ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရုရှားသမ္မတပူတင်တွင် အစီအစဉ်ရှိမရှိဆိုသောအချက်ကို သီတင်းနှစ်ပတ်အတွင်း တွေ့မြင်ရမည်

611

ဂျန်ဇက် (NP News)-ဇွန် ၅
ရုရှားသမ္မတပူတင်သည် ယူကရိန်း နိုင်ငံအပေါ် ကျူးကျော်မှုများအဆုံးသတ်ရန် လိုလားခြင်း ရှိ/မရှိဆိုသည့်ရည်ရွယ်ချက်ကို လာမည့်သီတင်းနှစ်ပတ်အတွင်း ရှင်းရှင်း လင်းလင်းတွေ့မြင်ရဖွယ်ရှိ နေကြောင်း အမေရိ ကန်သမ္မတကပြောသည်။ ရုရှားသမ္မတပူတင်သည် စစ်ပွဲကို အဆုံးသတ်ရန် အမှန် တကယ်လိုလားခြင်းရှိ/မရှိ ဆိုသောအချက်ကို သတင်းထောက်များမေးမြန်းရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တုံ့ပြန် ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်နယ်ထရမ့်က “လက်ရှိအချိန်မှာတော့ ရုရှားသမ္မတပူတင်ဟာ စစ်ပွဲကိုအဆုံးသတ်ဖို့ ရည်ရွယ် ချက် ရှိ/မရှိကို အတိအကျ မပြောနိုင်သေး ဘူး၊ ဒါပေမဲ့ လာမယ့်သီတင်းနှစ်ပတ်အတွင်း တွေ့မြင်နိုင် မယ်။ ပူတင်ဟာ ကျွန်တော်တို့ကို လှည့် စားနေသလားဆိုတာကို ဖော်ထုတ်သွားမယ်။ ပူတင်ဟာ ကျွန် တော်တို့ကို လှည့်စားနေတယ်ဆိုရင် တုံ့ပြန်သွားရမယ်}}ဟုပြောသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန် ရွေးကောက်ပွဲမဲဆွယ်စည်းရေးကာလအတွင်း သမ္မတအဖြစ်ရွေးချယ်ခံရမည်ဆိုလျှင် (၂၄)နာရီအတွင်း ယူကရိန်းစစ်ပွဲ အဆုံးသတ် ရန်လုပ်ဆောင်မည်ဟု ပြောဆိုခဲ့ဖူးရာ သမ္မတဖြစ် လာခဲ့ပြီးနောက်ပိုင်း ယူက ရိန်းနှင့် ရုရှားစစ်ပွဲအဆုံး သတ်ရန် ကြားဝင်စေ့စပ်ဆွေးနွေးနေကြောင်းသိရ သည်။ ရုရှားသမ္မတ ပူတင် သည် ယူကရိန်းနှင့်ဖြစ်ပွား နေသော စစ်ပွဲအဆုံးသတ်ရန် လိုလားနေသည်ဟု ပြောဆိုထားသော်လည်း အခြားတစ်ဖက်တွင် ရုရှားတပ်ဖွဲ့ဝင်များက ယူက ရိန်းကိုတိုက်ခိုက်နေ ဆဲဖြစ်ရာ အမေရိကန်သမ္မတက စိတ်ဆိုးဒေါသ ဖြစ်နေကြောင်း သိရသည်။ ဒေါ်နယ်ထရမ့်၏ တွန်အားပေးမှုများကြောင့် ယူကရိန်းနှင့် ရုရှားအစိုးရတာဝန်ရှိသူများ ကြားတွေ့ဆုံဆွေးနွေးမှု ယခင်က မရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တွေ့ဆုံဆွေးနွေးခြင်း များရှိလာ ခဲ့ကြောင်း သိရသည်။ အမေရိကန်သမ္မတက “ရုရှားဟာ ယူကရိန်းကို ဆက်လက်တိုက်ခိုက်နေတာ တွေအတွက် စိတ်ပျက်ရတယ်”ဟုပြောသည်။ ဒေါ်နယ်ထရမ့်သည် ယူက ရိန်းကို ရုရှားဘက်က ဆက်လက် တိုက်ခိုက်နေခြင်းများအတွက် သတိ ပေးခြင်း၊ ဝေဖန်ပြစ်တင်ခြင်းများ မကြာသေးမီက လုပ်ဆောင်ခဲ့ပြီး ရုရှားသမ္မတပူတင်က မီးနှင့် ကစားနေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် ဝေဖန် ခဲ့သည်။
အမေရိကန်သမ္မတအသစ်သည် ရုရှား သမ္မတအပေါ် ဝေဖန်ခဲ့သော်လည်း ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များထပ်မံချမှတ်ရန် ပယ်ချ ထားသည်။ ဒေါ်နယ်ထရမ့်က “ကျွန်တော်ဟာ ရုရှား နိုင်ငံ အပေါ် ပိတ်ဆို့မှုအသစ်များထပ်မံချမှတ် ရမယ့် အရေးကိစ္စကို လိုလားခြင်းမရှိဘူး” ဟုပြောသည်။ ယူက ရိန်းနှင့် ရုရှား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် ဦးဆောင်သော အမေ ရိကန်အစိုးရအဖွဲ့သည် ရုရှားအပေါ် တစ်ဖက်သတ်ပိတ်ဆို့မှုများချမှတ်ခဲ့ပြီး ယူကရိန်းကို စစ်ရေး အကူ ညီအဖြစ် အမေရိကန် ဒေါ်လာ ဘီလျံရာချီကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့် လက် ထက်တွင် အမေရိကန်အစိုးရသည် ယူကရိန်းကို စစ်ရေးအကူညီများ ထပ်မံပေးရန်လိုလားခြင်း မရှိကြောင်း သတင်းများထွက်ပေါ်နေသည်။

Zawgyi Version:
ယူကရိန္းစစ္ပြဲအဆုံးသတ္ရန္ ႐ုရွားသမၼတပူတင္တြင္ အစီအစဥ္ရွိမရွိဆိုေသာအခ်က္ကို
သီတင္းႏွစ္ပတ္အတြင္း ေတြ႕ျမင္ရမည္
ဂ်န္ဇက္ (NP News)-ဇြန္ ၅
႐ုရွားသမၼတပူတင္သည္ ယူကရိန္း ႏိုင္ငံအေပၚ က်ဴးေက်ာ္မႈမ်ားအဆုံးသတ္ရန္ လိုလားျခင္း ရွိ/မရွိဆိုသည့္ရည္႐ြယ္ခ်က္ကို လာမည့္သီတင္းႏွစ္ပတ္အတြင္း ရွင္းရွင္း လင္းလင္းေတြ႕ျမင္ရဖြယ္ရွိ ေနေၾကာင္း အေမရိ ကန္သမၼတကေျပာသည္။ ႐ုရွားသမၼတပူတင္သည္ စစ္ပြဲကို အဆုံးသတ္ရန္ အမွန္ တကယ္လိုလားျခင္းရွိ/မရွိ ဆိုေသာအခ်က္ကို သတင္းေထာက္မ်ားေမးျမန္းရာတြင္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က တုံ႔ျပန္ ေျဖဆိုခဲ့ျခင္းျဖစ္သည္။
ေဒၚနယ္ထရမ့္က “လက္ရွိအခ်ိန္မွာေတာ့ ႐ုရွားသမၼတပူတင္ဟာ စစ္ပြဲကိုအဆုံးသတ္ဖို႔ ရည္႐ြယ္ ခ်က္ ရွိ/မရွိကို အတိအက် မေျပာႏိုင္ေသး ဘူး၊ ဒါေပမဲ့ လာမယ့္သီတင္းႏွစ္ပတ္အတြင္း ေတြ႕ျမင္ႏိုင္ မယ္။ ပူတင္ဟာ ကြၽန္ေတာ္တို႔ကို လွည့္ စားေနသလားဆိုတာကို ေဖာ္ထုတ္သြားမယ္။ ပူတင္ဟာ ကြၽန္ ေတာ္တို႔ကို လွည့္စားေနတယ္ဆိုရင္ တုံ႔ျပန္သြားရမယ္}}ဟုေျပာသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္ ေ႐ြးေကာက္ပြဲမဲဆြယ္စည္းေရးကာလအတြင္း သမၼတအျဖစ္ေ႐ြးခ်ယ္ခံရမည္ဆိုလွ်င္ (၂၄)နာရီအတြင္း ယူကရိန္းစစ္ပြဲ အဆုံးသတ္ ရန္လုပ္ေဆာင္မည္ဟု ေျပာဆိုခဲ့ဖူးရာ သမၼတျဖစ္ လာခဲ့ၿပီးေနာက္ပိုင္း ယူက ရိန္းႏွင့္ ႐ုရွားစစ္ပြဲအဆုံး သတ္ရန္ ၾကားဝင္ေစ့စပ္ေဆြးေႏြးေနေၾကာင္းသိရ သည္။ ႐ုရွားသမၼတ ပူတင္ သည္ ယူကရိန္းႏွင့္ျဖစ္ပြား ေနေသာ စစ္ပြဲအဆုံးသတ္ရန္ လိုလားေနသည္ဟု ေျပာဆိုထားေသာ္လည္း အျခားတစ္ဖက္တြင္ ႐ုရွားတပ္ဖြဲ႕ဝင္မ်ားက ယူက ရိန္းကိုတိုက္ခိုက္ေန ဆဲျဖစ္ရာ အေမရိကန္သမၼတက စိတ္ဆိုးေဒါသ ျဖစ္ေနေၾကာင္း သိရသည္။ ေဒၚနယ္ထရမ့္၏ တြန္အားေပးမႈမ်ားေၾကာင့္ ယူကရိန္းႏွင့္ ႐ုရွားအစိုးရတာဝန္ရွိသူမ်ား ၾကားေတြ႕ဆုံေဆြးေႏြးမႈ ယခင္က မရွိခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ေတြ႕ဆုံေဆြးေႏြးျခင္း မ်ားရွိလာ ခဲ့ေၾကာင္း သိရသည္။ အေမရိကန္သမၼတက “႐ုရွားဟာ ယူကရိန္းကို ဆက္လက္တိုက္ခိုက္ေနတာ ေတြအတြက္ စိတ္ပ်က္ရတယ္”ဟုေျပာသည္။ ေဒၚနယ္ထရမ့္သည္ ယူက ရိန္းကို ႐ုရွားဘက္က ဆက္လက္ တိုက္ခိုက္ေနျခင္းမ်ားအတြက္ သတိ ေပးျခင္း၊ ေဝဖန္ျပစ္တင္ျခင္းမ်ား မၾကာေသးမီက လုပ္ေဆာင္ခဲ့ၿပီး ႐ုရွားသမၼတပူတင္က မီးႏွင့္ ကစားေနသည္ဟု ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေဝဖန္ ခဲ့သည္။
အေမရိကန္သမၼတအသစ္သည္ ႐ုရွား သမၼတအေပၚ ေဝဖန္ခဲ့ေသာ္လည္း ႐ုရွားႏိုင္ငံအေပၚ ပိတ္ဆို႔မႈအသစ္မ်ားထပ္မံခ်မွတ္ရန္ ပယ္ခ် ထားသည္။ ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္ဟာ ႐ုရွား ႏိုင္ငံ အေပၚ ပိတ္ဆို႔မႈအသစ္မ်ားထပ္မံခ်မွတ္ ရမယ့္ အေရးကိစၥကို လိုလားျခင္းမရွိဘူး” ဟုေျပာသည္။ ယူက ရိန္းႏွင့္ ႐ုရွား စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ ဦးေဆာင္ေသာ အေမ ရိကန္အစိုးရအဖြဲ႕သည္ ႐ုရွားအေပၚ တစ္ဖက္သတ္ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ၿပီး ယူကရိန္းကို စစ္ေရး အကူ ညီအျဖစ္ အေမရိကန္ ေဒၚလာ ဘီလ်ံရာခ်ီကူညီေထာက္ပံ့ေပးခဲ့ဖူးေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေဒၚနယ္ထရမ့္ လက္ ထက္တြင္ အေမရိကန္အစိုးရသည္ ယူကရိန္းကို စစ္ေရးအကူညီမ်ား ထပ္မံေပးရန္လိုလားျခင္း မရွိေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။