက်နက်ကားက သတ်သတ် သွားတာ။ လူတွေက ဆိုင်ကယ်လေးတွေနဲ့ ဖုန်းတစ် လုံးနဲ့ သွားတယ်။ ဝါဒလည်း ဖြန့်တယ်လေ ပြည်သူ ထိတယ်၊ ပြည်သူကို လုပ်တယ်ဆိုတာ တကယ်တော့ မဟုတ်ဘူး။
မေး - ရန်သူကို မှန်းဆရ ခက်နေတာမျိုးလား။
ဖြေ - မှန်းရခက်တယ် ပြည်သူနဲ့ ရောနေတာမျိုးပေါ့။ ဘုန်းကြီးကျောင်းတွေမှာကလည်း တကယ် ဘုန်းကြီး သံဃာ အစစ်တွေက မရှိတော့ဘူး ရှောင်သွားပြီ။ ဘုန်းကြီးကျောင်းကို တပ်စွဲပြီး တိုက်တာ။
မေး - နွားထိုးကြီးမြို့ကိုကော တိုက်ပွဲကြီးဖော်ပြီး တိုက်တာ ရှိလားခင်ဗျ။
ဖြေ - အဲဒီလိုတော့မရှိဘူး။ ဟိုနေရာပစ်၊ ဒီနေရာပစ် ဆို လိုက်ရှင်းကြတယ်လေ။ လိုက်ရှင်းရင် ကမန်းက တမ်း ဓာတ်ပုံတွေရိုက်ပြီး ပြန်တာပဲ။ သိမ်းတယ်ဆို တာ မဟုတ်ဘူး။ စခန်းတွေ အသိမ်းလျှောက်ပြတာ ပေါ့။
မေး - ဆိုတော့ ဝက်လူးရဲစခန်းကို လာတိုက်တဲ့ ဖြစ်စဉ်ကို သိပါရစေခင်ဗျာ။
ဖြေ - ဝက်လူးကိုတိုက်တာမှာ တိုက်ပွဲကြီး တိုက်တာ က သုံးကြိမ်ရှိပြီ။ တစ်ခါတိုက်ရင် နှစ်ရက်ကြာတယ်။ (၂၀၂၄) ခုနှစ် (၉) လပိုင်းတုန်းက နှစ်ရက်တိုက်တယ်။ ဒရုန်းနဲ့ ဗုံးအလုံး (၁၆၀) ကျော်လောက်ချတယ်။ နှစ်ရက်တိတိ တောင့်ခံပြီး ပြန်ချနိုင်တယ်။ ဒုတိယ အကြိမ်ကတော့ (၁၂) လပိုင်းမှာ (၂) ရက်လောက် တိုက်တယ်။ ဒရုန်းနဲ့ ဗုံးချတာပဲ အဲဒီတုန်းကလည်း။ ဒီတစ်ခေါက်ကတော့ အပြင်းထန်ဆုံးပါ။ သတင်းရလို့ တပ်ဖွဲ့ဝင်တွေက အသင့်စောင့်နေပေမယ့် ဒီလောက် မြန်မြန်ကြီး ရောက်လာမယ်တော့ မထင်ထားကြဘူး ပေါ့။ တောင်ဘက်ကို သတင်းဖွပြီး မြောက်ဘက်က တိုက်တယ် အဲဒီလို တိုက်တာ။ ဒီရက်ထဲ သတင်းရ တော့ လူကြီးတွေက အသင့်လုပ်ဖို့ပြောတယ်။ ပြော တဲ့အချိန် (၁၅)ရက်၊ မနက် (၅) နာရီ (၃၀) မှာ စတိုက်တာ။ ဝက်လူးစခန်းကနေ မီတာ (၁၀ဝ) ကျော် သွားလို့ မရတာက (၂၀၂၄) ခုနှစ် (၉) လပိုင်းတည်း ကပါ။ သွားရင် ကျွံတဲ့သူ စားသွားတာပေါ့။ စိုးမိုးဖို့ အတွက်ကလည်း အခက်အခဲအမျိုးမျိုး ရှိတာ။ ဝက်လူးအရှေ့ရွာနဲ့ အလယ်ရွာမှာ PDF တွေ စိုးမိုး နေတာကြာပြီ။ (၁၅) ရက်မှာ တစ်နေ့လုံး တိုက်တယ်။ ဒီကောင်တွေ ပထမစတည်တော့ အရှေ့ဘက်နဲ့ မြောက်ဘက်က စနိုက်ပါ (၅) လက်နဲ့ ထောက် တယ်။ ရဲတပ်သား တစ်ယောက်ကျတယ်။ စနိုက်ပါ ခေါင်းကိုထိတယ်။ ဒါပေမဲ့ ဒီဘက်ကလည်း ရွပ်ရွပ် ချွံချွံ ပြန်တိုက်ကြတယ်။ (၁၆) ရက်မနက်မှာ တစ်ခါ ရဲတပ်ကြပ်ကြီးတစ်ယောက်လည်း စနိုက်ပါ ထိပြီးကျတယ်။ စနိုက်ပါပစ်တာတွေ၊ အကြီးပစ်တာ တွေ အရမ်းများတယ်။ RPG ပစ်တယ်၊ ရှော့တိုက် ပစ်တယ်၊ ပွိုင့်ဖိုက်နဲ့လည်း ပစ်တယ်။ ပွိုင့်ဖိုက် ပစ် တယ်ဆို ဆရာ နံရံတွေပါ ပေါက်တယ်နော်။ အုတ်နံရံ တွေပါ ပေါက်တာ။ ဦးစီးခေါင်းဆောင်တွေရှိတာကို လှမ်းပစ်တာ။ ရှော့တိုက်တွေ အဆောက်အအုံကို ထိတယ်။ (၁၅) ရက်မှာ ဒီကောင်တွေက ညဘက်မှာ တိုက်ပြီးတော့ ရေမိုးချိုး၊ ဆေးတွေ သုံးတယ်။ ထမင်း ထုပ်တွေ တွေ့တယ်။ ထမင်းထုပ်ပို့တာက သတ် သတ်ရှိတယ်။ ဂေါ်ပြားတွေ ပါတယ်။ သံပိုက်ကို လုပ် ထားတဲ့ ဂေါ်ပြားလေးတွေလေ။ တွင်းတွေတူးပြီးတော့ လူတစ်ကိုယ်စာပေါ့။ လေယာဉ်ပစ်ရင် ကျင်းထဲဝင် ထိုင်ဖို့ပေါ့။ (၁၆) ရက်မနက်မှာလည်း မိုးလင်း တည်းက မိုးချုပ်အထိတိုက်တာ။
မေး - တိုက်ပွဲအရှိန်က ပိုပြင်းလာလား။
ဖြေ - (၁၆) ရက်က ပိုပြင်းတယ်။ မနားဘူး၊ နားရင် ငါးမိနစ်ပဲ။ ဒီကောင်တွေ ကျည်ဆန်ကို သောင်းချီ ပစ် တယ်။ ဒီဘက်ကလည်း တိုက်တယ်။ ခြောက်ယောက် ဒဏ်ရာရတယ်။ ရလည်း လက်တစ်ဖက်နဲ့ ပစ်တာ။ စိတ်ဓာတ်က တော်တော်ကောင်းတယ်။ အုတ်နံရံက လည်းပေါက်ထွက်ပြီး ကျည်တွေဝင်နေပြီ။ တိုက်က လည်း အပစ်ခံရပြီး အမိုးတွေမရှိတော့ဘူး။ နံရံတွေ ပြိုကျတာလည်းဖြစ်တယ်။ အဲဒီလောက်အထိ တိုက် တာ။ မိုးချုပ်ခါနီးလောက်မှာ မီတာငါးဆယ်လောက် အထိ ဒီကောင်တွေ ရောက်လာပြီ။ ဘန်ကာတွေနား ရောက်လာပြီ။ ဒီဘက်ကလည်း ပစ်အားကျလာပြီ ဒဏ်ရာရှိတဲ့သူလည်း များလာပြီလေ။ မဖြစ်နိုင်တော့ ဘူးဆိုပြီး ဖုန်းတွေနဲ့ မိသားစုတွေကို နှုတ်ဆက်ကြ တယ်။ လက်ခံကျည်လည်း နည်းနည်းပဲ ရှိတော့တာ။ အရာရှိတွေရော တခြားအဆင့်တွေရော လက်နက်တွေ ဆွဲထုတ်ပြီး လာကွာ ပါသလောက် ခေါ်သွားမယ် ဆိုပြီး ခံတိုက်ဖို့ အထိ ပြင်တာ။ အဲဒီ အချိန် စပီကာနဲ့ စခန်းမှူး နာမည်ကို ခေါ်တယ်။ တပ်က ဗိုလ်ကြီးတွေ တော့ နာမည် သိပုံမရဘူး။ လက်နက်ချပါပေါ့။ အကူ အညီပေးမယ်ဆိုပြီး အော်တာ။ စခန်းတောင်ဘက်က နေ အော်တယ်။ ပြီးတော့ တခြား အဆင့် နာမည်တွေ လည်း ခေါ်တာ။ စိတ်ဓာတ် ပျက်ပြားအောင်လုပ် တာပေါ့။ အားလုံးကလည်း အသေခံရဲတယ်လို့ ပြော တယ်။ အရာရှိတွေကလည်း သေတဲ့အထိ တိုက်မယ် လို့ ဆုံးဖြတ်ထားတယ်လေ။ လူကြီးတွေကလည်း စခန်းကိုလည်း အနီးကပ် ကွပ်ကဲပေးတယ်။ ရဲနဲ့ တပ် က အရာရှိတွေကလည်း သူတို့ အရာရှိတွေက ဖုန်း ဆက်တော့ နှုတ်ဆက်ကြတယ်။ ဟိုက တက်လုံးရင် လှမ်းမြင်နေရပြီလေ။ တစ်ယောက်တော့ ရအောင် သတ်သွားကြမယ်ပေါ့။ အဲဒီမှာ အရာရှိသုံးယောက် ပြောကြတာပေါ့။ စခန်းမှူးရယ် တပ်က ဗိုလ်ကြီး နှစ်ယောက်ရယ် က ဦးဆောင်တိုက်တာ။ နောက်ဆုံး ဝင်လုံးမယ်လို့ဆုံးဖြတ်တဲ့အချိန် ကျွန်တော်တို့ အတူတူသေတာပေါ့ဗျာလို့ တပ်က ဗိုလ်ကြီးတစ် ယောက်က ပြောတော့ စခန်းမှူးက နောက်ဘဝကျရင် ညီအစ်ကို တော်တာပေါ့ဗျာလို့ပြောပြီး ရယ်တယ်တဲ့။ အကုန်လုံးက စိတ်ပိုင်းဖြတ်ပြီး ပျော်ပျော်ပါပဲ။ ဆုတ်ဖို့ တော့ မဆုံးဖြတ်ကြဘူး။
မေး - အဲဒါ ဘယ်အချိန်လောက်လဲ။
ဖြေ - ည (၇) နာရီလောက်တော့ ရှိပြီ။ လူကြီးတစ် ယောက်ကလည်း အားပေးတယ်။ ပြီးတော့ လူကြီး တစ်ယောက်က စစ်ကူတွေ လာပြီဟေ့လို့ အော်ဖို့ ပြောတော့ စစ်ကူတွေ လာပြီဟေ့လို့ အော် ကြတာ ပေါ့။ ရုတ်တရက်တော့ ဒီကောင်တွေ ကြောင်နေတဲ့ သဘောရှိတယ်။ ငါးမိနစ်လောက်နေတော့ လေယာဉ် ပစ်ကူပေးတာပဲ။ လေယာဉ်ပစ်ကူတစ်ခါပေး ထပစ်၊ လေယာဉ်ပစ်ကူတစ်ခါပေး ထပစ်နဲ့ ဒီကောင်တွေ ဆုတ်သွားတယ်။ (၁၆) ရက် အောင်ပွဲကတော့ အဲဒါ ပါပဲ။ ဒီကောင်တွေ အနားကပ်လာတော့ တပ်ဖွဲ့ တွေက လက်ပစ်ဗုံးနဲ့ ပစ်ပေမယ့် ဆေးကြောင်နေတာ ထင်တယ်မရဘူး။ လေယာဉ်ပစ်ကူလာပြီးတော့ အသက်ရှူချောင်တာပေါ့။ (၁၈) ရက်ကတော့ အကြီးကြီးတွေနဲ့ပစ်တယ်။ အခုတော့ အားလုံး ငြိမ်သက်သလောက် ဖြစ်သွားပါပြီ။
မေး - လုံးဝ ဆုတ်သွားတာက ဘယ်နေ့လဲ ခင်ဗျာ။
ဖြေ - လုံးဝ ဆုတ်တာကတော့ (၁၉) ရက်မှာ ဆုတ် သွားတာပါ။ ဖြောက်တောက် ဖြောက်တောက်တော့ ပစ်တယ်။ စနိုက်ပါက တော်တော်ပစ်တယ်။ လူကြီး တွေ ထောက်ပံ့ထားတဲ့ ဆန်အိတ်တွေ ရှိတယ်လေ။ အကာအကွယ်က ဒီ ဆန်အိတ်တွေပဲ။ ဆန်အိတ်တွေ ပို့ထားတာ အများကြီးပဲ။ ဆန်အိတ်တွေကို ညတွင်းချင်း နံရံတွေမှာ ကပ်တာ။ ပွိုင့်ဖိုက်က နံရံတွေပါ ဖောက်တာကိုး။ ဆန်တို့ သဲထုပ်တို့တော့ မဖောက်တဲ့ သဘောရှိတယ်။ ကျည်က ဆန်အိတ်ထဲ နစ်တာ။ စခန်းရှင်းတော့ ဘန်ကာတွေထဲမှာ စခန်းပတ်လည်မှာ ပစ်လို့ မကွဲတဲ့ ဗုံးသီးတွေ၊ လက်လုပ်မိုင်းတွေရော၊ ဒရုန်းဗုံးသီးရော အလုံးတစ်ရာလောက်ရတယ်။ လက်နက်လည်း ရတယ်။ လက်နက်ခဲယမ်းလည်း ရ တယ်။ အလောင်းလည်းတွေ့တယ်။ သူတို့က အလောင်းတွေ ဆွဲသွားတာ။ လုံးဝမဆွဲနိုင်တာ တစ် လောင်းတွေ့တယ်။
မေး - တစ်ညလုံး လေယာဉ်နဲ့ အစောင့်နေပေးတယ် ဆိုတာ တစ်ညရှိတယ်လို့ သိရပါတယ်။ အဲဒါက ဘယ်ညလဲ ဗျ။
ဖြေ - မှန်ပါတယ်။ အဲဒါကျတော့ (၁၈) ရက် ညကပါ။့ ၁၂ နဲ့ ပတ်ပေးတာပါ။ တစ်ညလုံး ပတ်ပေးတာပါ။
မေး-ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
ဝက္လူးရဲစခန္းမွ ရင္ေျမကတုတ္တိုက္ပြဲ
သုတေက်ာ္ (NP News) - ဇြန္ ၂
ၿပီးခဲ့သည့္ ေမလ(၁၅) ရက္မွစတင္ကာ ႏြားထိုးႀကီးၿမိဳ႕နယ္ရွိ ဝက္လူးရဲစခန္းကို PDF ပူးေပါင္းအဖြဲ႕မ်ားက တိုက္ခိုက္ခဲ့သည္။ တိုက္ပြဲ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခ်ိန္မွာ (၂) ရက္ၾကာခဲ့၏။ လုံၿခဳံ ေရးတပ္ဖြဲ႕ဝင္မ်ားဘက္တြင္ တပ္မေတာ္မွ ဗိုလ္ႀကီး (၂) ဦးႏွင့္ ရဲတပ္ဖြဲ႕မွ ဝက္လူးစခန္းမႉး ရဲအုပ္ (၁) ဦးတို႔ကဦးေဆာင္ကာခုခံခဲ့ၾကသည္။ လက္နက္ႏွင့္ လူအင္အားအရ ရန္သူက စခန္းအတြင္း ခ်ဥ္းကပ္ ႏိုင္ခဲ့ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ရင္ေျမကတုပ္ထုံး ႏွလုံးမူကာ ႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ခိုက္ခဲ့ၾကသည္။ ယင္းအေျခအေနမ်ားႏွင့္ပတ္သက္၍ ကနဦးစစ္ေရးအေျခအေနႏွင့္ ဝက္လူးရဲစခန္းတိုက္ပြဲအေျခ အေနမ်ားကို သိရွိသူ စစ္ေရးသတင္းရင္းျမစ္တစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္း ထားသည္မ်ားအား ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - အရင္ဆုံး ေမးခ်င္တာက ႏြားထိုးႀကီးၿမိဳ႕နယ္မွာ PDF ေတြ စလႈပ္ရွားလာတဲ့သမိုင္းေၾကာင္းကို အရင္ေျပာျပေပးပါ။
ေျဖ - (၂၀၂၂) ခုႏွစ္ကတည္းက ကြၽန္ေတာ္တို႔ဆီ ေပၚေနတာေပါ့။ ေဒသခံ Local PDF ေတြမ်ား တယ္။ ႐ြာတိုင္း ႐ြာတိုင္းမွာ PDF သင္တန္းဆင္း ထားတဲ့ေကာင္ေတြရွိတယ္။ အရင္ဆုံးစၿပီး သေႏၶ တည္တာက ပဲႀကီးခင္းေလ။ အဲဒီ႐ြာဘက္ေတြမွာ စၿပီး သေႏၶတည္တာပါ။ တျဖည္းျဖည္း မ်ားလာတာပါ။ ပဲႀကီးခင္းဘက္မွာေတာ့ (၂၀၂၂) တစ္လပိုင္းမွာ စၿပီး ပစ္ခတ္မႈျဖစ္တယ္ေလ။ အဲဒီတုန္းက လုံၿခဳံေရး သြားတဲ့ရဲေတြကို စပစ္တာ။ အဲဒီကေနစၿပီးေတာ့ PDF ေတြ ေပၚလာတာခင္ဗ်။ အဲဒီကစ မ်ားလာၿပီး ေတာ့ ဒလန္ဆိုၿပီး သတ္တယ္၊ ႀကံ့ခိုင္ေရးေတြ သတ္ တယ္။ ၿပီးေတာ့ သူတို႔ မသကၤာတဲ့သူ၊ စည္း႐ုံးလို႔ မရတဲ့သူကို သတ္တာ။
ေမး - ဝက္လူးနယ္ေျမဘက္ကို သူတို႔ဝင္လာတဲ့ အေျခအေနကို ေျပာျပေပးပါ။
ေျဖ - ဝက္လူးအပိုင္ထဲ စေသာင္းက်န္းလာတာကို ေျပာရမယ္ဆိုရင္ ႏြားထိုးႀကီး PDF ရဲ႕ ႏိုင္ထူးေအာင္၊ စိုးေအာင္တို႔ရဲ႕ အမာခံတစ္ေယာက္။ ၿပီးေတာ့ NLD အမာခံ ဦးသိန္းဆိုတာရွိတယ္။ အဲဒီလူကို စခန္းက ေဖာ္ထုတ္ဖမ္းဆီးၿပီး ေထာင္ခ်တာေပါ့။ (၂၀၂၂) တည္းက သတင္းေတြ ရလာတာ။ (၂၀၂၄) မွာ တရား စြဲတယ္။ အဲဒီအမႈနဲ႔ပတ္သက္လို႔ စစ္တဲ့ ဒုရဲအုပ္တစ္ ေယာက္ရွိတယ္။ အမႈစစ္ေလ။ အဲဒီ အမႈသြားယူစဥ္ အခါမွာပဲ အသတ္ခံရတယ္ခင္ဗ်။ လမ္းမွာ အသတ္ခံ ရတာေလ (၁၁) ရက္၊ (၁၂) လ၊ (၂၀၂၃) ေပါ့။ အဲဒီက စၿပီးေတာ့ ဝက္လူးနယ္ေျမတစ္ခုလုံးက ဏႌ နယ္ေျမေတြ ျဖစ္သြားတာပဲ။ စိမ့္ဝင္လိုက္ ျပန္ထြက္သြားလိုက္ေပါ့။ စခန္းက လွည့္ကင္းေတြ မနက္ပိုင္း၊ ညေနပိုင္း ေဆာင္႐ြက္တာရွိတယ္။ ေဆာင္႐ြက္ေတာ့ (၂၄) ရက္ (၄) လ (၂၀၂၄) မွာ လွည့္ကင္းလုပ္ေနတဲ့အခ်ိန္ စိုးေအာင္ဦးစီးတဲ့အဖြဲ႕ က စက္လက္ေတြ၊ ဒ႐ုန္းေတြနဲ႔ ဝိုင္းပစ္တာ။ ဗိုလ္ႀကီး တစ္ဦးနဲ႔ တပ္ၾကပ္တစ္ဦး ဒဏ္ရာရတယ္။ အဲဒါၿပီး ကတည္းက ဝက္လူးအေရွ႕႐ြာကို သြားလို႔မရေတာ့ ဘူး။ က်န္တဲ့႐ြာေတြလည္း သြားမရေတာ့ဘူး လုံၿခဳံ ေရးက စိုးမိုးလို႔မရေတာ့ဘူး။
ေမး - ဝက္လူးစခန္းက အရင္ကေကာ အတိုက္ခံရ ဖူးလား။
ေျဖ - ဝက္လူးစခန္းကို ဒ႐ုန္းနဲ႔ဗုံးခ်တာလည္း အႀကိမ္ႀကိမ္အခါခါပဲ။ အခါ (၂၀) ေက်ာ္မယ္ ထင္ တယ္။ တစ္ခါ က်ရင္ (၂၇) လုံးကေန (၅၆) လုံးၾကား ရွိတယ္ခင္ဗ်။ ႏြားထိုးႀကီးကိုတိုက္မယ္ဆိုရင္လည္း လမ္းႀကိဳလမ္းၾကားမွာ ဂိတ္ေတြပိတ္တယ္။ သူတို႔က ဘာသာလည္းဆိုေတာ့ လက္လုပ္ဒ႐ုန္းေတြကို ေဖာေဖာသီသီ လုပ္ႏိုင္တယ္။ အဲဒါလုပ္တာကလည္း ဝက္လူးအပိုင္ထဲက အေနာက္႐ြာထဲက ဘုန္းႀကီး ေက်ာင္းေတြမွာ လုပ္တာ။ ဘုန္းႀကီးေတြကလည္း ေရွာင္သြားၿပီေလ။ သူတို႔ ပထမဆုံးအေျခခ်တာက စၾကၤာေတာင္မွာ အေျခခ်တာ။ စၾကာေတာင္ကေနၿပီး လုံၿခဳံေရး ပူးေပါင္းအဖြဲ႕ေတြက ရွင္းရင္ ေျပးသြားတာပဲ ဒီေကာင္ေတြက ယွဥ္မတိုက္ဘူး။ ၿခဳံခိုတိုက္တာပဲ။ ၿပီးသြားရင္ ျပန္ေရာက္တယ္။ ေဖာင္က်င္းေတာင္၊ ေျမာက္လွ်ိဳေတြမွာ ေနၾကတာမ်ားတယ္။
ေမး - နယ္ေျမစိုးမိုးေရး ေဆာင္႐ြက္တာမွာ လုံၿခဳံေရး တပ္ဖြဲ႕ဘက္က လုပ္ရကိုင္ရခက္တာေတြ ဘာေတြ ရွိလား။
ေျဖ - ရွိတယ္ခင္ဗ်။ သူတို႔က ျပည္သူကို လူသားတံ တိုင္း လုပ္တဲ့ပုံစံမ်ိဳးေပါ့။ ႐ြာေတြမွာ အိမ္ႀကီးအိမ္ ေကာင္းေတြမွာ လူစုခြဲၿပီးေနတာ။ တကယ္လို႔ စစ္ ေၾကာင္းေတြလာမယ္ဆိုရင္ အဲဒီေဒသခံ သေဘာမ်ိဳး ေနၾကတာ။ ႐ြာခံေတြကလည္း မေျပာရဲဘူး။ ဒီဘက္ ေနာက္ပိုင္းဆို တစ္အိမ္တစ္ေယာက္ PDF ထဲ မဝင္ မေနရ ဆိုၿပီး လုပ္လာတယ္။ ၿပီးေတာ့ ကားအေသး တစ္စီးကို ႏွစ္ေသာင္း၊ ကားအႀကီးတစ္စီးကို ငါး ေသာင္းေတာင္းတယ္။ ႏြားထိုးႀကီး - ၿမိဳ႕သာ သြားတဲ့ လမ္းမွာ PDF ဂိတ္က ေတာ္ေတာ္မ်ားလာတယ္။ ေပၚတင္ဖြင့္တာ။ ျပည္သူနဲ႔ေရာေနေတာ့ ခက္ေန တယ္။ မဆိုင္တဲ့သူေတြ မထိေစခ်င္ဘူးေလ။ သူတို႔က လည္း ငါ PDF ပါဆိုၿပီး ေပၚေပၚထင္ထင္ မလုပ္ဘူး။ အခုမွ ယူနီေဖာင္းေတြ ဘာေတြ ဝတ္လာတာ။ ဟို အရင္တုန္းကေတာ့ လက္နက္ကားက သတ္သတ္ သြားတာ။ လူေတြက ဆိုင္ကယ္ေလးေတြနဲ႔ ဖုန္းတစ္ လုံးနဲ႔ သြားတယ္။ ဝါဒလည္း ျဖန႔္တယ္ေလ ျပည္သူ ထိတယ္၊ ျပည္သူကို လုပ္တယ္ဆိုတာ တကယ္ေတာ့ မဟုတ္ဘူး။
ေမး - ရန္သူကို မွန္းဆရ ခက္ေနတာမ်ိဳးလား။
ေျဖ - မွန္းရခက္တယ္ ျပည္သူနဲ႔ ေရာေနတာမ်ိဳးေပါ့။ ဘုန္းႀကီးေက်ာင္းေတြမွာကလည္း တကယ္ ဘုန္းႀကီး သံဃာ အစစ္ေတြက မရွိေတာ့ဘူး ေရွာင္သြားၿပီ။ ဘုန္းႀကီးေက်ာင္းကို တပ္စြဲၿပီး တိုက္တာ။
ေမး - ႏြားထိုးႀကီးၿမိဳ႕ကိုေကာ တိုက္ပြဲႀကီးေဖာ္ၿပီး တိုက္တာ ရွိလားခင္ဗ်။
ေျဖ - အဲဒီလိုေတာ့မရွိဘူး။ ဟိုေနရာပစ္၊ ဒီေနရာပစ္ ဆို လိုက္ရွင္းၾကတယ္ေလ။ လိုက္ရွင္းရင္ ကမန္းက တမ္း ဓာတ္ပုံေတြ႐ိုက္ၿပီး ျပန္တာပဲ။ သိမ္းတယ္ဆို တာ မဟုတ္ဘူး။ စခန္းေတြ အသိမ္းေလွ်ာက္ျပတာ ေပါ့။
ေမး - ဆိုေတာ့ ဝက္လူးရဲစခန္းကို လာတိုက္တဲ့ ျဖစ္စဥ္ကို သိပါရေစခင္ဗ်ာ။
ေျဖ - ဝက္လူးကိုတိုက္တာမွာ တိုက္ပြဲႀကီး တိုက္တာ က သုံးႀကိမ္ရွိၿပီ။ တစ္ခါတိုက္ရင္ ႏွစ္ရက္ၾကာတယ္။ (၂၀၂၄) ခုႏွစ္ (၉) လပိုင္းတုန္းက ႏွစ္ရက္တိုက္တယ္။ ဒ႐ုန္းနဲ႔ ဗုံးအလုံး (၁၆၀) ေက်ာ္ေလာက္ခ်တယ္။ ႏွစ္ရက္တိတိ ေတာင့္ခံၿပီး ျပန္ခ်ႏိုင္တယ္။ ဒုတိယ အႀကိမ္ကေတာ့ (၁၂) လပိုင္းမွာ (၂) ရက္ေလာက္ တိုက္တယ္။ ဒ႐ုန္းနဲ႔ ဗုံးခ်တာပဲ အဲဒီတုန္းကလည္း။ ဒီတစ္ေခါက္ကေတာ့ အျပင္းထန္ဆုံးပါ။ သတင္းရလို႔ တပ္ဖြဲ႕ဝင္ေတြက အသင့္ေစာင့္ေနေပမယ့္ ဒီေလာက္ ျမန္ျမန္ႀကီး ေရာက္လာမယ္ေတာ့ မထင္ထားၾကဘူး ေပါ့။ ေတာင္ဘက္ကို သတင္းဖြၿပီး ေျမာက္ဘက္က တိုက္တယ္ အဲဒီလို တိုက္တာ။ ဒီရက္ထဲ သတင္းရ ေတာ့ လူႀကီးေတြက အသင့္လုပ္ဖို႔ေျပာတယ္။ ေျပာ တဲ့အခ်ိန္ (၁၅)ရက္၊ မနက္ (၅) နာရီ (၃၀) မွာ စတိုက္တာ။ ဝက္လူးစခန္းကေန မီတာ (၁၀ဝ) ေက်ာ္ သြားလို႔ မရတာက (၂၀၂၄) ခုႏွစ္ (၉) လပိုင္းတည္း ကပါ။ သြားရင္ ကြၽံတဲ့သူ စားသြားတာေပါ့။ စိုးမိုးဖို႔ အတြက္ကလည္း အခက္အခဲအမ်ိဳးမ်ိဳး ရွိတာ။ ဝက္လူးအေရွ႕႐ြာနဲ႔ အလယ္႐ြာမွာ PDF ေတြ စိုးမိုး ေနတာၾကာၿပီ။ (၁၅) ရက္မွာ တစ္ေန႔လုံး တိုက္တယ္။ ဒီေကာင္ေတြ ပထမစတည္ေတာ့ အေရွ႕ဘက္နဲ႔ ေျမာက္ဘက္က စႏိုက္ပါ (၅) လက္နဲ႔ ေထာက္ တယ္။ ရဲတပ္သား တစ္ေယာက္က်တယ္။ စႏိုက္ပါ ေခါင္းကိုထိတယ္။ ဒါေပမဲ့ ဒီဘက္ကလည္း ႐ြပ္႐ြပ္ ခြၽံခြၽံ ျပန္တိုက္ၾကတယ္။ (၁၆) ရက္မနက္မွာ တစ္ခါ ရဲတပ္ၾကပ္ႀကီးတစ္ေယာက္လည္း စႏိုက္ပါ ထိၿပီးက်တယ္။ စႏိုက္ပါပစ္တာေတြ၊ အႀကီးပစ္တာ ေတြ အရမ္းမ်ားတယ္။ RPG ပစ္တယ္၊ ေရွာ့တိုက္ ပစ္တယ္၊ ပြိဳင့္ဖိုက္နဲ႔လည္း ပစ္တယ္။ ပြိဳင့္ဖိုက္ ပစ္ တယ္ဆို ဆရာ နံရံေတြပါ ေပါက္တယ္ေနာ္။ အုတ္နံရံ ေတြပါ ေပါက္တာ။ ဦးစီးေခါင္းေဆာင္ေတြရွိတာကို လွမ္းပစ္တာ။ ေရွာ့တိုက္ေတြ အေဆာက္အအုံကို ထိတယ္။ (၁၅) ရက္မွာ ဒီေကာင္ေတြက ညဘက္မွာ တိုက္ၿပီးေတာ့ ေရမိုးခ်ိဳး၊ ေဆးေတြ သုံးတယ္။ ထမင္း ထုပ္ေတြ ေတြ႕တယ္။ ထမင္းထုပ္ပို႔တာက သတ္ သတ္ရွိတယ္။ ေဂၚျပားေတြ ပါတယ္။ သံပိုက္ကို လုပ္ ထားတဲ့ ေဂၚျပားေလးေတြေလ။ တြင္းေတြတူးၿပီးေတာ့ လူတစ္ကိုယ္စာေပါ့။ ေလယာဥ္ပစ္ရင္ က်င္းထဲဝင္ ထိုင္ဖို႔ေပါ့။ (၁၆) ရက္မနက္မွာလည္း မိုးလင္း တည္းက မိုးခ်ဳပ္အထိတိုက္တာ။
ေမး - တိုက္ပြဲအရွိန္က ပိုျပင္းလာလား။
ေျဖ - (၁၆) ရက္က ပိုျပင္းတယ္။ မနားဘူး၊ နားရင္ ငါးမိနစ္ပဲ။ ဒီေကာင္ေတြ က်ည္ဆန္ကို ေသာင္းခ်ီ ပစ္ တယ္။ ဒီဘက္ကလည္း တိုက္တယ္။ ေျခာက္ေယာက္ ဒဏ္ရာရတယ္။ ရလည္း လက္တစ္ဖက္နဲ႔ ပစ္တာ။ စိတ္ဓာတ္က ေတာ္ေတာ္ေကာင္းတယ္။ အုတ္နံရံက လည္းေပါက္ထြက္ၿပီး က်ည္ေတြဝင္ေနၿပီ။ တိုက္က လည္း အပစ္ခံရၿပီး အမိုးေတြမရွိေတာ့ဘူး။ နံရံေတြ ၿပိဳက်တာလည္းျဖစ္တယ္။ အဲဒီေလာက္အထိ တိုက္ တာ။ မိုးခ်ဳပ္ခါနီးေလာက္မွာ မီတာငါးဆယ္ေလာက္ အထိ ဒီေကာင္ေတြ ေရာက္လာၿပီ။ ဘန္ကာေတြနား ေရာက္လာၿပီ။ ဒီဘက္ကလည္း ပစ္အားက်လာၿပီ ဒဏ္ရာရွိတဲ့သူလည္း မ်ားလာၿပီေလ။ မျဖစ္ႏိုင္ေတာ့ ဘူးဆိုၿပီး ဖုန္းေတြနဲ႔ မိသားစုေတြကို ႏႈတ္ဆက္ၾက တယ္။ လက္ခံက်ည္လည္း နည္းနည္းပဲ ရွိေတာ့တာ။ အရာရွိေတြေရာ တျခားအဆင့္ေတြေရာ လက္နက္ေတြ ဆြဲထုတ္ၿပီး လာကြာ ပါသေလာက္ ေခၚသြားမယ္ ဆိုၿပီး ခံတိုက္ဖို႔ အထိ ျပင္တာ။ အဲဒီ အခ်ိန္ စပီကာနဲ႔ စခန္းမႉး နာမည္ကို ေခၚတယ္။ တပ္က ဗိုလ္ႀကီးေတြ ေတာ့ နာမည္ သိပုံမရဘူး။ လက္နက္ခ်ပါေပါ့။ အကူ အညီေပးမယ္ဆိုၿပီး ေအာ္တာ။ စခန္းေတာင္ဘက္က ေန ေအာ္တယ္။ ၿပီးေတာ့ တျခား အဆင့္ နာမည္ေတြ လည္း ေခၚတာ။ စိတ္ဓာတ္ ပ်က္ျပားေအာင္လုပ္ တာေပါ့။ အားလုံးကလည္း အေသခံရဲတယ္လို႔ ေျပာ တယ္။ အရာရွိေတြကလည္း ေသတဲ့အထိ တိုက္မယ္ လို႔ ဆုံးျဖတ္ထားတယ္ေလ။ လူႀကီးေတြကလည္း စခန္းကိုလည္း အနီးကပ္ ကြပ္ကဲေပးတယ္။ ရဲနဲ႔ တပ္ က အရာရွိေတြကလည္း သူတို႔ အရာရွိေတြက ဖုန္း ဆက္ေတာ့ ႏႈတ္ဆက္ၾကတယ္။ ဟိုက တက္လုံးရင္ လွမ္းျမင္ေနရၿပီေလ။ တစ္ေယာက္ေတာ့ ရေအာင္ သတ္သြားၾကမယ္ေပါ့။ အဲဒီမွာ အရာရွိသုံးေယာက္ ေျပာၾကတာေပါ့။ စခန္းမႉးရယ္ တပ္က ဗိုလ္ႀကီး ႏွစ္ေယာက္ရယ္ က ဦးေဆာင္တိုက္တာ။ ေနာက္ဆုံး ဝင္လုံးမယ္လို႔ဆုံးျဖတ္တဲ့အခ်ိန္ ကြၽန္ေတာ္တို႔ အတူတူေသတာေပါ့ဗ်ာလို႔ တပ္က ဗိုလ္ႀကီးတစ္ ေယာက္က ေျပာေတာ့ စခန္းမႉးက ေနာက္ဘဝက်ရင္ ညီအစ္ကို ေတာ္တာေပါ့ဗ်ာလို႔ေျပာၿပီး ရယ္တယ္တဲ့။ အကုန္လုံးက စိတ္ပိုင္းျဖတ္ၿပီး ေပ်ာ္ေပ်ာ္ပါပဲ။ ဆုတ္ဖို႔ ေတာ့ မဆုံးျဖတ္ၾကဘူး။
ေမး - အဲဒါ ဘယ္အခ်ိန္ေလာက္လဲ။
ေျဖ - ည (၇) နာရီေလာက္ေတာ့ ရွိၿပီ။ လူႀကီးတစ္ ေယာက္ကလည္း အားေပးတယ္။ ၿပီးေတာ့ လူႀကီး တစ္ေယာက္က စစ္ကူေတြ လာၿပီေဟ့လို႔ ေအာ္ဖို႔ ေျပာေတာ့ စစ္ကူေတြ လာၿပီေဟ့လို႔ ေအာ္ ၾကတာ ေပါ့။ ႐ုတ္တရက္ေတာ့ ဒီေကာင္ေတြ ေၾကာင္ေနတဲ့ သေဘာရွိတယ္။ ငါးမိနစ္ေလာက္ေနေတာ့ ေလယာဥ္ ပစ္ကူေပးတာပဲ။ ေလယာဥ္ပစ္ကူတစ္ခါေပး ထပစ္၊ ေလယာဥ္ပစ္ကူတစ္ခါေပး ထပစ္နဲ႔ ဒီေကာင္ေတြ ဆုတ္သြားတယ္။ (၁၆) ရက္ ေအာင္ပြဲကေတာ့ အဲဒါ ပါပဲ။ ဒီေကာင္ေတြ အနားကပ္လာေတာ့ တပ္ဖြဲ႕ ေတြက လက္ပစ္ဗုံးနဲ႔ ပစ္ေပမယ့္ ေဆးေၾကာင္ေနတာ ထင္တယ္မရဘူး။ ေလယာဥ္ပစ္ကူလာၿပီးေတာ့ အသက္ရႉေခ်ာင္တာေပါ့။ (၁၈) ရက္ကေတာ့ အႀကီးႀကီးေတြနဲ႔ပစ္တယ္။ အခုေတာ့ အားလုံး ၿငိမ္သက္သေလာက္ ျဖစ္သြားပါၿပီ။
ေမး - လုံးဝ ဆုတ္သြားတာက ဘယ္ေန႔လဲ ခင္ဗ်ာ။
ေျဖ - လုံးဝ ဆုတ္တာကေတာ့ (၁၉) ရက္မွာ ဆုတ္ သြားတာပါ။ ေျဖာက္ေတာက္ ေျဖာက္ေတာက္ေတာ့ ပစ္တယ္။ စႏိုက္ပါက ေတာ္ေတာ္ပစ္တယ္။ လူႀကီး ေတြ ေထာက္ပံ့ထားတဲ့ ဆန္အိတ္ေတြ ရွိတယ္ေလ။ အကာအကြယ္က ဒီ ဆန္အိတ္ေတြပဲ။ ဆန္အိတ္ေတြ ပို႔ထားတာ အမ်ားႀကီးပဲ။ ဆန္အိတ္ေတြကို ညတြင္းခ်င္း နံရံေတြမွာ ကပ္တာ။ ပြိဳင့္ဖိုက္က နံရံေတြပါ ေဖာက္တာကိုး။ ဆန္တို႔ သဲထုပ္တို႔ေတာ့ မေဖာက္တဲ့ သေဘာရွိတယ္။ က်ည္က ဆန္အိတ္ထဲ နစ္တာ။ စခန္းရွင္းေတာ့ ဘန္ကာေတြထဲမွာ စခန္းပတ္လည္မွာ ပစ္လို႔ မကြဲတဲ့ ဗုံးသီးေတြ၊ လက္လုပ္မိုင္းေတြေရာ၊ ဒ႐ုန္းဗုံးသီးေရာ အလုံးတစ္ရာေလာက္ရတယ္။ လက္နက္လည္း ရတယ္။ လက္နက္ခဲယမ္းလည္း ရ တယ္။ အေလာင္းလည္းေတြ႕တယ္။ သူတို႔က အေလာင္းေတြ ဆြဲသြားတာ။ လုံးဝမဆြဲႏိုင္တာ တစ္ ေလာင္းေတြ႕တယ္။
ေမး - တစ္ညလုံး ေလယာဥ္နဲ႔ အေစာင့္ေနေပးတယ္ ဆိုတာ တစ္ညရွိတယ္လို႔ သိရပါတယ္။ အဲဒါက ဘယ္ညလဲ ဗ်။
ေျဖ - မွန္ပါတယ္။ အဲဒါက်ေတာ့ (၁၈) ရက္ ညကပါ။့ ၁၂ နဲ႔ ပတ္ေပးတာပါ။ တစ္ညလုံး ပတ္ေပးတာပါ။
ေမး-ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

Related news

© 2021. All rights reserved.