လျှပ်စစ်မီးအခက်အခဲနှင့် Chargaing Station နည်းပါးခြင်းကြောင့် EV ကားဝယ်စီးသူများ ပြန်ရောင်းနေ

 751

သန့်ဇင်(NP News) - ဇွန် ၃

လျှပ်စစ်မီးရရှိမှုအခက်အခဲနှင့် Chargaing Station နည်းပါးခြင်းကြောင့် EV ကားဝယ်စီးသူများ ပြန်ရောင်းထုတ်ခြင်းများရှိနေကြောင်း ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် အခြားတိုင်းဒေသကြီးနှင့် မြို့နယ်များတွင် လျှပ်စစ်မီးကို အချိန်အကန့်အသတ်ဖြင့် နာရီအလိုက် အလှည့်ကျရရှိနေခြင်းကြောင့် EV ကားဝယ်ယူစီးနင်းသူများအတွက် အားသွင်းရန်အခက်အခဲရှိနေကြောင်း သိရသည်။

“မီးရရှိမှုဆိုတာက အခုကဘယ်လိုဖြစ်လဲဆိုတော့ မီးလည်းမမှန်ဘူးဗျာ။ မီးက မမှန်ဘူးဆိုတော့ လူတွေအားလုံက အကုန်ကြောက်ကုန်ပြီ။ EV စီးရမယ်ဆိုတာကိုပေါ့။ အားသွင်းလို့မရဘူး။ ကျွန်တော် အခုရောင်းထားတဲ့ ကာစတန်မာတွေလည်း အဲဒီပြဿနာရှင်းနေရတယ်။ ဘယ်လိုမှမီးမလာတဲ့အတွက် Station လည်းမလောက်ဘူး။ အားလည်း သွင်းလို့မရဘူး။ အိမ်မှာလည်းမီမလာတော့ သွင်းလို့မရတော့ ပိုဆိုးတယ်”ဟု ကားရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။

ထို့ပြင် Chargaing Station နည်းပါးခြင်းကြောင့်လည်း EV ကားအားသွင်းရန် အခက်အခဲများစွာ ရှိနေကာ စီးရန်ဝယ်ယူပြီးကားများကို ပြန်လည်ရောင်းချနေသူများလည်းရှိနေကြောင်း အထက်ပါ သတင်းရင်းမြစ်ကဆိုသည်။

“ Station ကလည်းသွင်းလို့မရဘူး။ မီးပြတ်နေတော့။ အဲဒီမှာကာစတန်မာတွေက EV ကြီး ဝယ်ပြီးတော့ စီးလို့လည်းမရပါလားဆိုပြီး EV တွေပြန်ရောင်းနေတဲ့လူတွေအများကြီး။ ငါတို့ဆီ ကားဝယ် တာမှဟုတ်သေးတယ်။ EV ကြီသွားဝယ် ကာမှ ငါးပါးမှောက်ပြီဆိုပြီး ဖြစ်နေတဲ့သူတွေ အများကြီး။ အဲဒီ မှာမှ ဘာထပ်ဖြစ်လဲဆိုတော့ ဆီကား SKD ပါမစ်တွေအများကြီးချပေးတယ်။ ကုမ္ပဏီအသစ်ချပေးတာ တော့မဟုတ်ဘူးပေါ့”ဟု ၎င်းက ပြောသည်။

ခွင့်ပြုချက်ဖြင့် EV Charging Station များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် (ရန်ကုန်-မန္တလေး)အမြန်လမ်းမကြီးပေါ်ရှိ မြေနေရာ များ သတ်မှတ်ဆောင်ရွက်ခဲ့ရာ နေပြည်တော်တွင် (၉) နေရာ ၊ မန္တလေးတွင် (၉) နေရာ ၊ ရန်ကုန်တွင် (၉) နေရာနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတွင် (၁၅) နေရာ ၊ စုစုပေါင်း (၄၂) နေရာကို ရှေ့ပြေးစမ်း သပ်စီမံကိန်း(ပိုင်းလော့ပရောဂျက်)အဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်း EV Charging Station (၂၁) ခုအထိ တည်ဆောက်ပြီး ဖြစ်‌‌ကြောင်းလည်း သိရသည်။သို့သော် လက်ရှိကာလတွင် အထက်ပါအခက်အခဲများကြောင့် ပြည်တွင်းတွင် တစ်စိတ်တစ်ပိုင်း ထုတ်လုပ်တပ်ဆင်သည့် ဆီကား SKD များသာ ရောင်းအားကောင်းနေပြီး EV SKD မှာ ထင်သလောက် ရောင်းအားမကောင်းကြောင်းလည်း ၎င်းက ဆိုသည်။

“အခုလို မီးမငြိမ်ဘာမငြိမ်ဖြစ်နေတဲ့ကာလမှာ ဘယ်သူမှတော့ EV ကိုမစီးရဲတော့ဘူးလေ။ မစီးရဲ တာလည်းပါသလို စီးလည်း မစီးချင်တော့ဘူးလေ။ ဆီကားရနေမှတော့ ဆီကားပဲစီးတော့ မှာလေ။ EV က အားသွင်းဖို့ခက်ခဲနေတာနဲ့ ခရီးသွားဖို့ဆို EV က အမှန်တိုင်းပြောရရင် သွားဖို့မလွယ်ဘူးလေ။ စိတ် မရှည်ဘူးပေါ့နော်။ အဲဒီလိုဖြစ်နေတဲ့ကာလမှာ ဆီကား SKD ပါမစ်တွေ တော်လျှောက် ချပေးနေတော့ တိုင်ပတ်တာပေါ့နော်”ဟု အထက်ပါ ကားလုပ်ငန်းရှင်က ပြောသည်။

zawgyi version
လွ်ပ္စစ္မီးအခက္အခဲႏွင့္ Chargaing Station နည္းပါးျခင္းေၾကာင့္ EV ကားဝယ္စီးသူမ်ား ျပန္ေရာင္းေန
သန႔္ဇင္(NP News) - ဇြန္ ၃

လွ်ပ္စစ္မီးရရွိမႈအခက္အခဲႏွင့္ Chargaing Station နည္းပါးျခင္းေၾကာင့္ EV ကားဝယ္စီးသူမ်ား ျပန္ေရာင္းထုတ္ျခင္းမ်ားရွိေနေၾကာင္း ကားလုပ္ငန္းရွင္အသိုင္းအဝိုင္းထံမွ သိရသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕အပါအဝင္ အျခားတိုင္းေဒသႀကီးႏွင့္ ၿမိဳ႕နယ္မ်ားတြင္ လွ်ပ္စစ္မီးကို အခ်ိန္အကန႔္အသတ္ျဖင့္ နာရီအလိုက္ အလွည့္က်ရရွိေနျခင္းေၾကာင့္ EV ကားဝယ္ယူစီးနင္းသူမ်ားအတြက္ အားသြင္းရန္အခက္အခဲရွိေနေၾကာင္း သိရသည္။

“မီးရရွိမႈဆိုတာက အခုကဘယ္လိုျဖစ္လဲဆိုေတာ့ မီးလည္းမမွန္ဘူးဗ်ာ။ မီးက မမွန္ဘူးဆိုေတာ့ လူေတြအားလုံက အကုန္ေၾကာက္ကုန္ၿပီ။ EV စီးရမယ္ဆိုတာကိုေပါ့။ အားသြင္းလို႔မရဘူး။ ကြၽန္ေတာ္ အခုေရာင္းထားတဲ့ ကာစတန္မာေတြလည္း အဲဒီျပႆနာရွင္းေနရတယ္။ ဘယ္လိုမွမီးမလာတဲ့အတြက္ Station လည္းမေလာက္ဘူး။ အားလည္း သြင္းလို႔မရဘူး။ အိမ္မွာလည္းမီမလာေတာ့ သြင္းလို႔မရေတာ့ ပိုဆိုးတယ္”ဟု ကားေရာင္းဝယ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။

ထို႔ျပင္ Chargaing Station နည္းပါးျခင္းေၾကာင့္လည္း EV ကားအားသြင္းရန္ အခက္အခဲမ်ားစြာ ရွိေနကာ စီးရန္ဝယ္ယူၿပီးကားမ်ားကို ျပန္လည္ေရာင္းခ်ေနသူမ်ားလည္းရွိေနေၾကာင္း အထက္ပါ သတင္းရင္းျမစ္ကဆိုသည္။

“ Station ကလည္းသြင္းလို႔မရဘူး။ မီးျပတ္ေနေတာ့။ အဲဒီမွာကာစတန္မာေတြက EV ႀကီး ဝယ္ၿပီးေတာ့ စီးလို႔လည္းမရပါလားဆိုၿပီး EV ေတြျပန္ေရာင္းေနတဲ့လူေတြအမ်ားႀကီး။ ငါတို႔ဆီ ကားဝယ္ တာမွဟုတ္ေသးတယ္။ EV ႀကီသြားဝယ္ ကာမွ ငါးပါးေမွာက္ၿပီဆိုၿပီး ျဖစ္ေနတဲ့သူေတြ အမ်ားႀကီး။ အဲဒီ မွာမွ ဘာထပ္ျဖစ္လဲဆိုေတာ့ ဆီကား SKD ပါမစ္ေတြအမ်ားႀကီးခ်ေပးတယ္။ ကုမၸဏီအသစ္ခ်ေပးတာ ေတာ့မဟုတ္ဘူးေပါ့”ဟု ၎က ေျပာသည္။

ခြင့္ျပဳခ်က္ျဖင့္ EV Charging Station မ်ားကို ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးႏွင့္ (ရန္ကုန္-မႏၲေလး)အျမန္လမ္းမႀကီးေပၚရွိ ေျမေနရာ မ်ား သတ္မွတ္ေဆာင္႐ြက္ခဲ့ရာ ေနျပည္ေတာ္တြင္ (၉) ေနရာ ၊ မႏၲေလးတြင္ (၉) ေနရာ ၊ ရန္ကုန္တြင္ (၉) ေနရာႏွင့္ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ (၁၅) ေနရာ ၊ စုစုေပါင္း (၄၂) ေနရာကို ေရွ႕ေျပးစမ္း သပ္စီမံကိန္း(ပိုင္းေလာ့ပေရာဂ်က္)အျဖစ္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

ထို႔ျပင္ လက္ရွိအခ်ိန္အထိ ႏိုင္ငံတစ္ဝန္း EV Charging Station (၂၁) ခုအထိ တည္ေဆာက္ၿပီး ျဖစ္‌‌ေၾကာင္းလည္း သိရသည္။သို႔ေသာ္ လက္ရွိကာလတြင္ အထက္ပါအခက္အခဲမ်ားေၾကာင့္ ျပည္တြင္းတြင္ တစ္စိတ္တစ္ပိုင္း ထုတ္လုပ္တပ္ဆင္သည့္ ဆီကား SKD မ်ားသာ ေရာင္းအားေကာင္းေနၿပီး EV SKD မွာ ထင္သေလာက္ ေရာင္းအားမေကာင္းေၾကာင္းလည္း ၎က ဆိုသည္။

“အခုလို မီးမၿငိမ္ဘာမၿငိမ္ျဖစ္ေနတဲ့ကာလမွာ ဘယ္သူမွေတာ့ EV ကိုမစီးရဲေတာ့ဘူးေလ။ မစီးရဲ တာလည္းပါသလို စီးလည္း မစီးခ်င္ေတာ့ဘူးေလ။ ဆီကားရေနမွေတာ့ ဆီကားပဲစီးေတာ့ မွာေလ။ EV က အားသြင္းဖို႔ခက္ခဲေနတာနဲ႔ ခရီးသြားဖို႔ဆို EV က အမွန္တိုင္းေျပာရရင္ သြားဖို႔မလြယ္ဘူးေလ။ စိတ္ မရွည္ဘူးေပါ့ေနာ္။ အဲဒီလိုျဖစ္ေနတဲ့ကာလမွာ ဆီကား SKD ပါမစ္ေတြ ေတာ္ေလွ်ာက္ ခ်ေပးေနေတာ့ တိုင္ပတ္တာေပါ့ေနာ္”ဟု အထက္ပါ ကားလုပ္ငန္းရွင္က ေျပာသည္။

Related news

© 2021. All rights reserved.