မန်ယူကိုအနိုင်ဂိုးသွင်းခဲ့သော မောင်မောင်လွင်ကို MFFမှ သိန်း(၁၀၀၀)နှင့် အမှတ်တရဆုချီးမြင့်

 7475

သန့်ဇင်(NP News)-ဇွန် ၃

မန်ယူကိုအနိုင်ဂိုးသွင်းခဲ့သော မောင်မောင်လွင်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ ငွေကျပ်သိန်း(၁၀၀၀)နှင့် အမှတ်တရဆုချီးမြင့်ခဲ့ကြောင်း MFF၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးသမား မောင်မောင်လွင်ကို ယနေ့(ဇွန်လ ၃ရက်)တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေး တွင် ဆုချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ရက်က ယှဉ်ပြိုင်ကစားခဲ့သော မန်ယူအသင်းနှင့် ASEAN All Starsအသင်းတို့ပွဲစဉ်တွင် မောင်မောင်လွင်၏တစ်လုံးတည်းသောသွင်းဂိုဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်​သည်။

ထို့ကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့က မောင်မောင်လွင်ကို ငွေကျပ်သိန်း(၁၀၀၀)နှင့် အမှတ်တရဆုကို ချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အစည်းအဝေးတွင် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) ပြိုင်ပွဲဝင် မြန်မာ ယူ၂၂ အသင်း၊ အမျိုးသမီး လက်ရွေးစင်အသင်း၊ အမျိုးသားနှင့် အမျိုးသမီး ဖူဆယ် လက်ရွေးစင် အသင်းများ အောင်မြင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး၊ လူငယ် သက်တမ်းအလိုက် အသင်းများနှင့် ဖူဆယ် အသင်းများ အားလုံး အာရှ၊ အာဆီယံ ပြိုင်ပွဲများအတွက် ရည်မှန်းချက်များနှင့် ပြင်ဆင်မှုများအား သုံးသပ်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့် မြန်မာဘောလုံး အကယ်ဒမီ(မန္တလေး) ရှင်းလင်းခြင်း၊ တည်ဆောက်ခြင်းနှင့် ၂၀၂၅ ပညာသစ်နှစ် ယာယီ အဆောက်အဦဖြင့် စီစဉ်နေမှု၊- ကစားကွင်းသစ်များနှင့် လေ့ကျင့်ရေး စင်တာများ အတူတကွ ဖော်ထုတ်ခြင်း၊ FIFA Football For Schools အစီအစဉ် အကောင်အထည်ဖော်ခြင်း၊ ဆီးဂိမ်းစ် အပါအဝင် နိုင်ငံတကာပွဲများအား ရုပ်သံထုတ်လွှင့်ခြင်း၊ နိုင်ငံဒေသ နေရာများအလိုက် ဘောလုံးလေ့ကျင့်ရေး စင်တာများ ဖွင့်လှစ်ရေး၊ ယူ၁၅ လိဂ်နှင့် လူငယ်ပြိုင်ပွဲများ ပိုမိုအဆင့်မြှင့်တင်ရေး ကိစ္စရပ်များကိုလည်း ကိုယ်စားလှယ်အသီးသီးက ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
မန္ယူကိုအႏိုင္ဂိုးသြင္းခဲ့ေသာ ေမာင္ေမာင္လြင္ကို MFFမွ သိန္း(၁၀၀၀)ႏွင့္ အမွတ္တရဆုခ်ီးျမင့္

သန္႔ဇင္(NP News)-ဇြန္ ၃

မန္ယူကိုအႏိုင္ဂိုးသြင္းခဲ့ေသာ ေမာင္ေမာင္လြင္ကို ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္(MFF)မွ ေငြက်ပ္သိန္း(၁၀၀၀)ႏွင့္ အမွတ္တရဆုခ်ီးျမင့္ခဲ့ေၾကာင္း MFF၏ထုတ္ျပန္ခ်က္အရ သိရသည္။

ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးသမား ေမာင္ေမာင္လြင္ကို ယေန႔(ဇြန္လ ၃ရက္)တြင္ က်င္းပခဲ့ေသာ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ အလုပ္အမႈေဆာင္ အစည္းအေဝး တြင္ ဆုခ်ီးျမင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေမလ ၂၈ရက္က ယွဥ္ၿပိဳင္ကစားခဲ့ေသာ မန္ယူအသင္းႏွင့္ ASEAN All Starsအသင္းတို႔ပြဲစဥ္တြင္ ေမာင္ေမာင္လြင္၏တစ္လုံးတည္းေသာသြင္းဂိုျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္​သည္။

ထို႔ေၾကာင့္ ျမန္မာေဘာလုံးအဖြဲ႕ခ်ဳပ္ အလုပ္အမႈေဆာင္အဖြဲ႕က ေမာင္ေမာင္လြင္ကို ေငြက်ပ္သိန္း(၁၀၀၀)ႏွင့္ အမွတ္တရဆုကို ခ်ီးျမင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ အစည္းအေဝးတြင္ ၃၃ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားပြဲေတာ္ (ဆီးဂိမ္းစ္) ၿပိဳင္ပြဲဝင္ ျမန္မာ ယူ၂၂ အသင္း၊ အမ်ိဳးသမီး လက္ေ႐ြးစင္အသင္း၊ အမ်ိဳးသားႏွင့္ အမ်ိဳးသမီး ဖူဆယ္ လက္ေ႐ြးစင္ အသင္းမ်ား ေအာင္ျမင္ေရး ႀကိဳတင္ျပင္ဆင္မႈမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာ့ လက္ေ႐ြးစင္ အမ်ိဳးသား၊ အမ်ိဳးသမီး၊ လူငယ္ သက္တမ္းအလိုက္ အသင္းမ်ားႏွင့္ ဖူဆယ္ အသင္းမ်ား အားလုံး အာရွ၊ အာဆီယံ ၿပိဳင္ပြဲမ်ားအတြက္ ရည္မွန္းခ်က္မ်ားႏွင့္ ျပင္ဆင္မႈမ်ားအား သုံးသပ္ေဆြးေႏြးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ငလ်င္ေဘးေၾကာင့္ ပ်က္စီးခဲ့သည့္ ျမန္မာေဘာလုံး အကယ္ဒမီ(မႏၲေလး) ရွင္းလင္းျခင္း၊ တည္ေဆာက္ျခင္းႏွင့္ ၂၀၂၅ ပညာသစ္ႏွစ္ ယာယီ အေဆာက္အဦျဖင့္ စီစဥ္ေနမႈ၊- ကစားကြင္းသစ္မ်ားႏွင့္ ေလ့က်င့္ေရး စင္တာမ်ား အတူတကြ ေဖာ္ထုတ္ျခင္း၊ FIFA Football For Schools အစီအစဥ္ အေကာင္အထည္ေဖာ္ျခင္း၊ ဆီးဂိမ္းစ္ အပါအဝင္ ႏိုင္ငံတကာပြဲမ်ားအား ႐ုပ္သံထုတ္လႊင့္ျခင္း၊ ႏိုင္ငံေဒသ ေနရာမ်ားအလိုက္ ေဘာလုံးေလ့က်င့္ေရး စင္တာမ်ား ဖြင့္လွစ္ေရး၊ ယူ၁၅ လိဂ္ႏွင့္ လူငယ္ၿပိဳင္ပြဲမ်ား ပိုမိုအဆင့္ျမႇင့္တင္ေရး ကိစၥရပ္မ်ားကိုလည္း ကိုယ္စားလွယ္အသီးသီးက ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.