နတ်မောက်တွင် အလယ်တန်းပြဆရာမ နှင့် ခင်ပွန်းကို PDF က ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်

 1382

သန့်ဇင် (NP News) - ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဝက်ချုပ်ကျေးရွာရှိ ဝက်ချုပ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ကို ယမန့်နေ့(ဇွန်လ ၁ ရက်)၊ နံနက်ပိုင်းက PDF အဖွဲ့က ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အထက်ပါကျောင်းဆရာမ ဒေါ်သန်းညွန့် အသက် (၆၁) နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးသောင်းခင် အသက် (၅၉) နှစ် တို့သည် နေအိမ်၌ရှိနေစဉ် PDF အဖွဲ့က ရောက်ရှိလာပြီး ဒေါ်သန်းညွန့်အား သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ရန်နှင့် ကျောင်းအပ် လက်ခံခြင်းအား ဆက်လက်မပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ဆရာမ ဒေါ်သန်းညွန့် မှ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်အရေးအတွက် နိုင်ငံ့ဝန်ထမ်းတစ်ဦးအဖြစ် တာဝန် ကျေပ္ပန်လို၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ က ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ထောက်ခံအားပေးမှုမရှိသည့်အတွက် ၎င်းတို့ ၂ ဦးအား အဆိုပါကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့် အကွာသို့ အတင်း အဓမ္မဖမ်းဆီးခေါ်ဆောင်၍ လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

PDF အဖွဲ့အနေဖြင့် ပညာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ လ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်ထိ အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေး ဝန်ထမ်း သေဆုံးသူ ၇၉ ဦး၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရသည်။

Zawgyi Version:
နတ္ေမာက္တြင္ အလယ္တန္းျပဆရာမ ႏွင့္ ခင္ပြန္းကို PDF က ဖမ္းဆီး ပစ္ခတ္သတ္ျဖတ္
သန္႔ဇင္ (NP News) - ဇြန္ ၂
မေကြးတိုင္းေဒသႀကီး၊ နတ္ေမာက္ၿမိဳ႕နယ္၊ ဝက္ခ်ဳပ္ေက်း႐ြာရွိ ဝက္ခ်ဳပ္အေျခခံပညာအထက္တန္းေက်ာင္း(ခြဲ)မွ အလယ္တန္းျပဆရာမႏွင့္ ခင္ပြန္းျဖစ္သူတို႔ကို ယမန္႔ေန႔(ဇြန္လ ၁ ရက္)၊ နံနက္ပိုင္းက PDF အဖြဲ႕က ဖမ္းဆီးကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အထက္ပါေက်ာင္းဆရာမ ေဒၚသန္းၫြန႔္ အသက္ (၆၁) ႏွစ္ႏွင့္ ခင္ပြန္းျဖစ္သူ ဦးေသာင္းခင္ အသက္ (၅၉) ႏွစ္ တို႔သည္ ေနအိမ္၌ရွိေနစဥ္ PDF အဖြဲ႕က ေရာက္ရွိလာၿပီး ေဒၚသန္းၫြန႔္အား သစၥာမဲ့ဝန္ထမ္း (Disloyalty Civil Servant- DCS) ျပဳလုပ္ရန္ႏွင့္ ေက်ာင္းအပ္ လက္ခံျခင္းအား ဆက္လက္မျပဳလုပ္ရန္ ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆရာမ ေဒၚသန္းၫြန႔္ မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ အနာဂတ္အေရးအတြက္ ႏိုင္ငံ့ဝန္ထမ္းတစ္ဦးအျဖစ္ တာဝန္ ေက်ပၸန္လို၍ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ရာ PDF အမည္ခံအၾကမ္းဖက္သမားမ်ား က ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ ေထာက္ခံအားေပးမႈမရွိသည့္အတြက္ ၎တို႔ ၂ ဦးအား အဆိုပါေက်း႐ြာ၏ အေနာက္ဘက္ ၂ မိုင္ခန႔္ အကြာသို႔ အတင္း အဓမၼဖမ္းဆီးေခၚေဆာင္၍ လူသားမဆန္စြာ ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

PDF အဖြဲ႕အေနျဖင့္ ပညာေရးဝန္ထမ္းမ်ားအား ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ လ ၁ ရက္မွ ၂၀၂၅ ခုႏွစ္ ဇြန္လ ၁ ရက္ထိ အၾကမ္းဖက္က်ဴးလြန္မႈမ်ား ေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ပညာေရး ဝန္ထမ္း ေသဆုံးသူ ၇၉ ဦး၊ ဒဏ္ရာရရွိသူ ၃၅ ဦးရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.