ပြည်တွင်းထုတ် SKD၊ CKD ဆီကားများနှင့် ဆိုင်ကယ်များကို အခွန်ဖြေလျှော့ခွင့်ပြု

 3361

သန့်ဇင်(NP News)-ဇွန် ၅
ပြည်တွင်းတွင်ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ Semi-Knocked Down (SKD)စနစ်နှင့် Completely Knocked Down (CKD)စနစ် တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်အခွန်နှုန်းထားများကို ဆက်လက်ဖြေလျှော့ခွင့်ပြုလုပ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက အကောက်အခွန်နှန်ုးဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ဃ)အရ အပ်နှင်းထာသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဥ ယမန်နေ့(ဇွန်လ ၄ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန်နှင့် ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်းများကို အထောက်အကူ ပြုစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ Semi-Knocked Down -SKD စနစ်နှင့် Completely Knocked Down- CKD စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများကို ဆက်လက်ဖြေ လျှော့ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အခွန်ဖြေလျှော့ရာတွင် ယခင်က SKDစနစ်နှင့် ထုတ်လုပ်မည့် 2000CCအောက်နှင့် 2000CCအထက် လူစီးမော်တော်ယာဉ်များအတွက် ၇ ဒသမ ၅ရာခိုင်နှုန်း သတ်မှတ် ခဲ့သော် လည်း လက်ရှိတွင် ၅ ရာခိုင်နှုန်းနှင့် CKDစနစ်နှင့်ထုတ်လုပ်မည် လူစီးမော်တော်ယာဉ်များကို ယခင်က ၅ ရာခိုင်နှုန်း အစား ၃ ရာခိုင်နှုန်းလျှော့ချ သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် SKDသုံးဘီးမော်တော်ဆိုင်ကယ်(လူစီး)များကို ယခင်က ၇ ဒသမ ၅ ရာခိုင်နှုန်းသတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ CKD သုံးဘီးမော်တော်ဆိုင်ကယ်(လူစီး)များကို ယခင်က ၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း လျှော့ချ သတ်မှတ်ခဲ့ကြောင်း သိရသည်။
SKD ကုန်တင်ဆိုင်ကယ်များကိုမူ ယခင်က ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း၊ CKD စနစ်ဖြင့် သုံးဘီးမော်တော်ဆိုင်ကယ် (ကုန်တင်) ကို ၅ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် SKD ဘတ်စ်ကားများကို ယခင်က ၇ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း၊ CKD ဘတ်စ်ကားများကို ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း သို့ ဖြေလျှော့သတ်မှတ်လိုက်သည့်အပြင် SKD၊ CKD စနစ်ဖြင့် ထုတ်လုပ်မည့် မော်တော်ဆိုင်ကယ်များကို ၃ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုအမိန့်ကြော်ငြာစာသည် ၂၀၂၅ခုနှစ်၊ ဇွန်လ ၁ရက်မှ ၂၀၂၆ခုနှစ်၊ မေလ ၃၀ရက်အထိ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြေထားသည်။

Zawgyi Version:
ျပည္တြင္းထုတ္ SKD၊ CKD ဆီကားမ်ားႏွင့္ ဆိုင္ကယ္မ်ားကို အခြန္ေျဖေလွ်ာ့ခြင့္ျပဳ
သန႔္ဇင္(NP News)-ဇြန္ ၅
ျပည္တြင္းတြင္ထုတ္လုပ္မည့္ ေလာင္စာဆီသုံးယာဥ္မ်ား Semi-Knocked Down (SKD)စနစ္ႏွင့္ Completely Knocked Down (CKD)စနစ္ တို႔ျဖင့္ တင္သြင္းျခင္းအတြက္ အေကာက္အခြန္ႏႈန္းထားမ်ားကို ဆက္လက္ေျဖေလွ်ာ့ခြင့္ျပဳလုပ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ ႀကီးဌာနက အေကာက္အခြန္ႏွႏ္ုးဥပေဒပုဒ္မ ၃၊ ပုဒ္မခြဲ(ဃ)အရ အပ္ႏွင္းထာသည့္ လုပ္ပိုင္ခြင့္ကို က်င့္သုံးဥ ယမန္ေန႔(ဇြန္လ ၄ရက္)တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
စီးပြားေရးျပန္လည္ေကာင္းမြန္လာေစရန္ႏွင့္ ျပည္တြင္း အေသးစား၊ အငယ္စား၊ အလတ္ စား စီးပြားေရးလုပ္ငန္းမ်ားကို အေထာက္အကူ ျပဳေစရန္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ ခြင့္ျပဳခ်က္ျဖင့္ ျပည္တြင္း၌ ထုတ္လုပ္မည့္ ေလာင္စာဆီသုံးယာဥ္မ်ား Semi-Knocked Down -SKD စနစ္ႏွင့္ Completely Knocked Down- CKD စနစ္တို႔ျဖင့္ တင္သြင္းျခင္းအတြက္ အေကာက္ခြန္ႏႈန္းထားမ်ားကို ဆက္လက္ေျဖ ေလွ်ာ့ခြင့္ျပဳလိုက္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အခြန္ေျဖေလွ်ာ့ရာတြင္ ယခင္က SKDစနစ္ႏွင့္ ထုတ္လုပ္မည့္ 2000CCေအာက္ႏွင့္ 2000CCအထက္ လူစီးေမာ္ေတာ္ယာဥ္မ်ားအတြက္ ၇ ဒသမ ၅ရာခိုင္ႏႈန္း သတ္မွတ္ ခဲ့ေသာ္ လည္း လက္ရွိတြင္ ၅ ရာခိုင္ႏႈန္းႏွင့္ CKDစနစ္ႏွင့္ထုတ္လုပ္မည္ လူစီးေမာ္ေတာ္ယာဥ္မ်ားကို ယခင္က ၅ ရာခိုင္ႏႈန္း အစား ၃ ရာခိုင္ႏႈန္းေလွ်ာ့ခ် သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ SKDသုံးဘီးေမာ္ေတာ္ဆိုင္ကယ္(လူစီး)မ်ားကို ယခင္က ၇ ဒသမ ၅ ရာခိုင္ႏႈန္းသတ္မွတ္ခဲ့ေသာ္လည္း လက္ရွိတြင္ ၅ ရာခိုင္ႏႈန္းသို႔ လည္းေကာင္း၊ CKD သုံးဘီးေမာ္ေတာ္ဆိုင္ကယ္(လူစီး)မ်ားကို ယခင္က ၅ ရာခိုင္ႏႈန္းမွ ၁ ဒသမ ၅ ရာခိုင္ႏႈန္းသို႔လည္းေကာင္း ေလွ်ာ့ခ် သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
SKD ကုန္တင္ဆိုင္ကယ္မ်ားကိုမူ ယခင္က ၇ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္း၊ CKD စနစ္ျဖင့္ သုံးဘီးေမာ္ေတာ္ဆိုင္ကယ္ (ကုန္တင္) ကို ၅ရာခိုင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္းသို႔ေျပာင္းလဲသတ္မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ SKD ဘတ္စ္ကားမ်ားကို ယခင္က ၇ ဒသမ ၅ ရာခိုင္ႏႈန္းမွ ၅ ရာခိုင္ႏႈန္း၊ CKD ဘတ္စ္ကားမ်ားကို ၅ ရာခိုင္ႏႈန္းမွ ၃ ရာခိုင္ႏႈန္း သို႔ ေျဖေလွ်ာ့သတ္မွတ္လိုက္သည့္အျပင္ SKD၊ CKD စနစ္ျဖင့္ ထုတ္လုပ္မည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားကို ၃ရာခိုင္ႏႈန္းမွ ၁ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ ေျပာင္းလဲ သတ္မွတ္လိုက္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုအမိန႔္ေၾကာ္ျငာစာသည္ ၂၀၂၅ခုႏွစ္၊ ဇြန္လ ၁ရက္မွ ၂၀၂၆ခုႏွစ္၊ ေမလ ၃၀ရက္အထိ အက်ိဳးသက္ေရာက္ေစမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ေဖာ္ေျပထားသည္။

Picture

Marix Naw

05/06/2025 13:20

အောက်ဆုံးမှာ ခါတိုင်းလို ဒုတိယဝန်ကြီး မင်းထွဋ် လက်မှတ်မပါလို့ အတုထင်နေတာ 😁

Related news

© 2021. All rights reserved.