ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စာချုပ်လက်မှတ်ရေးထိုး

 354

Pearl(NP News)- ဇွန် ၅
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Myanmar Kinsanar Co.,Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ တွင် ရေနံအထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုးတက်ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို စွမ်းအင်ဝန်ကြီးဌာန နေပြည်တော်တွင် ယမန်နေ့ (ဇွန်လ ၄ရက်) က ကျင်းပခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ အခမ်းအနား၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Myanmar Kinsanar Co., Ltd. ၏ Managing Director တို့က ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ)၊ ဧရိယာ - ၂ အတွက်တိုးတက် ထွက်ရှိလာသော ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပိုမိုအကျိုးရှိထိရောက်စွာ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံလိုသူ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ သမဝါယမအသင်းအဖွဲ့များအား စွမ်းအင်ဝန်ကြီးဌာနမှ ဦးစီးလုပ်ကိုင်လျက်ရှိသည့် ကုန်းတွင်း လုပ်ကွက်များအနက် ၁၀ ကွက်တွင် ခေတ်မီနည်းပညာများ အသုံးပြု၍ဆောင်ရွက်ခွင့်ရရှိရန် နိုင်ငံတော်အစိုးရထံ တင်ပြဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ယခုခွင့်ပြုပေးခဲ့သည့် IOR - 6 (မြန်အောင်ဒေသ) သည် ဒုတိယအကြိမ်မြောက်ခွင့်ပြုပေးခဲ့သော ကုန်းပိုင်းလုပ်ကွက်ဖြစ်ပြီး ပထမလုပ်ကွက်ကို တိုင်းရင်းသားပိုင်ရေနံကုမ္ပဏီ တစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်နေနိုင်ပြီဖြစ်၍ ယင်းဒေသ၏ လျှပ်စစ်မီးရရှိရေးအတွက် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ဒုတိယလုပ်ကွက်ဖြစ်သည့် မြန်အောင်ရေနံမြေသည် ပြည်အနည်ကျချိုင့်ဝှမ်းတွင်ပါဝင် ၍ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင်တည်ရှိပြီး အစဉ်အလာ ကောင်းခဲ့သည့်ရေနံမြေတစ်ခု ဖြစ်ကာ ယင်းဒေသမှ ရေနံစိမ်းများ တိုးတက်ရရှိရန်မျှော်မှန်းပြီး စက်သုံးဆီများချက်လုပ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံသားပိုင်ရေနံကုမ္ပဏီများအနေဖြင့် နိုင်ငံတကာရေနံကုမ္ပဏီများအဆင့်သို့ တက်လှမ်းလာနိုင်ခြင်း၊ ရေနံတူးဖော်ရေးလုပ်ငန်းများတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အားကောင်းလာခြင်း၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်၏ စွမ်းအင်သယံဇာတများကို အကျိုးရှိထိရောက် စွာထုတ်ယူအသုံးချနိုင်မည်ဖြစ်ပါကြောင်းလည်း သိရသည်။

Zawgyi Version:
ကုန္းတြင္းလုပ္ကြက္ IOR-6 (ျမန္ေအာင္ေဒသ) ဧရိယာ-၂ တြင္ ေရနံအထြက္တိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ စာခ်ဳပ္လက္မွတ္ေရးထိုး
Pearl(NP News)- ဇြန္ ၅
စြမ္းအင္ဝန္ႀကီးဌာန ျမန္မာ့ေရနံႏွင့္သဘာဝဓာတ္ေငြ႕လုပ္ငန္းႏွင့္ Myanmar Kinsanar Co.,Ltd. တို႔အၾကား ကုန္းတြင္းလုပ္ကြက္ IOR-6 (ျမန္ေအာင္ေဒသ) ဧရိယာ-၂ တြင္ ေရနံအထြက္တိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္ တိုးတက္ထြက္ရွိလာေသာ ေရနံထုတ္လုပ္မႈအေပၚ ခြဲေဝခံစားသည့္ စာခ်ဳပ္လက္မွတ္ေရးထိုးပြဲအခမ္းအနားကို စြမ္းအင္ဝန္ႀကီးဌာန ေနျပည္ေတာ္တြင္ ယမန္ေန႔ (ဇြန္လ ၄ရက္) က က်င္းပခဲ့ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန ၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ အခမ္းအနား၌ ျမန္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္း ဦးေဆာင္ၫႊန္ၾကားေရးမႉးႏွင့္ Myanmar Kinsanar Co., Ltd. ၏ Managing Director တို႔က ကုန္းတြင္းလုပ္ကြက္ IOR-6 (ျမန္ေအာင္ေဒသ)၊ ဧရိယာ - ၂ အတြက္တိုးတက္ ထြက္ရွိလာေသာ ေရနံထုတ္လုပ္မႈအေပၚ ခြဲေဝခံစားသည့္ စာခ်ဳပ္ကိုလက္မွတ္ေရးထိုးခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။
ေရနံႏွင့္ သဘာဝဓာတ္ေငြ႕မ်ား ပိုမိုအက်ိဳးရွိထိေရာက္စြာ တိုးတက္ထုတ္လုပ္ႏိုင္ေရးအတြက္ ရင္းႏွီးျမႇဳပ္ႏွံလိုသူ တိုင္းရင္းသားလုပ္ငန္းရွင္မ်ား၊ သမဝါယမအသင္းအဖြဲ႕မ်ားအား စြမ္းအင္ဝန္ႀကီးဌာနမွ ဦးစီးလုပ္ကိုင္လ်က္ရွိသည့္ ကုန္းတြင္း လုပ္ကြက္မ်ားအနက္ ၁၀ ကြက္တြင္ ေခတ္မီနည္းပညာမ်ား အသုံးျပဳ၍ေဆာင္႐ြက္ခြင့္ရရွိရန္ ႏိုင္ငံေတာ္အစိုးရထံ တင္ျပေဆာင္ ႐ြက္ခဲ့ေၾကာင္း သိရသည္။
ယခုခြင့္ျပဳေပးခဲ့သည့္ IOR - 6 (ျမန္ေအာင္ေဒသ) သည္ ဒုတိယအႀကိမ္ေျမာက္ခြင့္ျပဳေပးခဲ့ေသာ ကုန္းပိုင္းလုပ္ကြက္ျဖစ္ၿပီး ပထမလုပ္ကြက္ကို တိုင္းရင္းသားပိုင္ေရနံကုမၸဏီ တစ္ခုကို ၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလအတြင္းက ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ကာ ယခုအခ်ိန္တြင္ သဘာဝဓာတ္ေငြ႕မ်ား တူးေဖာ္ထုတ္လုပ္ေနႏိုင္ၿပီျဖစ္၍ ယင္းေဒသ၏ လွ်ပ္စစ္မီးရရွိေရးအတြက္ အသုံးျပဳလ်က္ရွိေၾကာင္း သိရသည္။
ဒုတိယလုပ္ကြက္ျဖစ္သည့္ ျမန္ေအာင္ေရနံေျမသည္ ျပည္အနည္က်ခ်ိဳင့္ဝွမ္းတြင္ပါဝင္ ၍ပဲခူးတိုင္းေဒသႀကီးႏွင့္ ဧရာဝတီတိုင္းေဒသႀကီးတို႔ စပ္ၾကားေနရာတြင္တည္ရွိၿပီး အစဥ္အလာ ေကာင္းခဲ့သည့္ေရနံေျမတစ္ခု ျဖစ္ကာ ယင္းေဒသမွ ေရနံစိမ္းမ်ား တိုးတက္ရရွိရန္ေမွ်ာ္မွန္းၿပီး စက္သုံးဆီမ်ားခ်က္လုပ္ရာတြင္ အသုံးျပဳမည္ျဖစ္ေၾကာင္း သိရသည္။
ယခုကဲ့သို႔ေဆာင္႐ြက္ႏိုင္ျခင္းျဖင့္ ႏိုင္ငံသားပိုင္ေရနံကုမၸဏီမ်ားအေနျဖင့္ ႏိုင္ငံတကာေရနံကုမၸဏီမ်ားအဆင့္သို႔ တက္လွမ္းလာႏိုင္ျခင္း၊ ေရနံတူးေဖာ္ေရးလုပ္ငန္းမ်ားတြင္ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈ အားေကာင္းလာျခင္း၊ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ႏိုင္ျခင္း၊ ႏိုင္ငံေတာ္၏ စြမ္းအင္သယံဇာတမ်ားကို အက်ိဳးရွိထိေရာက္ စြာထုတ္ယူအသုံးခ်ႏိုင္မည္ျဖစ္ပါေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.