၂ဝ၂၄ - ၂ဝ၂၅ UEFA နေရှင်းလိဂ် အကြိုဗိုလ်လုပွဲ

474

၂ဝ၂၄ - ၂ဝ၂၅ UEFA နေရှင်းလိဂ်ပြိုင်ပွဲကတော့ အကြိုဗိုလ်လုပွဲအထိရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းကြီးတွေဖြစ်တဲ့ ပေါ်တူဂီ၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်အသင်းတွေက အကြိုဗိုလ်လု ပွဲစဉ်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပြီး နယ်သာလန်အသင်းနဲ့ အီတလီအသင်းတွေကတော့ ကွာတားဖိုင်နယ် အဆင့်ကနေပဲ ထွက်ခွာသွားခဲ့ပါတယ်။ နေးရှင်းလိဂ် အကြိုဗိုလ်လုပွဲမှာတော့ ပေါ်တူဂီအသင်းနဲ့ ဂျာမနီအသင်း တို့ ထိပ်တိုက်တွေ့ဆုံနေပြီး စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။ ဒီ(၄)သင်း ထဲမှာ ဗိုလ်စွဲဖို့ ထပ်မံရေပန်းစားနေတဲ့အသင်းတွေကတော့ စပိန်နဲ့ ပြင်သစ်တို့က ထိပ်ဆုံးမှာ ရပ်တည်နေတာကို တွေ့ပေမယ့် ဒီနှစ်သင်းထဲက တစ်သင်းကသာ ဗိုလ်လုပွဲဆီကို တက်လှမ်းနိုင်မှာဖြစ်ပြီး ဗိုလ်လုပွဲကို ဘယ်အသင်း က တက်လှမ်းသွားနိုင်မလဲဆိုတာကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ တစ်ဖက်မှာလည်း ပေါ်တူဂီအသင်းနဲ့ ဂျာမနီအသင်းထဲက ဗိုလ်လုပွဲကို ဘယ်အသင်းတက်လှမ်းသွားမလဲဆိုတာကိုစောင့်ကြည့်သွားရမှာဖြစ်ပြီး ဖိုင်နယ်မှာ ဘယ်အသင်းတွေ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့မလဲဆိုတာကို ရင်ခုန်စွာ စောင့်ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် The Statesman ဂျာနယ်ကနေ UEFA နေရှင်းလိဂ်ပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံနေတဲ့ အသင်း(၄)သင်းရဲ့ ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။
ဂျာမနီ Vs ပေါ်တူဂီ
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ပေါ်တူဂီ ၂ - ၄ ဂျာမနီ (၁၉ - ၁ -၂ဝ၂၁)
ဂျာမနီ ၄ - ဝ ပေါ်တူဂီ (၁၆-၁-၂ဝ၁၄)
ပေါ်တူဂီ ၄ - ဝ ဂျာမနီ (၁ဝ-၁-၂ဝ၁၂)
The Ststesman အကြိုက် ပွဲကြိုသုံးသပ်ချက်
ဂျာမနီ Vs ပေါ်တူဂီ
ဂျာမနီ Vs ပေါ်တူဂီ
ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက နှစ်သင်းစလုံးအတွက် ကံဆိုးမှုတွေထဲကနေ ရုန်းထွက်ပြဖို့ အခွင့်အရေး တစ်ခုလို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်သင်းလုံးက ဆုဖလားအောင်မြင်မှုတွေနဲ့ နှစ်အတော်ကြာ ဝေးကွာနေတဲ့အသင်းတွေဖြစ်ပြီး ပေါ်တူဂီအသင်းအနေနဲ့ ယူရိုဖလားကို ၂ဝ၂၈ ခုနှစ်မှာ ရော်နယ်ရဲ့ ဦးဆောင်မှု နဲ့အတူ ချန်ပီယံဖြစ်ခဲ့ပြီး ရော်နယ်ဒိုရဲ့ နိုင်ငံအသင်းအတွက် ပထမဆုံးဆုဖလား အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၂ဝ၂၉ ခုနှစ် UEFA နေရှင်းလိဂ်ပြိုင်ပွဲမှာလည်း နောက်ထပ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ အမှားနည်းနည်းနဲ့ တက်လှမ်းနိုင်ခဲ့ပေမယ့် မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရသလို ရော်နယ်ဒိုအတွက်လည်း ကစားသမားဘဝရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုမရှိခဲ့တဲ့ မှတ်တမ်းတစ်ခုကိုသာ ရရှိသွားခဲ့ရ တာဖြစ်ပါတယ်။ အဲဒီနောက်ပြိုင်ပွဲတွေဖြစ်တဲ့ ယူရိုပြိုင်ပွဲတွေနဲ့ နေရှင်းလိဂ်ပြိုင်ပွဲတွေမှာ ပေါ်တူဂီအသင်းဟာ အောင်မြင်မှုမရတော့တဲ့အပြင် အသင်းရဲ့ကစားပုံအရ ခြေစွမ်းပိုင်းမှာပါ ကျဆင်းသွား ခဲ့တာကိုတွေ့ရပါတယ်။ အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ယူရို ၂ဝ၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ကွားတာဖိုင် နယ်အဆင့်ကိုသာ တက်လှမ်း ထားနိုင်ခဲ့တာကိုတွေ့ရပြီး ပြင်သစ်အသင်းရှုံးနိမ့်ကာ ပြိုင်ပွဲကနေထွက်သွားခဲ့ရတာကိုတွေ့ရပါတယ်။ ပေါ်တူဂီ အသင်း မအောင်မြင်မှုတွေရဲ့ နောက်ကွယ်က အမှန်တရားကတော့ ကစားသမားတွေရဲ့ စိတ်ဓာတ်ခံယူချက် တွေဖြစ်ပြီး ပေါ်တူဂီနိုင်ငံသားအများစုဟာ ကလပ်အသင်းတော်တော်များများမှာ အသင်းခေါင်းဆောင်တွေ အဖြစ်ဦးဆောင်နေမှုနဲ့ အဓိက ကစားသမားတွေအဖြစ် အသုံးပြုခံနေရတာက တစ်ဖက်ကကြည့်ရင် ကစားသမား ကောင်းတွေများပေမဘ့် တစ်ဖက်ကကြည့်ရင်လည်း ဆရာများနေတဲ့အသင်းတစ်သင်း အဖြစ်ရှုမြင်စရာကောင်း နေပါတယ်။ ဒါ့ပြင် ကစားသမားအများစုဟာ ရော်နယ်ဒိုအပေါ်မှာ အကောင်းမြင်စိတ်နည်းပါးသလို ရော်နယ်ဒို အတွက် ပေးဆပ်ကစားလိုစိတ်မရှိတာတွေနဲ့ မက်ဆီကို အာဂျင်တီးနားတစ်သင်းလုံးက ပေးဆပ်ကစားခဲ့ တာကြောင့် ကမ္ဘာ့ဖလားရရှိခဲ့ပေမယ့် ရော်နယ်ဒိုကို ပေါ်တူဂီအသင်းသားတစ်ယောက်ချင်းစီမှာ မက်ဆီလို သဘောထားနိုင်မှုမရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် ပေါ်တူဂီအသင်းရဲ့ အဓိကလိုအပ်ချက်က ကစားသမား ကောင်းတွေ မဟုတ်ဘဲ ကစားသမားတွေရဲ့ ခံယူချက်ပိုင်းကို ပြင်ဆင်ရမယ့်အပြင် ရော်နယ်ဒိုအနားယူပြီးတဲ့ နောက်ပိုင်းမှာ အသင်းကိုအကောင်းဆုံးပုံစံတစ်ရပ်ဖြစ်အောင် တည်ဆောက်ဖို့ အချိန်လိုအပ်နေဦးမှာပဲဖြစ် ပါတယ်။ ဂျာမနီအသင်းကတော့ ၂ဝ၁၄ ခုနှစ်ကမ္ဘာဖလားမှာ အာဂျင်တီးနားအသင်းကို နောက်ဆုံးမိနှစ် အသည်းခွဲဂိုးနဲ့အတူ အနိုင်ယူခဲ့ပြီးတဲ့နောက်ပိုင်ကစပြီး နိုင်ငံတကာပွဲစဉ်တွေမှာ အောင်မြင်မှုမရတော့တာဖြစ်ပြီး ၂ဝ၁၈ ကမ္ဘာဖလားမှာ တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ပြီး အုပ်စုအဆင့်ကနေထွက်ခဲ့ရသလို ၂ဝ၂၂ ကမ္ဘာ့ဖလားမှာလည်း အုပ်စုအဆင့်ကနေထွက်ခွာခဲ့ရတာကိုတွေ့ရပါတယ်။ ဒါ့ပြင် ကြားထဲကပြိုင်ပွဲဖြစ်တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲတွေနဲ့ ယူရိုပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတစ်ခုမှ ရယူနိုင်ခြင်းမရှိခဲ့တာကြောင့် ဂျာမနီအသင်းအနေနဲ့ ရွှေရောင်နေ့ရက်တွေအပြီးမှာတော့ ဆက်တိုက်ကျဆင်းလာမှုနဲ့အတူ နိုင်ငံတကာပြိုင်ပွဲတွေမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ပြန်လာနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ ဂျာမနီအသင်းရဲ့ အဓိကပြဿနာကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းဖြစ်ပြီး တိုက်စစ်မှာ ကိုင်ဟာဗက်လို တိုက်စစ်ကစာသမားနဲ့ဘယ်လိုမှအဆင်မပြေသလို တိုနီခရူးခ် ထွက်ခွာသွားပြီးနောက်ပိုင်း ဂျာမနီးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တစ်ခုခုလိုအပ်နေသလိုမျိုးခံစားရမှုနဲ့အတူ ဂမ်ဒိုဂမ်တစ်ယောက်တည်းနဲ့ ဘယ်လိုမှအဆင် မပြေတော့တာကြောင့် ဂျာမနီအသင်းအနေနဲ့ ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့လိုအပ်နေတာ လည်းဖြစ်ပါတယ်။ ဒါကြောင့် ပေါ်တူဂီအသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ အကြိုဗိုလ်လုပွဲ ထိပ်တိုက်တွေ့ဆုံမှုက နှစ်သင်းလုံးအတွက် အရေးကြီးတဲ့ပွဲစဉ်ဖြစ်လာဖို့ရှိနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ နောက်ဆုံးထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ယူရိုဖလားအုပ်စုပွဲစဉ်မှာတော့ ဂျာမနီးအသင်းက ပေါ်တူဂီကို (၂ - ၄) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့တာကိုတွေ့ရပါတယ်။ ဒါ့ပြင် အိမ်ကွင်းနဲ့ အဝေးကွင်း ထိပ်တိုက်တွေ့ဆုံမှု (၄)ကြိမ်မှာ ဂျာမနီအသင်းကပဲ (၄)ကြိမ်လုံးအနိုင်ရထားတဲ့အပြင် ဂိုးကွားခြားချက်ကလဲ များတာကြောင့် ဒီပွဲစဉ်မှာ လက်ရှိခြေစွမ်းပိုင်းအရ ဂျာမနီအသင်းက ပိုကောင်းသလို ပေါ်တူဂီအသင်းရဲ့ ခြေစွမ်းမတည်ငြိမ်မှုတွေကြောင့် ဗိုလ်လုပွဲစဉ်ကို ဂျာမနီအသင်းက ရောက်ရှိနိုင်ဖို့ အလား အလာပိုများပြီး အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဦးမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်။
စပိန် Vs ပြင်သစ်
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပိန် ၂ - ၁ ပြင်သစ် (၁ဝ - ၇ -၂ဝ၂၄)
စပိန် ၁ - ၂ ပြင်သစ် (၁၁-၁ဝ-၂ဝ၂၁)
ပြင်သစ် ဝ - ၂ စပိန် (၂၉-၃-၂ဝ၁၇)
The Ststesman အကြိုက် ပွဲကြိုသုံးသပ်ချက်
စပိန် Vs ပြင်သစ်
စပိန် Vs ပြင်သစ်
လက်ရှိအချိန်မှာလည်း စပိန်အသင်းဟာ ဘာစီလိုနာလူငယ်ကစားသမားတွေနဲ့အတူ အ ကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ (၂၀၂၄) ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အသင်းကိုအနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့သလို (၂၀၂၃) နေးရှင်းလိဂ်ပြိုင်ပွဲမှာ လည်း ခရိုအေးရှားအသင်းကို အနိုင်ယူကျော်ဖြတ်ပြီး ချန်ပီယံဆုကိုရရှိထားတာကြောင့် လက်ရှိမှာ ခြေစွမ်း အကောင်းဆုံးနဲ့ စုဖွဲ့မှုအားအကောင်းဆုံးအသင်းကို ပြပါဆိုရင် စပိန်အသင်းက ထိပ်ဆုံးက ရပ်တည်နေမှာ သေချာပါတယ်။ ဒါပေမဲ့လည်း စပိန်အသင်းဟာ (၂၀၁၀)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သလို (၂၀၁၂)ခုနှစ်မှာလည်း ယူရိုချန်ပီယံဖြစ်ပြီးတဲ့ နောက်ပိုင်း နိုင်ငံတကာပွဲစဉ်တွေမှာ အောင်မြင်မှု မှေးမှိန်သွားခဲ့တာဖြစ်ပြီး ဇာဗီ၊ အင်နီယေစတာ တို့အလွန်မှာ စပိန်အသင်းဟာ မျိုးဆက်တစ်ခု ပျောက်ဆုံးမှုနဲ့အတူ အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တာ နှစ်အတော်ကြာခဲ့ပါတယ်။ (၂၀၂၁) ခုနှစ်မှာ ယူရိုဖိုင် နယ်အထိတက်လှမ်းခဲ့ပေမယ့် အီတလီအသင်းကို ရှုံးနိမ့်ခဲ့သလို (၂၀၂၂) ခုနှစ်မှာလည်း (၁၆)သင်း ရှုံးထွက်အဆင့်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာအကယ်ဒမီထွက်ကစားသမားလေး တွေ ဖြစ်တဲ့ လမိုင်းယာမဲ့လ်၊ ပတ်ထရီနဲ့ ဂါဘီတို့ ပေါင်း စပ်ထားတဲ့ ကွင်းလယ်နဲ့တိုက်စစ်ပိုင်းအပြင် မိုနာကို အသင်းက စပိန်သား နီကိုတီလျံရဲ့ တောင်ပံတိုက် စစ်တစ်စုံကို ပိုင်ဆိုင်ခဲ့အပြီးမှာတော့ စပိန်အသင်းဟာ (၂၀၂၄) ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သလို (၂၀၂၃) နေးရှင်းလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရရှိခဲ့ တဲ့အထိ တောက်ပတဲ့ခြေစွမ်းတွေနဲ့ ပြိုင်ဘက်အသင်း ကြီးတွေကို ဖိအားပေးကစားလာနိုင်တာကိုတွေ့ရပါ တယ်။ ဒါကြောင့် လက်ရှိနေးရှင်းလိဂ်မှာ ဗိုလ်စွဲ ဖို့ရေပန်းစားနေသလို (၂၀၂၆) ကမ္ဘာ့ဖလားပြိုင် ပွဲမှာလည်း ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေထဲ မှာ တစ်သင်းအပါအဝင်ဖြစ်နေပါတယ်။
ဒါပေမဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့အသင်းကတော့ ပြင်သစ်အသင်းဖြစ်နေတဲ့အတွက် စပိန်အသင်း ကံကောင်းတယ်လို့ ပြောလို့မရပြန်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ပြင်သစ်အသင်းဟာ ဆယ်စုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဖိုင်နယ်အဆင့်အထိ အကြိမ်ကြိမ်တက်ရောက်ခဲ့တဲ့အသင်းဖြစ်တဲ့အပြင် ဆုဖလားအောင်မြင်မှုအရရော ကစားသမားတွေရဲ့ အတွေ့အကြုံပိုင်းအရပါ ဘယ်ပြိုင်ဘက်အသင်းကို မဆို အနိုင်ယူကျော်ဖြတ်နိုင်တဲ့အသင်းဖြစ်ပါတယ်။ ပြင်သစ်အသင်းရဲ့သမိုင်းကြောင်းကို အနီးစပ်ဆုံးအ နေနဲ့ပြန်ပြောရရင်(၂၀၁၆)ခုနှစ် ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပေါ်တူဂီ အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ဥရောပအင်အားကြီးအသင်းတွေကို အနိုင်ယူ ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲဒီနောက် (၃)နှစ်အတွင်းမှာ ဆုဖလား အောင်မြင်မှုမရခဲ့ပေမယ့် (၂၀၂၂)ခုနှစ်ကာတာ နိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဗိုလ် လုပွဲအထိ ပြန်လည်ရောက်ရှိခဲ့ပေမယ့် မက်ဆီရဲ့ အာ ဂျင်တီးနားအသင်းကို အချိန်ပိုနဲ့ ပင်နယ်တီရောက်တဲ့ အထိ ကစားနိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ သာရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် ယူရို (၂၀၂၄) ပြိုင်ပွဲမှာတော့ စပိန်အသင်းကို ဆီးမီးဖိုင် နယ်အဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး လက်ရှိ နေးရှင်းလိဂ်ပြိုင် ပွဲမှာလည်း အကြိုဗိုလ်လုပွဲအထိ တက်ရောက်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် ပြင်သစ်အသင်း ဟာ ဆယ်နှစ်အတွင်းမှာ နိုင်ငံတကာပြိုင်ပွဲကြီးဖြစ်တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို (၂)ကြိမ် တက်ရောက်ထားတဲ့ အပြင် (၂၀၁၆)ခုနှစ်မှာ ယူရိုဖိုင်နယ်၊ ယူရို (၂၀၂၄) ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်နဲ့ (၂၀၂၅) နေးရှင်းလိဂ်ပြိုင် ပွဲမှာလည်း ဗိုလ်လုပွဲကိုရောက်ရှိဖို့အလားအလာရှိ နေတာကိုတွေ့ရပါတယ်။ ဒါကြောင့် စပိန်အသင်းနဲ့ ပြင်သစ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ခန့်မှန်း ရခက်သလို ဂိုးရလဒ်ကိုလည်းခန့်မှန်းရခက်စေပါ တယ်။ ထိပ်တိုက်တွေ့ဆုံမှု အရပြန်ကြည့်ရင်တော့ ပြီးခဲ့တဲ့ ယူရို (၂၀၂၄) ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ထိပ်တိုက်တွေ့ ဆုံမှုမှာတော့ စပိန်အသင်းက ပြင်သစ်အသင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲအထိတက် ရောက်ကာ ချန်ပီယံပါဖြစ်ခဲ့တာကြောင့် ဒီတစ်ကြိမ် ဆီမီးဖိုင်နယ်မှာလည်း ပြင်သစ်အသင်းအနေနဲ့ စပိန် အသင်းကို အနိုင်ရပြီးဗိုလ်လုပွဲအထိ တက်လှမ်းနိုင် မလားဆိုတာကိုလည်း စောင့်ကြည့်သွားရဖို့ရှိနေပါ တယ်။ ဒါကြောင့် ဒီပွဲစဉ်က အမှားခံလို့မရတဲ့ပွဲစဉ် ဖြစ်တဲ့အပြင် ရှုံးလို့လည်းမရတဲ့ပွဲစဉ်ဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့သရေကျသွားနိုင်သလို ပင်နယ်တီအဆုံးအဖြတ်ကိုပါ မြင်တွေ့ရနိုင်တဲ့ ပွဲ ကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။
၅-၆-၂၀၂၅ (ကြာသပတေးနေ့နံနက်ပိုင်း)
နံနက်(၁း၃၀) ဂျာမနီ Vs ပေါ်တူဂီ
၆-၆-၂၀၂၅ (သောကြာနေ့နံနက်ပိုင်း)
နံနက်(၁း၃၀) စပိန် Vs ပြင်သစ်

Zawgyi Version:
၂ဝ၂၄ - ၂ဝ၂၅ UEFA ေနရွင္းလိဂ္ အႀကိဳဗိုလ္လုပြဲ
၂ဝ၂၄ - ၂ဝ၂၅ UEFA ေနရွင္းလိဂ္ၿပိဳင္ပြဲကေတာ့ အႀကိဳဗိုလ္လုပြဲအထိေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းႀကီးေတြျဖစ္တဲ့ ေပၚတူဂီ၊ ဂ်ာမနီ၊ စပိန္၊ ျပင္သစ္အသင္းေတြက အႀကိဳဗိုလ္လု ပြဲစဥ္ကို တက္ေရာက္လာႏိုင္ခဲ့တာျဖစ္ၿပီး နယ္သာလန္အသင္းနဲ႔ အီတလီအသင္းေတြကေတာ့ ကြာတားဖိုင္နယ္ အဆင့္ကေနပဲ ထြက္ခြာသြားခဲ့ပါတယ္။ ေနးရွင္းလိဂ္ အႀကိဳဗိုလ္လုပြဲမွာေတာ့ ေပၚတူဂီအသင္းနဲ႔ ဂ်ာမနီအသင္း တို႔ ထိပ္တိုက္ေတြ႕ဆုံေနၿပီး စပိန္အသင္းနဲ႔ ျပင္သစ္အသင္းတို႔ ထိပ္တိုက္ေတြ႕ဆုံေနတာျဖစ္ပါတယ္။ ဒီ(၄)သင္း ထဲမွာ ဗိုလ္စြဲဖို႔ ထပ္မံေရပန္းစားေနတဲ့အသင္းေတြကေတာ့ စပိန္နဲ႔ ျပင္သစ္တို႔က ထိပ္ဆုံးမွာ ရပ္တည္ေနတာကို ေတြ႕ေပမယ့္ ဒီႏွစ္သင္းထဲက တစ္သင္းကသာ ဗိုလ္လုပြဲဆီကို တက္လွမ္းႏိုင္မွာျဖစ္ၿပီး ဗိုလ္လုပြဲကို ဘယ္အသင္း က တက္လွမ္းသြားႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ တစ္ဖက္မွာလည္း ေပၚတူဂီအသင္းနဲ႔ ဂ်ာမနီအသင္းထဲက ဗိုလ္လုပြဲကို ဘယ္အသင္းတက္လွမ္းသြားမလဲဆိုတာကိုေစာင့္ၾကည့္သြားရမွာျဖစ္ၿပီး ဖိုင္နယ္မွာ ဘယ္အသင္းေတြ ဗိုလ္လုပြဲမွာ ထိပ္တိုက္ေတြ႕မလဲဆိုတာကို ရင္ခုန္စြာ ေစာင့္ၾကည့္သြားရမွာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ The Statesman ဂ်ာနယ္ကေန UEFA ေနရွင္းလိဂ္ၿပိဳင္ပြဲရဲ႕ အႀကိဳဗိုလ္လုပြဲမွာ ထိပ္တိုက္ ေတြ႕ဆုံေနတဲ့ အသင္း(၄)သင္းရဲ႕ ပြဲႀကိဳသုံးသပ္ခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။
ဂ်ာမနီ Vs ေပၚတူဂီ
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ေပၚတူဂီ ၂ - ၄ ဂ်ာမနီ (၁၉ - ၁ -၂ဝ၂၁)
ဂ်ာမနီ ၄ - ဝ ေပၚတူဂီ (၁၆-၁-၂ဝ၁၄)
ေပၚတူဂီ ၄ - ဝ ဂ်ာမနီ (၁ဝ-၁-၂ဝ၁၂)
The Ststesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဂ်ာမနီ Vs ေပၚတူဂီ
ဂ်ာမနီ Vs ေပၚတူဂီ
ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ႏွစ္သင္းစလုံးအတြက္ ကံဆိုးမႈေတြထဲကေန ႐ုန္းထြက္ျပဖို႔ အခြင့္အေရး တစ္ခုလို႔ဆိုႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီႏွစ္သင္းလုံးက ဆုဖလားေအာင္ျမင္မႈေတြနဲ႔ ႏွစ္အေတာ္ၾကာ ေဝးကြာေနတဲ့အသင္းေတြျဖစ္ၿပီး ေပၚတူဂီအသင္းအေနနဲ႔ ယူ႐ိုဖလားကို ၂ဝ၂၈ ခုႏွစ္မွာ ေရာ္နယ္ရဲ႕ ဦးေဆာင္မႈ နဲ႔အတူ ခ်န္ပီယံျဖစ္ခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕ ႏိုင္ငံအသင္းအတြက္ ပထမဆုံးဆုဖလား ေအာင္ျမင္မႈတစ္ခုျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ၂ဝ၂၉ ခုႏွစ္ UEFA ေနရွင္းလိဂ္ၿပိဳင္ပြဲမွာလည္း ေနာက္ထပ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ၂ဝ၂၂ ခုႏွစ္ ကာတာႏိုင္ငံမွာ က်င္းပခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္အထိ အမွားနည္းနည္းနဲ႔ တက္လွမ္းႏိုင္ခဲ့ေပမယ့္ ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေန လွည့္ျပန္ခဲ့ရသလို ေရာ္နယ္ဒိုအတြက္လည္း ကစားသမားဘဝရဲ႕ ေနာက္ဆုံးကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈမရွိခဲ့တဲ့ မွတ္တမ္းတစ္ခုကိုသာ ရရွိသြားခဲ့ရ တာျဖစ္ပါတယ္။ အဲဒီေနာက္ၿပိဳင္ပြဲေတြျဖစ္တဲ့ ယူ႐ိုၿပိဳင္ပြဲေတြနဲ႔ ေနရွင္းလိဂ္ၿပိဳင္ပြဲေတြမွာ ေပၚတူဂီအသင္းဟာ ေအာင္ျမင္မႈမရေတာ့တဲ့အျပင္ အသင္းရဲ႕ကစားပုံအရ ေျခစြမ္းပိုင္းမွာပါ က်ဆင္းသြား ခဲ့တာကိုေတြ႕ရပါတယ္။ အနီးစပ္ဆုံးအေနနဲ႔ ၿပီးခဲ့တဲ့ ယူ႐ို ၂ဝ၂၄ ၿပိဳင္ပြဲမွာ ေပၚတူဂီအသင္းဟာ ကြားတာဖိုင္ နယ္အဆင့္ကိုသာ တက္လွမ္း ထားႏိုင္ခဲ့တာကိုေတြ႕ရၿပီး ျပင္သစ္အသင္းရႈံးနိမ့္ကာ ၿပိဳင္ပြဲကေနထြက္သြားခဲ့ရတာကိုေတြ႕ရပါတယ္။ ေပၚတူဂီ အသင္း မေအာင္ျမင္မႈေတြရဲ႕ ေနာက္ကြယ္က အမွန္တရားကေတာ့ ကစားသမားေတြရဲ႕ စိတ္ဓာတ္ခံယူခ်က္ ေတြျဖစ္ၿပီး ေပၚတူဂီႏိုင္ငံသားအမ်ားစုဟာ ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားမွာ အသင္းေခါင္းေဆာင္ေတြ အျဖစ္ဦးေဆာင္ေနမႈနဲ႔ အဓိက ကစားသမားေတြအျဖစ္ အသုံးျပဳခံေနရတာက တစ္ဖက္ကၾကည့္ရင္ ကစားသမား ေကာင္းေတြမ်ားေပမဘ့္ တစ္ဖက္ကၾကည့္ရင္လည္း ဆရာမ်ားေနတဲ့အသင္းတစ္သင္း အျဖစ္ရႈျမင္စရာေကာင္း ေနပါတယ္။ ဒါ့ျပင္ ကစားသမားအမ်ားစုဟာ ေရာ္နယ္ဒိုအေပၚမွာ အေကာင္းျမင္စိတ္နည္းပါးသလို ေရာ္နယ္ဒို အတြက္ ေပးဆပ္ကစားလိုစိတ္မရွိတာေတြနဲ႔ မက္ဆီကို အာဂ်င္တီးနားတစ္သင္းလုံးက ေပးဆပ္ကစားခဲ့ တာေၾကာင့္ ကမာၻ႔ဖလားရရွိခဲ့ေပမယ့္ ေရာ္နယ္ဒိုကို ေပၚတူဂီအသင္းသားတစ္ေယာက္ခ်င္းစီမွာ မက္ဆီလို သေဘာထားႏိုင္မႈမရွိတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ေပၚတူဂီအသင္းရဲ႕ အဓိကလိုအပ္ခ်က္က ကစားသမား ေကာင္းေတြ မဟုတ္ဘဲ ကစားသမားေတြရဲ႕ ခံယူခ်က္ပိုင္းကို ျပင္ဆင္ရမယ့္အျပင္ ေရာ္နယ္ဒိုအနားယူၿပီးတဲ့ ေနာက္ပိုင္းမွာ အသင္းကိုအေကာင္းဆုံးပုံစံတစ္ရပ္ျဖစ္ေအာင္ တည္ေဆာက္ဖို႔ အခ်ိန္လိုအပ္ေနဦးမွာပဲျဖစ္ ပါတယ္။ ဂ်ာမနီအသင္းကေတာ့ ၂ဝ၁၄ ခုႏွစ္ကမာၻဖလားမွာ အာဂ်င္တီးနားအသင္းကို ေနာက္ဆုံးမိႏွစ္ အသည္းခြဲဂိုးနဲ႔အတူ အႏိုင္ယူခဲ့ၿပီးတဲ့ေနာက္ပိုင္ကစၿပီး ႏိုင္ငံတကာပြဲစဥ္ေတြမွာ ေအာင္ျမင္မႈမရေတာ့တာျဖစ္ၿပီး ၂ဝ၁၈ ကမာၻဖလားမွာ ေတာင္ကိုရီးယားအသင္းကို ရႈံးနိမ့္ၿပီး အုပ္စုအဆင့္ကေနထြက္ခဲ့ရသလို ၂ဝ၂၂ ကမာၻ႔ဖလားမွာလည္း အုပ္စုအဆင့္ကေနထြက္ခြာခဲ့ရတာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ ၾကားထဲကၿပိဳင္ပြဲျဖစ္တဲ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲေတြနဲ႔ ယူ႐ိုၿပိဳင္ပြဲေတြမွာလည္း ေအာင္ျမင္မႈတစ္ခုမွ ရယူႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ဂ်ာမနီအသင္းအေနနဲ႔ ေ႐ႊေရာင္ေန႔ရက္ေတြအၿပီးမွာေတာ့ ဆက္တိုက္က်ဆင္းလာမႈနဲ႔အတူ ႏိုင္ငံတကာၿပိဳင္ပြဲေတြမွာ အေကာင္းဆုံးေျခစြမ္းေတြနဲ႔ျပန္လာႏိုင္ဖို႔လိုအပ္ေနတာျဖစ္ပါတယ္။ ဂ်ာမနီအသင္းရဲ႕ အဓိကျပႆနာကေတာ့ အသင္းရဲ႕ ကြင္းလယ္ပိုင္းနဲ႔ တိုက္စစ္ပိုင္းျဖစ္ၿပီး တိုက္စစ္မွာ ကိုင္ဟာဗက္လို တိုက္စစ္ကစာသမားနဲ႔ဘယ္လိုမွအဆင္မေျပသလို တိုနီခ႐ူးခ္ ထြက္ခြာသြားၿပီးေနာက္ပိုင္း ဂ်ာမနီးအသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ တစ္ခုခုလိုအပ္ေနသလိုမ်ိဳးခံစားရမႈနဲ႔အတူ ဂမ္ဒိုဂမ္တစ္ေယာက္တည္းနဲ႔ ဘယ္လိုမွအဆင္ မေျပေတာ့တာေၾကာင့္ ဂ်ာမနီအသင္းအေနနဲ႔ ကြင္းလယ္ပိုင္းနဲ႔ တိုက္စစ္ပိုင္းကို ျပင္ဆင္ဖို႔လိုအပ္ေနတာ လည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ေပၚတူဂီအသင္းနဲ႔ ဂ်ာမနီအသင္းတို႔ရဲ႕ အႀကိဳဗိုလ္လုပြဲ ထိပ္တိုက္ေတြ႕ဆုံမႈက ႏွစ္သင္းလုံးအတြက္ အေရးႀကီးတဲ့ပြဲစဥ္ျဖစ္လာဖို႔ရွိေနပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈေတြအရ ေနာက္ဆုံးထိပ္တိုက္ ေတြ႕ဆုံခဲ့တဲ့ ၂ဝ၂၁ ခုႏွစ္ ယူ႐ိုဖလားအုပ္စုပြဲစဥ္မွာေတာ့ ဂ်ာမနီးအသင္းက ေပၚတူဂီကို (၂ - ၄) ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ယူခဲ့တာကိုေတြ႕ရပါတယ္။ ဒါ့ျပင္ အိမ္ကြင္းနဲ႔ အေဝးကြင္း ထိပ္တိုက္ေတြ႕ဆုံမႈ (၄)ႀကိမ္မွာ ဂ်ာမနီအသင္းကပဲ (၄)ႀကိမ္လုံးအႏိုင္ရထားတဲ့အျပင္ ဂိုးကြားျခားခ်က္ကလဲ မ်ားတာေၾကာင့္ ဒီပြဲစဥ္မွာ လက္ရွိေျခစြမ္းပိုင္းအရ ဂ်ာမနီအသင္းက ပိုေကာင္းသလို ေပၚတူဂီအသင္းရဲ႕ ေျခစြမ္းမတည္ၿငိမ္မႈေတြေၾကာင့္ ဗိုလ္လုပြဲစဥ္ကို ဂ်ာမနီအသင္းက ေရာက္ရွိႏိုင္ဖို႔ အလား အလာပိုမ်ားၿပီး အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဦးမယ့္ ပြဲေကာင္းတစ္ပြဲျဖစ္လာမွာေသခ်ာပါတယ္။
စပိန္ Vs ျပင္သစ္
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပိန္ ၂ - ၁ ျပင္သစ္ (၁ဝ - ၇ -၂ဝ၂၄)
စပိန္ ၁ - ၂ ျပင္သစ္ (၁၁-၁ဝ-၂ဝ၂၁)
ျပင္သစ္ ဝ - ၂ စပိန္ (၂၉-၃-၂ဝ၁၇)
The Ststesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပိန္ Vs ျပင္သစ္
စပိန္ Vs ျပင္သစ္
လက္ရွိအခ်ိန္မွာလည္း စပိန္အသင္းဟာ ဘာစီလိုနာလူငယ္ကစားသမားေတြနဲ႔အတူ အ ေကာင္းဆုံးေျခစြမ္းေတြကို ပိုင္ဆိုင္ထားၿပီး ၿပီးခဲ့တဲ့ (၂၀၂၄) ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္အသင္းကိုအႏိုင္ယူၿပီး ခ်န္ပီယံျဖစ္ခဲ့သလို (၂၀၂၃) ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ လည္း ခ႐ိုေအးရွားအသင္းကို အႏိုင္ယူေက်ာ္ျဖတ္ၿပီး ခ်န္ပီယံဆုကိုရရွိထားတာေၾကာင့္ လက္ရွိမွာ ေျခစြမ္း အေကာင္းဆုံးနဲ႔ စုဖြဲ႕မႈအားအေကာင္းဆုံးအသင္းကို ျပပါဆိုရင္ စပိန္အသင္းက ထိပ္ဆုံးက ရပ္တည္ေနမွာ ေသခ်ာပါတယ္။ ဒါေပမဲ့လည္း စပိန္အသင္းဟာ (၂၀၁၀)ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့သလို (၂၀၁၂)ခုႏွစ္မွာလည္း ယူ႐ိုခ်န္ပီယံျဖစ္ၿပီးတဲ့ ေနာက္ပိုင္း ႏိုင္ငံတကာပြဲစဥ္ေတြမွာ ေအာင္ျမင္မႈ ေမွးမွိန္သြားခဲ့တာျဖစ္ၿပီး ဇာဗီ၊ အင္နီေယစတာ တို႔အလြန္မွာ စပိန္အသင္းဟာ မ်ိဳးဆက္တစ္ခု ေပ်ာက္ဆုံးမႈနဲ႔အတူ ေအာင္ျမင္မႈေတြနဲ႔ ေဝးကြာခဲ့တာ ႏွစ္အေတာ္ၾကာခဲ့ပါတယ္။ (၂၀၂၁) ခုႏွစ္မွာ ယူ႐ိုဖိုင္ နယ္အထိတက္လွမ္းခဲ့ေပမယ့္ အီတလီအသင္းကို ရႈံးနိမ့္ခဲ့သလို (၂၀၂၂) ခုႏွစ္မွာလည္း (၁၆)သင္း ရႈံးထြက္အဆင့္မွာ ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲကေနထြက္ခဲ့ရတာပါ။ အဲဒီေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာအကယ္ဒမီထြက္ကစားသမားေလး ေတြ ျဖစ္တဲ့ လမိုင္းယာမဲ့လ္၊ ပတ္ထရီနဲ႔ ဂါဘီတို႔ ေပါင္း စပ္ထားတဲ့ ကြင္းလယ္နဲ႔တိုက္စစ္ပိုင္းအျပင္ မိုနာကို အသင္းက စပိန္သား နီကိုတီလ်ံရဲ႕ ေတာင္ပံတိုက္ စစ္တစ္စုံကို ပိုင္ဆိုင္ခဲ့အၿပီးမွာေတာ့ စပိန္အသင္းဟာ (၂၀၂၄) ယူ႐ိုၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့သလို (၂၀၂၃) ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာလည္း ခ်န္ပီယံဆုကို ရရွိခဲ့ တဲ့အထိ ေတာက္ပတဲ့ေျခစြမ္းေတြနဲ႔ ၿပိဳင္ဘက္အသင္း ႀကီးေတြကို ဖိအားေပးကစားလာႏိုင္တာကိုေတြ႕ရပါ တယ္။ ဒါေၾကာင့္ လက္ရွိေနးရွင္းလိဂ္မွာ ဗိုလ္စြဲ ဖို႔ေရပန္းစားေနသလို (၂၀၂၆) ကမာၻ႔ဖလားၿပိဳင္ ပြဲမွာလည္း ဗိုလ္စြဲဖို႔ေရပန္းအစားဆုံးအသင္းေတြထဲ မွာ တစ္သင္းအပါအဝင္ျဖစ္ေနပါတယ္။
ဒါေပမဲ့ ထိပ္တိုက္ေတြ႕ဆုံခဲ့တဲ့အသင္းကေတာ့ ျပင္သစ္အသင္းျဖစ္ေနတဲ့အတြက္ စပိန္အသင္း ကံေကာင္းတယ္လို႔ ေျပာလို႔မရျပန္ပါဘူး။ ဘာျဖစ္လို႔ လဲဆိုေတာ့ ျပင္သစ္အသင္းဟာ ဆယ္စုႏွစ္အတြင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဖိုင္နယ္အဆင့္အထိ အႀကိမ္ႀကိမ္တက္ေရာက္ခဲ့တဲ့အသင္းျဖစ္တဲ့အျပင္ ဆုဖလားေအာင္ျမင္မႈအရေရာ ကစားသမားေတြရဲ႕ အေတြ႕အႀကဳံပိုင္းအရပါ ဘယ္ၿပိဳင္ဘက္အသင္းကို မဆို အႏိုင္ယူေက်ာ္ျဖတ္ႏိုင္တဲ့အသင္းျဖစ္ပါတယ္။ ျပင္သစ္အသင္းရဲ႕သမိုင္းေၾကာင္းကို အနီးစပ္ဆုံးအ ေနနဲ႔ျပန္ေျပာရရင္(၂၀၁၆)ခုႏွစ္ ယူ႐ိုၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ေပၚတူဂီ အသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ႐ုရွားႏိုင္ငံမွာက်င္းပခဲ့တဲ့ (၂၀၁၈)ကမာၻ႔ဖလားၿပိဳင္ပြဲ မွာ ဥေရာပအင္အားႀကီးအသင္းေတြကို အႏိုင္ယူ ေက်ာ္ျဖတ္ၿပီး ကမာၻ႔ဖလား ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ (၃)ႏွစ္အတြင္းမွာ ဆုဖလား ေအာင္ျမင္မႈမရခဲ့ေပမယ့္ (၂၀၂၂)ခုႏွစ္ကာတာ ႏိုင္ငံမွာက်င္းပခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာေတာ့ ဗိုလ္ လုပြဲအထိ ျပန္လည္ေရာက္ရွိခဲ့ေပမယ့္ မက္ဆီရဲ႕ အာ ဂ်င္တီးနားအသင္းကို အခ်ိန္ပိုနဲ႔ ပင္နယ္တီေရာက္တဲ့ အထိ ကစားႏိုင္ခဲ့ၿပီး ပင္နယ္တီ အဆုံးအျဖတ္မွာ သာရႈံးနိမ့္သြားခဲ့ရတာျဖစ္ပါတယ္။ အဲဒီေနာက္ ယူ႐ို (၂၀၂၄) ၿပိဳင္ပြဲမွာေတာ့ စပိန္အသင္းကို ဆီးမီးဖိုင္ နယ္အဆင့္မွာ ရႈံးနိမ့္ခဲ့ၿပီး လက္ရွိ ေနးရွင္းလိဂ္ၿပိဳင္ ပြဲမွာလည္း အႀကိဳဗိုလ္လုပြဲအထိ တက္ေရာက္ထားႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ျပင္သစ္အသင္း ဟာ ဆယ္ႏွစ္အတြင္းမွာ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးျဖစ္တဲ့ ကမာၻ႔ဖလားဗိုလ္လုပြဲကို (၂)ႀကိမ္ တက္ေရာက္ထားတဲ့ အျပင္ (၂၀၁၆)ခုႏွစ္မွာ ယူ႐ိုဖိုင္နယ္၊ ယူ႐ို (၂၀၂၄) ၿပိဳင္ပြဲမွာ ဆီးမီးဖိုင္နယ္နဲ႔ (၂၀၂၅) ေနးရွင္းလိဂ္ၿပိဳင္ ပြဲမွာလည္း ဗိုလ္လုပြဲကိုေရာက္ရွိဖို႔အလားအလာရွိ ေနတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ စပိန္အသင္းနဲ႔ ျပင္သစ္အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ခန႔္မွန္း ရခက္သလို ဂိုးရလဒ္ကိုလည္းခန႔္မွန္းရခက္ေစပါ တယ္။ ထိပ္တိုက္ေတြ႕ဆုံမႈ အရျပန္ၾကည့္ရင္ေတာ့ ၿပီးခဲ့တဲ့ ယူ႐ို (၂၀၂၄) ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ပြဲစဥ္ အျဖစ္ ထိပ္တိုက္ေတြ႕ ဆုံမႈမွာေတာ့ စပိန္အသင္းက ျပင္သစ္အသင္းကို အႏိုင္ယူၿပီး ဗိုလ္လုပြဲအထိတက္ ေရာက္ကာ ခ်န္ပီယံပါျဖစ္ခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္ ဆီမီးဖိုင္နယ္မွာလည္း ျပင္သစ္အသင္းအေနနဲ႔ စပိန္ အသင္းကို အႏိုင္ရၿပီးဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္ မလားဆိုတာကိုလည္း ေစာင့္ၾကည့္သြားရဖို႔ရွိေနပါ တယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က အမွားခံလို႔မရတဲ့ပြဲစဥ္ ျဖစ္တဲ့အျပင္ ရႈံးလို႔လည္းမရတဲ့ပြဲစဥ္ျဖစ္တာေၾကာင့္ အျပန္အလွန္သြင္းဂိုးေတြနဲ႔သေရက်သြားႏိုင္သလို ပင္နယ္တီအဆုံးအျဖတ္ကိုပါ ျမင္ေတြ႕ရႏိုင္တဲ့ ပြဲ ေကာင္းတစ္ပြဲျဖစ္လာဖို႔ရွိေနပါတယ္။
၅-၆-၂၀၂၅ (ၾကာသပေတးေန႔နံနက္ပိုင္း)
နံနက္(၁း၃၀) ဂ်ာမနီ Vs ေပၚတူဂီ
၆-၆-၂၀၂၅ (ေသာၾကာေန႔နံနက္ပိုင္း)
နံနက္(၁း၃၀) စပိန္ Vs ျပင္သစ္